စီးရီးသစ် ထွက်တော့မယ့် ကျားပေါက် ဇနီးဖြစ်သူ ဇုံဇုံ ဒုတိယသမီး ရတနာမွေးဖွား

ပို့စ်တင်ချိန် - 4/03/2014 02:09:00 PM


တေးသံရှင် ကျားပေါက်နဲ့ ဇနီး ဖြစ်သူ ဇုံဇုံတို့ရဲ့ ဒုတိယမြောက် ရင်သွေး သမီးငယ်လေးကို မတ်လ ၂၄ ရက်၊ မနက် ၅ နာရီ ၄ မိနစ် အချိန်က မွေးဖွား သန့်စင်ခဲ့ပါတယ်။ အစကတော့ Due Date ကို မတ်လ ၂၇၊ တပ်မတော်နေ့လို့ သတ်မှတ် ထားပေမယ့်လည်း မတ်လ ၂၄ ရက် နေ့မှာပဲ အောင်မြင် စွာ မွေးဖွားနိုင်ခဲ့ တာဖြစ်ပါတယ်။

ကျားပေါက် တို့ရဲ့ ဒုတိယ သမီးငယ်လေးကိုတော့ ခင်မဒီထူးလွင် လို့ နာမည်ပေးထား ကြောင်းလည်း သိရပါတယ်။ ဒုတိယ ရင်သွေးလေး နဲ့ပတ်သက်ပြီး ဖခင် တစ်ယောက် ရဲ့ရင်ခုန်သံကို သမီး လေး မမွေးခင် ၂၂ ရက်နေ့က ကျားပေါက် ကို မေးမြန်းဖြစ်တာက

“ပထမ သမီးတုန်းကတော့ ဒါ ခံစားမှု အသစ်တော့ဖြစ်နေတာပေါ့။ အခု ဒုတိယသမီးလေး ကျတော့ သူ မွေးလာရင် သူ့ရုပ်ကလေး ဘယ်လို လဲဆိုတာ သိချင်နေတယ်။ ဖခင် အား လုံး ခံစားမိတဲ့အတိုင်းပါပဲ။ Celebrity လည်း ကလေးအဖေဖြစ်ရင် ပျော်တာ ပါပဲ” လို့ သူ့ရဲ့ခံစားမှုကို ပြောပြခဲ့ပါ တယ် ။ကျားပေါက်က သူ့ရဲ့ နောက် ထပ် စီးရီးသစ်ဖြစ်တဲ့ We are Big Bag စီးရီးကိုလည်း မေလ ၂ဝ ရက် နေ့မှာ ထွက်ရှိ မှာဖြစ်ပြီး စီးရီး မထွက်ရှိမီ အကြို အဖြစ် သူ့ ပရိသတ် များကိုလည်း စီးရီးသစ် ထဲမှ သီချင်း များ အကြို နားထောင်စေခြင်း အစီအစဉ် ကို မတ်လ ၂၂ ရက်နေ့က နဝရတ် စတူဒီ ယိုမှာ ပြုလုပ်ခဲ့ပါတယ်။ ကျားပေါက် ရဲ့ ဖေ့စ်ဘုတ် မက်ဆေ့ခ်ျ မှတစ်ဆင့် အရင် ဆုံး စာရင်းပေးတဲ့ ပရိသတ် ၁၅ ဦးကို Pre Listening Session အဖြစ် သီ ချင်း သစ် ငါးပုဒ် အကြို နားထောင်စေ တာဖြစ် ပြီး ပရိသတ် များရဲ့Comment များကို လည်း ပြန်လည် နား ထောင်ခဲ့ ပါတယ်။

ပရိသတ်များအတွက် အကြို နားထောင်ခြင်းအစီအစဉ် ပြုလုပ် ဖြစ်ပုံ နဲ့ ပတ်သက်ပြီး ကျားပေါက်က “ကျွန်တော် ဒီအခွေ စသွင်းကတည်းက ကျွန်တော့် ရဲ့ Fan Page မှာ ကြော်ငြာ ထားတယ်။ ဒီအစီအစဉ် လေး လုပ်မယ်ပေါ့။ ဘာဖြစ်လို့လဲဆို Metallica က သူတို့ရဲ့St.anger ထွက် ခါနီးမှာ သူတို့ ပရိ သတ်တွေကို ခေါ် ပြီးတော့ ဖွင့်ပြ တာ တို့၊ တီးပြတာ တို့လုပ်တယ်။ အဲဒါမျိုး လုပ်ချင်တာနဲ့ ပရိသတ်တွေကို ပြောကြည့်တာပေါ့။ သူတို့ စိတ်ဝင် စား ရင် တော့လုပ်မယ် ပေါ့။ တချို့ ကျတော့လည်း အခွေ ထွက် မှ ဝုန်းခနဲ နားထောင်ချင်တာ ရှိတယ်။ အဲဒါမေးကြည့် လိုက်တော့ လုပ်ချင် ကြတယ် ဆိုတာနဲ့ အခွေအား လုံးတီးပြီးတဲ့ အချိန်မှာ လုပ်လိုက် တာ။Mixing မအပ်ခင် မှာ ကျွန်တော်တို့ အပြည့် တီးထားတဲ့ တကယ့်အသံ အတိုင်းပြချင် လို့ အခုလို ဖိတ်လိုက် တာပါ။ သီချင်းအားလုံးက ပြီးပြီ။ Mixing ဆွဲပြီးတာနဲ့ မေလထဲ မှာထွက် မယ်” လို့ ကျားပေါက်က သူ့ရဲ့စီးရီး သစ် We are Big Bag နဲ့ ပတ်သက် ပြီး ပြောပြပါတယ်။ အဲဒီ နေ့မှာပဲစာ ရွက် များပေါ်မှာ Big Bag နဲ့ပတ် သက်တဲ့မေးခွန်း များကို လည်း မေး မြန်း ပြီး ပရိသတ် အသံကို နားထောင် ခဲ့ပါတယ်။ အဲဒီ အကြောင်း ကို လည်း ကျားပေါက် က..

“အဲဒါကတော့ ဒီလိုဗျ။ ကျွန်တော်တို့ကို မီဒီယာတွေ ကတစ်ဆင့် အင်တာဗျူး တယ်ပေါ့။ မီဒီယာ အနေနဲ့ကလည်း တစ်ယောက်ချင်း သိချင်တာတွေ ထက် အားလုံး သိချင်မယ် ထင် တဲ့ ယေဘုယျကျတဲ့၊ အများနဲ့သက် ဆိုင်တာ မျိုးကို မေးတာ များတယ်။ ပရိသတ်တစ် ယောက် နဲ့တစ်ယောက် မတူနိုင် ဘူးလေ။ တချို့ ပရိသတ်တွေ မှာလည်း ဒီထက်ပို သိချင်တာ ရှိမယ်။ ကျွန်တော့်ဘက် ကလည်း ပရိသတ်ရဲ့ Feedback ကိုပြန်လိုချင်တယ်။ ပရိသတ်နဲ့ တိုက်ရိုက် အမေးအဖြေ လုပ်တဲ့ သဘောပါ” လို့ ကျားပေါက် က ပြောပါတယ်။ ကျားပေါက် က ဒီနှစ်သင်္ကြန်ကို မန္တလေးမှာ S.I.R နဲ့အ တူ ဖြတ် သန်းမှာဖြစ်ပြီး မေလထဲမှာတော့ ဗီယက်နမ် ကိုနောက် တစ်ကြိမ် ထပ်မံ သွားရောက်ဖျော်ဖြေ ဖို့ရှိ တယ်လို့ သိရပါတယ်။

ရဲရဲ
Popular Journal