သဂြုင်္ိဟ်မည့် အမျိုးသမီးအလောင်းကို သမီးဖြစ်သူက စစ်ဆေးရာမှ လူသတ်မှုပေါ်

ပို့စ်တင်ချိန် - 4/03/2014 07:46:00 PM




ရန်ကုန်၊ ဧပြီ ၂

လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့်
သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက်တွင် နေထိုင်သူ မသန္တာဝင်း၏ နေအိမ်သို့ ပထွေးဖြစ်သူ အသက် ၄၀ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မတ်လ ၃၁ ရက်နေ့ညက ၎င်း၏ဇနီး နှလုံးလေဟပ်ပြီး သေဆုံးခဲ့သောကြောင့် သဂြုင်္ိဟ်တော့မည်ဟု လာရောက် အသိပေးခဲ့ရာ သမီးဖြစ်သူက မိခင်၏ ရုပ်အလောင်းကို မသဂြုင်္ိဟ်ခင် လာရောက် ကြည့်ရှုခဲ့ရာမှ ဒဏ်ရာများ တွေ့ရှိခဲ့ပြီး လူသတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အရက်မူးပြီး ညဦးပိုင်းလောက်က မိန်းမကို ရိုက်နှက်နေတာ ဘေးအိမ်က လူတွေ ကြားတယ်လို့ သိရတယ်။ မနက်ကျတော့ သူ့ မိန်းမနှလုံးလေဟပ်ပြီး အိပ်ရာထဲမှာ သေဆုံးသွားတယ်လို့ ရပ်ကွက်က လူတွေကို အသိပေးပြီး ချက်ချင်း သဂြုင်္ိဟ်မယ်လုပ်လို့ သေဆုံးခဲ့သူ အမျိုးသမီးရဲ့ သားသမီးတွေကို အသိပေးခိုင်းခဲ့တာ။

သမီးဖြစ်သူ ရောက်လာလို့ အလောင်းကို စစ်ဆေးကြည့်တော့မှ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ပြီး လူသတ်မှုပေါ်ခဲ့တာ” ဟု အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။

သေဆုံးနေသော ဒေါ်နွဲ့နွဲ့ဦး၏ ရုပ်အလောင်းကို စစ်ဆေးခဲ့ရာ ပါးစပ်တွင် သွေးစများ တွေ့ရှိခဲ့ပြီး ဦးခေါင်းနှင့် မျက်နှာတို့၌ ဖူးရောင်ဒဏ်ရာများကို တွေ့ရှိခဲ့သောကြောင့် သမီးဖြစ်သူက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ၎င်း၏မိခင် သေဆုံးမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

“အရက်မူးလာရင် ပြဿနာရှာပြီး မိန်းမကို ရိုက်နှက်နေတာ အမြဲဖြစ်နေတာမို့ အိမ်နီးနားချင်းတွေက ဝင်မဆွဲကြဘူး၊ အဲဒီညက ရန်ဖြစ်တာကြားပြီး မနက်ကျ နှလုံးလေဟပ် သေတယ်ပြောလို့ အလောင်းကို သွားကြည့်ခဲ့တော့ ရင်ညွန့်နားမှာ ညိုမည်းဒဏ်ရာတစ်ခု တွေ့ခဲ့တယ်” ဟု အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဇနီးကို ရိုက်နှက်ရာမှ ဇနီးသည် သေဆုံးမှုကြောင့် ဦးစိုးဝင်းနိုင်ကို လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၄၂၁/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly