Suzuki Swift (2009)

ပို့စ်တင်ချိန် - 4/29/2014 12:51:00 PM


ယခုတစ်ပတ် ဖော်ပြပေးမယ့် ကားကတော့ Suzuki မှ ထုတ်လုပ်တဲ့ Swift အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Suzuki မှ Swift အမျိုးအစားကို ၂၀၀၀ ခုနှစ်မှစတင်၍ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထုတ်အမျိုးအစားများမှာ first generation ဖြစ်ပြီး ၂၀၀၄ မှ ၂၀၁၀ ခုနှစ်အထိကို second generation အဖြစ် သက်မှတ်ခဲ့ပါတယ်။

ယခုတစ်ပတ်ဖော်ပြပေးမှာကတော့ Second Generation မှာပါဝင်တဲ့ ၂၀၀၉ ခုနှစ်ထုတ် Suzuki Swift အမျိုးအစား ဖြစ်ပါတယ်။ Swift ကို 5 speed manual, 4 speed automatic, sport version စသဖြင့် ခွဲခြားထားပါတယ်။

၂၀၀၉ ခုနှစ်ထုတ် Suzuki Swift အမျိုးအစားမှာ Hatchback အမျိုးအစား ဖြစ်ပါတယ်။ 1.3L DDiS Engine ကို အသုံးပြုထားပြီး ဓာတ်ဆီအမျိုးအစား ဖြစ်ပါတယ်။ 4 speed automatic  transmission အသုံးပြု ထားမှာ ဖြစ်ပါတယ်။ ABS  system, Cassette  Radio, Navigation System, Power Steering, Power Locks, Remote Keyless Entry စတဲ့ နည်းပညာများစွာကို ထည့်သွင်းထားပါတယ်။ မောင်းနှင်သူနေရာနဲ့ ရှေ့ခန်းလိုက်ပါစီးနင်းသူအတွက် Airbag ပါရှိမှာ ဖြစ်ပါတယ်။ Back Camera, TV, Audio Bass များကိုလည်း စိတ်ကြိုက်ချိန်ညှိနိုင်မယ်လို့ ဆိုထားပါတယ်။ အိမ်စီးကားအဖြစ် စီးနင်းကြပြီး ပေါ့ပေါ့ပါးပါးနှင့် ကားရပ်နားရန် ခက်ခဲသည့်နေရာများ သွားလာရာတွင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Internet Journal