GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei 730 အမျိုးအစား နှစ်မျိုးဝင်ရောက်လာ

ပို့စ်တင်ချိန် - 1/14/2014 11:30:00 PM


အတွဲ (၁၅)၊ အမှတ် (၃)
မျက်နှာပြင်ကျယ်တဲ့ GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei G730 ဟန်းဆက် ဝင်ရောက်လာပါတယ်။ စကရင် ၅.၅  လက်မအရွယ်အစားဖြစ်ပြီး Android Version 4.2 လည်ပတ်မှုစနစ်နှင့် Emotion UI-2.0 ဗားရှင်းဖြစ်ကာ မြန်မာဖောင့်လည်း အဆင်ပြေစေမယ်လို့ သိရပါတယ်။ RAM 1 GB ထည့်သွင်းပေးထားပြီး ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာကာ Micro SD ကတ်ဖြင့် 32GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad Core 1 GHz CPU ထည့်သွင်း အသုံးပြုထားပါတယ်။ 8MP autofocus with flash နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေ ပါဝင်လာပါတယ်။ ဟန်းဆက်မှာ Globe Touch စနစ်ပါဝင်တာကြောင့် လက်အိပ်စွပ်ထားပေမယ့် Touch စကရင်ကို တို့ထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဖြူ၊ အနက် အရောင်နှစ်မျိုး ရှိပါတယ်။ Service အာမခံ (၆) လ စနစ်နဲ့ဖြစ်ပြီး၊ ဈေးနှုန်းက ကျပ်တစ်သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ Huawei G 730 နဲ့ ဖန်ရှင်တူတဲ့ CDMA 800 MHz နှင့် WCDMA ကတ်နှစ်ကတ် သုံးနိုင်မယ့် Huawei G730C လည်း ဝင်ရောက်လာပါတယ်။ ဈေးနှုန်းက ကျပ်တစ်သိန်းရှစ်သောင်း ကျော်ဝန်းကျင် ဖြစ်ပါတယ်။ MOBISTAR ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။


ကောင်းမြတ်ထွန်း၊ မန္တလေး