အာဇာနည်ပန်းခြံကို မြို့အဂ်ါရပ်နှင့်အညီ ပြောင်းလဲရန် မြို့အထောက်အကူပြုအဖွဲ့များလိုလား

ပို့စ်တင်ချိန် - 1/14/2014 10:55:00 AM


လားရှိုး၊ ဇန်န၀ါရီ ၁၃။

လားရှိုးမြို့တွင်းရှိ အာဇာနည်ကျောက်တိုင်ရှိရာ ပန်းခြံကို မြို့အဂါင်္ရပ်နှင့်အညီ ပြုပြင်ပြောင်းလဲပေးရန် မြို့အထောက်အကူပြုများနှင့် ဒေသခံများမှ ဆန္ဒရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

မြို့ထောက်ကူပြုများ အနေဖြင့်လဲ “ဟုတ်ပါတယ် လားရှိုးမြို့ဆိုတာက ရှမ်းပြည်ရဲ့ ဒုတိယမြို့တော်လဲဖြစ်တာပေါ့နော်။ အဲ့ဒီမြို့ဆိုတာက မြို့အဂါင်္ရပ်နဲ့အညီ ဖြစ်သင့်ပါတယ်။ ဒီအာဇာနည်ကျောက်တိုင်တည်ရှိတာကလဲ မြို့ဝင်ပြည်ထောင်စု လမ်းမကြီးဘေးမှာ ရှိနေတာဆိုတော့ အမြင်ကောင်းအောင်ပေါ့ဗျာ။ ပြီးတော့ဟိုဘေးက ကားလမ်းကလဲ အရင်က ပန်းခြံ နေရာပါ လူကြီးတွေက ကောင်းမယ်ထင်လို့ လမ်းဖောက်တာထင်တယ်။ တကယ်ကျွန်တော် လေ့လာကြည့်တာပေါ့နော်။ သိပ်အသုံးမပြုသလိုပဲ ထင်ပါတယ်။ အဲ့ဒါလေးကိုလဲ ပန်းခြံနေရာအဖြစ် ပြန်ထားပေးမယ်ဆိုရင် တော်တော်လေး ကျယ်လာမယ်ထင်ပါတယ်။ အခုကြတော့ ပန်းခြံကသေးသေးကြော်ငြာဆိုင်ဘုတ် တိုင်လုံးတွေကကြီးနေတော့ ပန်ခြံထဲရှိတဲ့ ကျောက်တိုင်က ပျောက်နေတာပေါ့။ ဒါလေးပါပဲမြို့လှပပြီး ကျက်သရေရှိအောင် အကြံပြုတာပါ”ဟု မြို့ထောက်ကူပြုအဖွဲ့မှ ဦးကံမြိုင်က ပြောသည်။

ကျောက်တိုင်ရှိရာ ပန်းခြံနှင့်လားရှိုးမိုတယ်ကြားရှိ ကားလမ်းမကိုပန်းခြံနေရာ ပြန်လုပ်ပေးရန်ကို ဒေသခံမှ “အေးဗျာကျွန်တော်တို့မြို့မှာနေတဲ့လူတွေက အာဇာနည်ကျောက်တိုင် အာဇာနည်ကျောက်တိုင်လို့ ပြောကြတယ်။ အာဇာနည်နေ့ရောက်တိုင်း ခေတ်ကာလ အချိန်တိုင်း ခေတ်လူငယ်တွေက အာဇာနည်ကျောက်တိုင်ကို ရှာမတွေ့သလောက် ဖြစ်နေတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီကျောက်တိုင်ဟာ ထည်ထည်ဝင်းဝင်းနဲ့ သူနေရာနဲ့သူ ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ လူလဲထင်သာမြင်သာ ရှိတာပေါ့နော်။ အခုကကျောက်တိုင်ကမြို့ အဂါင်္ရပ်နဲ့ မကိုက်ညီတော့ဘူးဖြစ်နေပြီ။ ကျောက်တိုင်ခြေကို လမ်းတောင်ဖောက်ထားတော့ နေရာကကျဉ်းလာတယ်။ လွန်ခဲ့တဲ့နှစ်တွေဆို ခြုံတွေ အဲ့ဒီလောက်အထိ ရှိခဲ့တာ။ နောက်ပိုင်းမှပွင့်လင်းမြင်သာရှိလို့ ကျောက်တိုင်ကရုပ်လေး နဲနဲပြန်ပေါ်လာတာ။ ကျွန်တော်တို့ အမြင်ကတော့ ဒါဟာသမိုင်းတစ်ခုဗျ။ ခေတ်အဆက်ဆက်အတွက် သမိုင်းဖြစ်တဲ့ ကျောက်တိုင်ကိုကျယ်ဝန်းပြီးတော့ စည်ကားလာမယ်ဆိုရင် မြို့လဲဂုဏ်တက် စေတာပေါ့”ဟု ဒေသခံ ပလောင်တိုင်းရင်းသား ဦးထွန်းကြည်က ပြောသည်။

ပြည်ထောင်စုလမ်းမဘေးရှိ အာဇာနည်ကျောက်တိုင်၏ ဘေးပတ်လည်တွင် ကြောငြာ ဆိုင်ဘုတ်များ
များစွာ အသုံးပြုထားသောကြောင့် ကျောက်တိုင်ကို သေချာရှာကြည့်ရကြောင်း၊ နံနက်အချိန်တွင်လဲ မြို့ပြင်မှ ဆွမ်းခံကြွလာသော သံဃာတော်များမြို့ပြင်သို့ ပြန်လည်ကြွမြန်းရန် ကျောက်တိုင်နားတွင် စောင့်ဆိုင်းသောနေရာတစ်ခုလဲဖြစ်ကြောင်း၊ ကျောက်တိုင်ရှိရာ ပန်းခြံကို ကျယ်ကျယ်ဝန်းဝန်း သန့်ရှင်းစွာ ထားရှိပေးမည်ဆိုပါက သံဃာများ၊ မြို့နေလူထု၊ အခြားဧည့်သည်များပါ လာရောက်အနားယူ အပန်းဖြေနိုင်မည်ဖြစ်ကြောင်း ပြည်သူများထံမှ သိရသည်။

စိုးမင်းနိုင်
The Myanma Age