ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် Asia New Star မော်ဒယ်ပြိုင်ပွဲကို တက်ရောက်မယ့် ကောင်းပြည့်

ပို့စ်တင်ချိန် - 1/14/2014 12:12:00 PM



ကောင်းပြည့်က ခင်ဝင့်ဝါနဲ့အတူ ‘စိတ်ကောက်နေသည်’ ဆိုတဲ့ ဇာတ် ကားကို ဒါရိုက်တာသားကြီးနဲ့ ရိုက်ကူးနေပါတယ်။

ရိုမန့်တစ်ဇာတ်ကားလေး ဖြစ်ပြီး လူငယ်ဆန်ဆန် ဇာတ်ရုပ်ဖြစ်တဲ့အတွက် လိုက်ဖက်မှုရှိတယ်ထင်တယ် လို့ ကောင်းပြည့်က ပြောပြပါ တယ်။ဇာတ် ကားတစ်ကားချင်းအတွက် ပြင်ဆင်မှုတွေနဲ့ ရိုက်ကူးသလို ဆက်တိုက် ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှု ပိုကြား ရ တော့မယ်ဆိုတဲ့ကောင်းပြည့်က “ကျွန်တော် ဇာတ် ကားတွေရိုက်တာ အခုနောက်ပိုင်း စိန်ဌေး နဲ့ရောမဟာထွန်းနဲ့ရော ဆိုတော့ ဗီဒီယိုကားတွေ ကတော့ ဆက်တိုက်ရိုက်ဖြစ်နေတယ်။ ၂ဝ၁၄မှာ ကျွန်တော့် ဇာတ်ကားတွေ ဆက်တိုက်ထွက်ဖို့ရှိပါတယ်။ ပရိ သတ်တွေက လည်း ကျွန်တော့်ကို အမြဲဝေဖန်ပေး ကြတဲ့အတွက် ကျွန်တော်ပိုပြီး အဆင်ပြေတာပေါ့။ ဇာတ်ရုပ်တွေကလည်း အစုံရိုက်ဖြစ်ပါတယ်။ ပရိသတ် တွေလည်း ရသအစုံကြည့် ရအောင်လို့ပါ” လို့ ပြောပြပါ တယ်။ ကောင်းပြည့်က ဇန်နဝါရီလ ၁၄ရက်နေ့ ကိုရီး ယားနိုင်ငံမှာ ပြုလုပ်မယ့် Asia New Star Contest ပြိုင်ပွဲ ကိုမြန်မာနိုင်ငံကိုယ်စား ပြု အဖြစ်တက်ရောက် မှာဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အနေ နဲ့ သွားရောက် ရတာဖြစ်တဲ့ အတွက်လည်း ဝမ်းသာတယ်လို့ ပြောပြတာကြောင့် “ကိုရီးယား မှာ မော်ဒယ်ပြိုင်ပွဲလုပ်တာကို ဒီကမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်တော်နဲ့ အွန်ဆိုင်းက တက်ရောက်မှာပါ။ ပွဲတက်ရုံသက်သက်ပါပဲ။ တခြားအာဆီယံနိုင်ငံ တွေက လည်း ပါမယ်။ ကျွန်တော်တို့လိုမျိုး သရုပ်ဆောင် တွေ၊ မော်ဒယ်တွေ လည်း တက်ရောက်ကြမှာပါ။ ဒီလို မျိုးသွားရဖို့ ကမ်းလှမ်းတဲ့အတွက်ကျေးဇူးတင်သလိုဝမ်းသာတယ်။ ကိုယ့်နိုင်ငံကိုယ်စားပြု တက် ရမှာလေ။သွားတာက ၅ရက်လောက်ကြာမယ်” လို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Journal