ဒေါပုံမီးတွင် ဒဏ်ရာရခဲ့သော ကလေးငယ်တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 6/04/2014 11:32:00 AM


ရန်ကုန်− ဒေါပုံမြို့တွင် ဖြစ်ပွားခဲ့ သောဖယောင်းတိုင်မီးမှ စတင် လောင်ကျွမ်းခဲ့သည့် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သူများ အနက် ခုနစ် နှစ်အရွယ် ကလေးငယ်သည် ဇွန်လ ၃ ရက် နေ့လယ်တွင် သေဆုံးသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဒေါပုံမြို့နယ်၊ နွယ်အေး ရပ်ကွက်၊ နှင်းဆီလမ်းရှိ အိမ်ငှား များနေထိုင်သော ငါးခန်းတွဲအိမ် ၏ အစွန်ဆုံးအခန်း၌ ဇွန်လ ၂ ရက်ညပိုင်းက မီးပြတ်၍ ထွန်းထားသည့် ဖယောင်းတိုင်မီးမှ တစ်ဆင့် အနီးရှိထရံကို မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီး လောင်မှုကြောင့် လေးနှစ်အရွယ် နှင့် ခုနစ်နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအ၀င် လူငါးဦးဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက်တစ် ကိုယ်လုံးမီးလောင်ဒဏ်ရာရရှိသူ ခုနစ်နှစ်အရွယ် ကလေးငယ်မှာ ဇွန်လ ၃ ရက်နေ့လယ် နှစ်နာရီခန့်တွင် သေဆုံးသွားခဲ့ ပြီး အခြားသူများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ဆေး ကုသမှုခံယူလျက်ရှိသည်။

နာရီဝက်ခန့်အကြာတွင် မီး ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု စ တင်ခဲ့သည့် အိမ်ခန်း ငါးခန်းတွဲပါ နေအိမ်အပါအ၀င် အနီးရှိ အခန်း သုံးခန်းတွဲပါနေအိမ် တစ်လုံးမီး လောင်ဆုံးရှုံးခဲ့သည်။

ယင်းမီးလောင်မှုကြောင့် အိမ်ထောင်စု ခုနစ်စုမှ လူဦးရေ စုစုပေါင်း ၃၁ ဦးအိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရာ ယင်းရပ်ကွက်ရှိ လူမနေသေးသော တိုက်ခန်းတစ်ခုတွင် ကယ် ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး မီး စတင်လောင်ခဲ့သည့် အိမ်ရှင်ဖြစ် သူကို ဒေါပုံမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

7day News Daily