ကမ္ဘာ့ဖလားကို သပိတ်မှောက် ဆန့်ကျင်တဲ့ တရုတ်အမျိုးသမီးများ

ပို့စ်တင်ချိန် - 7/12/2014 08:42:00 AM



တရုတ်နိုင်ငံသား ဘောလုံးအသည်းစွဲတွေရဲ့ ဇနီးတွေနဲ့ ရည်းစားတွေရဲ့ သွေးဆူတဲ့ အချိန် ပြန်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ “Anti- World Cup” လို့ခေါ်တဲ့ ကမ္ဘာ့ဖလား ဆန့်ကျင်ရေးသူများ အဖွဲ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အဆိုပါ ဆန္ဒပြပွဲမတိုင်မီ ကမ္ဘာ့ဖလားပွဲ စတင်ခဲ့တဲ့ အချိန်ကလည်း အခြား အမျိုးသမီး အဖွဲ့ဟာ သူမတို့ရဲ့ အတွင်းခံ ဘယာကို လေထဲ လွှင်ပစ်ပြီး ဆန့်ကျင် ဆန္ဒပြခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်မှာတော့ အမျိုးသမီး ၁၂ ယောက်ဟာ ရှန်ဟိုင်း လမ်းမကြီးပေါ်မှာ ကမ္ဘာ့ဖလား ဆန့်ကျင် ဆန္ဒပြတဲ့ စာတမ်းတွေ၊ လက်ကိုင် စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တစ်ခုသော စာတမ်းမှာတော့

ဘောလုံးပွဲအကြောင်း အလုပ်မှာ ပြောတဲ့ ယောက်ျားတွေဟာ ယောကျာ်းမပီသသူ /ယောကျာ်း စံချိန် မမီတဲ့သူ (Sissy) လို့ ရေးသားထားပါတယ်။ နောက်ထပ်စာတမ်းတစ်ခုမှာတော့

ရှင့်ဘောလုံးပွဲလောင်းကြေးရှုံးလို့ ရှင်နဲ့ အတူ သေကြောင်းကြံရတဲ့သူ မဖြစ်ရပါစေနဲ့ လို့လည်း ရေးထားပါသေးတယ်။ သူတို့ရဲ့ ယခုလို ဆန္ဒပြခြင်းဟာ အကြောင်းမညီညွတ်ဘူး၊ နောက်ပြီး ပြဿနာရှာသူတွေလို့ ပြောဆိုခံရရုံသာမ လူတကာရဲ့ အာရုံစိုက်ခံရဖို့ လုပ်နေသူတွေလို့ ပြောဆိုတဲ့ netizen တွေနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။

ဒါပေမယ့်လည်း အခုလို ပြုလုပ်ခြင်းဟာ အကျိုးအကြောင်း ညီညွတ်မှု ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယခု ဆန္ဒပြကြတဲ့ အမျိုးသမီးများထဲက ကိုယ်ဝန်သည် တစ်ယောက်ဆိုလျှင်  သူမရဲ့ ခင်ပွန်းဟာ ဘောလုံးပွဲကိုပဲ စိတ်ရောက်နေတဲ့အတွက် သူမရဲ့ ကိုယ်ဝန် စမ်းသပ်စစ်ဆေးဖို့အတွက် ဆေးရုံကို တစ်ယောက်တည်း သွားခဲ့ရပါတယ်။ ဒါ့ကြောင့် အလွန့်ကို စိတ်တိုခဲ့ရတယ်လို့ ပြောပါတယ်။

ဒါတင်မကပါဘူး။ အချို့အမျိုးသားတွေဟာ မိသားစု ဘ၀ပျက်လောက်တဲ့အထိ ဘောလုံးပွဲလောင်းကြသူတွေလည်း ရှိပါတယ်။ အချို့အမျိုးသားတွေဆိုရင် မအိပ်၊ မစားဘဲ ဘောလုံးပွဲ စွဲနေတာကြောင့် အသက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်သာဓကတွေလည်း မနည်းပါဘူး။ အချို့ဆိုရင် ဘောလုံးပွဲလောင်းပြီး ရှုံးနိမ့်ခဲ့တာကြောင့် သတ်သေခဲ့ကြသူတွေလည်း မနည်းပါဘူး။

World Myanmar News (world-myanmar.com)

ref: sgstomp