ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဝဲဘက်ခြမ်းရှိ ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ

ပို့စ်တင်ချိန် - 4/29/2014 06:37:00 PM


နေပြည်တော်၊ ဧပြီ ၂၉

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမုံရွာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ သိန်းနိုင်လင်း(၃၃)နှစ်မောင်းနှင်လာသော ၂စ/xxxx လင့်ခရူဇာအဖြူရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဝဲဘက်ခြမ်းရှိ ဘာရီယာတုံး(၁၆)တုံးအား ၀င်ရောက် တိုက်မိကာ လမ်းလယ်ကျွန်းပေါ်တွင် ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဉ်၏ ရှေ့ခေါင်းပိုင်း
ပိန်ချိုင့်၊ ရှေ့ဝဲဘီးပြုတ်ထွက်၍ တန်ဘိုးငွေကျပ်သိန်း(၃၀)ခန့်နှင့် ဘာရီယာတုံး(၁၆)တုံး၊ တန်ဘိုးငွေကျပ်(၃)သိန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် သိန်းနိုင်လင်းအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်