စီးပွား/ကူးသန်း ဝန်ကြီး နယ်စပ်ခရီးစဉ်တွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျ အရာရှိတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 1/14/2014 11:54:00 AM


ထားဝယ် ၊ ဇန်နဝါရီ ၁၃ ။ ။ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဇန်နဝါရီ၁၂ရက် ထိုင်းနယ်စပ် ထီးခီး ခရီးစဉ်မှ အပြန် တွင် ယာဉ် တန်းတွင် လိုက်ပါလာသော မော်တော်ယာဉ်တစ်စီး ရင်ခွဲ တောင်ကုန်း အဆင်းတွင်ချောက် အတွင်းထိုးကျခဲ့သဖြင့် အစိုးရ အရာရှိ တစ်ဦးသေဆုံးကာ သုံး ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ ကြောင်း ယာဉ်တန်းတွင် လိုက် ပါလာသူများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဂိတ် ထီးခီးမှထားဝယ်သို့အပြန် ည နေ၃နာရီခန့်တွင် ထိုသို့ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီးငါးလုပ်ငန်းဒု-ဦးစီး မှူး ဦးမျိုးငြိမ်း အသက်သေ ဆုံးကာ၊ တိုင်းဦးစီးမှူး၊ ခရိုင် ဦးစီးမှူးနှင့် ယာဉ်မောင်းတို့တွင် လည်း ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်း အရ သိရသည်။

ဦးမျိုးငြိမ်းသည် ဌာနတွင်း လုပ်ငန်းများ၊ ဥပဒေရေးဆွဲရေး နှင့် လွှတ်တော်မေး ခွန်းများ ဖြေကြားခြင်း စသည့်အခန်း ကဏ္ဍများတွင် အဓိက ပါဝင်နေ သူတစ်ဦးဖြစ်ကြောင်း ၎င်းင်း၏ လုပ်ဖော် ကိုင်ဖက်တစ်ဦးကပြော သည်။

““အခုလို မထင်မှတ်ဘဲ သေဆုံးသွားရတာ ဌာနအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှု တစ်ခုပါ””ဟု အထက်ပါလုပ်ဖော် ကိုင်ဖက်တစ်ဦးက ဆိုသည်။ ရှေ့တွင်မောင်းနှင်သည့် ကားမှ ဖုန်ထသဖြင့်လမ်းပျောက် ကာ လမ်းနံဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း ရင်ခွဲတောင်အနီးတွင် ယာဉ် လမ်းဘေးချောက်ထဲထိုးကျ သည့်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ယင်းဖြစ်ရပ်များကြောင့် ခရီးသည်ပို့ဆောင် ရေး ကား လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးသေဆုံးခဲ့ဖူးပြီး ယခုသေဆုံးမှုသည် ဒုတိယအ ကြိမ်မြောက်ဖြစ်ကြောင်း ထား ဝယ်-ထီးခီးခရီးသည်ပို့ဆောင် ရေးယာဉ်လိုင်း အသိုင်းအဝိုင်း မှသိရသည်။

“ဒီလိုဖြစ်တာမျိုးက ယာဉ်မောင်းအပေါ်မှာ အများ ကြီးမူတည်ပါတယ်။ သတိ ထားမောင်းနှင်ဖို့လိုပါတယ်””ဟု ထားဝယ်-ထီးခီးယာဉ်လိုင်းတစ် ခုမှ တာဝန်ခံတစ်ဦးကမှတ် ချက်ပြုသည်။ ゞင်းင်းအပြင် ကား၏ကြံ့ခိုင် မှု၊ လမ်းပိုင်းပြုပြင် မှုနည်း ပါးလာ ခြင်း တို့အပေါ်တွင်လည်း မူ တည်ကြောင်း ゞင်းင်းကဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့သည် ဇန်နဝါရီ ၁၂ရက်က ထီးခီးနယ်စပ်သို့သွားရောက်ခဲ့ကြပြီး ထီးခီး နယ် စပ် မှအပြန် အလယ်စတိုတွင် ထိုင်းနိုင်ငံမှ ကုန်သည်များ၊ ထားဝယ်မှ ကုန်သည်များနှင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ ကြောင်း ထားဝယ်မှလိုက်ပါသူ တချို့ထံမှ သိရသည်။

လက်ရှိတွင် မေတ္တာနယ် မြေရဲစခန်းမှ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းအား ယာဉ်(ပ) ၁/၂၀၁၄၊ ပြစ်မှုပုဒ် မ ၃၀၄-က/၃၃၇/၃၃၈အရ အရေးယူရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

Dawei Watch

Yangon Media Group