GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei 730 အမျိုးအစား နှစ်မျိုးဝင်ရောက်လာ


အတွဲ (၁၅)၊ အမှတ် (၃)
မျက်နှာပြင်ကျယ်တဲ့ GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei G730 ဟန်းဆက် ဝင်ရောက်လာပါတယ်။ စကရင် ၅.၅  လက်မအရွယ်အစားဖြစ်ပြီး Android Version 4.2 လည်ပတ်မှုစနစ်နှင့် Emotion UI-2.0 ဗားရှင်းဖြစ်ကာ မြန်မာဖောင့်လည်း အဆင်ပြေစေမယ်လို့ သိရပါတယ်။ RAM 1 GB ထည့်သွင်းပေးထားပြီး ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာကာ Micro SD ကတ်ဖြင့် 32GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad Core 1 GHz CPU ထည့်သွင်း အသုံးပြုထားပါတယ်။ 8MP autofocus with flash နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေ ပါဝင်လာပါတယ်။ ဟန်းဆက်မှာ Globe Touch စနစ်ပါဝင်တာကြောင့် လက်အိပ်စွပ်ထားပေမယ့် Touch စကရင်ကို တို့ထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဖြူ၊ အနက် အရောင်နှစ်မျိုး ရှိပါတယ်။ Service အာမခံ (၆) လ စနစ်နဲ့ဖြစ်ပြီး၊ ဈေးနှုန်းက ကျပ်တစ်သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ Huawei G 730 နဲ့ ဖန်ရှင်တူတဲ့ CDMA 800 MHz နှင့် WCDMA ကတ်နှစ်ကတ် သုံးနိုင်မယ့် Huawei G730C လည်း ဝင်ရောက်လာပါတယ်။ ဈေးနှုန်းက ကျပ်တစ်သိန်းရှစ်သောင်း ကျော်ဝန်းကျင် ဖြစ်ပါတယ်။ MOBISTAR ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။


ကောင်းမြတ်ထွန်း၊ မန္တလေး

ကုန်သွယ်မှုအထူးအခွင့်အရေး အမိအရယူဖို့ လိုတယ် – ဒေါက်တာအောင်ကိုကို


အီးယူက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပေးတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးဆိုင်ရာ အစီအစဉ်ကို ဒီလကစလို့ ပြောင်းလဲကျင့်သုံးတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

ဒီအစီအစဉ်အရ နိုင်ငံတချို့ကို  ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး မပေးတော့ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ မပါပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ရရှိလာတဲ့ ဒီအခွင့်အရေးကို ဘယ်လို အမိအရ အသုံးချဖို့ လိုပါသလဲဆိုတာနဲ့ စပ်လျဉ်းပြီး စီးပွားရေး မူဝါဒရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

DVB

ရွှေအစစ်နဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီကို ၀တ်ပြခဲ့တဲ့ မော်လ်ဒယ်


ပြီး ခဲ့တဲ့ ရက်ပိုင်း မှာ တရုတ် နိုင်ငံ က မော်ဒယ် တစ်ဦး ဟာ ထူးခြား တဲ့ အတွင်းခံ အ၀တ် အစား ကို မိတ်ဆက် ပြသမှု ပြုလုပ် သွားခဲ့ပါ တယ်။ ဒီအတွင်းခံ အ၀တ် အစား ဟာ ရွှေသား အစစ် နဲ့ ပြုလုပ် ထားပြီး တန် ဖိုး အားဖြင့် ပေါင် (၅၀၀၀၀၀) ကျော် အထိရှိ တယ်လို့ သိရပါ တယ်။ တရုတ် နိုင်ငံ အလယ် ပိုင်း၊ ၀ူဟန် မြို့က ပန်းတိမ် ပညာရှင် တွေ ဖန်တီးပြုလုပ် ခဲ့တာဖြစ်ပါ တယ်။ ဒီအတွင်းခံ အ၀တ် အစားကို ပြုလုပ်ဖို့ အချိန် ခြာက်လ ကျော်ယူ ခဲ့ရတယ်လို့ ဆိုပါတယ်။ ရွှေသား အစစ်နဲ့ ပြုလုပ် ထားတဲ့ အတွင်းခံ အ၀တ် အစား ကို တ ရုတ် မော်ဒယ်တစ်ဦးက မိတ် ဆက်ပြသ၀တ်ဆင်ခဲ့ပြီး သတင်းမီဒီယာ သမားတွေအနေနဲ့ စိတ်ဝင်တစားဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမျိုးအသီး အသုံးအဆောင်ပစ်္စည်းတွေနဲ့ ပတ်သက်ပြီး ရွှေသား အ စစ်နဲ့ ပြုလုပ်ခြင်း ဟာ ပထမဦးဆုံးအကြိမ် မဟုတ်ဘူးလို့ သိရပါ တယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာလည်း တူရကီ ကျောက်မျက်ရတနာပညာရှင် အာ မက် အာတီကန်ဟာ ရွှေသား အစစ်နဲ့ ပြုလုပ် ထားတဲ့ ဂါဝန် တစ်ခု ကို မိတ် ဆက် ပြသမှုပြု လုပ်ခဲ့ပါတယ်။ ဒီဂါဝန်ရဲ့ တန်ဖိုး ကတော့ ပေါင်(၈၄၈၆၄) ရှိတယ်လို့ သိရပါတယ်။ ဒီ ဂါဝန်ကို ရှစ် စုံအထိရောင်းချခဲ့ပြီးဖြစ် ပါတယ်။ နာမည်ကြီးအမျိုးသမီး အတွင်းခံအ၀တ် အစားတွေကို ထုတ်လုပ် ရောင်း ချ နေတဲ့ ကုမ္ပဏီတွေဟာလည်း ဒီလို တန်ဖိုး ကြီး တဲ့ ပစ္စည်း တွေ ကို ဈေးကွက် မှာ မိတ်ဆက် ပြသ မှုတွေ ပြု လုပ် လေ့ရှိပါ တယ်။
By The Messenger

ALD နှင့် RNDP ပေါင်းစည်းပါတီ တည်ထောင်ခွင့် ကော်မရှင်ကခွင့်ပြု


ALD-RNDPရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ နှစ်ပါတီကို တစ်ပါတီအဖြစ် ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ ( Arakan National Party) ကို ရွှေးကောက်ပွဲ ကော်မရှင်က တည်ထောင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ထိုသို့ ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက်ချပေးလိုက်သည်” ဟု ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကဆိုသည်။

ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်ထံတွင်  လျှောက်ထားခဲ့ပြီး (၅) လနီးပါး အကြာတွင် တည်ထောင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်ပါတီမှ တစ်ဘက်ကိုယ်စားလှယ် (၁၅) ဦးစီ၊ စုစုပေါင်း (၃၀) ဖြင့် အသစ်ဖြစ်လာမည့် ပါတီကို ဦးဆောင်သွားမည်ဟု သိရသည်။

ပါတီမှတ်ပုံတင်ခွင့်ကိုလည်း ရွှေးကောက်ပွဲ ကော်မရှင်ကများမကြာမီ ခွင့်ပြုတော့မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ALD နှင့် RNDP ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမူ အမျိုးမျိုး ထွက်ပေါ်နေသော်လည်း ယခုအခါ ပါတီ တည်ထောင်ခွင့်ကို ရရှိသွားပြီ ဖြစ်သဖြင့် လက်ရှိ ရပ်တည်လူပ်ရှားနေသော ALD နှင့် RNDP တို့ အမည်များမှာလည်း ရခိုင်နိုင်ငံရေးလောကမှ များမကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
Narinjara

အီရန်-နျူကန့်သတ်ရေးနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ ချရေး မကြာခင်စမည်


အီရန်နိုင်ငံရဲ့ရေလေး နျူကလီယားလျှပ်စစ်စက်ရုံ။
အီရန်ရဲ့ နျူကလီယားအစီစဉ် ကန့်သတ်ရေးနဲ့ အပြန်အလှန် ပိတ်ဆို့ အရေးယူတာတွေကို လျှော့ချရေး သဘောတူညီချက်တွေကို လာမယ့် ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

အခုသတ်မှတ်လိုက်တဲ့ ရက်စွဲကို နှစ်ဘက် တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်တာပါ။ ဒီသဘောတူညီချက် အတိုင်း ခြောက်လ အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ သီတင်းပတ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။

အီရန်နိုင်ငံကနေ သူရဲ့ ယူရေနီယံသန့်စင်မှုကို ၅ % လောက်ထိပဲ သတ်မှတ်ပြုလုပ်မှာ  ဖြစ်သလို သန့်စင်ပြီး သိုလှောင်ထားတဲ့ ယူရေနီယံတွေကိုလည်း ဖျက်ဆီးလျှော့ချသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကိုလည်း အီရန်နိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ချက်တွေအတွက် အပြန်အလှန်အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကနေ အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချသွားမှာဖြစ်ပါတယ်။

အီရန်ရဲ့နျူကလီယားအစီအစဉ် ယာယီရပ်ဆိုင်းမယ့်အရေး ဆွေးနွေးပွဲမှာပါဝင်တဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံတွေဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဂီတအကယ်ဒမီပေးပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမည်


မြန်မာ့ရုပ်ရှင်လောကမှာ အကယ်ဒမီဆု ပေးအပ်သလို မြန်မာဂီတလောကမှာလည်း  ဂီတအကယ်ဒမီဆုကို ဒီနှစ်အတွင်း ချီးမြှင့်နိုင်အောင် ဂီတအစည်းအရုံးက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ဂီတအကယ်ဒမီ ဆုပေးပွဲကို မြန်မာနိုင်ငံရဲ့ဂီတနေ့ ဖြစ်တဲ့ ဇွန် ၂၁ ရက်နေ့အမီ ကျင်းပနိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ဂီတပညာရှင်တွေကို ဂီတဆု ချီးမြှင့်တဲ့ City FM နဲ့ ရွှေ FM စတဲ့ ပြင်ပဆု ချီးမြှင့်တာတွေ ရှိပေမယ့် ဂီတအစည်းအရုံးအနေနဲ့ ချီးမြှင့်တာမျိုး မရှိခဲ့တဲ့အတွက် ခုလို ဂီတအကယ်ဒမီ ဆုချီးမြှင့်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ  ၁၀ ရက်နေ့တုန်းက ဂီတအစည်းအရုံးမှာ ကျင်းပတဲ့ အစည်းအဝေးကနေ   ဇွန် ၂၁ ရက်နေ့ မြန်မာနိုင်ငံရဲ့ ဂီတနေ့မှာ ဂီတအကယ်ဒမီ ဆုပေးပွဲ လုပ်ဖို့ ပဏာမ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။

ဂီတဆု ချီးမြှင့်မှုတွေနဲ့ ပွဲနာမည်တွေအပြင် တခြားလိုအပ်ချက်တွေလည်း ဖြည့်ဖို့အတွက် ကော်မတီတခု ဖွဲ့ပြီင်္း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဂီတအစည်းအရုံးက ပြောပါတယ်။ ဒီ ဂီတအကယ်ဒမီပေးပွဲကို ဂီတအနုပညာရှင်တွေရဲ့ ဆန္ဒအရ ပြုလုပ်တာလို့ ဆိုပါတယ်။

ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကို ဂီတအစည်းအရုံးရဲ့ ဥက္ကဋ္ဌ တေးရေးဆရာ မြင့်မိုးအောင်က “ဂီတဆုတွေက တခြားနေရာတွေမှာလည်း ပေးတယ်။ ပေးတဲ့နေရာမှာ ဘောင်ကျဉ်းနေတယ်။ အက်ဖ်အမ်တခုတည်းမှာ ထုတ်လွှင့်တာကို ပေးတာ ဖြစ်နေတယ်။ ဆုလာမယူတဲ့သူတွေကို မပေးတာမျိုးလည်း ရှိတယ်။ ကိုလေးဖြူတို့အုပ်စုတွေ ဆုမယူဘူးဆိုရင် အဲဆုကို ကိုလေးဖြူတို့ကို မပေးတော့ဘူး။ အမှားအမှန်လည်း မသိကြတဲ့နေရာတွေ ရှိတယ်။ ဒါကြောင့် ဂီတအစည်းအရုံးက ပိုပြီး ခိုင်ခိုင်လုံလုံရှိမယ့် တခုကို ပေးဖို့ ကြိုးစားတာပါ” လို့ ပြောပါတယ်။

ဆုအမျိုးအစားတွေကို  ဘယ်လို ရွေးချယ်သင့်တယ် ဆိုတာတွေကိုတော့ ဆက်လက် ဆွေးနွေးကြရဦးမယ်လို့ ပြောပါတယ်။ ဂီတအကယ်ဒမီဆုတွေ ပေးဖို့ ဂီတအစည်းအရုံးမှာ ပဏာမ သဘောတူညီမှု ရခဲ့တယ်ဆိုပေမယ့် ဂီတသမားအများအပြား ပါဝင်တဲ့ အစည်းအဝေး တခု လုပ်ပြီး သဘောတူညီချက်တွေ ယူသွားမယ်လို့ ဆိုပါတယ်။

ဒီ ဂီတအကယ်ဒမီဆု ပေါ်ပေါက်ရေး ကြိုးပမ်းမှုအပေါ် တေးရေးဆရာ ရွှေဂျော်ဂျော်က ကြိုဆိုလိုက်ပြီး သူအမြင်ကို ခုလို အကြံပြု ပြောဆိုပါတယ်။

“မလေ့လာဘဲ လုပ်ရင် တလွဲတွေ ဖြစ်နေမှာပါ။ လေ့လာပြီး ကိုယ့်ရေမြေသဘာဝနဲ့ ကိုက်ညီရေးပေါ့။ အဲလိုမျိုးဆိုရင် ဘယ်သူလုပ်လုပ် ကောင်းလာမှာပဲ။ အခု ဂီတ အကယ်ဒမီဆိုရင် ဂီတလောကသားတွေက ခုံခုံမင်မင် ရှိတာပဲ။ ရုပ်ရှင်အကယ်ဒမီကို မက်မောကြသလိုမျိုး ဂီတဘက်ကလည်း အဲဒီဆုကို မက်မောကြမှာပဲ။”

ဂီတအကယ်ဒမီဆု ပေါ်ပေါက်လာအောင် ရှေးဦးအကြံပြုသူတဦး ဖြစ်တဲ့ အောင်မြင်တဲ့ တေးရေနဲ့ တေးဆို ဆောင်းဦးလှိုင်ကလည်း ဂီတ အကယ်ဒမီဆု ရွေးချယ်မှုအပိုင်းမှာ မျှတမှုကို  အထူး အလေးထားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပါတယ်။

“သမာသမတ်ကျတဲ့ ဆုပေးပွဲကြီး ဂီတအတွက် လိုအပ်နေတယ်။ အက်ဖ်အမ်လိုင်းတွေက ပေးတဲ့ဆုတွေက သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ အခုလို ပေးမယ်ဆိုရင် ကျနော်တို့ ထောက်ခံတယ်။ သမာသမတ်ကျဖို့ အများကြီး လိုအပ်လိမ့်မယ်။ ကျဖို့လည်း ကြိုးစားကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အားလုံးတော့ လက်ခံချင်မှ လက်ခံနိုင်မယ်၊ တော်တော်များများ လက်ခံနိုင်တဲ့ အတိုင်းအတာရောက်အောင် ဂီတအစည်းအရုံးက သမာသမတ်ကျကျနဲ့ ကြိုးစားသင့်ပါတယ်။ အများစုလက်ခံမယ်ဆိုရင်တော့ အိုကေပါတယ်။”
DVB

12 Years A Slave ဇာတ်ကား ရွှေကမ္ဘာလုံးဆုရရှိ


Amy Adams, (ဝဲ)၊ Bradley Cooper and Jennifer Lawrence,
တနင်္ဂနွေနေ့က ဟောလီးဝုဒ်မှာ ကျင်းပခဲ့တဲ့ ၇၁ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ 12 Years a Slave ဆိုတဲ့ သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးသွားပါတယ်။

၁၉ ရာစုနှစ်ကာလ လူမည်းတယောက်ရဲ့ ကျွန်ဘ၀ကနေလွတ်မြောက်ဖို့ ရုန်းကန်ခဲ့တဲ့ခရီးကြမ်းကို ရိုက်ကူးတင်ပြထားတာပါ။ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု၊ မင်းသားဆု၊ ရုပ်ရှင်ဇာတ်ညွန်းဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အမျိုးသားဇာတ်ဆောင်ဆုတွေအတွက် ဇကာတင် အမည်စာရင်း ကြေညာတဲ့ အချိန်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

American Hustle ရုပ်ရှင်ဇာတ်ကားကတော့ အကောင်းဆုံးဟာသ ရုပ်ရှင်ဆုကို ရရှိသွားပါတယ်။ ပါဝင်သရုပ်ဆောင်ကြတဲ့ Amy Adams နဲ့ Jennifer Lawrence တို့လည်း အကောင်းဆုံး ဇာတ်ပို့ဆုတွေကို ဆွတ်ခူးသွားပါတယ်။

အကောင်းဆုံးမင်းသားနဲ့ မင်းသမီးဆုတွေကိုတော့ Dallas Buyers Club ရုပ်ရှင်ဇာတ်လမ်းထဲက မင်းသား Matthew McConaughey နဲ့ Blue Jasmine ရုပ်ရှင်ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Cate Blanchett တို့ကို ချီးမြှင့်ခဲ့ပါတယ်။

ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးရုပ်မြင်သံကြား ဇာတ်လမ်းတွဲဆုအဖြစ် Walter White ဇာတ်လမ်းတွဲကို ချီးမြှင့် ခဲ့ပြီးတော့ မင်းသား Bryan Cranston ကို အကောင်းဆုံးရုပ်မြင်သံကြား သရုပ်ဆောင် မင်းသားဆု ပေးအပ်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ပါရာဂိမ်းပြိုင်ပွဲအပေါ် သူတို့ရဲ့ စကား


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၇ ကြိမ်မြောက် ပါရာဂိမ်းပြိုင်ပွဲကို ဒီနေ့ ညနေ ၅ နာရီ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို ဇန်န၀ါရီလ ၁၄ ရက်နေ့ကနေ ၂၀ ရက်ထိ ကျင်းပမှာ ဖြစ်ပြီး အားကစားနည်း ၁၂ မျိုး ပါဝင်မှာ ဖြစ်ပါတယ်။ အာဆီယံ ၁၁ နိုင်ငံက မသန်စွမ်းအားကစားသမား ၁၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပါရာဂိမ်းပြိုင်ပွဲဝင် မသန်စွမ်းအားကစားတွေကို နယ်ပယ်အသီးသီးမှ ထင်ရှားသူတွေက အားပေးစကားတွေ ပြောဆိုခဲ့ကြပါတယ်။

ဦးရဲထွန်း (သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်)

“အခုလို အားကစား ပြိုင်ပွဲတွေ လုပ်ပေးတာ သိပ်ကောင်းပါတယ်။ အနာဂတ်ကာလမှာ ဆီးဂိမ်းလ်ပြိုင်ပွဲထဲမှာပါ ထည့်သွင်း ယှဉ်ပြိုင်နိုင်ခွင့်ရကြရင် အားကစားသမားတွေ ပိုမို စိတ်ဝင် စား တက်ကြွလာကြလိမ့်မယ်။”

 ကိုမျိုး (မြန်မာစာ) ပေါ်ပြူလာဂျာနယ်နှင့် ပေါ်ပြူလာနယူးဂျာနယ် အယ်ဒီတာချုပ်

“မသန်ပေမယ့် စွမ်းကြတဲ့သူတွေကို ကိုယ်လက်အင်္ဂါ ပြည့်စုံပေမယ့် စိတ်ဓာတ်မခိုင်မာ မသန်မစွမ်းသူတွေထက် လေးစားပါတယ်။ မသန်စွမ်းတွေအတွက် ပါရာဆီးဂိမ်းကို ဂုဏ်ယူ ကြိုဆိုပါတယ်။”

ဦးနေဘုန်းလတ် (ဘလော့ဂါ)

“မသန်ပေမယ့်လည်း စွမ်းကြသူတွေ အများကြီးပါ။ သူတို့တွေ အစွမ်းပြနိုင်ဖို့ နေရာ(Space)တွေ ကျနော်တို့ ဖန်တီးပေးရပါမယ်။ ကိုယ်လက်အင်္ဂါတခုခု၊ အာရုံတခုခု ချို့ယွင်းနေသူတွေအနေနဲ့လဲ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးပြီး မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အရာတွေ တကယ် ဖြစ်လာဖို့ နည်းလမ်းရှာ ကြိုးစားကြသင့်ပါတယ်။ ခြေထောက် ၂ ဘက်လုံး မရှိတဲ့ သူတယောက်က အပြေးချန်ပီယံဖြစ်လာနိုင်တယ်ဆိုတာကို Oscar Pistorius က သက်သေပြခဲ့ပြီးပါပြီ။ ဒါတွေဟာ အရင်ကဆိုရင်တော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ အခုတော့ အဲဒီကိစ္စ တကယ် ဖြစ်လာခဲ့ပါပြီ။”

မသီတာ (စမ်းချောင်း)

“မသန်စွမ်းတွေနဲ့ ပတ်သက်ရင် အခွင့်အရေး တန်းတူပေးရုံနဲ့ကို မလုံလောက်ဘဲ စာနာ နားလည်မှုပါ ပေးပြီး အလေးထားဆက်ဆံမှ ဖြစ်မှာမို့ သူတို့ရဲ့ အစွမ်းအစ ဖော်ပြခွင့်ရဖို့ဟာ အရေးကြီးပါတယ်။ အခုလို အားကစားပြိုင်ပွဲတွေ ဖြစ်လာတာ သိပ်ကောင်းပါတယ်။”

DVB

ဟံသာဝတီအဝိုင်းဖျက်၍ မီးပွိုင့်တပ်ရန် စစ်တမ်းကောက်


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံတစ်ခုဖြစ်သော ပြည်လမ်း ဟံသာဝတီအဝိုင်း နေရာကို ဖျက်သိမ်း၍ မီးပွိုင့် ထားရှိနိုင်ရန် ဇန်နဝါရီလ ပထမပတ်အတွင်း စတင်၍ ယာဉ်သွားလာမှု စစ်တမ်းကို သုံးလကြာကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဝိုင်းနေရာမှာ လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြားလာသောကြောင့် ဟံသာဝတီအဝိုင်း နေရာတွင် မီးပွိုင့်စနစ် အစားထိုးနိုင်ရန်၊ မီးပွိုင့်စနစ် ထားပါက ယာဉ်သွားလာမှုနှင့် ကိုက်ညီသော အချိန် သတ်မှတ်ထားရှိရန် အတွက် စစ်တမ်းကောက်ခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဟံသာဝတီအဝိုင်း နေရာတွင် မီးပွိုင့် ပြောင်းလဲတပ်ဆင်မည် ဆိုပါက ယာဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်သော်လည်း မီးပွိုင့် အချိန် မှန်ကန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင် နိုင်ပါက ပုံမှန်အတိုင်း ယာဉ်ကြောပိတ်ဆို့မှု ထပ်မံဖြစ်ပွားမည် ဖြစ်ကြောင်း အငှားယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော်ရှိသူ ဦးမြင့်နိုင်က ပြောဆိုသည်။

ဟံသာဝတီအဝိုင်းတွင် စစ်တမ်း ကောက်ယူမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဆောင်ရွက်လျက် ရှိပြီး စစ်တမ်းကောက်ယူမှု ပြီးစီးပါက အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆိုမှုများကို လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား ခုံးကျော်တံတား သုံးစင်းကို ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော်လည်း ရန်ကုန် မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်မြို့အဝင် အမှတ် (၃) လမ်းမ (သုဓမ္မာလမ်း) ပေါ်ရှိ မြောက်ဥက္ကလာပ အဝိုင်းကို ယခင်အစိုးရ လက်ထက်တွင် ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆိုမှုမှာ ပိုမိုဖြစ်ပွားလာခဲ့ ကြောင်း ဒေသခံများနှင့် အငှားယာဉ်မောင်း များက ပြောကြားသည်။

"အဝိုင်းမရှိတဲ့ နေရာတွေမှာလည်း ပိတ်နေတာပါပဲ။ ယာဉ်ကြောပိတ်တိုင်း အဝိုင်းနဲ့ မဆိုင်ပါဘူး။ အဝိုင်းက မီးပွိုင့်နဲ့ သဘောတရား အတူတူပဲလေ" ဟု အင်းစိန်-ဆူးလေ ပြေးဆွဲနေသော မထသ အမှတ် (၄၈) အထူးယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
The Voice Weekly

မှိုချဉ်စပ်ဟင်း


Oyster Mushroom - ၁ ထုပ် ရေဆေးပြီး ဆား အရသာမှုန့် အနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ ငရုတ်သီးအစိမ်းတောင့် တို့ကိုထောင်းထားပါ။ ဒယ်အိုးထဲဆီနဲနဲထဲ့ကာ ထောင်းထားတာကိုဆီသတ်ပါ ငပိအနည်းငယ်ကိုလဲဆီသတ်ပေးပါ။ ဟင်းခတ်အတွက် ဒီဟင်းထဲမှာ ငါးပြုပ်ပြီး အသားနွင်ထားတာကို ထဲ့ထားပါတယ်။ ကြက်အရိုးနဲ့လဲချက်စားနိုင်ပါတယ်။ ပြီးတော့ မှိုထဲ့ပြီးမွှေပေးပါ။ ပါးပါးလှီးထားတဲ့ မုန်လာဥနီနဲနဲ မကျည်းသီးအနှစ် နံနံပင်ထဲ့ပြီး ခဏလောက်အုပ်ထားပြီးရင် မီးပိတ်လိုက်ပါ။
လွယ်ကူပြီး အချိန် ၁၀ မိနစ်ထက်မပိုတဲ့ဟင်းတခွက်ရပါပြီ။ တခါတလေ ဘာချဉ်ဟင်းချက်ရ ကောင်းမလဲ စဉ်းစားနေတဲ့ အိမ်ရှင်မများအတွက် အရသာရှိတဲ့ မှိုချဉ်စပ်ဟင်းရည်ပါ။

မွန်မလက်ရာ

မဟော်ဘုန်းအောင်နှင့် တေးသံရှင် N ကိုင်ရာ တို့၏မင်္ဂလာလက်ထပ်ပွဲ






Tuesday, January 14, 2014

တေးသံရှင် N ကိုင်ရာ နှင့် သူမ၏ ချစ်သူ မဟော်ဘုန်းအောင် တို့ ၏ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ယနေ့ ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁၀ နာရီ အချိန်က စမ်းချောင်းမြို့ နယ် ရွှေပြည်အေးလမ်းရှိ ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ်ယာန်အိမ်ထောင်ပြု မဂ်လာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရဲရဲ ။ဓာတ်ပုံ အောင်ဇော်မင်း

Popular Journal

ဆောင်းရာသီအတွက် အဆီပြန် အသားပတ် ဆားဝက်ခြံ ထွက်သူအတွက် နည်းလမ်းလေးပါ


ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံလိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလိမ့်မယ်နော်။

ဂျုံမှုန့်
ဆောင်း၇ာသီ၇ဲ. အအေးဒဏကိုခံနိုင်၇ည်ရှိအောင် လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမှုန့်၊ ကြက်ဥအနစ်နဲပျား၇ည်ကို ဆတူရောမွေပါ။ မျက်နှာပေါ်မှာ မိနစ် ၂၀ ထားပြီးေ၇နွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေ၀င်းပတဲ့ မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်

ဌက်ပျောသီး
ပေါင်းစပ်အသားအေ၇ ပိုင်၇ှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်၇င် ဌက်ပျောသီးလေးကိုပဲ သတိ၇လိုက်ပါ၊ ဌက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာ၇ီဝက်နေ၇င်ေ၇ဆေးချလိုက်.... အသားအေ၇ကို နူညံ့စေတဲ့ ချောမွေစေတဲ့ အာဟာရဓါတ်တွေ ဖြည့်ပေးတဲ့ ဌက်ပျောသီးလေးရဲ့ အံ့ဖွယ် စွမ်းပကားကို အ၇မ်းကျေးဇူးတင်သွားမှာနော်။ ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ -၂ ကြိမ်သာလုပ်သွားလိုက် ဆောင်း၇ာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကို ပါ မေ့သွားလိမ့်မယ်........... ၀က်ခြံထွက်နေသူတွေအတွက် ကတော့ ဖီးကြမ်းဌက်ပျောသီးအခွံနဲ့ ပွတ်ပေး၇င်ပါးပြီး ပျောက်သွားပါလိမ်ံမယ်တဲ့...........

ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မဲ့ နည်းလမ်းလေးတွေ၇ှိပါတယ် သဘာဝနည်းလမ်းကော်းများ

ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေ၇ာပေါ်မှာ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီး၇င်ဒီတိုင်းပဲ ထားနော်။ Moisturizer ကို ချက်ချင်းမလိမ်း၇ဘူး။ - ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့ နေရာမှာ ၂၅ -၂၀ မိနစ်ခန့် ထားပြီ ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြိး အလွန်ထိရောက်မှုရှိပါတယ်။ -မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကိုေ၇နှင့် ဆတူရောစပ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ငြင်သာစွာ ပွတ်ပေးပါ။ ထို.နောက် ရေနွေးလေးနဲ့ ဆေးချပါ။ - ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှုပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့ နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က တစ်ရူးလေးကပ်လိုက်ပါ။ နာ၇ီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွါပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် ok ပြီး

အဆီပြန်သူတွေအတွက်ပါ
(၁) နနွင်းမှုန့် လက်ဖက်၇ည်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်ရည် ပန်းကန်လုံးတစ်ခွက်စာကို ရောပြီး၇င် မျက်နှာအနံ့ လိမ်းပြီး ၁၀ မိနစ်ထားထားနော်။ ပြီးတော့ေ၇အေးလေးနဲ့ ဆေးချလိုက်ပါ၊ သူငယ်ချင်း၇ဲ. မျက်နှာလေးကာ သန့်စင်ပြိးဝင်းပလာပါလိမ့်မယ်.။

(၂) ဌက်ပျောသီးမှည့်တစ်လုံး ပျား၇ည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကိုေ၇ာမွှေလိုက်နော်။ သေသေချာချာကြေညက်သွား၇င် ရလာတဲ့ အနစ်ကို မျက်နှာပေါ်မှာ ပါးပါးလေးသုတ်လိမ်းပြီး ၁၅မိနစ် လောက်ထားလိုက်ပါ။ ပြီး၇င်ေ၇နွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှာပေးပြိး ချွေးပေါက် တွေကို လည်း သန့်စင်ပေးပါတယ်။

(၃) ခ၇မ်းချဉ်သီး အလတ်စားတစ်လုံးကို အရည်ထွက်လာအောင်ကြိတ်ပါ။ ပြီး၇င် သံပု၇ာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ေ၇ာပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီး၇င် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ၊ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့ အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။

(၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်၇ီသီး ၄-၆ လုံးကိုခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်၊ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ ရောပြီးမျက်နှာမှာ သုတ်လိမ်းပြိး မိနစ်၂၀ထားပါ၊ ပြီး၇င်ေ၇အေးလေးနဲံ့ဆေးချလိုက်ရုံပါပဲ။

(၅ ) ဓါတ်တိုးဆန့်ကျင်ပဧ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွါ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ၊ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ေ၇ာပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ်ပြည့်၇င် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ၊ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ၊

(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွါပြီးေ၇နွေးထဲမှာ ခဏစိမ်လိုက်နော်၊ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ် ဂျုံမှုန့် ၂ ဇွန်း၇ယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ၊ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်း၇ှိတဲ့ အဆီပြန်တဲ့ အသားအေ၇ပိုင်ရှင်တွေ အတွက်တော့ အ၇မ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။

(ရ) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်၇ည်ဇွန်း၊ ဂျုံမုန့်လက်ဖက်၇ည် ပန်ကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိထည့်မွှေပါ။ ပြီးတော့မျက်နှာပေါ်မှာ 10မီနစ်လိမ်းထားပြီးမျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်ပြီး ၀က်ခြံတွေကိုလည်း သက်သာစေတယ်လေ။

အားလုံးအသုံးဝင်မယ်လို့..."Good Health" မှတင်ပြပေးလိုက်ပါတယ်။ အားလုံးလှပပျော်၇ွင်စိတ်ကြည်လင်ပါစေလို့ ဆုတောင်းပေးပါတယ်.....

သက်တမ်းလွန် ယာဉ်အမောင်းသင်လိုင်စင်များ မူရင်းမရှိက သက်တမ်းတိုးမပေးတော့


ယာဉ်အမောင်းသင် “သ”လိုင်စင်သက်တမ်းထက် နှစ်နှစ်ကျော်လွန်ပါက လိုင်စင်၏မူရင်းကို မပြနိုင်လျှင် လိုင်စင်သက်တမ်း ထပ်မံတိုးမပေးတော့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးသိန်းဦးက ဇန်န၀ါရီလ ၁၃ ရက်က မဇိ္ဈမကို ပြောသည်။

“က၊ ခ လိုင်စင်လုပ်ချင်ရင် အမောင်းသင်လိုင်စင်မူရင်းပြမှ လုပ်ပေးတာ။ အဲတော့ မူရင်းရှိမှ သက်တမ်း တိုး လုပ်ပေးတာ၊ မဟုတ်ရင် သက်တမ်းတိုးခွင့်ပြုမပေးတော့ဘူး”ဟု ၎င်းက ဆိုသည်။

အမောင်းသင်လိုင်စင်ကို အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်း ပြုလုပ်နိုင်ပြီး ၎င်းလိုင်စင်၏သက်တမ်းကို တစ် နှစ်ပေးထားကာ သက်တမ်းကုန်လွန်ပါက ကညနရုံးတွင် သက်တမ်း ထပ်မံတိုးရမည်ဖြစ်သည်။

ယာဉ်မောင်းနှင်ခွင့် “က”လိုင်စင်လျှောက်ထားခြင်းကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ခွင့်ပြုထားသဖြင့် သင်မောင်းလိုင်စင် သက်တမ်းတိုးပြီး အသက်ပြည့်ပါက “က” လိုင်စင်လျှောက်ထားခွင့် ရရှိမည်ဖြစ် သည်။ ထိုသို့လျှောက်ထားရာတွင် အမောင်းသင်လိုင်စင်ရှိမှသာ “က”လိုင်စင်၊ “ခ”လိုင်စင်တို့အတွက် ဆက်လက် လုပ်ကိုင်နိုင်မည်ဖြစ်သည်။

သို့ရာတွင် ယာဉ်အမောင်းသင် “သ” လိုင်စင်ကို လျှောက်ထားပြီး သက်တမ်းတစ်နှစ် ကျော်လွန်သော် လည်း လာရောက် သက်တမ်းတိုးခြင်းများမရှိသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ကညနတိုင်းဦးစီး မှူးဦးသိန်းဦးက ပြောသည်။

Mizzima Burmese

အပျိုဖော် ဝင်စနှင့် လူပျိုဖြစ်စ ဆောင်ရန်ရှောင်ရန်များ


ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိ ကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျ အားဖြင့် သတ်မှတ်ထားကြပါသည်။

ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်လေ သည်။

သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်း လဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အားလုံလောက်သော အစားအစာ များကို စားသုံးသင့်ပေသည်။

အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်း<ကယ်ဝသော အစာများဖြစ် သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အ၀ါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။

ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံ အလောက်ပါ သော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။

ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။

ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကြိတ် သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ ကြီးလာသည်။

ယင်းသို့ကြီး လာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ် လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်း သောက်ကောင်းအရွယ်များ ဖြစ်ကြသည်။

သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အ၀လွန်ရောဂါ ဖြစ်နိုင်ပါ သည်။

သုတေသနပညာရှင်များက အ၀လွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။

အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။

ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။


Credit မြန်မာရောင်စဉ်

ကမ္ဘောဒီးယား အလုပ်သမားပြဿနာ မြန်မာဝင်ဖြေရှင်းပေးရန် တောင်းဆို


ရန်ကုန်၊ ဇန်နဝါရီ ၁၃

၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရအနေနှင့် ကမ္ဘောဒီးယား နိုင်ငံတွင် ဇန်နဝါရီ လဆန်းပိုင်းက စတင်ဖြစ်ပွားနေသည့် အလုပ်သမား ဆန္ဒပြမှုများကို ကမ္ဘောဒီးယား အစိုးရက အင်အားသုံး ဖြေရှင်းမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးရန် ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြေစိုက် လူမှုအဖွဲ့အစည်း အချို့က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ကမ္ဘောဒီးယား အလုပ်သမားပြဿနာနှင့် အထွေထွေ မပြေလည်မှုများ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ လူမှုအဖွဲ့အစည်း အချို့က အထက်ပါအတိုင်း တောင်းဆိုခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲများ ပြုလုပ်ပြီးစီးသည့် ၂၀၁၂ ခုနှစ် နှစ်လယ်ကာလမှ စတင်သော အထွေထွေ မကျေနပ်မှုများနှင့် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့် တောင်းဆိုသည့် ဆန္ဒပြပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အစိုးရက အင်အားသုံး နှိမ်နင်းမှုကြောင့် လေးဦး သေဆုံးကာ ၃၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအပြင် လူ ၂၀ ကျော် ဖမ်းဆီး ခံထားရကြောင်း Cambodia Women Caucus အဖွဲ့မှ Ms.Thida Khus က ပြောကြားသည်။

"အာဆီယံ အသိုက်အဝန်း အတွင်းမှာ ခုလို ဖိနှိပ်အကြမ်းဖက်မှုတွေ ဖြစ်နေတာဟာ ကျန်အဖွဲ့ဝင် နိုင်ငံတွေနဲ့ပါ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒီအတွက် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်တဲ့ မြန်မာအစိုးရကို ဒီပြဿနာတွေ အပေါ် ကမ္ဘောဒီးယား အစိုးရကို ပြောဆိုညှိနှိုင်းဖို့ စာရေး တောင်းဆိုသွား မှာပါ" ဟု Cambodia Asia Pacific Forum on Women Law and Development (APWLD) မှ Ms. Pranom Somwoung က ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့် အင်အားသုံးနှိမ်နင်းမှု များတွင် တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူရန်၊ လွတ်လပ်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ နိုင်ငံရေး မကျေလည်မှုများနှင့် ရွေးကောက်ပွဲ မသမာမှု များကို ဖြေရှင်းဆောင်ရွက်ရန်၊ အလုပ်သမားများ အတွက် အခြေခံ လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၆၀ သတ်မှတ်ရန် စသည့် တောင်းဆိုချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးရန် မြန်မာအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် အလုပ်သမား ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများထံ ဆက်လက်တောင်းဆိုမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ အလုပ်သမား ပြဿနာများ အတွက် မြန်မာနိုင်ငံရှိ အလုပ်သမား သမဂ္ဂ များက ကမ္ဘောဒီးယား သံရုံးရှေ့သို့ သွားရောက်၍ တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ကမ္ဘောဒီးယား အလုပ်သမားထု၏ တောင်းဆိုချက် များကို လိုက်လျောရန် ဆန္ဒထုတ်ဖော် တောင်းဆိုသင့်ကြောင်း ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ ဒေါ်သက်သက်မာက မှတ်ချက်ပြုသည်။
"ခုတောင်းဆိုချက် တွေကို ကမ္ဘောဒီးယား အစိုးရက မလိုက်လျောရင် နိုင်ငံတကာက အလုပ်သမား ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ တုံ့ပြန်မှုတွေကို သူတို့ ရင်ဆိုင်ရပါ လိမ့်မယ်" ဟု ၄င်းကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်တောင်းဆိုသည့် ဆန္ဒပြပွဲများကို ကမ္ဘောဒီးယား အစိုးရက ဇန်နဝါရီလ ၃ ရက်နေ့တွင် အင်အားသုံး ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းရန် ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုထားသည်။

အာဆီယံဥက္ကဋ္ဌသစ် အဖြစ် ပထမဆုံး တာဝန်ယူမည့် မြန်မာနိုင်ငံအစိုးရ အနေနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြဿနာများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ အစိုးရများကို တိုက်တွန်း တောင်းဆို နိုင်သော်လည်း အာဆီယံ သဘောတူညီချက် အရ ယင်းနိုင်ငံများ၏ ပြည်တွင်းရေး ကိုမူ တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် စတင်တာဝန် ယူစဉ် ထိုသို့ တောင်းဆိုခံရသော်လည်း မြန်မာနိုင်ငံ တွင်း၌ပင် အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံအလုပ်ရုံ များမှ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေပြီး အနည်းဆုံး လုပ်ခလစာလည်း တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly Myanmar

ဖုန်းပိတ်ထားသော်လည်း ဘီလ်ကျနေခြင်းမှာ လစဉ် ၅၀၀ ဝန်ဆောင်ခ ကျသင့်နေခြင်းဟုဆို


အတွဲ (၁၅)၊ အမှတ် (၃)
Mon, 01/13/2014 - 13:05

ဖုန်းပိတ်ထားသော်လည်း ဘီလ်ကျနေခြင်းနှင့် စပ်လျဉ်း၍ လစဉ် ၅၀၀ ဝန်ဆောင်ခ ကျသင့်နေခြင်းဖြစ်ကြောင်း၊ မသမာမှုများလည်း ရှိနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနှင့် ပတ်သတ်ကာ မေးမြန်းမှုများအပေါ် ဖြေကြားချက်အရ သိရသည်။

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီသို့ မေးမြန်းအကြံပြုချက်များမှတစ်ဆင့် ဖြေကြားထားခြင်း ဖြစ်သည်။ ဖုန်းနံပါတ်နှင့် အချိန်ကာလကို သိရှိပါက ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လစဉ်လဆန်းရက်တိုင်း ဘီလ်ထုတ်ဆင့်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။ ဝါးခယ်မမြို့နယ်၊ ဘီလ်တောင်းခံရာတွင် ဆက်သွယ်ရေးမှ တောင်းခံသည့်အတိုင်း ပေးဆောင်နေရကြောင်း၊ အမှန်သုံးစွဲသည်ထက် ပိုမိုပေးဆောင်နေရသည်ဟု ထင်မြင်ယူဆမိပါသဖြင့် ဘီလ်မဆောင်သောအခါ ဖုန်းပိတ်သွားကြောင်း၊ ဖုန်းပိတ်ထားသော ကာလများအတွက် ဖုန်းပြောခများ ကျသင့်နေသဖြင့် အဆိုပါကိစ္စအား စိစစ်ဆောင်ရွက်ပေးပါရန်နှင့် နောက်ပိုင်းနိုင်ငံခြား အော်ပရေတာများ ဝင်ရောက်လာပါက ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးပါရန် မေးမြန်းချက်နှင့်ပတ်သက်၍ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘီလ်ထုတ်ဆင့်ချိန် ကြာမြင့်နေခြင်းနှင့်ပတ်သက်၍ ဥပမာအားဖြင့် မြောင်းမြအော်တိုအိတ်ချိန်းမှ သက်ဆိုင်ရာဖုန်းမှ ပြည်တွင်းမြို့တွင်းခေါ်ဆိုသည့် အချက်အလက်များနှင့် International Exchange ပြည်ပခေါ်ဆိုမှုအချက်အလက်များကို စုစည်း၍ ရန်ကုန်မြို့ရှိ ဘီလ်စင်တာသို့ပို့ရကြောင်း၊ ဘီလ်စင်တာတွင် အချက်အလက်များအား စုစည်း Sorting လုပ်၍ Print ထုတ်ပြီး ဘီလ်စာရွက်အား မြောင်းမြသို့ ပို့ဆောင်၍ ထိုမှတစ်ဆင့် သက်ဆိုင်ရာသုံးစွဲသူထံ ကျသင့်ဘီလ်ပို့ဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ယခင်စာတိုက်မှ ပို့ဆောင်ရခြင်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် အင်တာနက်စနစ်ဖြင့် သက်ဆိုင်ရာမြို့သို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းအပြင် ကြိုးဖုန်းလိုင်းကတ်အပျက်များနှင့် စပ်လျဉ်း၍ ယခုဘဏ္ဍာရေးနှစ်အတွင်း လိုအပ်မည့် အရန်လိုင်းကတ်များအား ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

New Light of Myanmar သတင်းစာ (၁-၁၄-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကြေးမုံသတင်းစာ (၁-၁၄-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြန်မာ့အလင်း သတင်းစာ (၁-၁၄-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၅)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ခင်ပွန်းဖြစ်သူ သမ္မတက နာမည်ကျော်မင်းသမီးနှင့် ဖောက်ပြန်သည် ဆိုသည့်သတင်းကြောင့် ဆေးရုံတက်လိုက်ရသည့် ပြင်သစ်သမ္မတကတော်

ဂျူလီယာဂေယက်

ပြင်သစ်သမ္မတကတော် ဗယ်လာရီ ထရီဝီလာအနေဖြင့် သူမ၏ ခင်ပွန်းသည် ဖောက်ပြန်သည့်သတင်းကို ကြားသိပြီးနောက် ဆေးရုံတက်နေရကြောင်း သိရှိရသည်။ သမ္မတကတော်သည် သောကြာနေ့က ဆေးရုံတက်ပြီး အနားယူကာ ဆေးစစ်စမ်းသပ်မှုအချို့ ခံယူနေရကြောင်း သတင်းများက ဆိုသည်။ Closer မဂ္ဂဇင်းက သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးသည် မင်းသမီး တစ်ဦးဖြစ်သည့် ဂျူလီယာဂေယက်နှင့် တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးနေကြောင်း ဖွင့်ချပြလိုက်သည့်နောက် သမ္မတကတော် ဆေးရုံတက်ရသည်အထိ စိတ်ထိခိုက်သွားကြောင်း အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းထွက်လာခဲ့သည်။

သမ္မတ ဟော်လန်ဒေးသည် ယင်းစွပ်စွဲမှုကို ငြင်းဆိုခြင်း မရှိသော်လည်း စာနယ်ဇင်း တစ်ခုအနေဖြင့် ပုဂ္ဂိုလ်ရေးဘဝကို ထိပါးသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း တုံ့ပြန်ထားသည်။ အတိုက်အခံ ကွန်ဆာဗေးတစ် ခေါင်းဆောင် ဂျင်းဖရန်ကွိုက်စ်ကိုပေက ယခုပြဿနာသည် နိုင်ငံတကာအလယ်တွင် ပြင်သစ်နိုင်ငံ၏ ပုံရိပ်ကို ပြင်းထန်စွာ ထိခိုက်နိုင်ကြောင်း စွပ်စွဲခဲ့သည်။ ထရီဝီလာ အနေဖြင့် တနင်္လာနေ့တွင်မူ ဆေးရုံမှ ပြန်ဆင်းနိုင်ဖွယ် ရှိနေကြောင်း AFP သတင်းဌာနက ဆိုသည်။

ပြင်သစ်သမ္မတနှင့် ဆေးရုံတက်လိုက်ရသည့် ၎င်း၏ ကတော်

အင်္ဂါနေ့တွင်မူ သမ္မတရုံးက ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားသည်။ ထိုအတောအတွင်း သမ္မတအပေါ် ပြည်သူလူထုက ယုံကြည်မှု ရှိမရှိ ဆန္ဒမဲ ကောက်ခံရာ ယခုဖြစ်ရပ်တွင် သမ္မတအနေဖြင့် ရိုးသားသည်ဟု ထောက်ခံသူ ပြင်သစ်နိုင်ငံသား အရေအတွက် (၂၅)ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ခရီးစဉ်၌ လိုက်ပါလာသော ယာဉ်တစ်စီး မေတ္တာ-ထီးခီး လမ်းပိုင်းတွင် ချောက်ထဲကျခဲ့ပြီး တိုင်းငါးလုပ်ငန်း ဒု-ဦးစီးမှူး သေဆုံး


တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းရှိ နယ်စပ်ဂိတ် တစ်ခုဖြစ်သော ထီးခီးစခန်းနှင့် မေတ္တာမြို့နယ်ခွဲသို့ ဆက်သွယ်ထားသည့် လမ်းပိုင်ပေါ်တွင် ဇန်န၀ါရီ ၁၂ ရက် ညနေ၃ နာရီခန့်က ယာဉ်တစ်စီးချောက်ထဲကျပြီး လူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာထီးခီးစခန်းမှ မေတ္တာမြို့နယ်ခွဲ ထွက်ခွာလာသော ယာဉ်မောင်း ကိုမျိုးကိုချစ် မောင်းနှင်လာသည့် ယာဉ်အမှတ် ၂ဂ/၄၀၆၇ ဆပ်ဖ်အနက်ရောင်ပေါ်တွင် လူလေးဦး လိုက်ပါလာပြီး ၎င်းလမ်းပိုင်းရှိ ဆင်ဖြူတိုင် ကျေးရွာအနီး ၉၇ ကီလိုမီတာ ရင်ခွဲတောင်ကုန်းဆင်းအရောက်တွင် ရှေ့ကားမှ မောင်းနှင်သွားစဉ် ဖုန်ထ၍ လမ်းပျောက်ကာ ပေ၅၀၀ ခန့်ရှိသည့် လမ်းနံဘေးမှ ချောက်ထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချောက်ထဲကျသွားသည့် ယာဉ်ပေါ်ပါလေးဦးအနက် ဦးမျိုးငြိမ်း ၄၆ နှစ် (တိုင်းဒေသကြီးငါးလုပ်ငန်း ဒုဦးစီးမှူး) မှာ ဦးခေါင်းကြေမွ၊ မေးစေ့အောက်သုံးလက်မခန့် ပြတ်ရှဒဏ်ရာနှင့် သွားကျိုးသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်မောင်း မျိုးကိုချစ်၊ ဦးထွန်းဝင်းမြင့် (တိုင်းငါးလုပ်ငန်း ဦးစီးမှူး) နှင့် ဦးစိုးမြင့်သိန်း (ခရိုင်ငါးလုပ်ငန်းဦးစီးမှူး) တို့မှာ ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိကာ ထားဝယ်ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တိမ်းမှောက်မှုဖြစ်ပွားခဲ့သောယာဉ်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ တာဝန်ရှိသူများ၏ ထီးခီးနယ်စပ်၌ ယင်းနေ့က ကျင်းပသော အစိုးရ၊ KNU နှင့် ထိုင်းလုပ်ငန်းရှင်များ တွေ့ဆုံသည့် ခရီးစဉ်ယာဉ်တန်းတွင်လိုက်ပါလာသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။ ထီးခီး-မေတ္တာလမ်းပိုင်းကို ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ITD ကုမ္ပဏီက ဖောက်လုပ်ထားခြင်းဖြစ်ပြီး စီမံကိန်း ရပ်ဆိုင်းပြီးနောက်၎င်းလမ်းပိုင်းကို ပြုပြင်မှု မရှိသောကြောင့် လမ်းသားအချို့ ပျက်စီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ပေါ့ဆစွာ မောင်းနှင်သော ယာဉ်မောင်းဖြစ်သူ မျိုးကိုချစ်အား မေတ္တာနယ်မြေ ရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



ဖြိုးဇင်(ထားဝယ်)
eleven media group

လိင်ကိစ္စ ပြောတဲ့ ဒိန်းမတ် မင်းသမီးနဲ့ ခရိုနာ ၈၅ သန်း ရံပုံငွေ

 မြန်မာနိုင်ငံကို အလည်လာတဲ့ ဒိန်းမတ် မင်းသမီး မာရီ၊ ဓာတ်ပုံ- cphpost.dk

ဒိန်းမတ်မင်းသမီး မာရီက မြန်မာနိုင်ငံကို အလည်အပတ်လာတဲ့ ခရီးစဉ် အတွင်း လိင်ကိစ္စအကြောင်း ပြော ဆိုပြီး လိင်နဲ့ ဆက်စပ် ကျန်းမာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံရဲ့ ရံပုံငွေသစ် ခရိုနာ ၈၅ သန်း ပေးမယ် လို့ ကြေညာလိုက်ပါတယ်။

ဒိန်းမတ် မင်းသမီး မာရီဟာ ဒိန်းမတ်ဖွံ့ဖြိုးရေး ဝန်ကြီး Rasmus Helveg Petersen တို့ဟာ ပြီးခဲ့တဲ့
သောကြာနေ့ က မြန်မာ နိုင်ငံကို အလည်လာရင်း အခုလို ဒိန်းမတ်က မြန်မာကို ခရိုနာ ၈၅ သန်း ကူညီမယ်ဆိုတာ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရံပုန်ငွေသစ်ဟာ HIV ပိုး ကူးစက်ခံထားရသူတွေနဲ့ အမျိုးသမီး မိခင်ငယ်တွေကို ထောက်ပံ့ဖို့နဲ့ မိသားစု စီမံကိန်းတွေ အတွက်လည်း ပါဝင်ပြီး မလိုချင်တဲ့ ကိုယ်ဝန်ဆောင်မှုနဲ့ လိင်ကြောင့် ကူးစက်တဲ့ ရောဂါ တိုက်ဖျက်ရေးတွေ၊ ကိုယ်ဝန် ဆောင် စဉ် မိခင်သေးဆုံးမှုတွေ စတဲ့ အခြား ကျန်းမာရေး လိင် ပညာပေး ကဏ္ဍတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ဒိန်းမတ် အွန်လိုင်း သတင်း တပုဒ်က ဆိုပါတယ်။

“သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုသဘာဝအရ လိင်ကျန်းမာရေး ကိစ္စအကြောင်း ပြောဆိုဖို့ အဟန့်အတားတွေ ရှိနေတယ်။ ဒါ ဟာ သူတို့ရဲ့ ကိုယ်ခန္ဓာအပေါ် နာလည်းဖို့တောင်ပိုခက်ခဲစေတာပေါ့။ ပြီးတော့ လိင်ဆက်ဆံ မှုကြောင့် နောက်ဆက်တွဲ တွေနဲ့ ပတ်သက်လို့လို့ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တွေ ချဖို့လည်း ခက်ခဲစေ တာဘဲ” လို့ မင်းသမီး မာရီက မှတ်ချက် ပေးပါတယ်။

လိင်ကျန်းမာရေး မြှင့်တင်ရေးအတွက် ရန်ကုန်မှာ အခြေစိုက် လှုပ်ရှားကူညီပေးနေတဲ့ Marie Stopes International ကို အခုလို လှူဒါန်းတာဖြစ်ပြီး အဲဒီ အန်ဂျီအို အဖွဲ့ဟာ နိုင်ငံပေါင်း ၄၀ မှာ ကျန်းမာရေး
ဆေးခန်းပေါင်း ၆၂ဝ ရှိကာ ရွှေ့ပြောင်း မိုဘိုင်း ဆေးခန်း ပေါင်း ၃၇ဝ ရှိပြီး အမျိုးသား၊ အမျိုးသမိး ၁၃. ၆ သန်းကို ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှု လုပ်နေ တာပါ။

“ကျန်းမာရေး ဆေးပေးခန်းတွေကနေ မလိုလားတဲ့ ကိုယ်ဝန်ဆောင်မှု ရှောင်ရှားဖို့ မြန်မာနိုင်ငံက အမျိုး သမီးတွေကို သတင်းအချက်အလက်ပညာပေးမှုတွေနဲ့ အထောက်အကူပြုမှာပါ။ ဒါဟာ မြန်မာနိုင်ငံလို နိုင်ငံ တခုမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိတဲ့ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကိုလည်း ပိုနည်းလာစေမှာ ဖြစ် တယ်” လို့ ဒိန်းမတ်ဖွံ့ဖြိုးရေး ဝန်ကြီးက ဆိုပါတယ်။

အခု ဒီသတင်းပတ်ထဲမှာပဲ ဒိန်းမတ်ဖွံ့ဖြိုးရေး ဝန်ကြီး ပီတာဆန်က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခဲ့ပြီး ဒိန်းမတ်နိုင်ငံကို မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ခရိုနာ ၂၉၅ သန်းကိုလည်း ကနဦး လျှော်ပေးခဲ့ တယ် လို့ ဒိန်းမတ်သတင်းက ဖော်ပြပါ တယ်။


အိမ့်သံစဉ် ~
Irrawaddy

ဖားကန့်မှာ အစိုးရတပ်အချင်းချင်း ပစ်ခတ်မှု ၆ ဦးသေ


အစိုးရစစ်တပ် တပ်သားအချင်းချင်း ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးမှုတခု ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ့်ယားရွာတွင် စနေနေ့ မနက်လင်းအားကြီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။


 ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးနေကြတဲ့ တနေရာ၊ ဓာတ်ပုံ- စောရန်နိုင်/ ဧရာဝတီ

အဆိုပါသတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ သတင်းထောက် ငြိမ်းငြိမ်းက Six Burma Army Troops Killed in ‘Friendly Fire’ Incident သတင်းပို့ခဲ့တာကို ပြန်လည် ဘာသာပြန် တင်ပြလိုက်ပါတယ်။

ဖားကန့်မြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်ယားရွာလည် ဘုန်းကြီးကျောင်းတွင် တပ်စခန်းချထားသော အစိုးရတပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မနက် ၄ နာရီခန့်တွင် ကင်းစောင့်တပ်သားက ကေအိုင်အေ တပ်လာရောက်သည်ဟုထင်ကာ မှားယွင်း ပစ်ခတ်ရာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရင်း သေဆုံးရခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

စစ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာပြင်းထန်သည့်နောက်ထပ် ၂ ဦးမှာ မနက်လင်းချိန်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရထားသည့် နောက်ထပ် ၂ ဦးကတော့ အသက်ရှင်နေသေးသည်ဟု ဆိုသည်။

“လက်နက်ကြီးတလုံးက တပ်အပြင်ဘက် ၁ မိုင်လောက်ကို ကျတယ်။ နောက်တလုံးကျတော့ လိုရာ မရောက်ဘဲ အဲ့နားမှာတင် ကွဲလို့ ဒီ ၆ ဦးသေတာ။ အရာရှိ တယောက်ပါတယ်လို့ကြားတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ် ဒုဥက္ကဌ ဦးတင်စိုးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ကံကောင်းစွာပဲနမ့်ယားရွာက ရွာတန်းရှည် ဖြစ်တာကြောင့် ရွာသားတွေ ထိခိုက်မှုတော့မရှိပါဘူး။ ဒါပေမယ့် စစ်သားတွေက မြောက်ပိုင်းတိုင်း တိုင်းမှူးဆီ အစီရင်ခံတဲ့အခါ KIA တွေနဲ့တိုက်ပွဲဖြစ်တာလို့ အစီရင်ခံကြောင်း သိရပီး တိုင်းရင်းသားတွေကတော့ ဒါဟာ အချင်းချင်း ပစ်ခတ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်တဲ့ အစိုးရတပ်ရင်း တပ်ခွဲနဲ့ ကေအိုင်အေ တပ်ရင်း ၆ က လေးမိုင်လောက်ဝေးတဲ့နေရာ မှာဖြစ်ပြီး ကေအိုင်အေအနေနဲ့ ဒီပစ်ခတ်မှုနဲ့ပတ်သက်မှု မရှိကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်တဲ့ လမိုင်ဂွမ်ဂျာက ဧရာဝတီကို ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ G1 က သူ့ထံ ဖုန်းဆက်မေးမြန်းခဲ့တာကြောင့် ကေအိုင်အေ တပ်ရင်း ၆ ကို သွားရောက်မေးမြန်းစုံစမ်းခဲ့ကြောင်း၊ တပ်ရင်း ၆ တပ်ရင်းမှူးက သူတို့ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောဆို တာကို ဂျီဝမ်း ထံ အကြောင်းပြန်ပီး ဖြစ်ကြောင်းလည်း လမိုင်ဂွမ်ဂျာက ဆိုသည်။

“ကေအိုင်အေ ဗဟိုက ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း အောက်ခြေတပ်များ တိုက်ခိုက်မှု လျော့ချဖို့ အမိန့်ညွှန်ကြားထားတယ်။ အမိန့်ကို မလိုက်နာရင် သူတို့ သေဒဏ်ပေးခံရမယ်ဆိုတာ သိတဲ့အတွက် ဒီ ပစ်ခတ်မှုမျိုး မလုပ်ဖူးဆိုတာ ပြောတယ်” ဟု လမိုင်ဂွမ်ဂျာက ဆိုသည်။

လွန်ခဲ့တဲ့နှစ် ကေအိုင်အိုနဲ့အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စကတည်းက ဖားကန့်တွင် တိုက်ပွဲတွေ ငြိမ်သက်နေတာ ဖြစ်ပြီး ဥရုချောင်းသာချားနေသည့် နှစ်ဖက်တပ်စခန်းအချင်းချင်း ရင်းနှီးချစ်ခင်မှုကို မြင် ရကြောင်း ဒေသခံများအဆိုအရ သိရသည်။

ဖားကန့်တွင် တပ်ရင်း ၁၀ ရင်းခန့် လှုပ်ရှားနေပြီး တနေရာနှင့်တနေရာ ပြောင်းရွှေ့မှုများရှိသဖြင့် ယခု
ဖြစ်ရပ် တွင် မည်သည့်တပ်ရင်းဆိုသည်ကိုတော့ ရွာသားများက အတည်မပြုနိုင်ပေ။

ကျောက်စိမ်းထွက်ရာ ဖားကန့်တွင် စီးပွားရေးအာဏာလုခြင်းများ ဖြစ်ပေါ်နေပြီး ယခင်ကလည်း ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက ကေအိုင်အေ တပ်များကိုသာ အပြစ်ပုံချခြင်းများ ရှိခဲ့သည်။


ငြိမ်းငြိမ်း ~
Irrawaddy

ရသေ့တောင်တွင် မျက်စိအလင်းအလှူပွဲ လူနာ ၂၂၀၀ ကျော် လာရောက်ကုသ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် မျက်စိအလင်း အလှူပွဲကို တိပိဋကစက္ခုပါလအဖွဲ့မှ ယခုလ ၁၁ ရက်နေ့က ကျင်းပရာ မျက်စိဝေဒနာရှင် ၂၂၀၀ ကျော် လာရောက်ခဲ့သည်ဟု သိရသည်။

၎င်းမျက်စိ ကုသမူကို “ တိပိဋကစက္ခုပါလအဖွဲ့မမျက်စိအလင်း အလှူတော်” ဟု အမည်ပေးထားပြီး ၎င်းနေ့ ညနေ ၄ နာရီတွင်  ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကျင်းပခဲ့သည်ဟု သိရသည်။

တိပိဋကဓက္ခုပါလအဖွဲ့ မျက်စိပညာရှင်အကျိုးဆောင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အေးထွန်းဦးဆောင်သည့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများက အကြီးစား ခွဲစိတ်မှု ၃၉၈ ဦး၊ အသေးစားခွဲစိတ်မှု ၁၁ ဦး၊ ပြင်ပလူနာ ၁၈၀၀ ကျော်တို့အား ကုသ ပေးနိုင်ခဲ့ကြေင်း သိရှိရသည်။

အဆိုပါ မျက်စိအလင်းအလှူပွဲကို တိပိဋကစက္ခုပါလအဖွဲ့ကျိုးဆောင် တိပိကဓရဓမ္မဘဏ္ဍာဂါရိက ရခိုင်ဆရာတော် က္ကုန္ဒပါလက စီစဉ်ဆောင်ရွက်ပြီး အလှူရှင်ဒေါက်တာခင်ရွှေက ကျပ်သိန်း ၄၅၀ ကုန်ကျ လှူဒါန်းခဲ့သည်ဟု သိရသည်။

၎င်းမျက်စိ အလှူတော်ပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မျက်စိ အထူးကူး ဆရာဝန်ကြီးများ၊ မျက်စိဝေဒနာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု သိရသည်။

Narinjara

ကချင်တွင်ပစ်ခတ်ခံရ၍ ၆ဦးသေ၊ ၃ဦးဒဏ်ရာရ တပ်မတော်သားများထဲတွင် ရခိုင်များလည်းပါဝင်


ကချင်ပြည်နယ် ကားမိုင်းမြို့နယ် မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီက ပစ်ခတ်မူ ဖြစ်ပွားရာ တပ်မတော်သား ၆ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိသွားကြောင်း Daily Eleven အရ သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာသူများထဲတွင် ရခိုင်လူမျိုး တပ်မတော်သားများလည်း ပါဝင်ကြောင်း သိရသည်။

သေဆုံးသူများ (၆) ဦးမှာ ခလရ ၁၄၀ မှ ဗိုလ်ကြီး ဇင်မျိုးနိုင်၊ တပ်ကြပ်အေးထွန်း၊ တပ်ကြပ် မြတ်ကျော်၊ ဒုတပ်ကြပ် ကျောမျိုးထွန်း၊ တပ်သားမြင့်ကျော်၊ တပ်သား လင်းနိုင်အောင်တို့ ဖြစ်ကြသည်။

ဒဏ်ရာရ၍ မြစ်နာကြီးဆေးရုံသို့ ပို့လိုက်ရသူ (၃) ဦးမှာ တပ်ကြပ် ဇော်ဦး၊ တပ်ကြပ် အောင်ကျော်စိန်နှင့် တပ်သား ရဲမင်းဦးတို့ ဖြစ်ကြသည်။

၎င်းပစ်ခတ်မူနှင့် ပတ်သက်၍ မည်သူက ပစ်ခတ်သည်ဟု အတိအကျ မသိရသေးသော်လည်း တပ်မတော်ဘက်မှ KIA ၏ လက်ချက်ဟု ပြောကြားပြီး ဒေသအတွင်းကလာသော သတင်းတွင်မူ အချင်းချင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
Narinjara

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံးမိန့်ခွန်း (နားမထောင်ရသေးသူများအတွက်)





https://soundcloud.com/iblogger

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ – မြဝတီ)

ဒီမိုကရေစီသွားနိုင်ရန် ငြိမ်းချမ်းရေးယူခြင်း ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းက ပြောလိုက်ပါတယ်။ အခုလို ပြောဆိုမှုကို ကြေးမုံက ကောက်နှုတ်ဖော်ပြထားတာကို
ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

တပ်မတော်အနေဖြင့် ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ချမှတ်ခဲ့သည့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး ၄ ရပ်အားစ အမြဲတမ်းလိုက်နာသွားရမည့် မူဝါဒအဖြစ် လိုက်နာဆောင်ရွက်သွား မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

"တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး (၄)ရပ်နှင့် တပ်ကို ကောင်းအောင် လုပ်ပေးရမယ်။

(၁) အချက် လေ့ကျင့်ရေးနှင့် တပ်တည်ဆောက်၊
(၂)အချက် အုပ်ချုပ်ရေးနှင့် တပ်တည်ဆောက်၊
(၃) အချက် သက်သာချောင်ချိရေးနှင့် တပ်တည်ဆောက်၊
(၄)အချက် စိတ်ဓါတ်နှင့် တပ်တည်ဆောက်ရမယ်။

ဒီ တပ်တည်ဆောက်ရေးတာဝန်ကြီး (၄)ရပ်ဆိုတာ အရင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေချမှတ်ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော်အတွက် အမြဲတမ်း လိုက်နာရမယ့် မူဝါဒ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။

၂၀၁၃ နိုဝင်ဘာလ ၂၉ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေး အစည်းအဝေးခန်းမ ၌ ပြု လုပ်သည့် အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ်(၃/၂၀၁၃) သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများနှင့် ပတ်သက်၍-

"လွန်ခဲ့တဲ့ ဆယ်နှစ်တာ အတွင်း တပ်မတော်သားတွေ အပြင်မှာ ဆိုက်ကားနင်းတဲ့သူ၊ တက္ကစီမောင်းတဲ့သူ၊ အငှားဆိုင်ကယ် မောင်းတဲ့သူတွေ ရိပါတယ်။ အရာရှိများ စဉ်းစားကြည့်ပါ။ တပ်မတော်ဟာ ပြည်သူကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာ။ တပ်မတော်သာေးတွ ဆိုက်ကားနင်းပြီး စားဝတ်နေရေး လုပ်နေရတာ ဘယ် လိုမှ မသင့်တော်ဘူး။ တို့ရဲ့ မူဝါဒက တပ်မတော်ဟာ မိမိခြေထောက်ပေါ်၊ မိမိဂုဏ်သိက္ခာရှိရှိ ရပ်တည် လုပ်ကိုင်နိုင်ရမယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး မြှင့်ထားရမယ်။ ဒါ့အပြင် တပ်မတော် အနေနဲ့ တိုင်းပြည်အတွက် နိုင်ငံနှင့်အ၀န်း လုပ်ငန်းတွေမှာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာ အများကြီး ရှိတယ်။ ဒီလောက်လုပ်ပေးနေတာတောင် အကောင်း မပြောတဲ့သူတွေ ရှိနေဆဲ ဖြစ်တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီခေတ်မှာကျတော့ တပ်မတော်သားတွေ စားဝတ်နေရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရ မယ် ဆိုရင် လက်ညိုးထိုးဖို့ အဆင့်သင့်စောင့်နေတဲ့သူတွေ ရှိတယ်။ တပ်မတော်က တိုင်းပြည်အတွက် ဒီလောက် လုပ်ပေးခဲ့တာတောင် အကွက်ချောင်းပြီး ထောက်ချင်၊ ပြောချင်နေကြတယ်" ဟု ပြောဆိုသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး-

"မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာ ပြည်တွင်းသောင်းကျန်းမှုတွေကြောင့် နောက်ကျရတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ အဲဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ခေတ် အဆက် ဆက် ကြိုးစားခဲ့တယ်။ သဘောထား ကွဲလွဲတာတွေ၊ သဘောထားမကွဲလွဲတာတွေ ကုစားခဲ့ပေမယ့် ငါတကောကောပြီး ငါဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြတဲ့အတွက် တိုင်းပြည်ဟာ အခုထိ မတည်မငြိမ် ဖြစ်နေတာဟာ ၀မ်းနည်းစရာ ကောင်းပါတယ်။ ဒီအဖြစ်တွေကို မိမိတို့ ကျော်ချင်တာ။ တပ်မတော်အစိုးရ လက်ထက်တုန်း ကတော့ စစ်အစိုးရမို့လို့ ငြိမ်းချမ်းရေးအလှမ်းဝေးတယ် ပြောကြတယ်။ အခု ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတာ ဖြစ်တယ်။ မည်သည့်နိုင်ငံရေးစနစ်ပဲ ကျင့်သုံးသည် ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူး။ အဲဒါကြောင့် မိမိတို့ ငြိမ်းချမ်းရေး ရအောင် လုပ်ချင်တယ်။ မိမိတို့က စပြီးတော့ ဘာတစ်ခုမှ သွားမလုပ်ဘူး။"

"ဒါပေမယ့် တိုင်းပြည်ရဲ့ Situation ကိုတော့ လာပြီး ထိခိုက်အောင် လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားနဲ့ ပတ်သက်ပြီး ထိပါးလို့ မရဘူး။ ပြည်သူလူထုနဲ့ပတ်သက်ပြီး သည်းခံလို့ မရဘူး။ လမ်းပန်းဆက်သွယ်မှု လုံခြုံရေးနဲ့ ပတ်သက်ပြီး သည်းခံလို့ မရဘူး။ ဒါမျိုးတော့ တို့ လက်မခံဘူး။ တပ်မတော်က ဒီအတိုင်း ကြည့်
နေလို့ မရဘူး။ တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော်ကာကွယ်ဖို့ တာဝနှ်ရိတယ်။ နိုင်ငံတော် လုံခြုံမှု ကို ပေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အတိအလင်း ပြဌာန်းထားပြီးသား ဖြစ်တယ်။ ပြည် တွင်း
ပြည်ပ အန္တရာယ်များကို ကာကွယ်ဖို့အတွက် တပ်မတော်က ဦးဆောင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်း
ရေး နဲ့ ပတ်သက်လို့ရှိရင် ခွဲထွက်ဖို့ဟာတွေ မလုပ်ရင် ဘာမှ ပြဿနာ မရှိဘူး။"

"ဦးရဲထွဋ်ကို ပြောရေးဆိုခွင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်
နေတာနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆပါသလဲ လို့ မေးတဲ့အခါ မြန်မာနိုင်ငံမှာ တောင်ပိုင်းမှာ ဘာမှမဖြစ် ဘူး၊ မြောက်ပိုင်းမှာပဲ ဖြစ်နေတာမို့ စဉ်းစားကြည့်မယ် ဆိုရင် သိနိုင်တယ် လို့ သူက ပြန်ဖြေခဲ့ပါ တယ်။
ပြဿနာ ရှာလာရင်တော့ ဖြစ်မယ်၊ မရှာရင်တော့ မဖြစ်ဘူး။ ဒါကြောင့် တပ်မတော်ဟာ တိုင်းပြည်တည်
ငြိမ်ရေး နဲ့ပတ်သက်ရင် တာဝန် ရှိတယ်။ သမိုင်းကြောင်းမှာဆိုရင် ၄၈ ခုနှစ် လွတ်လပ်ရေးမရခင် ရဲဘော် သုံးကျိပ်နဲ့ တပ်မတော် စဖွဲ့တဲ့အချိန်ကစပြီး ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တစ်လျှောက်လုံးမှာ တပ်မတော်က ဦးဆောင်ပါဝင်ခဲ့တယ်။ တပ်မတော်သည် စည်းကမ်းနဲ့ အမိန့်နာခံမှု အပေါ်မှာ အခြေခံပြီးတော့မှ ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်တယ်။"

"Institution က စည်းကမ်းနဲ့ စိတ်ဓါတ်၊ အမိန့်နာခံမှုအပေါ်မှာ အခြေခံထားတယ်။ ဒီနေ့ တို့သွားနေတဲ့ ဒီမိုကရေစီ စနစ် နိုင်ငံတော်ရဲ့ Institution ကို အရာရှိများ ကြည့်တတ်ရင် တွေ့လိမ့်မယ်။ ဘာတစ်ခုမှ အားရစရာ မတွေ့ရဘဲ စည်းကမ်း မရှိ၊ ဥပဒေ မလိုက်နာ၊ အလုပ်မလုပ်ချင်၊ အခွင့်အရေးသမားတွေ များတယ်။ စသည်ဖြင့် မျိုးစုံ တွေ့နေရတယ်။ ဒီအချိန်မှာ တိုင်းပြည် ပြိုကွဲဖို့အတွက် တိုင်းရင်းသားတွေရဲ့ ပဋိပက္ခကို ရှေ့တန်းတင်ပြီး လုပ်နေတာတွေ ရှိတယ်။ ဒီလို အခြေအနေမျိုးကို ထိန်းနိုင်ဖို့ ဆိုရင် တပ်မတော် တစ်ခုပဲ ရှိတယ်။ ဒါကြောင့် မြင်အောင် လုပ်တတ်ဖို့ လိုတယ်။" "ငြိမ်းချမ်းရေးယူတာ ကြောက်လို့ မဟုတ် ဘူး။ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် ဆက်ပြီး လုပ်မယ် ဆိုတဲ့ နို်င်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် လုပ်ချင်တဲ့စိတ်၊ ဒီမိုကရေစီ နိုင်ငံအနေနဲ့ သွားနိုင်ဖို့အတွက် တပ်မတော်က ဒီမိုကရေစီလမ်းကြောင်း ဆိုတာ ခင်းတာ
ဖြစ်တယ်။ နိုင်ငံခြားက တိုက်တွန်းလို့ လုပ်တာ မဟုတ်ဘူး။ တပ်မတော်က ၈၈ မှာ အာဏာယူပြီးက တည်းက ပြောခဲ့ပြီးသား ဖြစ်တယ်။"

"ဒါ့ကြောင့် ငြိမ်းချမ်းရေး မရလို့ရှိရင် ဒီမိုကရေစီကို သွားလို့ရမှာ မဟုတ်တဲ့ အတွက် ငြိမ်းချမ်းရေးကို ယူတာဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်း ရောက်ဖို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားရမယ်။ ဒီနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အမှီသဟဲ ပြုထားတယ်။" "ရှင်းအောင် ပြောလို့ရှိရင် ဒီမိုကရေစီတို့၊ ငြိမ်းချမ်း
ရေးတို့ ဆိုတာက အာဏာ ခွဲဝေဖို့အတွက် မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေးမှာ တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်စေဖို့အတွက် ငြိမ်းချမ်းရေးယူ တာ ဖြစ်ပါ တယ်။"

"ကြောက်လို့လည်း မဟုတ်ပါဘူး။ ဘယ်သောင်းကျန်းသူကိုမှ မတိုက်နိုင်စရာ အကြောင်းလည်း မရှိဘူး။ မတိုက်ရဲစရာ အကြောင်းလည်း မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

Irrawaddy

နိုင်ငံသားမှတ်ပုံတင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (ရုပ်/သံ)


စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ ၂ဝ၁ဝ ပြည့်နှစ်ကစပြီး နိုင်ငံသားမှတ်ပုံတင် လာရောက်လျှောက်ထားသူတွေကို နိုင်ငံသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အသိအမှတ်ပြုကဒ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် ရွာသား ၃ဝ ကျော်စုပေါင်းပြီး အရာတော်မြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

 



ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်


၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၃/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ရပ်ကွက်နေ သန်းထွန်းဦး(၄၂)နှစ်မောင်းနှင်လာသော ၉င/xxxx ဟိုက်အေ့ခဲရောင်ယာဉ်သည် ၀ဲဘက် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်နေကြောင်းတွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ခါးကျိုး၊ ကိုယ်ထည်ရှေ့/နောက်ပျက်စီး၊ ရှေ့/နောက်တံခါးများပျက်စီး၊ တန်ဘိုးငွေကျပ်သိန်း(၆၀)ခန့်ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းထွန်းဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံ ဥပဒေ ဖြစ်ဖို့လိုကြောင်း ဦးရွှေမန်းပြောကြား (ရုပ်/သံ)

ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ဖို့လိုတယ်လို့ ဒီနေ့ လွတ်တော် မိန့် ခွန်းမှာ ဥက္ကဌ သူရ ဦးရွေမန်းက ပြောကြား သွားပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ ထားပါတယ်။ DVB

 



အမျိုးအမည်မသိ ထူးခြားသော အသွင်သဏ္ဍာန်ရှိ ငှက်တစ်ကောင် မန္တလေး မြို့၌ တွေ့ရှိ


မန္တလေး ဇန်နဝါရီ ၁၂

မန္တလေး ချမ်းအေးသာစံမြို့နယ်၂၇-၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုး အမည်မသိ ထူးခြားသော ငှက် တစ်ကောင်ကို ဇန်နဝါရီ ၁၁ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်ဦးဇော်ဝင်း
(ဆေးဆရာ)မှ တွေ့ရှိခဲ့သည်။

အဆိုပါ ထူးခြားသောအသွင်သဏ္ဌာန်ရှိ အမျိုးအမည် မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန် ရှိပြီး လည်ပင်းတွင် အဖြူရစ်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီးများ ကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြား သည့်ဆောင်းခို ငှက် တစ်ကောင်ဖြစ်မည်ဟုယူဆရသည်။ ၎င်းငှက်ကို စိတ်ပါ ဝင်စားသူများနှင့် ကလေးသူငယ်များကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်မန္တလေး အောင်မြေသာစံမြို့နယ် ၁၂လမ်းရှိ ရတနာပုံ တိရ စ္ဆာန် ဥယျာဉ်သို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

စီးပွားရေးလုပ်ဖြစ်ရင်တော့ အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ ဘူးလို့ဆိုသူ မေကဗျာ


ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး နေတဲ့ ‘ချောကလတ်ထဲတွင်အချစ်ဆယ် ရာခိုင်နှုန်းပါဝင်သည်’ ဆိုတဲ့ဇာတ်ကား ကို မေကဗျာက ဖြိုးငွေစိုးနဲ့အတူ ပါ ဝင်သရုပ်ဆောင်နေပါ တယ်။ ဒီဇာတ် ကားထဲမှာမေကဗျာကအလုပ်လုပ်နေ တဲ့ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အနုပညာအလုပ်လုပ်တဲ့အခါ မှာတော့ ဘယ်အချိန်၊ ဘယ်နှစ်ရယ် လို့ ကန့်သတ်ပြီး ကြိုးစားတာမျိုး မဟုတ်ဘဲ နှစ်တိုင်းနှစ်တိုင်းမှာ ပိုပြီး သရုပ်ဆောင်ပီပြင်အောင်ကြိုး စားဖြစ် ပါတယ်လို့မေကဗျာကပြောပါတယ်။

“လူဆိုတာတော့ ကိုယ့်ကိုယ် ကိုယ်အမြဲကျေနပ်အားရနေတာ တော့ မရှိပါဘူး။ ဒီတစ်နေရာရောက် ရင် ဒီထက်ကောင်းတဲ့မြင့်တဲ့ နေရာ ကိုတော့ လိုချင်ကြတာချည်းပါပဲ။ ဒီ တော့ ပြည့်စုံတယ်ဆိုတာတော့မရှိပါ ဘူး။ အမြဲတမ်းတော့အကောင်းဆုံး ဖြစ်အောင်လုပ်ချင်တယ်။ဒါပေမဲ့ အနု ပညာဆိုတာက ကံနဲ့လည်းဆိုင်တယ်။ ကိုယ်ကလုပ်ချင်ေ နပေမယ့်လည်း ကိုယ့် မှာကအခွင့်အရေးရှိဦးမှလေ။ ကဗျာ ကတော့နှစ်တိုင်းနှစ်တိုင်းမှာ အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့မေကဗျာက ပြောပါတယ်။

အနုပညာအလုပ်ကို အသက် အရွယ်စုံအပိုင်းအခြားပေါ်မူတည် ပြီး လုပ်သင့်လုပ်ထိုက်သလောက်ထိ တော့ အနုပညာအလုပ်တွေကို ဆက် ပြီးလုပ်သွားမှာပါလို့ မေကဗျာ က ပြော ပါတယ်။ “ငယ်ငယ်တုန်းကတော့ ကိုယ် ဘာလုပ်မယ်ဆိုတာကို စဉ်းစားထားတာလေးတွေရှိတယ်။ ဒါပေမဲ့ ကိုယ် ဖြစ်ချင်တာတွေက ဖြစ်လာတာမျိုး တွေ ရှိသ လို၊မဖြစ်လာတာ မျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကဗျာဒီအလုပ်ကိုတော့တအားအသက် ကြီးတဲ့အထိတော့ လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ကဗျာအသက်အရွယ် အပိုင်းအခြား လုပ် သင့်လုပ်ထိုက်တဲ့ အချိန်ထိတော့ လုပ် သွားမယ်။ပြီးတော့ ကဗျာစီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ စီးပွား ရေးလုပ်ဖြစ်ရင်တော့ အနုပညာ အလုပ်ကို မလုပ်ဖြစ်တော့ ဘူး။ အချိန်အတို င်းတာတ စ်ခုထိပဲ လုပ်ဖြစ်သွားမှာပါ” လို့ ပြော ပါတယ်။မေကဗျာက အနုပညာအလုပ် လုပ်နေ တဲ့ အချိန်မှာ ပရိ သတ်ကို ရသမျိုး စုံနဲ့တင်ဆက်ရိုက်ကူး ပြ ချင်ပြီးပေးလာတဲ့ အခွင့်အရေးပေါ် မှာကြိုးစားသွား မှာပါလို့ပြော ပါ တယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်း ထွန်း

Popular Journal

ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Asia New Star မော်ဒယ်ပြိုင်ပွဲကို တက်ရောက်မယ့် ကောင်းပြည့်



ကောင်းပြည့်က ခင်ဝင့်ဝါနဲ့အတူ ‘စိတ်ကောက်နေသည်’ ဆိုတဲ့ ဇာတ် ကားကို ဒါရိုက်တာသားကြီးနဲ့ ရိုက်ကူးနေပါတယ်။

ရိုမန့်တစ်ဇာတ်ကားလေး ဖြစ်ပြီး လူငယ်ဆန်ဆန် ဇာတ်ရုပ်ဖြစ်တဲ့အတွက် လိုက်ဖက်မှုရှိတယ်ထင်တယ် လို့ ကောင်းပြည့်က ပြောပြပါ တယ်။ဇာတ် ကားတစ်ကားချင်းအတွက် ပြင်ဆင်မှုတွေနဲ့ ရိုက်ကူးသလို ဆက်တိုက် ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှု ပိုကြား ရ တော့မယ်ဆိုတဲ့ကောင်းပြည့်က “ကျွန်တော် ဇာတ် ကားတွေရိုက်တာ အခုနောက်ပိုင်း စိန်ဌေး နဲ့ရောမဟာထွန်းနဲ့ရော ဆိုတော့ ဗီဒီယိုကားတွေ ကတော့ ဆက်တိုက်ရိုက်ဖြစ်နေတယ်။ ၂ဝ၁၄မှာ ကျွန်တော့် ဇာတ်ကားတွေ ဆက်တိုက်ထွက်ဖို့ရှိပါတယ်။ ပရိ သတ်တွေက လည်း ကျွန်တော့်ကို အမြဲဝေဖန်ပေး ကြတဲ့အတွက် ကျွန်တော်ပိုပြီး အဆင်ပြေတာပေါ့။ ဇာတ်ရုပ်တွေကလည်း အစုံရိုက်ဖြစ်ပါတယ်။ ပရိသတ် တွေလည်း ရသအစုံကြည့် ရအောင်လို့ပါ” လို့ ပြောပြပါ တယ်။ ကောင်းပြည့်က ဇန်နဝါရီလ ၁၄ရက်နေ့ ကိုရီး ယားနိုင်ငံမှာ ပြုလုပ်မယ့် Asia New Star Contest ပြိုင်ပွဲ ကိုမြန်မာနိုင်ငံကိုယ်စား ပြု အဖြစ်တက်ရောက် မှာဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အနေ နဲ့ သွားရောက် ရတာဖြစ်တဲ့ အတွက်လည်း ဝမ်းသာတယ်လို့ ပြောပြတာကြောင့် “ကိုရီးယား မှာ မော်ဒယ်ပြိုင်ပွဲလုပ်တာကို ဒီကမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်တော်နဲ့ အွန်ဆိုင်းက တက်ရောက်မှာပါ။ ပွဲတက်ရုံသက်သက်ပါပဲ။ တခြားအာဆီယံနိုင်ငံ တွေက လည်း ပါမယ်။ ကျွန်တော်တို့လိုမျိုး သရုပ်ဆောင် တွေ၊ မော်ဒယ်တွေ လည်း တက်ရောက်ကြမှာပါ။ ဒီလို မျိုးသွားရဖို့ ကမ်းလှမ်းတဲ့အတွက်ကျေးဇူးတင်သလိုဝမ်းသာတယ်။ ကိုယ့်နိုင်ငံကိုယ်စားပြု တက် ရမှာလေ။သွားတာက ၅ရက်လောက်ကြာမယ်” လို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

ခေါက်ဆွဲခြောက်ထုပ် နဲ့ ကျန်းမာရေး


ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါ ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက် ကို Instant Noodle လို့ ခေါ်ပါတယ်။ တချို့က Junk food အာဟာရ မမြောက်တဲ့ အစားအစာ အဖြစ် သတ်မှတ် ကြတယ်။ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ ကျန်းမာရေး နဲ့ မညီညွတ်ဘူး ဆိုတာ လူတော်တော် များများ သိကြ ပါတယ်။ ဒါပေမဲ့ မဆင်ခြင် နိုင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာလဲ အားသာချက် များစွာ ရှိနေလို့ ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ ဝယ်ရ လွယ်ကူသလို ဈေးပေါတယ်။ အရသာ ရှိတယ်။ အသင့် စားသုံး နိုင်တယ်။ အထူးသဖြင့် အချိန်မပေး နိုင်သူတွေ အတွက် အဆင်ပြေတယ်။ ခေါက်ဆွဲ ခြောက်ထုပ် ရဲ့ သမိုင်းကြောင်း အစကတော့ ခေါက်ဆွဲ ခြောက်တွေ ပထမဆုံး စတင် တီထွင် ထုတ်လုပ်ခဲ့သူ ဂျပန်လူမျိုး Momo-fuku Ando ဆိုသူက စတာပဲ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ Chikin Ramen ဆိုတဲ့ နာမည်နဲ့ ပထမဆုံး ခေါက်ဆွဲ ခြောက်ထုပ် ကို ထုတ်လုပ် ရောင်းချ ခဲ့တယ်။

ဂျပန်ရိုးရာ ခေါက်ဆွဲပြုတ် ကို Ramen လို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲ ကို ဂျပန်ကုမ္ပဏီ Nissanfoods က စတင် ထုတ်လုပ် ခဲ့တယ်။ စတင် ရောင်းချစဉ်က ပုံမှန် ခေါက်ဆွဲထက် ခြောက်ဆလောက် ဈေးကြီး ခဲ့လို့ လူကုံထံ တွေသာ စားသုံး နိုင်ခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာ ခွက်ထဲ ထည့်ပြီးသား အသင့်စား ခေါက်ဆွဲဘူး ပုံစံ ထပ်မံ ထုတ်လုပ် ခဲ့တယ်။ နောက်ပိုင်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်ပြီး ခေတ်စား လာတယ်။ ကျန်းမာရေး အတွက် ပြဿနာဟာ ကျွန်တော်တို့ နေ့စဉ် စားသုံးတဲ့ အစားအစာ ထဲမှာ အာဟာရဓာတ် လုံလောက် မျှတဖို့ လိုအပ် ပါတယ်။ ကျန်းမာရေး အတွက် ကစီဓာတ် ၊ အဆီဓာတ် ၊ အသားဓာတ် ၊ ဗီတာမင် နဲ့ သတ္တုဓာတ် တွေ လုံလောက်စွာ ပါဝင်သင့်တယ်။ ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ အဆင့်ဆင့် ပြုပြင် ပြောင်းလဲ ထားတာ ဖြစ်လို့ အာဟာရ တန်ဖိုး နည်းပါး ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ကစီဓာတ် နဲ့ အဆီဓာတ် တွေသာ အဓိက ပါဝင်တယ်။ ပါဝင်တာကို အချိုးချ ကြည့်ရင် ပရိုတင်း ကိုးရာခိုင်နှုန်း ၊ အဆီဓာတ် ၃၆ ရာခိုင်နှုန်း နဲ့ ကစီဓာတ် ၅၅ ရာခိုင်နှုန်း စီ အသီးသီး ပါဝင်တယ်။ ဒါကြောင့် ခေါက်ဆွဲ ခြောက်ထုပ်တွေ နေ့စဉ် စားသုံးသူ တစ်ဦးဟာ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ ပရိုတင်းဓာတ် လုံလောက်မှု မရှိတော့ဘူး။ လက်တွေ့ ကျကျ ပြောရရင် ခေါက်ဆွဲ စားခြင်းက ကျန်းမာရေး ပြဿနာ တစ်ရပ် မဟုတ်ပါဘူး။ ခေါက်ဆွဲခြောက် ကို ကြာရှည် ခံအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ကသာ ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်စေတာပါ။

ခေါက်ဆွဲခြောက် မှာ ဆိုးဆေးနဲ့ ဓာတုပစ္စည်းေ တွ ပါဝင် တာကြောင့် ကျန်းမာရေး အတွက် ကောင်းကျိုး မရှိဘူး။ ခေါက်ဆွဲ ခြောက်ထုပ် တွေမှာ အစိုဓာတ် ထိန်းပေးတဲ့ Propylene glycol ပါဝင်တယ်။ ပါဝင်တဲ့ Propylene Glycol က နှလုံး၊ အသည်းနဲ့ ကျောက်ကပ် ကို ထိခိုက် စေတယ်။ ဒီဓာတ်ကပဲ ခုခံအားကို ကျဆင်း စေတယ်။ ခေါက်ဆွဲခြောက် ပြုလုပ်တဲ့ အခါ ဂျုံ ၊ စားသုံးဆီ နဲ့ ဆိုဒီယမ် ဆားဓာတ်တွေ ထည့်သွင်း ရတယ်။ ဂျုံကို အခြောက်ခံ ထားတာ ဖြစ်လို့ အထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ဓာတ်တွေ ဆုံးရှုံး သွားတယ်။ ကြာရှည် ခံအောင် ဆိုဒီယမ်ဆား ထည့်ပေး ရတယ်။ ခေါက်ဆွဲခြောက် တစ်ထုပ်မှာ ပျမ်းမျှ ဆိုဒီယမ် တစ်ဂရမ် ပါဝင်တယ်။ တချို့ ခေါက်ဆွဲခြောက် ထုပ်တွေမှာ ဆိုဒီယမ် ပမာဏ ပိုများတာ တွေ့ရတယ်။ လူတစ်ယောက် အတွက် နေ့စဉ် လိုအပ်တဲ့ ဆိုဒီယမ် ပမာဏက ၂ ဒသမ ၃ ဂရမ် ဖြစ်ပါတယ်။ ဆိုဒီယမ် များခြင်းကြောင့် နှလုံး ၊ ကျောက်ကပ် ၊ သွေးတိုး နဲ့ လေဖြတ်ခြင်း ကို ဖြစ်စေ နိုင်တယ်။ တစ်ဖက်က ကြည့်ရင် ခေါက်ဆွဲခြောက် ကို လူတွေ စွဲလမ်းခြင်း ဟာ ပါဝင်တဲ့ ဆိုဒီယမ် ကြောင့်လဲ ဖြစ်နိုင်တယ်။ စားသုံးဆီ လဲ ပါဝင်လို့ နှလုံးရောဂါ နဲ့ အဝလွန် ရောဂါကို ဖြစ်စေတယ်။

အရသာ ကောင်းမွန် စေဖို့ Monosodium Glutamate ( MSG ) ခေါ်တဲ့ ဟင်းချိုမှုန့် ထည့်သွင်း ထားတယ်။ ဟင်းချိုမှုန့် က အနံ့ အရသာ ပြည့်စုံ စေသလို လူ့စိတ်ကို စွဲလမ်း စေတယ်။ သွေးပေါင်တက် စေတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန် ပျက်ကျ နိုင်သလို မိမိကလေး ကိုလဲ ထိခိုက်စေ နိုင်တယ်။ ကလေးတွေ ဉာဏ်ရည် ဉာဏ်သွေး ကျဆင်းစေပြီး ကြီးထွား ဖွံ့ဖြိုးမှုကို နှောင့်နှေး စေတယ်။ ပန်းနာ ရင်ကျပ် အခံရှိရင် ပိုဆိုး ဦးမယ်။ လူဦးရေရဲ့ တစ်ရာခိုင်နှုန်း က ဟင်းချိုမှုန့် မတည့်တာ ရှိနိုင်တယ်။ ဒါ့ပြင် အသင့်စား ခွက်တွေမှာ ပါဝင်တဲ့ Dioxin ဓာတ်တချို့က ရေနွေးနဲ့ ဓာတ်ပြုတဲ့ အခါ ကင်ဆာရောဂါ ဖြစ်စေတယ်။

ဒါကြောင့် နေ့စဉ် ရက်ဆက် ခေါက်ဆွဲ ခြောက်ထုပ် ကို စားသုံးသူ တွေဟာ ရေရှည်မှာ ခန္ဓာကိုယ် အတွက် ကောင်းကျိုး မဖြစ်ဘဲ ဆိုးကျိုး တွေသာ တွေ့ရတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ၂ဝ ရာစုအတွင်း သူတို့ရဲ့ အကြီးကျယ်ဆုံး တီထွင်မှုဟာ ခေါက်ဆွဲ ခြောက်ထုပ် ဖြစ်တယ်လို့ ဂျပန် လူမျိုးတွေက ကြွေးကြော် ခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ အောင်မြင်ခဲ့ သလို လက်ရှိ အချိန်ထိ ဆတက်ထမ်းပိုး သုံးစွဲ နေကြလို့ ဖြစ်ပါတယ်။ နောက်ပိုင်း မှာလဲ ပိုမို ကျယ်ပြန့် လာဖို့သာ ရှိပါတယ်။ နှစ်စဉ် ခေါက်ဆွဲ ခြောက်ထုပ် ထုတ်လုပ် တင်သွင်းမှု ကနေ ဝင်ငွေ ဒေါ်လာ ဘီလီယံချီပြီး ရရှိ နေကြတယ်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် ခေါက်ဆွဲ ခြောက်ထုပ် ပေါင်း ၉၅ ဘီလီယံ လောက် သုံးစွဲ ကြတယ်လို့ ကိန်းဂဏန်း တွေက ဖော်ပြ ကြတယ်။ စားသုံးသူတွေ အနက် ၄၅ ရာခိုင်နှုန်း ခန့်ဟာ တရုတ်နိုင်ငံ က ဖြစ်တယ်။ ကမ္ဘာမှာ ခေါက်ဆွဲ ခြောက်ထုပ် ထုတ်လုပ်မှု အများဆုံး နိုင်ငံဟာလဲ တရုတ်နိုင်ငံ ပဲ ဖြစ်တယ်။ အိမ်နီးချင်း ဖြစ်လို့ မြန်မာတွေလဲ ခေါက်ဆွဲခြောက် နဲ့ မကင်းနိုင် ပါဘူး။ အရှေ့တိုင်း သာမက အနောက်တိုင်း မှာလဲ အလားတူ စားသုံး နေကြတယ်။ ဘယ်လိုပဲ ဆိုဆို ဂျပန်တွေက ကြွေးကြော် ခဲ့သလို
၂ဝ ရာစု အတွက် သာမက ၂၁ ရာစု အတွက်ပါ အကျိုး သက်ရောက် နိုင်မလား ဆက်လက် စောင့်ကြည့်ဖို့ တော့ လိုအပ် နေပြီ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး

#Themyawadydaily

စီ ရော်နယ်ဒို FIFA Ballon d'Or ဆု ဒုတိယအကြိမ် ထပ်ရ

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို စီရော်နယ်ဒို လက်ခံယူစဉ်

ပေါ်တူဂီနိုင်ငံသား ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (2013 Ballon d'Or) ကို ဒုတိယအကြိမ် ထပ်ရ သွားပါပြီ။

ဖီဖာရဲ့ မဲပေးမှု စနစ်အရ နောက်ဆုံး ဇကာတင် အဆင့်ကို  ရီးရဲမက်ဒရစ် ကစားသမား စီ ရော်နယ်ဒိုနဲ့ မက်ဆီ ၂ ဦးက ရောက်လာ ခဲ့ပြီး စီ ရော်နယ်ဒိုက မက်ဆီ ကို ကျော်ဖြတ်ကာ အခုလို ဒုတိယအကြိမ် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု ကို ရသွားတာပါ။

ဇန်နဝါရီလ ၁၃ ရက် နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ အခုလို ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့တာ ပါ။

မေးလ် အွန်လိုင်း သတင်းမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ တယောက်ကိုတယောက် မဲ မပေးခဲ့ဘူးလို့ လည်း ဖော်ပြထားပါတယ်။

မက်ဆီနဲ့ စီ ရော်နယ်ဒိုတို့ဟာ ကမ္ဘာမှာ ရေပန်း အစားဆုံး ဘောလုံး ကစားသမား ၂ ဦးဖြစ်တော့ အခုလို မဲပေးရွေးချယ်မှုမှာ ရင်ခုန်စရာဖြစ်ခဲ့ရတာပါ။

 ဆုယူအပြီး မှတ်တမ်းပုံကို ရော်နယ်ဒို က သူ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပုံ

 ဆုကြေညာအပြီး စိတ်လှုပ်ရှားနေတဲ့ စီရော်နယ်ဒို

 ဆုပေးပွဲ တက်လာတဲ့ မက်ဆီတို့ အတွဲ

ဆုပေးပွဲအပြီး စီ ရော်နယ်ဒို တို့ မိသားစု

အိမ့်သံစဉ်
Irrawaddy

ထိုင်းနိုင်ငံရေးပြဿနာကြောင့် မြန်မာခရီးသွားတွေ အခက်တွေ့


ထိုင်းနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့ကို အသွားအလာ သိသိသာသာ ကျဆင်း သွားပါတယ်။ ဆေးကုသမှု ခံယူဖို့အတွက် ဘန်ကောက်ကို သွားလေ့ရှိတတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာလည်း စိုးရိမ်စိတ်ကြောင့် အစီအစဉ်ဖျက်ပြီး ပြန်လာသူတွေလည်း ရှိနေကြတာပါ။ ထိုင်းနိုင်ငံရေး ပြဿနာတွေရဲ့ ရိုက်ခတ်မှု ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့  ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသူတွေဟာ   ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ကို ၀ိုင်းဝန်းပိတ်ဆို့ရေး Bangkok Shutdown ဆန္ဒထုတ်ဖော်မှုတွေကို အပြင်းအထန်လုပ်ဆောင်နေချိန် မြန်မာနိုင်ငံသား အများစုဟာ ဘန်ကောက်ကို သွားလာမှုတွေ သိသိသာသာ ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံကို ပြေးဆွဲနေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပျံသန်းတဲ့ လေကြောင်းလိုင်း ခရီးစဉ်တွေ ရပ်စဲတာ၊ ရွှေ့ပြောင်းလိုက်တာမျိုးတွေ မရှိပေမဲ့ ခရီးသွားဦးရေ ကတော့ ထက်ဝက်လျော့ကျသွားတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ရဲ့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာ ကပြောပါတယ်။

“ပုံမှန်ခရီးစဉ်ကတော့ ဘန်ကောက်ကို တနေ့ နှစ်ကြိမ်ရှိတာပေါ့နော်။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ်ရှိတယ်။ ခရီးတွေကတော့ အမတို့ flight တွေ cancel လုပ်ထားတာတော့ မရှိဘူး။ ဒါပေမယ့် ခရီးသည်အသွားအလာကတော့ သာမန်ထက်စာရင်တော့ နည်းနည်းတော့ လျော့သွားတာပေါ့။ အထွက်ကော အဝင်ရော ခါတိုင်းထက်စာရင်တော့ နည်းသွားပါတယ်။ ခါတိုင်းဆိုရင်တော့ ပုံမှန်အချိန်ဆိုရင် ဝင်တာရော ထွက်တာရော ၉၀ ကျော်၊ ၁၀၀ ကျော်လောက် ရှိတာ၊ အခုဆိုရင်တော့ ၅၀ ကျော်လောက်ပဲ ရှိပါတယ်။”

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်း နိုင်ငံတကာ ဆေးရုံကြီးတစ်ခုဖြစ်တဲ့ ဘမ်ရွမ်ဂရက်ဆေးရုံမှာ ဆေးစစ်မှု၊ ဆေးကုသမှုခံယူနေကြတဲ့ မြန်မာ အများစုဟာ Bangkok Shutdown ကို စိုးရိမ်တာကြောင့် ဘန်ကောက်မှာ အပြင်းအထန် ဆန္ဒပြမဲ့ ဇန်န၀ါရီလ ၁၃ ရက်ကို ရှောင်ရှားဖို့ မြန်မာနိုင်ငံကို ပြန်ကြတယ်လို့ အဖေဖြစ်သူရဲ့ အသည်းဆေးကုသမှုအတွက်လိုက်ပါသွားတဲ့ မသန္တာက ဗွီအိုအေကို ပြောပြပါတယ်။

“ကျမတို့တော့ ဇန်န၀ါရီလ ၁၃ ရက်နေ့ကို ရှောင်ချင်လို့ အဖေ့ကိုခေါ်ပြီး မနေ့ကပဲ ရန်ကုန်ကို ပြန်လာတယ်။ နေ့တိုင်း အပြင်ထွက်ရင်လည်း စိုးရိမ်စိတ်ကြီးနေရတယ်လေ။ ဆေးရုံမှာ ဆေးကုသတဲ့ မြန်မာလူနာတွေ အတော်များများလည်း ပြန်ကြမယ်ဆိုပြီး မနေ့က စီစဉ်နေတာ ကိုလည်း ကြားရတယ်လေ။ သူတို့က ရေဖြတ်မယ်၊ မီးဖြတ်မယ်လို့ ကြေညာထားတော့ အမတို့လည်း ကိုယ်နိုင်ငံမဟုတ်တော့ စိုးရိမ်တယ်။ အခုတောင် ဆေးရုံက ၂ ပတ် နေရင် ပြန်လာဖို့ ပြောလိုက်ပေမဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လောက် တည်ငြိမ်လဲဆိုတာ ကြည့်ပြီးမှပဲ သွားရမယ့်သဘောလည်း ဖြစ်နေတယ်လေ။”

မြန်မာနိုင်ငံသား အများစု ဆေးစစ်၊ ဆေးကုသမှုခံယူတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆူခွန်ဗစ်မြို့နယ်မှာရှိတဲ့ ဘန်ရွမ်ဂရက်ဆေးရုံကို ဆေးကု သွားတဲ့ လူနာအများစုဟာ အရေးပေါ် အခြေအနေကလွဲပြီးတော့ ဒီရက်ပိုင်းမှာ သွားမယ့် အစီအစဉ်တွေကို ရွှေ့ဆိုင်းတာတွေလည်း တွေ့ရတယ်လို့ ဘမ်ရွမ်ဂရက်၊ ရန်ကုန်ရုံးခွဲရဲ့ ပြောခွင့်ရှိသူ ဒေါက်တာ မားကွတ်စ် က ပြောပါတယ်။

“ဒီလိုပါ၊ အရင်တုန်းကတော့ ဘန်ကောက်သွားလည်ရင်းနဲ့ ဆေးစစ်မယ့် သူတွေကတော့ မသွားတော့ဘူးပေါ့။ ဒါပေမယ့် ဆရာဝန်ရက်ချိန်းရှိတဲ့သူတို့၊ မသွားမဖြစ်တဲ့သူတွေကတော့ သွားပါတယ်။”

ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဆန္ဒထုတ်ဖော်မှုတွေအတွင်း မြန်မာလူမျိုး တစ်ယောက် သေနတ်ထိမှန် သေဆုံးခဲ့အပြီးမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လက်ရှိ ဘန်ကောက်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေမှာ မြန်မာတွေ မပါဝင်ဖို့နဲ့  ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကိုလည်း ရှောင်ရှားသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)

ငြိမ်းချမ်းစွာ လှည့်လည်ခွင့်ဥပဒေ လွှတ်တော်ကပဲပြင်မည်


ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ဆိုင်ရာ ဥပဒေဟာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကပဲ ပြင်ဆင်သွားရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပုဇွန်တောင် မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး မေးခွန်းမေးရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုတော့ ၂ဝ၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေမှာ ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြဆွေနွေးတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ဥပဒေအရ အတည်ပြုထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်ထောင်စု ဥပဒေကပဲ ပြင်ဆင်ပြဌာန်းမယ်ဆိုရင် ကျနော်တို့ ဒီဥပဒေကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ကို ခွင့်ပြုထားပြီး ဖြစ်ပေမယ့် သက်ဆိုင်ရာ ရဲစခန်းတွေမှာ ခွင့်ပြုချက် ထပ်မံတောင်းခံနေရတဲ့အတွက် ဥပဒေရဲ့အထက်မှာ ခွင့်ပြုပေးတဲ့သူ ရှိနေသလိုမျိုး သဘောသက်ရောက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်းခြင်းဆိုင်ရာ ပုဒ်မ ၁၈ အရ ဆန္ဒပြခွင့်တွေကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ တစ်ပတ်ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ ရန်ကုန် မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

RFA Burmese

မောင်တောခရိုင် အမျိုးသား လူမူကူညီ စောင့်ရှောက်ရေးအသင်း ဆန္ဒပြခံရ


(နိရဉ္စရာ- ၁၄ ဇန်န၀ါရီ ၂၀၁၃)

“ ပေးထားသော ကတိမတည်” ဟုဆိုကာ မောင်တောခရိုင်အမျိုးသားလူမှုကူညီစောင့်ရှောက်ရေးအသင်းအား ဒေသခံအချို့ လာရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဆန္ဒုပြသူများမှာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ဘင်္ဂလီတို့၏ အကြမ်းဖက်မှုခံခဲ့ရသော ရွှေရင်အေးနတလ စံပြ ကျေးရွာနှင့် ခရေမြိုင် နတလ စံပြကျေးရွာတို့မှ ရွာသားများ ဖြစ်ကြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ကိုမောင်ကြီးက ပြောသည်။

“ စုစုပေါင်း လူ ၅၀ ပူးပေါင်းပါဝင်ပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီအသင်းရဲ့ ရုံးရှေ့မှာ ဒီလ ၁၃ ရက် နေ့လယ် ၁ နာရီ ၂၀ မှာ စပြီး ပြပါတယ်။ ဆန္ဒပြရတဲ့ ရည်ရွယ်ချက် ပေးထားတဲ့ ကတိအတိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပေးဖို့ အတွက် ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

၎င်းရုံးသည် မောင်တောမြို့ ရပ်ကွက်(၄) ဦးဥတ္တမလမ်းတွင် တည်ရှိပြီး UN နှင့် အိုင်အန်ဂျီအိုနောက်ခံဖြင့် ဖွဲ့စည်းထားသော အသင်းဖြစ်ပြီး ဘင်္ဂလီဝန်ထမ်း (၂) ဦးက ကြီးကြပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

“ အဲဒီ အသင်းက ကျွန်တော်တို့ကျေးရွာတွေက အိမ်ထောင်စုတစ်စုကို ကျပ် တစ်သိန်း ငါးသောင်းစီ ထောက်ပံ့ ပေးမယ်လို့ ပြောပါတယ်။ ပေးတော့ အိမ်ထောင်စု ၂၁၂ စုအထဲက ၁၇၅ စုကိုဘဲ ပေးတယ်။ ဒါ့အပြင် သူတို့ပေးထားတဲ့ တစ်သိန်း ငါးသောင်းမှာလည်း ကျပ် တစ်သိန်းနှစ်သောင်းကိုပေးတယ်။ တစ်ခါ ပေးပြီးသားငွေတွေကို လွတ်လွတ်လပ်လပ် ထောက်ပံ့တာမျိုး မဟုတ်ဘဲနဲ့ တလအတိုးနုန်း ၁၂၀၀ ပေးရမယ်ဆိုပြီး လာပြန်တယ်။ ခုတမျိုး၊ တော်ကြာတမျိုး လုပ်နေတဲ့အတွက် ဒါကို ပြတ်ပြတ်သားသားသိချင်တယ်။ ဒါကို လာပြီးတောင်းဆိုတာ ဖြစ်ပါတယ်” ဟု ကိုမောင်ကြီးက သူတို့ ဆန္ဒလာပြရခြင်း၏ အဓိက အသေးစိတ် အကြောင်းအရင်းကို ဆက်လက် ပြောဆိုသည်။

ငွေကြေးထောက်ပံ့ပေးမူကို ကြိုဆိုသော်လည်း ခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေ၍ ကျေးရွာသားများအကြားတွင် ရှုပ်ထွေးမူများ ပေါ်ပေါက်နေသဖြင့် ယခု ငွေကြေးထောက်ပံ့မူနှင့် ပတ်သက်ပြီး တိတိကျကျ ပြတ်ပြတ်သားသား မိမိတို့အား ရှင်းပြစေလို၍ ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ဦးကျော်က ပြောသည်။

အဆိုပါ ဆန္ဒပြမူနှင့် ပတ်သက်ပြီး သဘောထားကို သိရှိနိုင်ရန် ဆန္ဒပြခံရသည့် မောင်တောခရိုင် အမျိုးသား လူမူကူညီ စောင့်ရှောက်ရေးအသင်းအား ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်းမရှိပါ။

စီးပွား/ကူးသန်း ဝန်ကြီး နယ်စပ်ခရီးစဉ်တွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျ အရာရှိတစ်ဦး သေဆုံး


ထားဝယ် ၊ ဇန်နဝါရီ ၁၃ ။ ။ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဇန်နဝါရီ၁၂ရက် ထိုင်းနယ်စပ် ထီးခီး ခရီးစဉ်မှ အပြန် တွင် ယာဉ် တန်းတွင် လိုက်ပါလာသော မော်တော်ယာဉ်တစ်စီး ရင်ခွဲ တောင်ကုန်း အဆင်းတွင်ချောက် အတွင်းထိုးကျခဲ့သဖြင့် အစိုးရ အရာရှိ တစ်ဦးသေဆုံးကာ သုံး ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း ယာဉ်တန်းတွင် လိုက် ပါလာသူများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဂိတ် ထီးခီးမှထားဝယ်သို့အပြန် ည နေ၃နာရီခန့်တွင် ထိုသို့ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးငါးလုပ်ငန်းဒု-ဦးစီး မှူး ဦးမျိုးငြိမ်း အသက်သေ ဆုံးကာ၊ တိုင်းဦးစီးမှူး၊ ခရိုင် ဦးစီးမှူးနှင့် ယာဉ်မောင်းတို့တွင် လည်း ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။

ဦးမျိုးငြိမ်းသည် ဌာနတွင်း လုပ်ငန်းများ၊ ဥပဒေရေးဆွဲရေး နှင့် လွှတ်တော်မေး ခွန်းများ ဖြေကြားခြင်း စသည့်အခန်း ကဏ္ဍများတွင် အဓိက ပါဝင်နေ သူတစ်ဦးဖြစ်ကြောင်း ၎င်းင်း၏ လုပ်ဖော် ကိုင်ဖက်တစ်ဦးကပြော သည်။

““အခုလို မထင်မှတ်ဘဲ သေဆုံးသွားရတာ ဌာနအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှု တစ်ခုပါ””ဟု အထက်ပါလုပ်ဖော် ကိုင်ဖက်တစ်ဦးက ဆိုသည်။ ရှေ့တွင်မောင်းနှင်သည့် ကားမှ ဖုန်ထသဖြင့်လမ်းပျောက် ကာ လမ်းနံဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း ရင်ခွဲတောင်အနီးတွင် ယာဉ် လမ်းဘေးချောက်ထဲထိုးကျ သည့်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ယင်းဖြစ်ရပ်များကြောင့် ခရီးသည်ပို့ဆောင် ရေး ကား လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးသေဆုံးခဲ့ဖူးပြီး ယခုသေဆုံးမှုသည် ဒုတိယအ ကြိမ်မြောက်ဖြစ်ကြောင်း ထား ဝယ်-ထီးခီးခရီးသည်ပို့ဆောင် ရေးယာဉ်လိုင်း အသိုင်းအဝိုင်း မှသိရသည်။

“ဒီလိုဖြစ်တာမျိုးက ယာဉ်မောင်းအပေါ်မှာ အများ ကြီးမူတည်ပါတယ်။ သတိ ထားမောင်းနှင်ဖို့လိုပါတယ်””ဟု ထားဝယ်-ထီးခီးယာဉ်လိုင်းတစ် ခုမှ တာဝန်ခံတစ်ဦးကမှတ် ချက်ပြုသည်။ ゞင်းင်းအပြင် ကား၏ကြံ့ခိုင် မှု၊ လမ်းပိုင်းပြုပြင် မှုနည်း ပါးလာ ခြင်း တို့အပေါ်တွင်လည်း မူ တည်ကြောင်း ゞင်းင်းကဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ဇန်နဝါရီ ၁၂ရက်က ထီးခီးနယ်စပ်သို့သွားရောက်ခဲ့ကြပြီး ထီးခီး နယ် စပ် မှအပြန် အလယ်စတိုတွင် ထိုင်းနိုင်ငံမှ ကုန်သည်များ၊ ထားဝယ်မှ ကုန်သည်များနှင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ ကြောင်း ထားဝယ်မှလိုက်ပါသူ တချို့ထံမှ သိရသည်။

လက်ရှိတွင် မေတ္တာနယ် မြေရဲစခန်းမှ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းအား ယာဉ်(ပ) ၁/၂၀၁၄၊ ပြစ်မှုပုဒ် မ ၃၀၄-က/၃၃၇/၃၃၈အရ အရေးယူရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

Dawei Watch

Yangon Media Group