ပဲခူးတွင်လူတစ်ဦး အဆိပ်သောက်သေဆုံး

ပို့စ်တင်ချိန် - 4/03/2014 05:30:00 PM


ပဲခူးမြို့မရဲစခန်းအပိုင် ရှင်စောပုရပ်ကွက် တွင် (၃.၄.၂၀၁၄)နေ့ နံနက်(၁၁း၄၀) အချိန်ခန့်က ပိုးသတ်ဆေးသောက်၍ ပဲခူးဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ဖြစ်စဉ်မှာ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ၀င်းနိုင်စိုး (၂၃)နှစ်၊ (ဘ)ဦးခင်မောင်စိုး၊စက်ပြင်၊အမှတ်(၉၉၈)၊ဆိုရှယ်လစ်(၅)လမ်း၊
ရှင်စောပုရပ်ကွက်၊ပဲခူးမြို့နေသူမှာ ပါးစပ်မှ အမြှုပ်များထွက် နေသည်ကိုသိရှိရသဖြင့်စခန်းမှူး ဒုရဲမှူ;လှသိန်း၊ ဒု-ရဲအုပ် သောင်းမင်းထွန်းနှင့် အဖွဲ့မှ ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်းရာ ပိုးသတ်ဆေးသောက်မိထားကြောင်း စုံစမ်းသိရှိရသဖြင့် ပဲခူးဆေးရုံကြီးသို့ရဲဆေးစာပို့ထားစဉ် ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ၀င်းနိုင်ထွန်းသေဆုံးသွားခြင်းမှာ ဓမ္မတာတိုင်းသေဆုံး ခြင်း ဟုတ်/မဟုတ် ဒု-ရဲအုပ်သောင်းမင်းထွန်းမှ တရားလိုပြုတိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၄/၂၀၁၄ အရ အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။

BY သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ