မက်ဆီ၏ ချန်ပီယံလိဂ်တွင်အများဆုံး ဂိုးသွင်းနိုင်မှု စံချိန်နှင့်ထပ်တူညီခဲ့တဲ့ စီရော်နယ်ဒို

ပို့စ်တင်ချိန် - 4/03/2014 12:51:00 PM


ဒီကနေ့မနက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဖြစ်သည့် ရီးရဲမက်ဒရစ် နှင့်ဒေါ့မွန်ပွဲစဉ်တွင်
အိမ်ရှင်ရီးရဲလ်မက်ဒရစ်တို့ အိမ်ကွင်းတွင် သုံးဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် စီရော်နယ်ဒိုက နောက်ဆုံးပိတ် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ယခုနှစ်
ချန်ပီယံလိဂ်ရာသီမှာ ဂိုးပေါင်း ၁၄ ဂိုးရှိခဲ့ပြီဖြစ်သည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ်ကလည်း
ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပြီး ဂိုးပေါင်း ၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါသည်။
ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးအဖြစ် ၂၀၁၁-၂၀၁၂ ရာသီတွင်မက်ဆီက ၁၄ ဂိုးဖြင့်စံချိန်တင်ထားခြင်းလည်းဖြစ်ပါသည်။
ယခုနှစ်ရာသီမှာ စီရော်နယ်ဒိုတစ်ယောက် စံချိန်ကောင်းများဆက်လက်ရယူနိုင်မလားဆိုတာကို
နောက် ချန်ပီယံလိဂ်ပွဲစဉ်များအပြီးတွင် သိရှိရတော့မှာပါ။

မိုးတိမ်
Football Café