သင်္ကြန် ၂ ရက်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ မှုခင်းပေါင်း ၄၀ ဖြစ်

ပို့စ်တင်ချိန် - 4/17/2014 12:59:00 PM


ဒီနှစ်သင်္ကြန်ကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ မှုခင်းပေါင်း ၄၀ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ မှုခင်းပေါင်း ၃၅ ခု ဖြစ်ပွားခဲ့ပြီး ယဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက်၊ ဒဏ်ရာရသူ ၁၁ ယောက်ရှိပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာပဲ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှု ၁၃ ခု ဖြစ်ခဲ့ပါတယ်။ မှုခင်း ဖြစ်စဉ်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၆ ယောက်ရှိပြီး ဒဏ်ရာရတဲ့သူ ၁၇ ယောက်ရှိပါတယ်။

သင်္ကြန်ကာလတခုလုံးအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူ စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

DVB Burmese