လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်

ပို့စ်တင်ချိန် - 4/03/2014 05:26:00 PM



လားရှိုးဧပြီ ၂

လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စုတွင် ဧပြီ ၁ ရက် နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က လေပြင်းတိုက်ခတ်သဖြင့် နမ့်ဟူးကျေးရွာလမ်းမကြီးဘေးရှိ ညောင်ပင်ကိုင်းကျိုးကျမှုကြောင့် ယာဉ်မောင်း မောင်ထွန်း (ဘ)ဦးငွေပေါ အသက်(၂၆)နှစ် မှတ်ပုံတင်အမှတ် ၉/တတဥ(နိုင်) ၁၂၂၆၁၅ နေရပ် အုန်းချောမောင်းနှင်လာသော (၆)ဘီးကားယာဉ်အမှတ် ၂ခ/၇၆၀၂ အပေါ်သို့ကျိုးကျသဖြင့် မော်တော်ယာဉ်ခေါင်းပိုင်း နှင့်ကိုယ်ထည်တွင် ထိခိုက်ပျက်စီးခြင်း၊ နမ့်ဟူးကျေးရွာမှ လူနေအိမ် (၂)လုံးနှင့် ပြောင်းသိုလှောင်ရုံ (၂)လုံး သွပ်အမိုးများ လန်သွားခဲ့ကြောင်းသိရှိရပါသည်။

MOI Webportal Myanmar