မော်ရင်ဟို ဧ။် စကား ထိုးစစ် အား ပြန်လည် တုန့် ပြန်လိုက် သည့် ပီအက်စ်ဂျီ မန်နေဂျာ လော့ရင့် ဘလင့်စ်

ပို့စ်တင်ချိန် - 4/03/2014 11:48:00 AM



Wednesday, April 2, 2014

........ ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ပွဲစဉ် မတိုင်မီ ချဲလ်ဆီး နည်းပြ
မော်ရင်ဟို ဧ။် စကား ထိုးစစ်အား ပီအက်စ်ဂျီ နည်းပြ ဘလင့်စ် မှ ပြန်
လည် တုန့် ပြန် လိုက်ကြောင်း သိရသည်။ ချဲလ်ဆီး အသင်း နင့် ပီ
အက်စ်ဂျီ အသင်းတို့ သည် ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ပွဲစဉ် ပထ
မ အကျော့ အဖြစ် ပဲရစ် ၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ ပွဲ မတိုင်ခင်
ချဲလ်ဆီး နည်းပြ မိုရင်ဟို မှ ပီအက်စ်ဂျီ အသင်း အနေဖြင့် ပြင်သစ်
လိဂ် အား ဦးဆောင် ထားနိုင်ခြင်းမှာ အသင်းကောင်းလွန်း ၍ မဟုတ်
ပဲ ပြင်သစ်လိဂ် ၌ ကစားရသည်မှာ လွယ်ကူ လွန်းနေ၍ သာ ဖြစ်
ကြောင်း ပြောကြားခဲ့မှု အပေါ် ပီအက်စ်ဂျီ နည်းပြ ဘလင့်စ် က နည်းပြ
မော်ရင်ဟို အား ငွေကြေး အမြောက်များ သုံးစွဲပြီး ၃ ရာသီ တွင် လိဂ်
ဖလား အား တစ်ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့ခြင်း နင့် နိုင်းယှဉ်ပြီး တုန့် 
ပြန်လိုက်ခြင်း ဖြစ်သည်။

.......... " ဖြစ်နိုင်ပါတယ် ။ ကျနော် တို့  လိဂ် ရဲ့  အကြောင်း ကို ပြော
ရမယ် ဆိုရင် မော်ရင်ဟို အနေနင့် ပြင်သစ် လိဂ် ဟာ တကယ့် ကောင်း
မွန် တဲ့ လိဂ် တစ်ခု လို့ သိတယ် ဆိုတာ သေချာပါတယ် ။ ဒီမှာ တကယ့်
အင်အား ကြီးလွန်းတဲ့ အသင်းကြီး နစ်သင်း ရှိပါတယ် ။ ပီအက်စ်ဂျီ နင့်
မော်နာကို လိုပေါ့ ။ ဒါပေမယ့် တကယ်လို့  ကျနော်သာ မှတ်မိတာ သာ
မှန်ကန်နေမယ် ဆိုရင် ကျနော် ထင်ပါတယ် မော်ရင်ဟို အတွက် စပိန်
လိဂ် မှာ နည်းပြခဲ့စဉ်တုန်း အခါက ရီးရဲယ် နင့် ဘာစီလိုနာ လိုပေါ့ ဗျာ ။
ကျနော် အနေနင့် ကတော့ ကျနော် တို့ အသင်းရဲ့  စွမ်းဆောင်ရည် ကို
သိချင်ရင် မနက်ဖြန် အဖြေပေးနိုင်တာ တစ်ခုပဲ ရှိပါတယ် " ဟု မော်ရင်
ဟို ဧ။် စကားထိုးစစ်အား ပြန်လည် တုန့် ပြန့် သွားခဲ့သည်။

ဝိုင်း
Football Café