ဖြိုးငွေစိုးတို့ မင်္ဂလာဆောင် အချစ်တွေ တည်မြဲစေဖို့ လုပ်ဖော်ကိုင်ဖက်တွေ ဆုတောင်း

ပို့စ်တင်ချိန် - 4/03/2014 02:41:00 PM


ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ မော်ဒယ် ဇင်ဇင်တို့ဟာ ဧပြီ ၁ရက်နေ့မှာတော့ မြရိပ်ညိုဟိုတယ်မှာ လက်မှတ်ရေးထိုးပြီး မင်္ဂလာဆောင်ဧည့်ခံပွဲကို ညပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အနုပညာရှင် ဇနီးမောင်နှံရဲ့ မင်္ဂလာဧည့်ခံပွဲကို မိတ်ဆွေအပေါင်းအသင်းတွေ စုံစုံလင်လင်ပဲ တက်ရောက်ခဲ့ပါတယ်။

သတို့သားအရန်အဖြစ်နဲ့ မင်္ဂလာဆောင် အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖြိုးငွေစိုးတို့ ဇနီးဆောင်နှံအတွက် အချစ်တွေ ရာသက်ပန်တည်မြဲပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

မင်္ဂလာဝတ်စုံနှစ်မျိုးနဲ့ မင်္ဂလာဧည့်ခံပွဲကို ထူးထူးခြားခြား ကျင်းပခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ အနုပညာ လုပ်ဖော်ကိုင်က်တွေက မင်္ဂလာပွဲအဝင်ဝမှာ အမှတ်တရစာသားတွေ ရေးပေးခဲ့သလို စင်မြင့်ပေါ်မှာလည်း အမှတ်တရ စကားတွေ ပြောခဲ့ကြပါတယ်။

ဧည့်ခံပွဲမှာတော့ တယောနဲ့ စန္ဒရားပညာရှင်တွေက တီးခတ်ဖျော်ဖြေခဲ့သလို အဆိုတော် R ဇာနည်ကလည်း မင်္ဂလာသီချင်းနဲ့ ဂုဏ်ပြုပေးပါတယ်။ သတို့သားအရန်အဖြစ် စိုင်းစိုင်းခမ်းလှိုင်အပြင် ဟက်ကတ်နဲ့ အောန်ဆိုင်းတို့က ပါဝင်ပေးခဲ့ပါတယ်။



Kamayut Media