Selfie အသားပေး 'Superman' ဟန်းဆက်ကို Nokia ထုတ်လုပ်ရန် စီစဉ်

ပို့စ်တင်ချိန် - 4/29/2014 03:47:00 PM


Nokia မှ အသစ်ထွက်ရှိလာမည့် ဟန်းဆက်သည် မိုဘိုင်းထုတ်ကုန်များတွင် အရှေ့ဘက်ကင်မရာဖြင့် မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးမှုဖြစ်သည့် selfie ရိုက်ကူးမှုကို အသားပေးထားကြောင်း သိရသည်။

Microsoft ပိုင်ဆိုင်သည့် Nokia သည် လက်ရှိတွင် 'Superman' ဟု အမည်ပေးထားသည့် စမတ်ဖုန်းသစ်ကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းတွင် selfie ရိုက်ကူးသူများအတွက် ရည်ရွယ်ကာ ဖုန်းအရှေ့ဘက်တွင် 5 megapixel အသုံးပြုထားကြောင်း The Verge က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းကို ကုမ္ပဏီ အစီအစဉ် သိရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ The Verge က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ အဆိုပါ Superman စမတ်ဖုန်း ထွက်ရှိလာပါက selfie ရိုက်ကူးမှုကို အသားပေးရန် အရှေ့ကင်မရာ 5 megapixel အသုံးပြု ထားသည့် HTC One M8 နှင့် တူညီမှု ရှိလာမည် ဖြစ်သည်။ The Verge ၏ ဖော်ပြချက်အရ Superman ဖုန်းသည် HTC One M8 ကဲ့သို့ တန်ဖိုးကြီးဖုန်း မဟုတ်ဘဲ တန်ဖိုး အသင့်အတင့်သာရှိသည့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့အပြင် 'Superman' ဖုန်းတွင် ၄.၇လက်မ အရွယ်အစားရှိသည့် မျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: CNET
Internet Journal