မုန့်ဟင်းခါးဖိုအလုပ်ရုံအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး နာကျင်အောင်ပြုလုပ်သူများကို အရေးယူပေးရန် တိုင်တန်း

ပို့စ်တင်ချိန် - 4/17/2014 04:12:00 PM



ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ရက်နေ့ ၂၂၃၅အချိန် သာကေတမြို့နယ်နေဒေါ်ခင်အေးမြင့်
သည်နေအိမ်၌ရှိနေစဉ် အလုပ်သမားဖြစ်သူ သန်ဇော်ဦးရောက်ရှိလာပြီး ၎င်း၏မုန့်ဟင်းခါးဖိုရုံအတွင်းသို့ အမျိုးသား (၂)ဦး၊ ဓါး၊ လှံ၊ တုတ်များ
ကိုင်ဆောင်ပြီးဝင်ရောက်လာကာ ၎င်း၏အလုပ်သမားများကို ရိုက်နှက်
ထိုးခုတ်ကြသဖြင့် အလုပ်သမားများဒဏ်ရာရရှိသွားကြောင်းပြောပြ၍ သွားရောက်ကြည့်ရှုခဲ့ရာ အလုပ်သမားများ ဖြစ်ကြ သောအောင်အောင်ပါ
(၈)တို့တွင်ဖူးရောင်၊ ပေါက်ပြဲ၊ ပြတ်ရှ၊ နာကျင်ဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိခဲ့ရပါသည်။

ကျူးလွန်သူများအားစုံစမ်းရာ ထွန်းလှနှင့်သက်နိုင်ထွန်းတို့ (၂)ဦးဖြစ်ကြောင်း သိရှိရသဖြင့်အရေးယူပေးပါရန် ဒေါ်ခင်အေးမြင့်မှ တိုင်တန်းချက်အရ
ဒေါပုံမြို့မရဲစခန်း(ပ)၁၀၂/၂၀၁၄၊ပြစ်မှုပုဒ်မ၄၅၂/၃၂၄/ ၃၂၅/၃၂၆/၁၁၄ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများ အားစုံစမ်းဖမ်းဆီးခဲ့ရာထွန်းလှ(၄၄)နှစ်၊
(ဘ)ဦးချစ်ဖွယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူအားဖမ်းဆီးရမိပြီး ကျန်ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူသက်နိုင်ထွန်း(စုံစမ်းဆဲ)ကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police