အစိုးရတာဝန်ရှိသူများ အနေဖြင့် Facebook.com ၀က်ဆိုက်ကို ပိတ်ထား

ပို့စ်တင်ချိန် - 7/05/2014 09:05:00 AM


မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သောအချိန်တွင် လူမှုကွန်ယက်နှင့် အွန်ုလိုင်းမီဒီယာများမှစတင် ဖြစ်ပွားသည်ဟု ယူဆရသောကြောင့် အစိုးရတာဝန်ရှိသူများက facebook.com လူမှုကွန်ယက်ကို အသုံးပြုခွင့်မရဖို့အတွက် ပိတ်ပင်လိုက်ပြီဖြစ်သည်။

ယနေ့ပိတ်ခြင်းမှာ ဒုတိယမြောက်နေ့အဖြစ် ပိတ်ခြင်းဖြစ်ပြီး ယမန်နေ့ညကလည်း ၈ နာရီကျော် ၉ နာရီလောက်မှ စတင်ကာ အသုံးပြုမှုမရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ပိတ်လိုက်ချိန်မှာ ၇ နာရီခန့်အချိန်မှစတင်ပိတ်လိုက်ခြင်းဖြစ်ပြိး နည်းပညာတက်ကျွမ်းသူများနှင့် တစ်ချို့သူများကတော့ နည်းပညာအရ ကျော်လွှာကာ အသုံးပြုနိုင်ကြကြောင်း သိရသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် ကွန်ပျူတာများနှင့် အသုံးပြုသည့် စက်များတွင်သာမက မိုဘိုင်းဖုန်းများနှင့် အသုံးပြုသည့်ဖုန်းများ ၊ တက်ဘလက်များနှင့် အခြားသော အင်တာနက်အသုံးပြုနိုင်သည့် ပစ္စည်းများအားလုံးတွင် အသုံးပြုခွင့်မရတော့ခြင်းဖြစ်ကြောင်း အသုံးပြုသူများ၏ ပြောကြားချက်များအရ သိရသည်။

တစ်ချို့ Facebook လူမှုကွန်ယက်ကို နည်းပညာအရ ကျော်လွှားကာ အသုံးပြုသူများကတော့ မန္တလေးမှာ ထုတ်တဲ့ ပုဒ်မ ၁၄၄ က မန္တလေးတင် မဟုတ် ၊ အင်တာနက်လူမှုကွန်ယက်ဖြစ်သည့် facebook.com ကိုပင် ပုဒ်မ ၁၄၄ အရ ပိတ်ပင်ထားကြောင်း လှောင်ပြောင်ပြောကြားသည်။

ထိုကဲသို့ ပိတ်ပင်ခြင်းကို ယခုအစိုးရသစ်တက်လာပြီးနောက်ပိုင်းတစ်ကြိမ်မှ အသုံးပြုခဲ့ခြင်း မရှိပဲ ယခုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ ထိုအပြင် ယခုကဲသို့ ပိတ်ပင်ခြင်းမျိုးကို မကြာသေးမီကလည်း ထိုင်းနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြိး နောက်ပိုင်း ထိုင်းစစ်တပ်က အာဏာသိမ်းကာ facebook.com လူမှုကွန်ယက်ကို ပိတ်ပင်ခဲ့ဖူးကြောင်း သိရသည်။

Yangon Media Group