ယူရေနီယံ သန့်စင်ရေးသုတေသန စွန့်လွှတ်ရန် မပြင်ဆင်ရသေးကြောင့် အီရန် နိုင်ငံခြားရေးဝန်ကြီး ပြော


အီရန်အစိုးရဟာ သူ့ရဲ့ ယူရေနီယံ သန့်စင်ရေး သုတေသနတွေကို စွန့်လွှတ်ဖို့ မပြင်ဆင်ရသေး ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဂျာဗဲ့ဒ် ဇာရိဖ်က ဖေဖော်ဝါရီ ၁ ရက်နေ့က လူတွေ့ မေးမြန်းခန်းအတွင်း ပြောဆိုလိုက်ပါတယ်။

ဒီသုတေသနတွေဟာ အီရန်ရဲ့ နျူကလီးယား ဆိုင်ရာလှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေကို ဖော်ပြတဲ့ နောက်ဆုံးသဘောတူညီချက်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အီရန်ဟာ သူ့ရဲ့ အထိမခံနိုင်ဆုံး နျူကလီးယားစစ်ဆင်ရေးတွေကို ရပ်ဆိုင်းရေး နိုဝင်ဘာလအတွင်း ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ ဆွေးနွေးရာမှာ ကနဦး သဘောတူညီမှုအဆင့်ထိ ရောက်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကနေ သက်သာခွင့် တချို့ရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ အီရန်ဟာ အမေရိကန်၊ တရုတ်၊ ရုရှ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ အစိုးရတွေနဲ့ သြစတြီးယားနိုင်ငံရဲ့မြို့တော် ဗီယန်နာမှာ တွေ့ဆုံပြီး ဆယ်စုနှစ်ချီ အငြင်းပွားနေတဲ့ အီရန်နျူကလီးယားအရေးကို ဆွေးနွေးမှုတွေ စတင်မှာပါ။

သုတေသနတွေဟာ ယူရေနီယံကို အနုမြူစွမ်းအင်သုံး လျှစ်ဓာတ်အားပေးစက်ရုံအတွက်မှာ သုံးဖို့ ဒါမှမဟုတ် အဆင့်မြင့်တနေရာထိ သန့်စင်ပြီး နျူကလီးယားလက်နက်တွေ ထုတ်ရာမှာ သုံးဖို့လည်း ဖြစ်နိုင်ပါတယ်။

ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီ အင်တာနေရှင်နယ် မီဒီယာ အစိုစီရိတ်နဲ့ ရိုက်တာစ် သတင်းဌာနတွေနဲ့ လူတွေ့မေးမြန်းခန်းအတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီးကို မေးရာမှာတော့ သူက နျူကလီးယား လက်နက်တွေ ဖောချင်းသောချင်း လုပ်ဖို့ နည်းပညာနဲ့ သိပ္ပံပညာက အရာရာ လုပ်လို့ရမယ်လို့ သူမထင်ကြောင်း ပြောပါတယ်။

နိုဝင်ဘာ ၂၄ သဘောတူညီချက်ကို အီရန်ဘက်က ဖြည့်ဆည်းပြီးကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုခဲ့လို့ ဇန်န၀ါ၇ီ ၂၀ရက်က အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့ဟာ ကုန်သွယ်ရေးနဲ့ တခြား ဒဏ်ခတ်မှုတချို့ကို ရပ်ဆိုင်းခဲ့ပါတယ်။

ညှိနိုင်းဆွေးနွေးမှုကာလ ၆ လစာ ခွင့်ပြုကြောင်းလည်း ကြေညာပါတယ်။ ဒါကြောင့် ၆ လအတွင်း နိုင်ငံတကာ ဘဏ်စာရင်းတွေမှာ အပိတ်ခံထားရတဲ့ အမေရိကန်ဒေါ်လာ ၄.၂ ဘီလျံဖိုး ရေနံက ပြန်ရငွေတွေကို အီရန်က ပြန်ရနိုင်ပါတယ်။

ဒ့ါအပြင် အီရန်ဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံတကာ ရန်ပုံငွေတွေထဲက ပထမအရစ်အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၅၀ ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လက်ခံရရှိလိမ့်မယ်လို့ အကြီးတန်း အမေရိကန် အရာရှိတယောက်က ပြောပါတယ်။

DVB Burmese

တောင်ဥက္ကလာပမြို့နယ်တွင်မီးလောင်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

၂.၂.၂၀၁၄ရက်နေ့၁၃၀၅အချိန် တောင်ဥက္ကလာပမြို့နယ်၊(၁၂)ရပ်ကွက်၊
မေတ္တာလမ်းနေ ဒေါ်အေးအေးထွန်း(ဘ)ဦးချစ်ထွန်း၏နေအိမ်အပေါ်ထပ်ရှိ
ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ထားရာမှ ဘုရားစင်အား မီးကူးစက်
လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိ ငြိမ်းသတ်ခဲ့သဖြင့်
၁၃၁၃ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်အေးအေးထွန်းအား
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ) ၅၁/ ၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လှိုင်သာယာ၌ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ အမ်အေပွိုင့် (၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ခုပါဝင်


မင်းထက်ပိုင်(လှိုင်သာယာ)
ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ဓည၀တီ(၂)လမ်း အမှတ်-၃၃၂ နေ ဦးခင်သန်း အသက်(၆၀)နှစ် နေအိမ်မှ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ ခန့် တွင် (MA. ၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ ခုနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။

၎င်းဖြစ်စဉ်အားစုံစမ်းသိရှိရသည်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ (ဆ.ခ. ခ-၃) တပ်ရင်းမှ သားဖြစ်သူ တပ်သားငယ် လေးနှင့် တပ်သား ကိုရဲ (သမက်)တို့နှင့်သွား ရောက်တွေ့ဆုံခဲ့ပြီး နေရပ်သို့ပြန်လည်ထွက် ခွာလာသော ဦးခင်သန်း၊ ဇနီးဒေါ်ငယ်လေး၊ မခင်မာထွေးနှင့် မြေးငယ်လေးတို့သည်
မိုးကောင်း မှ မန္တလေးသို့ ရထားစီးနင်း လိုက်ပါလာစဉ်က ၎င်းတို့နှင့်အတူ
မြွေရေခွံ လက်ဆွဲအိတ်တစ်လုံး၊ အလျား ၂ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မအမြင့်ရှိ အစိမ်းရောင် သံသေတ္တာ တစ်လုံးတို့ အတူ ပါရှိလာခဲ့သည်။
မြစ်ကြီးနား-မိုးကောင်း-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် စာပို့ရထားအတွင်း ၌ တပ်မတော်သားစစ်သည်များ ရောနှောလိုက်ပါစီးနင်းခဲ့ကြပြီး ဦးခင်သန်း အပါအ၀င် မိသားစုဝင်တို့သည် မိုးကောင်း-မန္တလေးခရီးစဉ်မှ မူလနေထိုင်ရာ ရန်ကုန် မြို့ လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် နေအိမ်သို့ရောက်ရှိစဉ် သေတ္တာ သော့အားဖျက်၍ ဖွင့်လိုက်ရာ ၎င်းတို့ပိုင် ပစ္စည်းမဟုတ်သော (MA-၁၂၃၄)ဖိုင်ဘာ ကျည်ဘောက်များ အပြင် စစ်သုံးပစ္စည်းများကိုပါ တွေ့ရှိ လိုက်ရသဖြင့် ကြောက်လန့်တကြားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများကို အသိပေး အကြောင်း ကြားခဲ့သည်။

ဦးခင်သန်း ပြောဆိုချက်အရ မြို့နယ်အဆင့် လှိုင်သာယာမြို့မ ရဲစခန်း သို့ ဆက်သွယ်မှုရယူကာ အသေးစိတ် စိစစ်ချက်အရ တွေ့ရှိရသော ကျည်ကတ် (၈၁) ခု အပါအ၀င် ပစ္စည်းမျိုးစုံအား စနစ်တကျ စာရင်းပြုစုကာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပိုင်ရှင်လက်ဝယ်သို့
ပို့အပ်နိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စံတော်ချိန် သတင်းစာ

ကိုယ်ပိုင်သံစဉ် သီချင်း ခွေစီစဉ်နေတဲ့ စိုးသူ


တစ်ကိုယ်တော်တေးစီးရီး စီစဉ်နေတဲ့ အကယ်ဒမီစိုးသူက သူ့ရဲ့ တေးစီးရီးမှာပါဝင်မယ့် လေပြည်ဆိုတဲ့သီချင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အမ်တီဗီအဖြစ် ရိုက်ကူးပုံဖော်နေတာတွေ့ရပါတယ်။ တစ်ကိုယ်တော်အခွေထဲကတေးသီချင်း လေး၊ငါးပုဒ်ကို မိဘပြည်သူတွေအရင်ကြည့်ရှုနိုင်အောင် ရိုက် ကူး ခြင်းဖြစ်ေ ကြာင်းကို စိုးသူက “ကျွန်တော်က အနုပညာနဲ့ ပတ်သက်လို့ အနုပညာပစ္စည်း ထုတ်လုပ်မှုသိပ်အများကြီး မလုပ်ဖြစ်ဘူး။ ဝါသနာအရင်းခံရှိတာကို စိတ်တူတဲ့ လူတွေနဲ့ နည်းနည်းပါးပါးလုပ်ဖြစ်တယ်။

သီချင်းခွေ တစ်ခွေစီစဉ်ပြီး ဒီအချိန်၊ ဒီကာလနဲ့ လိုက်ဖက် တာကို ကောင်းကောင်းလေး စီစဉ်မယ်ဆိုပြီး ဆောင်ရွက်ကြတယ်။ Majesta က အရင် ညီအစ်ကိုတွေကိုပဲ ပြန်ပြီး အကူအညီတောင်း ရတယ်။သူတို့နဲ့တိုင်ပင်ပြီးစီစဉ်တယ်။ ကျောင်း နေဖက်သူငယ်ချင်းဒေါက်တာစန်းယု၊ ကိုပီးပေါ်၊ ကိုနဂါးလေး (ကိုဝင်းသူရလှိုင်)၊ ကိုကျော်ဝင်းတို့ လည်းပါတယ်။ အားလုံးနဲ့စုစည်းတိုင်ပင်ပြီး စီစဉ်ဖြစ်တယ်။ Majesta ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းခွေတစ်ခွေ စီစဉ်ပြီး အသံသွင်းကြ တယ်။ အားလုံး ကိုယ် ပိုင်သံစဉ် သီ ချင်းတွေပဲ။ မသွားခင်ကထုတ်ခဲ့သလို ကိုယ်ပိုင်သံစဉ်ပဲ။ ဒါပေမဲ့ အခုခေတ်၊ အခုကာလနဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင် သံစဉ်တွေကို ကျွန်တော်တို့အသက် အရွယ်နဲ့လိုက်ဖက်မယ့်အကြောင်း အရာတွေကို စဉ်းစားပြီးသီချင်းရေး ဆရာအစုံနဲ့ သီချင်း လေးတွေရှာတယ်။

အားလုံးကလည်း လူသစ်၊ လူဟောင်း စေတနာအပြည့်နဲ့ ကူညီကြတယ်။ သီချင်းတွေအများကြီး ရှာပေးကြတယ်။ ရေး ပေးကြတယ်။ အဲဒီထဲကမှ အဆင်ပြေဆုံးဖြစ် မယ့်အကြောင်းလေးတွေကို သီချင်းသွင်းတယ်။ဒီသီချင်းတွေထဲက ကောင်း နိုးရာရာသီချင်း တွေကို မိဘပြည်သူတွေ ခံစားနိုင်အောင် သီချင်း သုံး၊လေး၊ငါး ပုဒ်ကိုရိုက်ချင်တယ်။ ရိုက်ချင်တယ်ဆိုပြီး လာပြောကြတဲ့ အသံ လွှင့်ဌာနတွေလည်းရှိတယ်။ အဲဒီ အတွက် သီးသန့်အချိန်တွေအများ ကြီးပေးပြီး ရိုက်ဖြစ် ဖို့ကတော့ ချက်ချင်းမရှိသေးဘူး။ ရိုက်တော့ ရိုက်မှာပါ။ ဒီအခွေအသစ်ထဲက သီချင်း တွေကိုရိုက်ပြီး အားလုံးကို လက် ဆောင်ပေး လိုက်မယ်လို့ စိတ်ကူးပြီး ဒီသီချင်းတွေကို ရိုက်ဖြစ်တာပါ။ သီချင်း ဟောင်းထဲက တစ်ပုဒ်ပါ တယ်။ အရင်ကြိုက်တဲ့ အထဲက အားလုံးသိတဲ့သီချင်းလေးပါပဲ။

ကျန် တဲ့ သီချင်းသစ် လေး ပုဒ်လောက်ကို မိဘပြည် သူ တွေ အရင်ကြည့်ရှု ခံစားနားဆင်နိုင်အောင် တင်ဆက် ပေးတာပါ” လို့ပြောပါတယ်။ သီချင်း တွေကို မကြိုက်မချင်း စိတ်တိုင်းကျဖြစ်အောင် အသံပြန်သွင်းနေတာ မို့ အဆိုပိုင်းအနည်းငယ်သာ ကျန်ရှိပြီး မန္တလေး မြို့မှာ ကျင်းပမယ့် တစ်ကိုယ်တော်ရှိုးမတိုင်ခင် ပရိသတ်တွေနားဆင်ခံစားနိုင်အောင် ကြိုးစား စီစဉ်နေကြောင်းပြောပါတယ်။

မန္တလေး တစ် ကိုယ်တော်ရှိုးကိုတော့ အချိန်အလုံ အလောက် ယူပြီးဆောင်ရွက်ချင်တာကြောင့် မနှစ်က ရန်ကုန်မှာ Past & Present Live Show ပြုလုပ်ခဲ့တဲ့မတ်လကုန် လောက်မှာပဲ Past & Present Live Show တုန်းကလိုလူတွေ အများ ကြီးအခမဲ့အားပေး ကြည့် ရှုနိုင်အောင်စီစဉ်နေကြောင်း စိုးသူက ပြောပါ တယ်။

ခိုင်ဝေလွင်

ထိုင်းနိုင်ငံ ၌ ယနေ့ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံများပိတ်ဆို့ခဲ့၍ ဘန်ကောက်မြို့ ရစ်ချက်ဝတီရှိမဲရုံများပိတ်ခဲ့ရသည်

ဘန်ကောက်မြို့ ရစ်ချက်ဝတီ၌ မဲမပေးနိုင်ရန် အတိုက်အခံများပိတ်ဆို့ထားပု

ဘန်ကောက် MBK ရှေ့  အတိုက်အခံများ ပိတ်ဆို့ထားစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရစ်ချက်ဝတီ၌ မဲရုံပိတ်လိုက်သဖြင့် မဲမပေးရ၍ အော်ဟစ်နေကြသူများ 

ထိုင်းနိုင်ငံ ၌ ယနေ့ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံများပိတ်ဆို့ခဲ့၍ ဘန်ကောက်မြို့ ရစ်ချက်ဝတီရှိမဲရုံများပိတ်ခဲ့ရသည်



ဧရာဝတီရဲ့မြစ်ဆုံတာနဲ့ အနာဂတ်အန္တရာယ်တွေ



ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ ဧရာဝတီ မြစ်ဆုံတာဆောက်တာဟာ အန္တရာယ်အလွန်ကြီးတယ် လို့ ပြောလာပါတယ်။ ဘာကြောင့် အန္တရာယ်အလွန်ကြီးတယ်ဆိုတာကို အောက်မှာ ရှင်းပြထားပါတယ်။ အခုလို ပြောပြတဲ့ ဆရာ့ကိုအထူးကျေးဇူးတင်ပါတယ်။

အခုလိုရာသီဥတုတွေဖေါက်ပြန်နေတဲ့ကာလကြီးမှာ ဧရာဝတီမြစ်ဆုံတာ
ဆောက်တာဟာ အန္တရာယ်အလွန်ကြီးတယ်။ ဘာပြုလို့လည်းဆိုတော့ ရာသီဥတုပြောင်းလဲမှုကြောင့် မြစ်ဆုံတာပေါ်မှာ ထိခိုက်မှုတွေ ရှိလာတော့မှာဖြစ်တယ်။

အဓိက (၂)မျိုးဖြစ်လာမယ်။ အချို့နှစ်တွေမျာ မိုးခေါင်မယ်၊ခြောက်သွေ့မယ်။ ဥပမာ အယ်လ်နီညိုနှစ်တွေလိုပေါ့။
အချို့နှစ်တွေမှာ စွတ်စိုမယ်၊ ရေကြီးမယ်။ ဥပမာ လာနီညာနှစ်တွေလိုပေါ့။

မိုးတွေနည်းပြီး မိုးခေါင်တော့ ရေအားလျပ်စစ်ထုတ်လုပ်မှု နဲ့ ရေပေးဝေမှုတွေ ကလျော့ကျလာမယ်။
ရေတွေကြီးတော့ တာရဲ့လုံခြုံရေး (Safety, security) ပြဿနာတွေ ရှိလာမယ်။

ဒါတွေအားလုံးဟာ ပြည်သူတွေရဲ့ အသက်ဘေးလုံခြုံမှု၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေး။ လူမှုရေးတွေ အားလုံးအပေါ်မှာ ထိခိုက်စေတော့မှာ အမှန်ပါဘဲ။

UK, Hadley Centre က မြန်မာနိုင်ငံမှာ သက္ကရာဇ် ၂၁၀၀ မှာ ပျမ်းမျှအပူချိန် 5 C တိုး လာမယ်လို့မှန်းထားပါတယ်။

UN လေ့လာမှုကတော့
အပူချိန် 1 deg C လောက် တက်ရင်ကို လူတွေမှာရေအခက်အခဲ(Water Stress) တွေ စတင်ကြုံတွေ့ရမယ်၊
အပူချိန် 2 deg C လောက် တက်ရင်ကို ရေ Water runoff တွေ တိုးလာစေမယ်၊
အပူချိန် 3 deg C လောက် တက်ရင်ကို Water Resources တွေ လျော့ကျ လာစေ လိမ့်မယ်
လို့မှန်းထားကြောင်းပါ။

ဒီတော့ ခန့်မှန်းထားတဲ့အတိုင်း မြန်မာနိုင်ငံအထက်ပိုင်း ဧရာဝတီရဲ့ ရေဝေရေလဲ
ဒေသတွေမှာ အပူချိန် 5 deg C သာတိုးလာခဲ့ရင်
ဧရာဝတီရဲ့ ရေအောက် Water Resources တွေ နဲ့ ဟိမ၀န္တာတောင်ခြေကရေခဲမြစ်တွေ ဘယ်လိုရှိမယ်
ဧရာဝတီရဲ့အနာဂတ် ဘယ်လိုရှိမယ်..
အဲဒီမှာ မြစ်ဆုံတာကြီးက ရေတွေကစိတ်တိုင်းကျ ပိတ်ဟယ်၊ ဆီးဟယ် နဲ့ လုပ်နေခဲ့ရင် မြစ်အောက်အစုံတလျှောက် မြစ်ဝကျွန်းပေါ်ဒေသအထိ ကျွန်တော်တို့ပြည်သူတွေ ကြားဘူးတယ် မဟုတ်လား၊ ရေနည်းငါး ဆိုတာလေ။

မိခင်ဧရာဝတီလည်းတဖြည်းဖြည်းနဲ့ လောဘသားတွေရဲ့ အဆင်ခြင်တုံတရားမဲ့ မှုကြောင့် တရုတ်ပြည်က ယန်ဇီမြစ်လို ပင်လယ်ဝနဲ့ဖြတ်တောက်ခြင်းခံလိုက်ရလို့ Dying River တစ်ခုအဖြစ် တဖြည်းဖြည်းနဲ့ ရောက်ရှိလာစေမယ်ဆိုတာ....။

ဒေါက်တာထွန်းလွင်
Popular Journal

ဖုန်းကိုင်ထားသော လက်ဝှေ့ယမ်းရုံဖြင့် ဖုန်းအားသွင်းနိုင်တော့မည်


Ref: DailyMail

အမေရိကန်၊ တက္ကဆက်စ်မှ သုတေသီများသည် ဒင်္ဂါးပြား တစ်ပြားထက်ပင် အလွန်သေးငယ်သည့် လေရဟတ်လေးများကို အနုစိတ် ဖန်တီးတီထွင်လျက်ရှိကြပြီး အဆိုပါ ပျော့ပျောင်းသည့် နစ်ကယ်လ် သတ္တုစပ်ဖြင့် ပြုလုပ်ထားသော ရဟတ်ကလေးပေါင်း ရာနှင့်ချီပြီး ဖုန်းကိုယ်ထည်တွင် နှစ်မြှုပ်တပ်ဆင် ထားခြင်းဖြင့် ရရှိမည့် လျှပ်စစ်ဓာတ်အားကတစ်ဆင့် ဖုန်းအားသွင်းနိုင်ရန် ရည်ရွယ်လျက် ရှိသည်။

သုတေသီများသည် ပါးလွှာသည့် လေထုရွေ့လျားမှုကိုပင် အာရုံခံလည်ပတ် နိုင်မည့် အဆိုပါပန်ကာလေး များကို မိုက်ကရို လေရဟတ်များဟု လတ်တလော အမည်ပေးထားပြီး ဖုန်းအသုံးပြုသူက ဖုန်းကိုကိုင် ဆောင်ကာ လက်ဝှေ့ယမ်းနေရုံဖြင့် အားပြန်သွင်းနိုင်မည်ဖြစ်သည့် ဒီဇိုင်းကို ကြိုးစား တည်ဆောက်နေ သည်။

ဖုန်းတစ်လုံးကို မိနစ်အနည်းငယ်မျှ ဝှေ့ယမ်းနေရုံဖြင့် အားအပြည့် ပြန်ဖြစ်လာနိုင်သည်အထိ မျှော်လင့် ထားကြောင်း အဆိုပါအဖွဲ့မှ သုတေသီတစ်ဦးက ပြောကြားသည်။ ထည့်သွင်းထားသည့် လေရဟတ် ကလေးများက လိုအပ်သော လျှပ်စစ်ဓာတ်အားကို စုဆောင်းပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ထပ်မံပြော ကြားခဲ့သည်။

အဆိုပါ မိုက်ခရို လေရဟတ်ကလေးများအတွက် ကွေးညွတ်နိုင်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်စွမ်း ရှိသည့် သတ္တုစပ် အမျိုးအစားကို အသေးဆုံးအရွယ်အစား မိုဒယ်ပြုလုပ်ကာ ပုံသွင်းထားသည်။

ထို့ပြင် အဆိုပါနည်းလမ်းသည် စွမ်းအင်ကို ချွေတာသည့် စနစ်တစ်ခုလည်းဖြစ်နေကြာင်း အဆိုပါ သုတေ သီပရော်ဖက်ဆာက ဆက်လက်ရှင်းပြခဲ့သည်။

Mizzima - News in Burmese

ကမ္ဘာ့အပါးလွှာဆုံးဖုန်း ဖြစ်လာနိုင်သည့် iPhone 6


Ref: DailyMail

Apple ကုမ္ပဏီမှ တရားဝင် သတင်းထုတ်ဖော် မကြေညာသေးသော်လည်း အလွန်ပါးလွှာသည့် iPad Air Tablet ကို ထုတ်လုပ်ခဲ့ပြီးသည့်နောက်တွင် အနာဂတ် iPhone များ၏ ကိုယ်ထည်များသည်လည်း အလွန် ပါးလွှာသော ကိုယ်ထည်များဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုပါသည်။

ထို့အတွက် ယခုနောက်ဆုံးထုတ်လုပ်မည့် iPhone 6 သည် iPhone မျိုးဆက်များထဲတွင် အပါးလွှာဆုံး ဖြစ်လာဖွယ်ရှိနေသည်ဟု ဒေးလီးမေးလ်သတင်းစာမှ ခန့်မှန်း ပြောကြားထားသည်။ အတည်ပြုချက် မရ သေးသော သတင်းများအရ iPhone 6 ၏ ဒီဇိုင်းပုံဟု ယူဆရသည့် ဓာတ်ပုံတစ်ခု အင်တာနက်တွင် ပျံ့နှံ့ ခဲ့ပြီး အဆိုပါဓာတ်ပုံအရ ဖုန်း၏ ကိုယ်ထည်သည် သုံးမီလီမီတာမျှသာ ထူထဲကြောင်း တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာကျော် Apple ကုမ္ပဏီအနေဖြင့် iPhone ၏ လာမည့် မျိုးဆက်သစ်ကို ထုတ်လုပ် ရောင်းချရာတွင် ကိုယ်ထည် ပါးလွှာပေါ့ပါးမှုကို အသားပေး တည်ဆောက်လာ နိုင်ဖွယ်ရာရှိနေကြောင်း နည်းပညာဘလော့ များနှင့် ၀က်ဘ်ဆိုဒ်များက ဆိုခဲ့ကြသည်။ Mashable နှင့် Techblog ကဲ့သို့ အချို့သော နည်းပညာ စာမျက်နှာများအရ မူ မျိုးဆက်သစ် အိုင်ဖုန်းသည်iPhone 6 ဟု အကြမ်းဖျင်း ခေါ်ဆိုနေကြသော်လည်းiPhone Air ဟူသော အမည်ဖြင့် ထွက်ပေါ်လာပါက ထူးဆန်းဖွယ်ရာ မရှိကြောင်း ရေးသားခဲ့ကြသည်။

Mizzima - News in Burmese

ပြည်ခိုင်ဖြိုးပါတီက လူငယ်စည်းရုံးရေး ဇွန်လအထိ ပြုလုပ်မည်


ဟိန်းကိုစိုး|ဇန်န၀ါရီ ၃၁၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း လူငယ်များပါဝင်မှု မြှင့်တင်ခြင်းလုပ်ငန်းများ၊ လူငယ် စည်းရုံးရေးလုပ်ငန်းများကို ဇွန်လအထိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဆောင်ရွက်သွားမည်ဟု ပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

“ပြည်နယ်နဲ့ တိုင်းတွေမှာ လူငယ်စည်းရုံးရေးအတွက်ကို မိုးမကျမီ ခြောက်လပိုင်းလောက်မတိုင်မီအထိ လုပ်ဖို့အတွက် ပါတီဌာနချုပ်က ညွှန်ကြားထားတယ်။ တိုင်းနဲ့ ပြည်နယ်တွေတိုင်းမှာ ကိုယ့်အစီအစဉ်တွေ နဲ့ကိုယ် လုပ်ကြဖို့ပါ။ ကျွန်တော်တို့ရန်ကုန်မှာတော့ ဟိုတစ်ခါ လူငယ်တာဝန်ပေးအပ်ပွဲဆိုပြီး လုပ်ပြီးပြီ။ အခုတော့ မြို့နယ်တွေအလိုက် လုပ်နေတာတွေ ရှိနေပါတယ်”ဟု ပြောသည်။

လက်ရှိ ပါတီအတွင်း လူငယ်ပါဝင်မှုသည် တစ်မြို့နယ်လျှင် ၁၅ ဦးနှုန်းဖြင့် ပါဝင်နေသော်လည်း ၂၀၁၄ ခုနှစ်အတွင်း ၃၀ ဦးစီ ပါဝင်နိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် ပါတီဌာနချုပ်က ၂၀၁၃ ခုနှစ်အတွင်းက ပင် ညွန်ကြားထားခြင်းဖြစ်သည်။

“မန္တလေးမှာကတော့ လူငယ်စည်းရုံးရေးတွေကိုရှိတဲ့ မြို့နယ်တိုင်း ၃၀ စီပါအောင်လို့ စည်းရုံးရေးတွေ လုပ်ပြီးပါပြီ။ ရန်ကုန်လို အခမ်းအနားနဲ့မဟုတ်ပေမယ့် သက်ဆိုင်ရာမြို့နယ်တွေကနေ တစ်ဆင့်ပြီးတစ် ဆင့်လုပ်နေပါတယ်”ဟု မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဒေါက်တာဒေါ်မိုးသူဝင်းက ပြော သည်။

လက်ရှိ မန္တလေးတိုင်းအတွင်း လူငယ်အင်အားပေါင်း ၅၅,၅၀၀ အထိရှိနေပြီး ထပ်မံဝင်ရောက်လိုသူများ ကိုလည်း ခွင့်ပြုလက်ခံလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံအနှံ့၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လူငယ်များပါဝင်နှုန်းမြင့်တင်မှုသည်၂၀၁၅ တွင်ကျင်းပမည့် အထွေ ထွေရွေးကောက်ပွဲ၌ လူငယ်များပါဝင်လာနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိပါတီဌာ နချုပ်အတွင်း လူငယ်များအတွက် လိုအပ်သည့် သင်တန်းများကို ပို့ချပေးလျက်ရှိနေသည်။

လူငယ်စည်းရုံးရေးအတွက် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များတွင် ပါတီရန်ပုံငွေ အခြေအနေအရသော် လည်းကောင်၊မြို့နယ်တွင်း စည်းရုံးရေးအခြေအနေများအရသော်လည်းကောင်း စည်းရုံးရေးလုပ်ငန်းများ ကွာခြားမည်ဖြစ်သော်လည်း ဇွန်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြုလုပ်သွားရန် ပြည်ခိုင်ဖြိုးပါ တီဌာနချုပ်မှ ညွှန်ကြားထားခြင်း ဖြစ်သည်။

Mizzima - News in Burmese

မြောက်ကိုရီးယားဒုံးကျည်များ အမေရိကန်အထိရောက်အောင် ပစ်နိုင်ကြောင်း အမေရိကန် ဉဏ်ကြီးရှင်များအဖွဲ့ဆို


အေအက်ဖ်ပီ|၀ါရှင်တန်၊ ဇန်န၀ါရီ ၃၀

မြောက်ကိုရီးယားအစိုးရသည် ပိုမိုခေတ်မီသောဒုံးကျည်များကို ပစ်လွှတ်နိုင်ရန်အတွက် ယင်း၏ အဓိက ဒုံးကျည်လွှတ်ကွင်းကိုချဲ့ထွင်နေပြီး အဆိုပါ ခေတ်မီဒုံးကျည်များသည် အမေရိကန် ပြည်ထောင်စုထိ ရောက်နိုင်ကြောင်း အမေရိကန် ဉဏ်ကြီးရှင်များအဖွဲ့က ဆိုလိုက်ကြောင်း ဇန်န၀ါရီ ၃၀ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ်လခန့်က ဂြိုဟ်တုမှရရှိသော ဆိုဟီးဒုန်းပစ်ကွင်း ဓာတ်ပုံကို လေ့လာသုံးသပ်ပြီးနောက် မြောက်ကိုရီးယားသည် မိမိတို့၏ ရွှေ့ပြောင်းနိုင်သည့် မိုဘိုင်း KN–08 အမည်ရှိ တိုက်ချင်းပစ်ဒုံးကျည်များ ကို စမ်းသပ်ခဲ့ကြသည်မှာ သိသာထင်ရှားကြောင်း ဂျွန်ဟော့ပ်စကင်း တက္ကသိုလ် အမေရိကန်-ကိုရီးယား ဆက်ဆံရေးဌာနက ဆိုပါသည်။

ထိုအထောက်အထားများအရ မြောက်ကိုရီးယားသည် အနာဂတ်တွင် ပိုမိုအားကောင်းသော ဒုံးကျည်များ ကို စမ်းသပ်နိုင်ရန် ပြင်ဆင်နေကြောင်း ယင်းအဖွဲ့၏မြောက်ပိုင်း ၃၈ ဟူသော ၀က်ဘ်ဆိုဒ်တွင်ဖော်ပြထား သည်။ ထိုတိုးချဲ့မှုစီမံကိန်းတွင် ပိုမိုကောင်းမွန်သော ဒုံးကျည်သယ်ဆောင် ယာဉ်များနှင့် အရှေ့မြောက် အာရှနိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သည့်လမ်းပေါ်တွင် ရွှေ့ပြောင်း လွယ်သည့် ပဲ့ထိန်းဒုံးကျည်များ ပါဝင်နိုင်ပါသည်။

စစ်အုပ်ချုပ်ရေးခေါင်းဆောင် ကင်ဂျုံအန်က သူ၏ဦးလေးတော်စပ်သူ ဆရာဟောင်းကို ကွပ်မျက်လိုက်ပြီး နောက် ပြည်တွင်း မငြိမ်သက်မှုများ တိုးပွားလာချိန်တွင် မြောက်ကိုရီးယားသည် မိမိ၏ နျူကလီးယား လက်နက်များကို တိုးချဲ့ ထုတ်လုပ်နေကြောင်း သုတေသီများက ပြောဆိုနေခဲ့ကြသည်။

အွန်ဟာ-၃ ထက် ၂၅ ရာခိုင်နှုန်း ပိုကြီးသောဒုံးကျည်များ ပစ်လွှတ်နိုင်ရန်အတွက် မြောက်ကိုရီးယားအစိုး ရသည် ဆိုဟီးဒုံးစမ်းသပ်ကွင်းကို ပြုပြင်မွမ်းမံနေကြောင်းနှင့် ထိုဒုံးစမ်းကွင်းတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လအတွင်းက ကမ္ဘာပတ်ဂြိုဟ်တု တစ်လုံးကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ပိုင်း ၃၈၀က်ဘ် ဆိုဒ်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ်ဂိတ်စ်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကို ပစ်ခတ်နိုင် သော ဒုံးကျည်များကို လာမည့်ငါးနှစ်အတွင်း ထုတ်လုပ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

Mizzima - News in Burmese

စစ်ကိုင်း၊ တမူးတွင် ဆယ်ရက်ကြာ ပျောက်ဆုံးနေရာမှ အလောင်းပြန်တွေ့


ကိုတိုးကြီး | ဖေဖော်ဝါရီလ၊ ၂ရက်၊၂၀၁၄ခုနှစ်။

မုံရွာ၊မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ဆယ်ရက်ကြာ ပျောက်ဆုံးနေသည့် နာဂတိုင်းရင်းသား တစ်ဦး၏ ပုတ်ပွနေသည့် အလောင်းကို တမူးမြို့၏ အရှေ့တောင်ဘက် တစ်မိုင်နှင့် လေးဖာလုံခန့်နေရာရှိ တောတွင်းတစ်နေရာတွင် ဇန်နဝါရီ ၃၁ရက် ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသူသည် တမူးမြို့၊ မြို့မ အမှတ်(၁၃) ရပ်ကွက်နေ ကိုဆလိုက်စီ အသက်(၃၄)နှစ် ဆိုသူဖြစ်သည်။ ထိုသူ၏ ပုတ်ပွနေသောအလောင်းအား (၁၄/ခ)ရပ်ကွက်နေ ဦးအေးဖေ ဆိုသူက သူ၏ အခင်းတော၌
သစ်ခုတ်ရန်သွားရောက်စဉ် အင်တောအတွင်း ချောက်ကမ်းပါးတွင်ပေါက်နေသည့်
သခွပ်ပင်ပေါ်၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဦးအေးဖေမှ ဆယ်အိမ်စုမှူး ဦးမောင်စန်းထံ ပြောပြခဲ့ရာ ဆယ်အိမ်စုမှူးမှတဆင့် တမူးမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်လက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြောင်းကြားချက်များအရ ရဲစခန်းက ထိုအရပ်သို့ သွားရောက်စစ် ဆေးခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးနေသူမှာ အပြာရောင် လျှပ်စစ်ဝါယာကြိုး အသုံးပြု၍ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ပြီး၊ ထိုသူ၏ ခန္ဒာကိုယ်မှာ ပုတ်ပွညိုမဲလျက် ရဲဌာနက စိစစ် တွေ့ရှိခဲ့သည်။ ရဲစခန်းက အဆိုပါ လူသေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၄)အရ အမှုဖွင့်ရေးဖွင့်ထားသည်။

Mizzima - News in Burmese

ထိုင်းနဲ့မြန်မာ ပူးတွဲရုပ်ရှင်ရိုက်ကူးရန် သဘောတူလက် မှတ်ထိုးကြပြီ


ထိုင်းရုပ်ရှင်ဇာတ်ကား Pee Mak ထဲက ဇာတ်ဆောင် မင်းသမီး Davika Hoorne နဲ့ မြန်မာသရုပ်ဆောင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့ ပူးပေါင်းရိုက်ကူးဖို့ ဇန်နဝါရီ ၃၁ရက်နေ့က နှစ်နိုင်ငံကုမ္ပဏီကြား သဘောတူလိုက်ကြပါပြီ။

မြန်မာ့ရုပ်ရှင်လောကကို အဆင့်မြှင့်တင်ဖို့နဲ့ နည်းပညာပိုင်း လိုအပ်ချက်တွေကြောင့် ထိုင်းနိုင်ငံက ရုပ်ရှင်ကုမ္ပဏီဖြစ်တဲ့ Kantana JK နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး သူတို့ရဲ့ ကုမ္ပဏီသစ်ဖြစ်တဲ့ Media 7 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ဇာတ်ညွှန်းရေးသားတဲ့အဆင့်မှာပဲ ရှိသေးတာကြောင့် ရိုက်ကူးမယ့် ဇာတ်ကားနာမည်ကို မသတ်မှတ်ရသေးတဲ့အကြောင်း၊ ရိုက်ကူးတဲ့ကာလ တစ်နှစ်လောက်ကြာမြင့်မှာဖြစ်ပြီး ထိုင်းမင်းသား မင်းသမီးတွေကို ထပ်ခေါ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

မိုးစက်ဝိုင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်က လူငယ်ကြိုက် သရုပ်ဆောင် အဆိုတော်ဖြစ်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်ပြီး အင်းလေးဘက်မှာ ရိုက်ကူးဖို့ရှိတယ်လို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပတဲ့ လက်မှတ်ထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

Pee Mark ဇာတ်ကားထဲက အမျိုးသားသရုပ်ဆောင်တွေအပြင် ထိုင်းသရုပ်ဆောင် ၄၅ယောက်နဲ့အတူ ထိုင်းရုပ်ရှင်ပွဲတော်ကို လာမယ့် မတ်လကုန်မှာ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Kamayut Media

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူအချို့မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (ဘီဒီပြေး) အဖြစ် သတ်မှတ်ခံရသူများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ RSO သင်တန်းအဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ယင်းအတွက် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ သွားရောက်ခိုလှုံနိုင်ဖွယ်ရှိနေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အား အကူအညီတောင်းခံထားကြောင်း ရဲမှူးချုပ် တင်ကိုကိုက သုံးသပ်ပြောကြားသည်။

“အခုအခင်းဖြစ်တဲ့ရွာက အရင်ကတည်းက တော်တော်ဆိုးတာ။ ၂၀၀၈ ခုနှစ်က ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း အရိုက်ခံရတယ်။ အခုထိလည်း တော်တော်ဆိုးနေတဲ့အတွက် ကျွန်တော် ရဲတပ်ရင်းနဲ့အတူ ဒီရွာရဲ့အနီးမှာ လာစောင့်နေရတာပါ” ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများသာ အများစုနေထိုင်သော ဒူချီရားတန်းအလယ်ရွာအတွင်း ကျန်ရစ်ခဲ့သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၎င်း၏လက်နက်တို့ကို လက်ရှိအချိန်ထိ မရှာဖွေနိုင်သေးသော်လည်း သွေးစွန်းနေသော ၎င်း၏အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ယူနီဖောင်းအပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ်တန်ဆာ အပိုင်းအပြတ်များ လည်တိုတောစီးဖိနပ်တစ်ရန် အခင်းဖြစ်ရွာအတွင်းနှင့် ယင်းရွာရှိ ဗလီအနောက်ဘက်တွင် တွေ့ရှိထားသည့်အပြင် ကျည်အိမ်အလွတ်တစ်ခုကိုမှု တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက ရဲတပ်ကြပ်ကြီးက သေဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဗလီအစောင့်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရဲတပ်ကြပ်ကြီးကို တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ သွေးတွေလည်း ထွက်နေပါတယ်တဲ့။ ကျွန်တော်တို့ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုအဖြစ် မြင်ပါတယ်။ အဖြစ်မှန်ပေါ်ပေါက်အောင် အချိန်အမြန်ဆုံးနဲ့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။

Eleven Media Group

ဘားကမ့်ရန်ကုန် ၂၀၁၄ သို့ လာရောက်ရန် အွန်လိုင်းမှ မှတ်ပုံတင်သူပေါင်း လေးထောင်ကျော်ရှိပြီး လူငယ်အများအပြားဖြင့် စည်ကား

ဘားကမ့်ရန်ကုန် ၂၀၁၄ သို့ တက်ရောက်လာသူများ စုပေါင်းဆွေးနွေးနေသည်ကို တွေ့ရစဉ်

ဘားကမ့်ရန်ကုန် ၂၀၁၄ ကို ဖေဖော်ဝါ ရီ ၁ ရက်နှင့် ၂ ရက်တို့တွင် MICT Park ၌ ကျင်းပလျက်ရှိပြီး အွန်လိုင်းမှမှတ်ပုံတင်သူပေါင်း လေးထောင်ကျော်ရှိခဲ့ကာ လူငယ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ နှစ်ရက်တာအတွင်း စုစုပေါင်းဆွေးနွေးမည့် အကြောင်းအရာပေါင်းမှာ ၁၅၀ ခန့်ရှိကြောင်း သတင်းရရှိသည်။

"ဒီနေ့ခေတ်မှာ မိုဘိုင်းဖုန်းတွေကို အသုံးပြုမှုများလာပြီး နည်းပညာသုံးစွဲမှု မြင့်မားလာတာတွေ့ရတယ်။ တတ်နိုင်တဲ့သူတွေဆိုလည်း စမတ်ဖုန်းတွေတစ်လုံးပြီးတစ်လုံး ပြောင်းကိုင်ကြတာမျိုးရှိတယ်။ ဒီလိုသုံးလာကြပေမယ့်လည်း ထိထိရောက်ရောက်သုံးနိုင်ရဲ့လား၊ အပြည့်အ၀အသုံးချနိုင်ရဲ့လားဆိုတာမေးစရာပါ။ အပြောင်းအလဲတွေအတွက် နည်းပညာကို အသုံးချနိုင်ဖို့လိုပါတယ်"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

"ဒီနှစ်ဘားကမ့်ပွဲမှာတော့ အခန်းပေါင်း ၁၂ ခန်း စီစဉ်ပေးခဲ့ပါတယ်။ အွန်လိုင်းကနေ မှတ်ပုံတင်သူအရေအတွက်ကတော့ လေးထောင်ကျော်ရှိပြီး ဒီရောက်မှမှတ်ပုံတင်သူတွေလည်း ရှိပါတယ်။ နိုင်ငံတကာ Barcam per ကတော့ ၁၅ ဦးဝန်းကျင်လောက်လာပါတယ်။ Felloship အစီအစဉ်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပေါင်းစုံကနေ လာရောက်တဲ့သူ ၂၂ ဦးရှိပါတယ်။ နှစ်ရက်ပေါင်းဆွေးနွေးမယ့် အကြောင်းအရာက ၁၅၀ လောက်ရှိပြီး ပထမရက်မှာ ဆွေးနွေးတာ အကြောင်းအရာ ၈၀ လောက်ရှိပါတယ်"ဟု ဘားကမ့်ကျင်းပရေးကော်မတီမှ မထိုက်ထိုက်အောင်က ဆိုသည်။

"မိုက်ခရိုဆော့ဖ်မှာ ၀န်ထမ်းနှစ်သိန်းရှိတယ်ဆိုရင် Windows က အလွန်ဆုံး လူနှစ်သိန်းလောက်ရဲ့ ခေါင်းနဲ့ရေးသားထားတယ်ပေါ့။ Linux ကတော့ Open Source ဖြစ်လို့ တစ်ကမ္ဘာလုံးကလူတွေရဲ့ အိုင်ဒီယာရှိရင်ရှိသလို ၀င်ရေးသားလို့ရတယ်။ ဓာတ်ပုံသမားကလည်း ကောင်းနိုးရာရာဓာတ်ပုံတွေကို Wallpaper အတွက် တင်ပေးသွားလို့ရတယ်" ဟု Ubuntu Myanmar LoCo Team မှ တာဝန်ရှိသူက Magic Ubuntu ခေါင်းစဉ်ဖြင့် ပြောဆိုဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဘားကမ့်ရန်ကုန် ၂၀၁၄ တွင် Official Partner အဖြစ်ပါဝင်ခဲ့သော တယ်လီနော် မြန်မာမှလည်း ဘားကမ့်ပွဲသို့တက်ရောက်လာသူများထံမှ စစ်တမ်းကောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဘားကမ့်ရန်ကုန်ပွဲများကို ၂၀၁၀ ပြည့်နှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စစချင်းကျင်းပသောနှစ်တွင် တက်ရောက်သူပေါင်း ၃၀၀၀ ခန့်ရှိခဲ့ကာ ၂၀၁၁ တွင်တက်ရောက်သူပေါင်း ၄၀၀၀ ခန့်၊ ၂၀၁၂ တွင် တက်ရောက်သူပေါင်း ၅၀၀၀ ခန့်၊ ၂၀၁၃ တွင် တက်ရောက်သူပေါင်း ၆၀၀၀ ခန့်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင်ကျင်းပသော ဘားကမ့်ရန်ကုန်ပွဲများမှာ နိုင်ငံတကာတွင်ကျင်းပသော ဘားကမ့်ပွဲများကို နှစ်တိုင်းပင် စံချိန်ချိုးနိုင်ခဲ့ပြီး လာရောက်သူများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

Eleven Media Group

နိုင်ငံခြားမှာ ဆေးကုသရန် တောင်းဆိုတဲ့ ပါကစ္စတန် သမ္မတဟောင်းကို အထူးတရားရုံး ပယ်ချ


နိုင်ငံတော် သစ္စာဖောက်မှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ တရားစွဲခံထားရတဲ့ ပါကစ္စတန် သမ္မတဟောင်း ပါဗတ်ဇ် မူရှရတ်ဖ်က တောင်းဆိုခဲ့တဲ့ နိုင်ငံခြားထွက် ဆေးကုသခွင့်ကို ပါကစ္စတန်အထူးတရားရုံးက ဇန်န၀ါရီလ ၃၁ နေ့က ပယ်ချခဲ့ပါတယ်။

သမ္မတဟောင်းဟာ ဇန်န၀ါရီလ ၁ ရက်နေ့ တရားရုံးချိန်းအသွားမှာ ရင်ဘတ်နာလာပြီး စစ်ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဆေးရုံတွေက သူ့ရဲ့ရောဂါကို ကုသဖို့ အဆင့်မမီဘူးလို့ ဆိုပါတယ်။

ပါဗတ်ဇ် မူရှရတ်ဖ် ဟာ အခုအကြိမ်နဲ့ပါဆိုရင် တရားရုံးချိန်းကို ပျက်ကွက်တာ ၃ ကြိမ်ရှိပါပြီ။ အရင်နှစ်ခေါက်ကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ တရားရုံးကို မသွားခဲ့ပါဘူး။

သမ္မတဟောင်းဟာ ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ သမ္မတဟောင်းရဲ့ ရှေ့နေက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း ပါဗတ်ဇ် မူရှရတ်ဖ် ကို ထပ်မံ ရုံးချိန်းထားတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်အထူးတရားရုံးက ပါဗတ်ဇ် မူရှရတ် အတွက် အာမခံကြေး အမေရိကန်ဒေါ်လာ ၂၄၀၀၀ သတ်မှတ်ထားပါတယ်။

DVB Burmese

မန္တလေးတိုင်း ၀န်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ


မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကိုမဲကြီးလက် ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဝန်ကြီးချုပ် ယာဉ်တန်းဟာ နောင်ချို မိုင်တိုင် ၃၀ လောက်မှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

ဇန်န၀ါရီလ ၃၁ ရက် ညနေပိုင်းလောက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူနေရပြီးတော့ ကျန်နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခရီးစဉ်ကို လိုက်ပါသတင်းယူတဲ့ သတင်းထောက် ၂ ဦး ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ဦးဇင်မင်းစိုးနဲ့ ဦးရဲထွန်းအောင်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး ဖြစ်ပါတယ်။

မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး က”မိုင် ၃၀ နား အရောက်မှာ ဗုံးခွဲတာလား ဘာလား မသိဘူး ၀ုန်းဆိုပြီးဖြစ်သွားတာ ကျနော်လည်း အုန်းကနဲဆိုတဲ့ အသံပဲ ကြားလိုက်ရတယ် ကြားလိုက်ရပြီး ခဏလေးပဲ မကြာဘူး ကျနော့်လက်ကို မှန်စလိုဟာမျိုး လာမှန်တာ”လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ စည်ပင်ဝန်ကြီး ဦးအောင်မောင်းတို့ ပါဝင်တဲ့ ယာဉ် ၈ စီး လောက်ဟာ မိုးကုတ်မြို့ကနေ ပြန်လည် ထွက်ခွာလာခဲ့တာဖြစ်ပြီး ရှေ့တန်းယာဉ် ဟိုင်းလပ် Vigo ယာဉ် ညာဘက်အခြမ်းက ပေါက်ကွဲတာ ဖြစ်ပြီး လက်ဆွဲဗုံးလို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တရားခံကိုတော့ မသိရသေးပါဘူး။

DVB Burmese

မန္တလေးတိုင်း ၀န်ကြီးချုပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ မော်တော်ယာဉ်တန်းဟာ မနေ့က မိုးကုတ်မြို့ကနေ မန္တလေးအပြန်လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ၀န်ကြီးချုပ်ရဲ့ ယာဉ်တန်းမှာလိုက်ပါခဲ့တဲ့ သတင်းထောက်တစ်ဦး နဲ့ နောက်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ မြို့ပြဖွံ့ဖြိုးရေးကိစ္စရပ်အတွက် မိုးကုတ်မြို့ခံ ရပ်မိရပ်ဖတွေနဲ့ တွေဆုံအပြီး အပြန်ညနေ သုံးနာရီခွဲလောက်မှာ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာနဲ့ ဒိုးပင်ကျေးရွာအကြားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့လက်ချက်ဆိုတာ လောလောဆယ်မသိရသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက RFA ကို ပြောပါတယ်။

“ညနေ ၃ နာရီခွဲ ပတ်ဝန်းကျင်လောက်ကပါခင်ဗျာ၊ ဘာမှမဖြစ်ပါဘူးခင်ဗျ၊ အားလုံးအေးဆေးပါပဲခင်ဗျ၊ ကျနော်တို့ကလည်း အတိအကျတော့ မသိရသေးဘူးလေ”

တပ်မတော်နဲ့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး  ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးကလည်း RFA ကို ပြောပါတယ်။

ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ မန္တလေး နေ့စဉ်သတင်းထောက်နဲ့ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိတစ်ဦးတို့ဟာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။

RFA Burmese

ဒါရိုက်တာ အယ်လန်ကို မွေးစားသမီး စွပ်စွဲ

ကမ္ဘာကျော် ဒါရိုက်တာ ဝူဒီအယ်လန်

ကမ္ဘာကျော် ဒါရိုက်တာ ဝူဒီအယ်လန် ရဲ့ မွေးစား သမီးက သူကလေး ဘဝတုန်းက ဝူဒီအယ်လန် စော်ကားတာ ခံခဲ့ရတယ်လို့ ထပ်မံ စွပ်စွဲ လိုက်ပါတယ်။

သူ ၇ နှစ် သမီး အရွယ်မှာ ဝူဒီအယ်လန်က သူ့ကို မတော်တရော် ကျူးလွန် စော်ကားခဲ့တယ်လို့ နယူးယော့တိုင်း သတင်းစာကို အိတ်ဖွင့်ပေးစာမှာ Dylan Farrow က စွပ်စွဲထားတာ ပါရှိ ပါတယ်။

ဒီကိစ္စ အတွက် ဝူဒီအယ်လန် ကိုတရားစွဲဆို ခဲ့တာ မရှိဘဲ ဒီစွပ်စွဲချက်ကို သူက အမြဲ ပယ်ချ ခဲ့ပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင် အသိုင်းအဝိုင်းက ဝူဒီအယ်လန် ကိုဆက်ပြီး မြှောက်စား နေကြတာ ကိုလည်း Dylan Farrow က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

BBC Burmese

သီရိလင်္ကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တိုးတက်မှု မရှိဟု အမေရိကန် ပြော


အမေရိကန်အစိုးရ အလယ်နဲ့ တောင်အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နစ်ရှား ဘစ်ဝယ်လ်

သီရိလင်္ကာနိုင်ငံတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လုံလောက်တဲ့ တိုးတက်မှု မရှိဘူးလို့ အမေရိကန်အစိုးရ အလယ်နဲ့ တောင်အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နစ်ရှား ဘစ်ဝယ်လ်က ပြောဆိုလိုက်ပါတယ်။

သီရိလင်္ကာအစိုးရ အကြီးတန်းဝန်ကြီးတွေနဲ့ အတိုက်အခံအုပ်စုဝင်တွေကို တွေ့ဆုံအပြီး ဖေဖော်ဝါရီ ၁ ရက်နေ့က မြို့တော် ကိုလံဘိုမှာ သတင်းစာ ရှင်းလင်းပွဲအတွင်း ခုလို ပြောဆိုခဲ့တာပါ။
သီရိလင်္ကာရဲ့ ကာလကြာရှည် ပြည်တွင်းစစ်အတွင်းက ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်း စစ်ဆေးတဲ့ အားထုတ်ချက်တွေအပေါ် စိတ်ပျက်ရတယ်လို့လည်း သူကပြောပါတယ်။ တာဝန်ခံမှု အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တရားမျှတမှုတွေမှာ မလုံလောက်တဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း အစိုးရ အကြီးတန်း အရာရှိတွေကို ပြောခဲ့တယ်။

ပဋိပက္ခ အတွင်းအရေးကိစ္စတွေကို ဖြေရှင်းဖို့ သီရိလင်္ကာရဲ့ ဖြစ်စဉ်တွေကို အမေရိကန်က အမြဲ ထောက်ပံ့ခဲ့ပြီးပါပြီလို့လည်း ပြောပါတယ်။ တမီကျားသူပုန်တွေကို နှိမ်နင်း တဲ့ သီရိလင်္ကာ ပြည်တွင်းစစ်ဟာ ၂၆ နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ပြီးဆုံးခဲ့တာပါ။

စစ်အတွင်း ရက်စက်ကြမ်း ကြုတ်မှုတွေမှာပါဝင်ခဲ့တဲ့ စစ်တပ်ထဲက လူတွေကို အပြစ်ပေးဖို့ ကုလသမဂ္ဂက သီရိလင်္ကာကို ဆော်သြခဲ့ပြီး အမေရိကန်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မတ်လ ဆွေးနွေးပွဲအတွင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဆုံးဖြတ်ချက် တရပ်ကို တင်သွင်းဖို့ ကြေညာခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေနဲ့ အသင်းအဖွဲ့များ လွတ်လပ်ရေးအပေါ် ကန့်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခရစ်ယာန်ဘုရားကျောင်း မွတ်စလင်ဗလီနဲ့ မီဒီယာတွေကို တိုက်ခိုက်မှုတွေ အစိုးရဆန့်ကျင်ရေး ဝေဖန်သူတွေအပေါ် ကန့်သတ်မှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးမှာ တိုးတက်မှု ကင်းမဲ့တာတွေ အပါအ၀င် စစ်ရာဇ၀တ်မှုအဖြစ် စွပ်စွဲထားချက်တွေနဲ့ တခြား အလွဲသုံးစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် အစိုးရက သီရိလင်္ကာ အစိုးရကို တောင်းဆိုမယ်လို့ အမေရိကန် သံရုံးအရာရှိတွေက ပြောပါတယ်။

သီရိလင်္ကာ အစိုးရကတော့ စစ်ရာဇ၀တ်မှုတွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ရင် ဗရမ်းဗတာ ဖြစ်နိုင်ပြီး အစိုးရရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကတော့ အလုပ်စဖို့ နှစ်အတော်များများ ထပ်ပြီး အချိန်ပေးရလိမ့်မယ်လို့ ပြောပါတယ်။

DVB Burmese

မြွေတွေ လေမှာပျံဝဲနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေ တွေ့ ရှိခဲ့


အာရှတိုက်ရဲ့ စိုစွတ်တော တွေမှာ ရှိတဲ့ မြွေတွေကို သုတေသန ပြုလုပ်ခဲ့ရာမှာ မြွေတွေဟာ လေထဲမှာ ပျံဝဲနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။ မြွေတွေဟာ သူ တို့ ရဲ့ ခန္ဓာကိုယ်ကို ဖြန့် ကားဆန့် ထုတ်ပြီး လေထဲ မှာ ပျံဝဲ နိုင်တယ်လို့ ဆိုပါတယ်။


မြွေတွေဟာ သူတို့ ရဲ့ ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ ‘S’ ပုံသဏ္ဍာန် ကွေးညွတ်လိုက်ခြင်းအားဖြင့်  လေမှာဝဲပျံနိုင်ဖို့ အတွက် နည်းစနစ်ကျနတဲ့ အယ်ရိုဒိုင်နမစ် ပုံစံတစ်ခုကို ရရှိကြတယ်လို့  ဒီလေ့လာတွေ့ ရှိမှုက ဆိုပါတယ်။ ပေ ၁၀၀ အကွာအဝေးလောက်ထိ လေဟုန်စီး ပျံသန်း နိုင်ပြီး သစ်ပင်တစ်ပင် ကိုင်းကနေ နောက်တစ်ပင်ရဲ့ ကိုင်းကို ကူးပြောင်းတဲ့အခါမှာ ဒီလိုနည်းကို အသုံးပြုလေ့ရှိပါတယ်။
ဒီလေ့လာမှုကို ဦးဆောင်သူဖြစ်တဲ့ အမေရိကန်နိုင်ငံသား သိပ္ပံပညာရှင် ဒေါက်တာ ဂျိတ်ဆိုချာ က “ သူတို့ ကို ကြည့်ရတာ ရေကူးနေသလိုပါပဲ။ သူတို့ ဟာ သူတို့ ခန္ဓာကိုယ်ကို လေဟုန်ခွင်းမျက်နှာပြင် ပုံစံ တစ်ခု အသွင် ပြောင်းလဲပစ်လိုက်တာပါ။သူတို့ ရဲ့ သာမန်မဟုတ်တဲ့ ခန္ဓာကိုယ်ပုံစံ က လေထဲမှာ ပျံဝဲနေ နိုင်ဖို့ အတွက် အကောင်းဆုံး ပုံစံကို ရရှိစေပါတယ်။" လို့ ဖော်ပြထားပါတယ်။
Experimental Biology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီ လေ့လာတွေ့ ရှိမှုရလဒ်တွေမှာ မြွေတွေရဲ့ လေမှာပျံဝဲတဲ့ နည်းစနစ် အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းတင်ပြထားခြင်း မရှိပါဘူး။

Ref: jeb.biologists.Mirror
Trend Myanmar

Good Health ( Issue - 473 )

အကျယ်ချဲ့ကြည့်ရန်





The Voice Weekly Journal ( Vol-10, No-4 )

အကျယ်ချဲ့ကြည့်ရန်





ပြည်မြန်မာဂျာနယ် အမှတ် (၉၀၇)

အကျယ်ချဲ့ကြည့်ရန်





အင်တာနက် ဘယ်လို အလုပ်လုပ်လဲ


အင်တာနက် ဘယ်လို အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ရှင်းပြနိုင်တဲ့ ပုံလေးပေါ့။

Moderm

အင်တာနက်လိုင်း အသွားအပြန် ရဖို့ အတွက် Moderm က End user (ကွန်ပြူတာ)နဲ့ အနီးဆုံး ရှိနေတာ မြင်တွေ့ ရပါမယ်။

Firewall

ပုံထဲမှာတေည့ မပါပါဘူး။ သူက ဝင်လာတဲ့ Data တွေကို စစ်ဆေး ပေးတဲ့ အဆင့်တစ်ခုပါ။ Router တွေမှာလည်း Buit in ပါတတ်တဲ့ Device မို့လို့ ဖြစ်ပါတယ်။ Firewall Device ဆိုပြီးလည်း သီးသန့် ရှိပါတယ်။

Router

မတူညီတဲ့ Network တွေကို ချိတ်ဆက်ပေးမယ့် ပစ္စည်းလေးပါ။

Domain Name System

ကွန်ပြူတာက ပို့လိုက်တဲ့ သတင်းအချက်အလက် ထဲမှာ ဘယ်လိပ်စာကို သွားချင်တာလည်း ဆိုတာကို စာနဲ့ ရိုက်ပေမယ့် DNS က Binary သင်္ချာ IP address အဖြစ်သို့ ပြန်လည်ပြောင်းလဲ ရှာဖွေ ပေးပါတယ်။ ပြီးတော့ လိပ်စာ အမှန်ကို Web Server ဆီပို့ပေးပါတယ်။

Web Server

Website လိပ်စာ ၊ အချက်အလက် (Web content) များကို သိမ်းဆည်း ထားပေးတဲ့ နေရာ ဖြစ်ပါတယ်။

ISP

Internet Service Provider ပါ။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် MPT, Red Link, Sky Net အစရှိသဖြင့် ကွဲပြား သလိုပေါ့။ ISP မှာ ရှိနေတဲ့ DNS ကို ကျနော်တို့ နေ့စဉ် အသုံးပြု Request တောင်းနေတဲ့ လိပ်စာများ၊ ပို့နေတဲ့ အချက်အလက်များ နေ့စဉ်ပျက်စီးဆင်း နေပါတယ်။

အကြမ်းဖျဉ်း အလုပ်လုပ်ပုံ

အချက်အလက် Packet ကို Computer က ပို့ပြီး Local Router ကိုရောက်ပါမယ်။ ပြီးတော့ နီးစပ်ရာ ISP က Rtouer ကိုရောက်ပြီး ကမ္ဘာ့ ကွန်ရက် DNS သို့ပို့ပေးပါတယ်။ ယင်း DNS က Web Server ကို တစ်ဆင့်ထပ်ပို့ပါတယ်။ ယင်း ကနေမှ အချက်အလက်မှန် ကို ပြောင်းပြန် ပြန်လည် စီးဆင်း စေပြီး Local က User ဆီ မရောက်ခင် Firewall ကတစ်ဆင့် စစ်ဆေးပြီးမှ user computer ဆီပြန်ပို့ပေးပါတယ်။ ဝဘ်ဆိုဒ်တွေ Ban တယ်၊ ပိတ်တယ်ဆိုတာ Local ISP (ပြည်တွင်းက Internet Service Provider) များက ပိတ်ချင်တဲ့ ဆိုဒ်များကို ရိုက်ထည့်ထားခြင်း ဖြစ်ပါတယ်။ ကိုယ့် Local Network မှာလည်း ပိတ်ချင်ရင် Customize လုပ်လို့ ရပါသေးတယ်။

ဒီလောက်ဆို အင်တာနက် အလုပ်လုပ်ပုံ အကြမ်းဖျင်းကို သိရှိပြီမို့ မျှော်လင့် ပါတယ်။

အောင်ခမ်း ( Smart Pro Journal )

Question & Answer


LCCL Level 3 နဲ့ ACCA Part 1 ပြီးထားပြီး Part 2 ကို စင်ကာပူမှာ တက်ရောက်လိုပါတယ်။ ကြာမြင့်ချိန်နှင့် IELTS လို၊ မလို သိလိုပါတယ်။

စင်ကာပူနိုင်ငံ Kaplan Learning Institute နှင့် SAA Global Education တွင် ACCA Part 2 သင်ယူနိုင်ပါတယ်။ ၆ ဘာသာအတွက် တစ်နှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး (စာမေးပွဲကြေး မ ပါ) ကျောင်းလခ တစ်ဘာသာကို စင်ကာပူဒေါ်လာ ၇၀၀  မှ ၈၀၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ACCA Part 2 နှင့် Research and Analysis Project လုပ်ဆောင်ပြီးပါက Oxford Brookes University မှ ပေးအပ်ချီးမြှင့်သော BSc (Honours) in Applied Accounting ကို ရယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ACCA Part  1 တက်ရောက်ဖြေဆိုထားပြီး ဖြစ်သည့်အတွက် စင်ကာပူတွင် တက်ရောက်ရန် IELTS အမှတ် မလိုအပ်ပါ။



Finance ဘာသာရပ်ကို စိတ်ဝင်စားပါတယ်။ ကျောင်းပြီးပါက ပြည်တွင်းပြည်ပမှာ ဘယ်လို နယ်ပယ်မျိုးတွေမှာ လုပ်ကိုင်နိုင်ပါသလဲ။



Finance ဘာသာရပ်တွင် အများပိုင် အဖွဲ့အစည်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော အကျိုးအမြတ်များကို ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပတွင် Venture Capitalist, Cost Adviser, Financial Systems Advisor နှင့် Merchant Banker အစရှိသည်တို့ လုပ်ကိုင်နိုင်ပါတယ်။ ၁၀ တန်းအောင်သူများ ဒီပလိုမာ (၈) လသင်ယူပြီး ယူကေတက္ကသိုလ်များမှ ပေးအပ်မည့် BSc (Hons) Accountancy and Financial Management (သို့) B.Sc (Hons) Finance နှင့် သြစတြေးလျတက္ကသိုလ်မှ ပေးအပ်မည့်  B.Com (Finance) ဒီဂရီအား (၁၈) လအတွင်း ရယူနိုင်ပါတယ်။



CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal

၅၀% အထိ Special Discount ဖြင့် စတင်ဖွင့်လှစ်မည့် ဖုန်းပြုပြင်ရေး သင်တန်းဖွင့်လှစ်


အပတ်စဉ် တန်းခွဲသစ်များ ဖွင့်နေသည့်အပြင် တက်ချင်သည့် အချိန်ကိုပါ ရွေးချယ်ညှိနှိုင်းပေးနေသော Elimination Poverty Initiative (EPI) ဆိုသည့်မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းကျောင်းတစ်ခုကို ဆူးလေဘုရားလမ်း၊ ဗဟိုမီးသတ်ရှေ့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှင်းလင်းထိရောက်သည့် သင်ကြားမှု၊ ရာသက်ပန်နည်းပညာ ထောက်ပံ့မှုများပါဝင်ပြီး Software ရော၊  Hardware ပါ သင်ကြားပေးမည်ဖြစ်သည်။ ဖုန်းမျိုးစုံ၏စနစ်များကို နားလည်နိုင်ပြီး ဝင်ရောက်ပြုပြင်နိုင်အောင် သင်ပေးမည်ဖြစ်ကြောင်း သိရသည်။ Hardware ပိုင်းပါ ပါဝင်သည့်အတွက် ကွန်ပျူတာအခြေခံ မရှိသောသူများကိုလည်း သင်ကြားပေးမည်ဖြစ်သည်။ ဖုန်းတစ်လုံးကို ပါဝင်သည့် အစိတ်အပိုင်းအလိုက် အလုပ်လုပ်ပုံ သိရှိအောင်၊ နားလည်အောင် လုပ်ပေးပြီး လက်တွေ့ပါ ပါဝင်သင်ပေးမည်ဟု သိရသည်။ မတတ်မချင်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားကို ဖုန်းပြုပြင်ရာတွင် အသုံးပြုနိုင်ရန် Data 2000GB ကျော် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးသွားပါက အလုပ်ဝင်နိုင်ရန် ကူညီပေးပြီး သင်တန်းတွင်ရှိသည့် ဖုန်းပြုပြင်ရေးကိရိယာ၊ Tool Box များကို ဆက်လက်အသုံးပြု ခွင့်ပေးမည်ဖြစ်သည်ဟု ဆိုသည်။ အထူးဈေးနှုန်း ၅၀ % လျှော့ဈေး အနေဖြင့် Software+Hardware ကို ကျပ်နှစ်သိန်း၊ Software+Basic hardware ကို ကျပ်တစ်သိန်းကျပ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို  ဖုန်း ၀၁-၂၄၅၈၀၂၊ ၀၉-၂၅၄၀၄၀၂၀၀ နှင့် ၀၉-၄၂၀၀၃၈၉၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။


အောင်အောင်
Internet Journal

Honda FCEV Concept


Honda ၏ ထုတ်ကုန်အသစ် ကားတစ်စီး ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း ကတော့ ပုံတွင်တွေ့ရတဲ့ အတိုင်းဘဲ အခြားကားတွေထက် ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ပေးထားလို့ အကြိုက်တွေ့စေမှာပါ။ Honda က ထုတ်လုပ်ထားလို့ အရည်သွေး ကလည်း အထူးပြောစရာ လိုမှာ မဟုတ်ပါဘူး။

ထူးခြားချက်ကတော့ ကားနောက်ဘီးကို အဖုံးနှင့် ကွယ်ထားခြင်း ဖြစ်ပါတယ်။ ခေါင်းမိုး အမည်းရောင်မှာ အဖြူရောင် ဖောက်ပေးထားပါတယ်။ ခေါင်းဘက် ကားမီးသီးကို ပန်းရောင်နုနုလေး ခြယ်သပေး ထားပါတယ်။

Honda ၏ ပရိသတ်တွေအတွက် ကြိုက်နှစ်သက်အောင် ထုတ်လုပ်ပေး ထားခြင်း ဖြစ်ပါတယ်။ အရောင်ကတော့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်ကိုလည်း ရောက်ရှိလာလိမ့်မည့် ကားတစ်စီး ဖြစ်ပါတယ်။

ကျော်လင်းနိုင် (Smart Pro Journal)

ဒေါ်လာ နှစ်ရာအောက် ဖြင့်ထွက်ရှိလာမည့် ပြင်သစ် Tablet archos


Archos ဆိုတာ ပြင်သစ်နိင်ငံရဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ကိရိယာတွေနဲ့ မီဒီယာပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ လျှပ်စစ် ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ ထိုကဲ့သို့သော် ကုမ္ပဏီမှာ ထုတ်လုပ်ထားတဲ့ ဈေးသက်သာ ဘတ်ဂျက် Tablet ဖြစ်ပါတယ်။

ပုံမှန်ထက် ဈေးသက်သာကာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ် ။ထို့သို့ Archos တံဆိပ် Neon tablet line နဲ့ စီးရီးလိုက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အမျိုးအစားအားဖြင့်(၃) မျိုးရှိကာ မျက်နှာပြင်နဲ့ resolution ပေါ်မူတည်ကာ နာမည်နဲ့ ဈေးနှုန်း ခြားနားသွားမှာ လို့သိရပါတယ်။

မျက်နှာပြင် (၉) လက်မရှိတဲ့ Archos 90 Neon ဟာ 800 x 400 display ရှိကာ လက်မ (၉.၇ )လက်မရှိ 97 Neon ကတော့ 1024 x 768 display ရှိပါတယ်။ ၁၀.၁ လက်မရှိတဲ့ 101 Neon ကတော့ 1024 x 600 display ဖြစ်ပါတယ်။

Specs တွေအနေနဲ့ ဈေးနှုန်း သက်သာမူအပိုင်းကိုဦးစားပေးထားတာကြောင့် သိပ်တော့ အကောင်းကြီးထဲက မဟုတ်ပေမဲ့ အလယ်အလတ် အနေအထားမှာ ရှိပါတယ်။ အဆိုပါ (၃) မျိုးလုံးကို quad-core A9 processor သုံးဖြစ်ပြီး 1GB of RAM, အတွင်းမှတ်ဥာဏ် 8GB ပေးထားပြီး ဈေးနှုန်းအားဖြင့် ဒေါ်လာ (၂၀၀ ) မှန်းထားကြောင်း သိရပါတယ်။

Aung Heine ( Smart Pro Journal  )

နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ယူမှု စတင်


နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာရင်းကောက်ယူရေး လှုပ်ရှားမှုတွေ စတင်နေပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း ဟင်္သာတမြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများကူညီ စောင့်ရှောက်ရေး အသင်းတို့ က သွားရောက် ကောက်ခံနေတာပါ။

ဟင်္သာတခရိုင် အတွင်းက စာရင်းတွေကို ကောက်ယူခဲ့ကြရာမှာ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေရဲ့ ကိုယ်ရေး မှတ်တမ်းအကျဉ်း၊ မိသားစု အခြေအနေ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပုံတွေ၊ တရားစီရင်ခဲ့ပုံ၊ ထောင်မှလွတ်ပြီး အခြေအနေ၊ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေး စတဲ့ အချက် ၇ ချက် တို့ကို ကောက်ယူခဲ့ကြပါတယ်။

ဟင်္သာတ ခရိုင်အတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း ၅ဝ ကျော် ရှိပါတယ်။ ဒါပေမယ့် လက်ရှိ ဟင်္သာတ အကျဉ်းထောင်မှာတော့ နိုင်ငံရေး အကျဉ်းသားများ မရှိဘူးလို့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီပံ့ပိုးနိုင်ဖို့နဲ့ မှတ်တမ်းပြုစုဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ပြောခွင့်ရသူ ဦးတင်မောင်ဦးက ပြောပြသွားခဲ့ပါတယ်။

အခုလို နိုင်ကျဉ်းဟောင်း စာရင်းကောက်နေချိန် လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ လောက် ကျန်ရှိနေဆဲ ဖြစ်တယ်လို့လည်း အေအေပီပီ ပြောခွင့်ရသူ ဦးဘိုကြည်က ပြောဆိုသွားခဲ့ပါတယ်။

DVB Burmese

Google တို့ ဝင်ငွေရပုံရနည်း


Google ရဲ့  ငွေရပုံရနည်းက Google စီအီးအိုကပဲ အားလုံး သိပါလိမ့်မယ်။ ကျနော်တို့ End User ဘက်က မြင်ရသလောက်လေး အနည်းငယ် မျှဝေရုံလေး သက်သက်ပါ။

Search Engine

Search Engine ကိုမြန်မာလို အရှာအင်ဂျင်လို့တော့ ဘာသာမပြန်မိပါစေနဲ့။ ကျနော်တို့ နေ့စဉ်ရှာဖွေနေတဲ့ Facebook တို့။ အခြားသော အမျိုးမျိုးသော ဝဘ်ဆိုဒ်တို့ရဲ့  လိပ်စာကို Google က သိမ်းဆည်းပေးထားပါတယ်။ ပြီးတော့ ကျနော်တို့က Search Bar မှာရိုက်လိုက်တဲ့အခါ ပေါ်လာအောင် Engine က လုပ်ဆောင်ပေးပြီး Link တွေပေးပါတယ်။

ဒီတော့ အလွယ်ဆုံး ဥပမာ အရဆိုရင် ရွှေတိဂုံဘုရားကို တက်ဖို ဓာတ်လှေကား စီးတဲ့အခါ ဓာတ်လှေကားက ဓာတ်လှေကားစောင့်မှ ထွက်တဲ့အခါ စပယ်ပန်းလေးတွေဝယ်ပါလို့ သူပြောတယ်လေ။ စပယ်ပန်းသည် အတွက်သူ ပရိုမိုးရှင်းရောဆင်းလိုက်တာပေါ့။ ဒီလိုပါပဲ။ ကျနော်တို့က Search Engine ကနေ တစ်ခုခုကို ရှာလိုက်တဲ့အခါ မှာ ကြော်ငြာတွေ တွဲတွဲပြီးပါလာတယ်။ သတိထားကြည့် ပါ တွေပါလိမ့် မယ်။ ပြီးတော့ အဲ့လိုရှာလိုက်ရင် ကိုယ့်ဟာကို အရင်ဦး စားပေးပေါ်အောင်လုပ်ဖို့ကလည်း Google ကိုငွေသွင်းရပါတယ်။ ယင်းနည်းလမ်းကနေ ငွေရပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာ သိန်းချီ၊ သန်းချီဝင်နေတဲ့ အရာတစ်ခုပါ။

Google Blog

Blog တွေတစ်ခုခုပြီးတစ်ခုလုပ်ကြတယ်။ ဖန်တီးကြတယ်။ Google က အလကားပေးတာပါ။ Free ပေးပါတယ်။ နောက်မှ ကိုယ်လိုသလို Upgrade လုပ်ပေါ့။ ဖရီးအတိုင်းသုံးလည်းအဆင်ပြေပါတယ်။

အလွယ်ဆုံး ဥပမာ အရ - ကုန်စည်ပြပွဲစီစဉ်သူက ပြခန်းတွေကို မရောင်းပဲလကားပေး လိုက်တယ်။ ပြီးတော့ လူစည်ကားတဲ့ ပြခန်းတွေမှာ ပွဲစီစဉ်သူ စိတ်ကြိုက်ကြော်ငြာလေးတွေ ထည့်ခွင်တောင်းပါတယ်။ တစ်ခန်းလုံး အလကားပေးထားမှတော့ လက်ကမ်း စာစောင်ဖြစ်ဖြစ်၊ ဘေလ်ဘုတ်သေးသေးလေး ဖြစ်ဖြစ် လာတင်တာမျိုးကို ပြခန်းက လက်ခံရမယ်လေ။ သို့ပေမယ့် Google က ကော်မရှင်ခ ပေးပါတယ်။ ဒါကို Google Ads လို့ခေါ်ပါတယ်။

Google Ads

Google Blog တွေတစ်ခုပြီးတစ်ခုဖန်တီးကြတော့ လူကြည့်များလာရင် Google Ads ဖွင့်ကြတယ်လေ။ ဒီတော့ Google ကလည်း သူ့ကြော်ငြာတွေ ကို ထည့်သွင်းပါတယ်။ လုပ်ငန်းရှင်ဘက်နေရတဲ့ ငွေကို Google က Blog ဖန်တီးသူကို ပြန်ခွဲပေးတဲ့ သဘောပါ။ တစ်နေ့တစ်နေ့ Google Blog က revenue ဟာ ကန်ဒေါ်လာ သန်းချီပါတယ်။

Google ရဲ့  Blog တွေတင်မကပဲ အခြားသော ဝဘ်ဆိုဒ်တွေမှာလည်း Google က ပွဲစားသဘောမျိုးလုပ်ပေးပါတယ်။ ငါတို့ ကြော်ငြာတွေ နင်တို့ ဆိုဒ်မှာလာထည့်ပေးမယ်။ ကော်မရှင်ခပေးဆိုတဲ့ သဘောမျိုးပေါ့။ ဒီနည်းနဲ့လည်း Google Ads က ဝင်ငွေ ရပါသေးတယ်။

Google Mail

Google ကပေးတဲ့ Email Service က အားလုံးသိတဲ့အတိုင်း အခမဲ့ပါ။ သို့ပေမယ့် Mail ကိုဖွင့်တဲ့အခါ သေချာကြည့်ပါ။ ကြော်ငြာလေးတွေ တွေ့ပါ လိ့မ်မယ်။ ယင်းကနေလည်း ရပါတယ်။ Gmail ကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက Memory တိုးကြပါတယ်။ အခမဲ့နဲ့ မလုံလောက်တဲ့ အတွက် ဘယ် GB ပမာဏကို ဘယ်လောက်ဆိုပြီး ဝယ်ကြတော့ ယင်းကနေလည်း ပိုက်ဆံ ရပါတယ်။

Youtube

Youtube က ၂၀၀၆ နိုဝင်ဘာမှ Google တို့ဝယ်လိုက်တာပါ။ Google Ads နဲ့ ရောလိုက်ပြီး ဗီဒိယိုတွေကြည့်တဲ့အခါ အမြင်ရှုပ်စေတဲ့ ကြော်ငြာလခ့် များကို တွေ့ရပါလိမ့်မယ် ယင်းနည်းလမ်း နဲ့လည်း ငွေဝင်ပါတယ်။

Google Play

သူ့ကို ကုမ္မဏီမှာ တစ်သီးတစ်သန့်ခွဲထားပါတယ်။ သို့ပေမယ့် Google ဝင်ငွေအနေနဲ့ ထည့်တွက်နိုင်ပါတယ်။ Google Play ကနေ Android အတွက် App တွေ နေ့စဉ် Upload နေတာ။ ဝင်ငွေ ဘယ်လောက်ရှိမယ် ဆိုတာ စာရေးသူတောင် မခန့်မှန်းနိုင်ပါဘူး။

ွGoogle Map

မြေပုံ Service ပေးတာ အလကားမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ လမ်းညွှန်လေးတွေထည့်ပေးတဲ့အခါ ကြော်ငြာတွေလည်းတွဲပါတယ်။ အင်တာနက် မြန်ဆန်တဲ့နိုင်ငံတွေမှာ ပိုတွေ့နိုင်ပါတယ်။ Directory ကို ဖန်တီးထားပြီး ယင်းထဲမှာ ကိုယ့် Business လိပ်စာတွေထည့် မယ်။ ကြော်ငြာတွေထည့်မယ်။ ဒီအတွက် Google က ပိုက်ဆံယူပါတယ်။

Google Drive

အွန်လိုင်းသိမ်းဆည်းစရာ နေရာလေး တစ်ခုပေါ့။ အခမဲ့ပေးတဲ့ ပမာဏ ရှိပြီး ပိုလိုအပ်ရင် ဝယ်သုံးရပါတယ်။ ယင်းကနေလည်း Google တို့ ဝင်ငွေ ရပါတယ်။

အခြားအခြားများ

Google ဝင်ငွေရပုံရနည်းကို အသေးစိတ်သာ ရေးရရင် ဝတ္ထုစာအုပ်တစ် အုပ် ဖြစ်သွားလောက်အောင်ကို များပြားပါတယ်။ Wallet, Photo, Google Plus, News, Reader, Book, Shopping အစရှိသဖြင့် များပြားလှအောင် စုံစုံလင်လင်ကို စီးပွားရေး လုပ်ကြပါတယ်။ ဒါကြောင့် Google ရဲ့  တစ်စက္ကန့်ဝင်ငွေဟာ ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ ရှိရတာပါ။

ဒါကြောင့် Google ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရှာဖွေနိုင်တဲ့ Internet-related services တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။
-
အောင်ခမ်း ( Smart Pro Journal )

Illustrator Tutorial စာအုပ်ပေါင်း (၃၃)အုပ်


Illustrator Tutorial စာအုပ်ပေါင်း (၃၃)အုပ်တင်ပေးထားတဲ့ စေတနာရှင်တစ်ယောက်ရဲ့ လင့်ကို တွေ့လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်.. Mediafire မှာတင်ထားတာဖြစ်ပြီး တစ်အုပ်ချင်းစီကို Download ရယူနိုင်ကြပါတယ်ခင်ဗျာ။

Download လင့်

Google Play က မိမိ ကြိုက်နှစ်သက်သည့် app ကို download လုပ်နည်း

အရင်ဆုံး play.google.com မှာ ကိုယ်ကြိုက်တဲ့ application ကိုဖွင့်လိုက်ပါ။ ဒီလင့် မှာဆိုရင်တော့ ကြောင်နဲ့ကြွက်ဂိမ်းကို ဖွင့်ထားပေးတာဖြစ်ပါတယ်။ အဲဒီလိုရရင်


အပေါ်ဆုံးနေရာက မြှားအနီပြထားတဲ့ လိပ်စာကို ကူးလိုက်ပါ။

ပြီးရင် ဒီလင့် ကိုသွားပြီးတော့ ကူးလာတဲ့ လိပ်စာကိုထည့်၊ Generate Download Link ကိုနှိပ်၊ ခဏစောင့်။ အောက်မှာ Click Here to Download ဆိုတဲ့ အစိမ်းရောင်ခလုတ်လေးပေါ်လာရင် နှိပ်လိုက်။ ဒါဆိုရပြီ။

iBlogger Myanmar
Myanmar CNN

ဘိန်းဖြူ၊ ဆေးခြောက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၄၂)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်အနောက်)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ နတ်မောက်လမ်းနေ ၀င်းနိုင်လွင်(ခ)နိုင်ကြီး(၅၂)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်နောက်ဘက် အိမ်သာရှေ့ရှိ စီးကရက်ဗူးခွံအတွင်းမှ ဘိန်းဖြူ(၀.၈)ဂရမ်၊ နေအိမ်အိပ်ခန်း အတွင်းရှိ ကော်ဗူးအတွင်းမှ ဘိန်းဖြူ(၂.၅)ဂရမ်၊ WY နှင့် 1 စာတန်းများပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀ ပြားနှင့် ဆေးခြောက်(၆.၅)ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၈၈၁၉၅၀ိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၀င်းနိုင်လွင်(ခ)နိုင်ကြီးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း မယ(ပ)၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ချွေတာရေးလေယာဉ်စီးမယ်၊ အင်တာနက်လည်း သုံးမယ်

ထိုင်းမြန်မာနယ်စပ် မဲဆောက်လေယာဉ်ကွင်းမှာ တွေ့ရတဲ့ Nok Air လိုင်းရဲ့ လေယာဉ်တစင်း နဲ့ ခရီးသည်များ (ဓာတ်ပုံ - မန်းမျိုးမြင့်)

လေယာဉ်စီးနေတုန်း အင်တာနက်သုံးနိုင်တယ် ဆိုတာက ဇိမ်ခံလေယာဉ်ကြီးတွေ၊ တန်ဘိုးများလေကြောင်းလိုင်းတွေမှာပဲ ဖြစ်နိုင်ချေ ရှိခဲ့တာပါ။

အခုတော့ ထိုင်းနိုင်ငံရဲ့ တန်ဘိုးနည်းလေကြောင်းလိုင်းတချို့မှာလည်း ဒီအခွင့်အရေး ရနိုင်ပါတော့မယ် လို့   ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုပါတယ်။

ချွေတာရေးလေကြောင်းတွေဖြစ်တဲ့ AirAsia နဲ့ Nok Air တို့က မြန်မာတွေနဲ့ မစိမ်းပါဘူး။
အဲဒီလိုင်းတွေမှာ အင်တာနက်သုံးနိုင်ရေးကို လာမယ့်လအနည်းငယ်အတွင်း အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။
နောက်တပုဒ်မှာတော့ ...
Nok Air  လိုင်းက မတ်လ ဆိုရင် လေယာဉ်ထဲ အွန်လိုင်းသုံးနိုင်မယ် တဲ့။ သူတို့လိုင်းက လေယာဉ်အားလုံး အဲသလိုသုံးနိုင်ဖို့ကိုတော့ ၂ နှစ်အတွင်း  အကောင်အထည်ဖော်မယ်လို့ ရေးထားပါတယ်။
ခေတ်ပြောင်းပြီဆိုတော့ ခရီးသည်တို့ရဲ့ နေထိုင်မှုပုံစံလည်း ပြောင်းပါပြီ။ ဒီခေတ်ခရီးသည်အများအပြားက အင်တာနက်စွဲလန်းမှုအားကြီးလွန်းတယ်မဟုတ်လား။ ဒီလိုပရိသတ်ရဲ့လိုအင်ကို ဖြည့်တဲ့နည်းနဲ့ လေကြောင်းလိုင်းတွေက ဝန်ဆောင်မှု နာမည်ကောင်းရအောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်မှာ ခရီးသည်တယောက် အင်တာနက်သုံးချင်ရင် ကုန်ကျစရိတ်က ဘတ် ၁၀၀ ဝန်းကျင် ကျသင့်မယ်လို့ ကနဦး ခန့်မှန်းထားပါတယ်။ ကျပ်သုံးထောင်ဝန်းကျင် ဆိုပါတော့။
AirAsia က ထိုင်းမှာတင်မကဘဲ အင်ဒို၊ မလေးတို့မှာလည်း ဒီအစီအစဉ် ဖြစ်လာမယ် တဲ့။
ဒါဆို မြန်မာပြည်လာတဲ့ AirAsia ခရီးစဉ်တွေမှာလည်း အင်တာနက်ဆိုတာ ဖြစ်နိုင်ချေရှိပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်ဆိုတာက တနာရီဝန်းကျင်လောက်ပဲ ကြာတတ်တဲ့အတွက် ဒီအစီအစဉ်က ဆွဲဆောင်မှု ရှိပါ့မလားလို့လည်း မေးခွန်းထုတ်နိုင်ပါတယ်။
နာရီပေါင်းများစွာစီးရတဲ့ ပြည်ပခရီးစဉ်တွေမှာပဲ အင်တာနက်ဆိုတာကို ခရီးသည်တွေ ၀ယ်သုံးကြမှာမဟုတ်ဘူးလား။

အခုခေတ်လူသားတို့ရဲ့ အင်တာနက်ရူးသွပ်မှုက ကြောက်ခမန်းလိလိအခြေအနေ ဖြစ်နေပြီ ဆိုတော့ လေယာဉ်ထဲကြိုးမဲ့အင်တာနက်မိတ်ဆက်တဲ့အစီအစဉ်က အောင်မြင်သွားနိုင်ပါတယ်။
စမတ်ဖုန်းကိုသို့မဟုတ် ကွန်ပျူတာကို အမြဲတမ်း စိုက်ကြည့်နေကြသူတွေ မဟုတ်လား။
အခု ဒီ ဧရာဝတီဘလော့မှာ ဒီအကြောင်း ဖတ်နေသူတွေထဲမှာလည်း Facebook နဲ့ မျက်နှာသစ်သူ၊ မျက်နှာမသစ်ခင် Facebook သုံးသူတွေ အများအပြား ပါပါလိမ့်မယ်။

ဒီတော့ အင်တာနက်နဲ့ အမြဲတမ်းလိုလို ချိတ်ဆက်ထားလိုသူများက လေယာဉ်စီးနေဆဲ အင်တာနက်သုံးရေး ဆိုတာကို စိတ်ဝင်စားမှာ အသေအချာပါပဲ။

လောလောဆယ် အင်တာနက်သုံးနိုင်တဲ့ လေယာဉ်က ကမ္ဘာတလွှားမှာ အစီး ၃,ဝဝဝ ရှိနေတယ်၊ ၈ နှစ်အကြာမှာ အစီး ၁၅,ဝဝဝ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြောင်း အစီရင်ခံစာတခုကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။

Irrawaddy ဧရာဝတီ သတင်း

ရမ်းဗြဲနယ်က သာယာလှပတဲ့ ပင်လယ်ကမ်းခြေ တရားမ၀င် ကျူးကျော်မူများရှိနေဟုဆို


(နိရဉ္စရာ- ၂ ဖေဖေါ်ဝါရီလ ၂၀၁၄)

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ သာယာလှပသော ပင်လယ်ကမ်းခြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိ အချို့မှ တရားမ၀င် ကျူးကျော်ကာ မိမိပိုင်မြေအဖြစ် သိမ်းယူရန် စီစဉ်နေသည်ဟု ဒေသခံများက နိရဉ္စရာသို့ သတင်း ပေးပို့သည်။

၎င်းပင်လယ်ကမ်းခြေမှာ ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် အောင်လှပြင် ကျေးရွာ အနီးရှိ အောင်လှပြင် ပင်လယ်ပြင် ကမ်းခြေဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ အများပြည်သူပိုင် ပင်လယ်ကမ်းခြေအား ခြံထိုးပြီး မိမိပိုင်မြေအဖြစ် သိမ်းပိုက်ရန် ကြိုးစားနေပုံကို လူမူရေး လူပ်ရှားနေသူ ရမ်းဗြဲဒေသခံ ဦးသန်းဌေးက ယခုလို ပြောသည်။

“ မြေအကျယ် ၃ ဧကခန့်ရှိပါတယ်။ ရမ်းဗြဲကျွန်းရဲ့ တောင်ဘက်အစွန်ဆုံး ပင်လယ် ကမ်းခြေ ဖြစ်ပါတယ်။ အနာဂတ်မှာ ငပလီလို အပန်းဖြေ ကမ်းခြေ ဖြစ်လာမှာကို သိတဲ့ အတွက် ဒေသအတွင်းက ခရိုနီ အငယ်စားတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဲဒီနေရာက မြေတွေကို သိမ်းဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းကိစ္စအား ကျေးရွာသားများက မြို့နယ် အုပ်ချုပ် ဦးအောင်ကျော်ဦးနှင့် မြေစာရင်းဌာနသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသည်သာမက တရားမ၀င် ကျူးကျော်ပြီး မြေသိမ်းရန် ကြိုးစားနေသူများဘက်မှ ရပ်တည်ပေးနေသလိုပင် ရှိနေသည်ဟု ဦးသန်းဌေးက ဆိုသည်။

“ ကျွန်တော်တို့က အခုလို အများပြည်သူပိုင် မြေတွေကို ကိုယ်ပိုင်မြေ ပြုလုပ်နေတဲ့အပေါ် အထက်ကို တိုင်ကြားတဲ့ အတွက် လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလ ၁၉ ရက်နေ့က ကျွန်တော်ရဲ့ နေအိမ်ကိုဝင်လာပြီး ရန်ရှာတာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေ ရှိတဲ့ အတွက် အဲဒီလ ၂၀ ရက်နေ့မှာ သွားတိုင်ပါတယ်။ ဒါပေမယ့်ရဲက ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိဘူး။ သူတို့ကိုယ်တိုင် ရပ်တည်ပေးနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုအခါ ၎င်းအောင်လှပြင် ပင်လယ်ကမ်းခြေတွင် အုန်းပင်များ စိုက်ပျိုးခြင်း၊ ခြံထိုးခြင်းများကို ပြုလုပ်နေကြပြီး ၎င်းကဲ့သို့ လုပ်ဆောင်ရာတွင် အောင်လှပြင် အုပ်ချုပ်ရေးမှူးနှင့် တခြား ဒေသအတွင်းက စီးပွားရေး သမားများ ပါဝင်သည်ဟု သိရသည်။

အောင်လှပြင် ပင်လယ်ကမ်းခြေကို ရမ်းဗြဲမြို့မှ ဒေသခံပြည်သူများ မကြာခဏ လာရောက် အပန်းဖြေသော နေရာ ဖြစ်သလို ရပ်ဝေးမှ ရောက်ရှိလာသူများလည်း လာရောက် လည်ပတ်ကြသော နေရာ ဖြစ်ကြောင်း ရမ်းဗြဲ ဒေသခံ ဦးကျော်စွာက ပြောကြားသည်။

“ ပြည်သူတွေ လာရောက်တဲ့ နေရာ ဖြစ်သလို အနာဂတ်မှာ တန်ဖိုးရှိလာမယ့် နေရာဆိုတော့ ကြိုပြီး လက်ဦးမူ ရယူပြီး သိမ်းယူဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။ ခုလိုမျိုးတော့ အများပိုင် ပြည်သူတွေ အပန်းဖြေတဲ့ နေရာကို ကိုယ်ပိုင် သိမ်းယူဖို့ လုပ်တာမျိုးကတော့ ဒီနေ့ ခေတ်ကြီးမှာ မဖြစ်သင့်တော့ဘူးလို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ အောင်လှပြင် ပင်လယ်ကမ်းခြေမှ မြေများကို သိမ်းယူရန် ကြိုးစားနေမူ အပေါ် ဒေသခံများကလည်း ကျေနပ်မူ မရှိကြဟု သိရသည်။

Narinjara နိရဉ္စရာ

မြန်မာသတင်းသမား ၁၀ ဦး ထိုင်းရွေးကောက်ပွဲ သတင်းယူ

Protest leader Suthep Thaugsuban is hugged by anti-government protester during march through Chinatown in Bangkok


မြန်မာနိုင်ငံက သတင်းမီဒီယာသမား ၁၀ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ထိုင်းရွေးကောက်ပွဲအတွင်း သတင်းရယူနေကြပါတယ်။

နေ့စဉ်နဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ် ၁၀ စောင်က အယ်ဒီတာနဲ့ သတင်းထောက် ၁၀ ဦးတို့ဟာ ရန်ကုန်သတင်းစာပညာကျောင်း အစီအစဉ်နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ပြုလုပ်တဲ့ ထိုင်းရွေးကောက်ပွဲ သတင်းရယူနေကြတာ ဖြစ်ပါတယ်။

ထိုင်းရွေးကောက်ပွဲ မတိုင်မီ ၅ ရက်အလို ဇန်န၀ါရီ ၂၈ ရက်ကထဲက ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာဖြစ်ပြီး သင်တန်းလည်းပေး ရွေးကောက်ပွဲသတင်းလည်း ယူကြတာလို့ သင်တန်းမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲကို အခုလို လာရောက်သတင်းရယူကြရတာဟာ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အတွက် အဖိုးတန်တဲ့အကြောင်းလည်း သူက ခုလို ပြောပါတယ်။

“အဓိကကတော့ ဒီတခေါက်က နှစ်ဖက်ကြားမှာ တိုးတိုက်မိတဲ့ အနေအထားက ရှိတော့ လုံခြုံရေးအရ ဆင်ချင်ဖို့လိုတဲ့ အခြေအနေရယ်၊ ဒါ့အပြင် ၂၀၁၅ မှာလည်း ဘယ်လို ထိပ်တိုက်တွေ့နိုင်မယ့် တင်းမာမှုတွေ ရှိနိုင်မယ်လို့ မပြောနိုင်ဘူးဆိုတော့ ဒီရွေးကောက်ပွဲက လည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ အဖိုးတန်ပါတယ်။ နှစ်ဖက်က အစွန်းနှစ်ဖက်ကို ရောက်နေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တဖက်က သပိတ်မှောက်တယ်။ တဖက်ကလည်း ဇွတ်လုပ်မယ်ဆိုတဲ့ နှစ်ဖက်စွန်းရောက်နေတဲ့ အခြေအနေပါ။ အခုကလည်း မြန်မာနိုင်ငံမှာလည်း တင်းမာမှုက စနေပြီဆိုတော့ ဒီမှာ ရတဲ့ အခြေအနေတွေက သူတို့အတွက် အဖိုးတန်ပါတယ်။”

သူ့အတွေ့အကြုံအရတော့ နိုင်ငံခြားတိုင်းပြည်တခုရဲ့ ရွေးကောက်ပွဲကို မြန်မာသတင်းတွေ အရေအတွက်အများဆုံး သွားရောက် သတင်းယူကြတာလို့လည်း ပြောပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ် အကြီးတန်းသတင်းထောက် ကိုဥာဏ်လင်းအောင်ကို မြန်မာပြည် ရွေးကောက်ပွဲ သတင်းယူခဲ့ရပုံနဲ့ အခု ထိုင်းရွေးကောက်ပွဲ သတင်းယူရပုံ ဘာကွာလဲလို့ မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“ကိုယ့်ရဲ့ အသက်အန္တရာယ်ကို ကိုယ်ကိုယ်တိုင် စဉ်းစားပြီးတော့ အခြားဟာကို စဉ်းစားစရာ မလိုပဲ သတင်းကို သတင်းအတိုင်း လွတ်လွတ်လပ်လပ် ယူလို့ရတဲ့ အနေအထားကို တွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ တုန်းက သတင်းကို လွတ်လွတ်လပ်လပ် ယူလို့ရတာမျိုး မဟုတ်ဘူး။ တချို့ မဲဆန္ဒနယ် ဆိုရင် ၀င်ခွင့်မရတာ၊ မဲပေးတာကို ဓာတ်ပုံ ရိုက်ခွင့်မရတာ၊ မဲရေတွက်တဲ့အချိန်မှာ သတင်းယူလို့ မရတဲ့ အခြေအနေမျိုးကို ကြုံရပါတယ်။ အခု ဒီမှာတော့ သတင်းအတွက်ကို တော်တော်လေး လွတ်လွတ်လပ်လပ် ယူခွင့်ရတဲ့ အနေအထားမျိုးကို ကြုံရပါတယ်။ စိတ်လှုပ်ရှားပါတယ်။ ဘန်ကောက် အကျပ်အတည်း ဖြစ်နေတဲ့ အနေအထားမျိုးမှာ သတင်းယူခွင့်ရတဲ့ အနေအထားမျိုးလေ။ လူတွေက တယောက်နဲ့တယောက် ကိုယ်မသိတဲ့သူတွေ သတင်းသမားတွေ မျက်နှာစိမ်းတွေကို ရန်မူတာမျိုး မတွေ့ရဘူး။ လွတ်လွတ်လပ်လပ်ပဲ သွားလို့ရတယ်။ မဲရုံတွေထဲအထိ သွားလို့ရတယ်။ မဲရုံကို မဲလာပေးတဲ့သူတွေပဲဖြစ်ဖြစ် အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေပဲ ဖြစ်ဖြစ် လှိုက်လှိုက်လှဲလှဲ ရှိတယ်။ ကျနော်တို့ မေးချင်တာကိုလည်း လွတ်လွတ်လပ်လပ် မေးလို့ရတယ်။ အရမ်းကို ပျူပျူငှာငှာ ယဉ်ယဉ်ကျေးကျေးရှိတယ်။”

ထိုင်းနိုင်ငံမှာ အစိုးရကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြနေတဲ့ကြားကပဲ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒပြနေတဲ့သူတွေနဲ့ အစိုးရထောက်ခံသူတွေကြား လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့ပါတယ်။

DVB Burmese

ထိုင်းဝန်ကြီးချုပ်က ဒီမိုကရေစီစနစ်ကို ဆုပ်ကိုင်ထားဖို့ မဲပေးရန် တိုက်တွန်း


ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၃ နာရီထိ ရထားတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ ဆန္ဒပြသူတွေရဲ့ ပိတ်ဆို့မှုကြောင့် တချို့ဒေသတွေမှာ မဲရုံတွေကို ပိတ်ထားရလို့ နှောင့်နှေးနေပါတယ်။ မနက်ပိုင်းကတော့ ထိုင်းဝန်ကြီးချုပ် ယင်လ် ရှင်နာဝပ်က မဲပေးခဲ့ပြီး တိုင်းသူပြည်သားတွေ ဒီမိုကရေစီစနစ်ကို ဆုပ်ကိုင်ထားဖို့ မဲပေးကြပါလို့ တိုက်တွန်း ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ ခရိုင်ပေါင်း ၇၆ ခုထဲက တောင်ပိုင်းခရိုင် ၁၁ ခုမှ မဲပေးနိုင်မှု မရှိပါဘူး။ မြို့တော် ဘန်ကောက်က ဒင်းဒန်နဲ့ လခ်စီ ခရိုင် ၂ ခုအတွင်း ရာနဲ့ချီတဲ့ မဲရုံတွေလည်း ဆန္ဒပြသူတွေက ပိတ်ဆို့ထားလို့ မဲပေးနိုင်မှု မရှိပါဘူး။ ဒါပေမယ့် အခြေအနေက တည်ငြိမ်နေပြီး အကြမ်းဖက်မှုရှိကြောင်း အစီရင်ခံစာကို တမနက်ခင်းလုံးမရသေးဘူးလို့ အမျိုးသား လုံခြုံရေး ကောင်စီ ခေါင်းဆောင် ပါရာဒွန် ပတ်တနာတာဘတ်က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။

မြို့တော်ဘန်ကောက်မှာ လုံခြုံရေး အယောက် ၁၂၀၀၀ အပါအ၀င် တနိုင်ငံလုံးမှာ လုံခြုံရေးဝန်ထမ်း အယောက် ၁ သိန်း ၃ သောင်းကို တာဝန်ချထားတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ထိုင်းဘုရင်နဲ့ မိဖုရားကြီးတို့ကတော့ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီက စီစဉ်တဲ့ ဆန္ဒပြပွဲအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေမှာ သေကြေ ဒဏ်ရာရသူတွေအတွက် ဆေးဝါးနဲ့ ဈာပန ကုန်ကျစရိတ်တွေကို ပေးမယ့်အကြောင်း သ၀ဏ်လွှာကို ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးမှူးဆီကို ဇန်န၀ါရီ ၁၃ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး ပေးပို့ထားပါတယ်။

အငြင်းပွားဖွယ် ထိုင်းရွေးကောက်ပွဲ မကျင်းပမီ အကြိုညနေမှာ မြို့တော်ဘန်ကောက်ရဲ့ ဆင်ခြေဖုံးက လခ်စီ ခရိုင်မှာ အစိုးရ လိုလားတဲ့ ရှပ်နီတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား အဓိကရုဏ် ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာရပါတယ်။

စနေညနေပိုင်းက မဲပုံးတွေကို ပိတ်ဆို့ထားမှု ချိုးဖောက်ရေး ကြိုးစားတဲ့ အနေနဲ့ လခ်စီခရိုင်မှာ စုရုံးခဲ့တာပါ။ အခြေအနေ တင်းမာနေလို့အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေက သူတို့နဲ့ တွေ့ဖို့ သွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ခေါင်းပေါ်ကျော်ပစ်တဲ့ သေနတ်သံတွေ ကြားရပြီး လူတိုင်း အကာအကွယ်ရဖို့ ပြေးလွှားခဲ့ကြတာပါ။ ဒေသခံတွေကတော့ အကြမ်းဖက်မှုတွေ ဒဏ်ရာရမှုတွေ ရှိပေမယ့် မဲပေးဖို့ ခံယူချက်ကို တုန်လှုပ်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင်ကတော့ အဓိကရုဏ်း ဖြစ်အပြီး ဘန်ကောက်ရဲ့ လခ်စီ ခရိုင်မှာ မဲရုံအားလုံးမှာ မဲပေးမှုကို ပိတ်သိမ်းဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညက ဆုံးဖြတ်ခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်ကတော့ ဘန်ကောက်တမြို့ လုံးကို ပိတ်ဆို့ဖို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တနင်္ဂနွေနေ့မှာ အကြီးအကျယ် ဆန္ဒပြဖို့ဆော်သြခဲ့ပြီးပါပြီ။ ထိုင်းနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကို တနင်္ဂနွေ ဒေသစံတော်ချိန် မနက် ၈နာရီမှာ စတင်ပြီး ညနေ ၃နာရီမှာ ပိတ်မှာပါ။ နိုင်ငံတလွှား မဲပေးခွင့်ရှိသူ ၄၈.၇၇ သန်း အတွက် မဲဆန္ဒနယ် ၃၇၅ ခုမှ မဲရုံစုစုပေါင်း ၉ သောင်း ၃ ထောင်ကျော်ကို ပြင်ဆင်ထားပါတယ်။

ရနောင်းနဲ့ ဟတ်ယိုင်အပါအ၀င် ထိုင်းတောင်ပိုင်းခရိုင်တွေ အတော်များများမှာတော့ မဲပုံးတွေ သယ်လို့ မရအောင် ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ပိတ်ဆို့မှုတွေကြားမှာ မဲရှင် ဘယ်လောက်များများက အောင်အောင်မြင်မြင် မဲပေးနိုင်မလားဆိုတာနဲ့ ဒီလို ရွေးကောက်ပွဲ ကနေ ဘယ်လို ဆက်စခန်းသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၇ နိုင်ငံက ထိုင်းတွေအတွက် ကြိုတင် မဲပေးမှုကိုတော့ ဇန်န၀ါရီ ၁၂ ကနေ ၂၆ ရက်နေ့ကြား ကျင်းပခဲ့ ပြီးပါပြီ။ ထိုင်းနိုင်ငံသား ၁ သိန်း ၃ သောင်းကျော် မဲပေးဖို့ မှတ်ပုံတင်ခဲ့ပြီး အယောက် ၄၀၀၀၀ နီးပါးဟာ ထိုင်းသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ မဲပေးခဲ့ကြပါတယ်။

DVB Burmese

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက် အစားထိုးရန် လိုအပ်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းနဲ့ ရခိုင်ပြည် တခြားဒေသတွေမှာ တာဝန် ထမ်းဆောင် နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေဟာ အဆင့်မမီတော့တဲ့အတွက် ခေတ်မီ လက်နက်တွေ အစားထိုးဖို့ လိုအပ်နေတယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးရွှေသန်းက ပြောပါတယ်။

အရင်တုန်းကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ တည်ငြိမ် အေးချမ်းရေးကိုဘဲ အဓိကထား ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် လက်ရှိကိုင်ဆောင်နေတဲ့ လက်နက်တွေဟာ အဆင်မမှီတော့ တဲ့ အတွက် ခေတ်မှီ လက်နက်တွေ လိုအပ်ဆယ်လို တင်ပြတောင်းဆိုထားတယ်လို ပြောကြားခဲ့တာပါ။

မောင်တောမြို့နယ်အတွင်း ဒုချီးရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်မှာလည်း လက်နက်တွေဟာ ခေတ်မမှီတော့တဲ့အတွက် ခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့ရတာလို ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုနေကြတာပါ။

DVB Burmese

AIDS နှင့် ကမ္ဘာ (၆)


AIDS ဟာ ဒီလိုပဲ အဲဒီအချိန်က လူတွေသိတဲ့ နည်းနဲ့ရော၊ မသိတဲ့ နည်းနဲ့ပါ ကူးစက်ပြန့်ပွားလာလိုက်တာ ကမ္ဘာကို သိပ်မကြာခင် အတွင်းမှာပဲ ပတ်မိသွားတော့တာပဲ။ ပထမ မှာတော့ ဘယ်အတိုင်းအတာအထိ ပြန့်သွားပြီ ဆိုတာကို ပြောဖို့ရာ အင်မတန်မှ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းများက ရောဂါအကြောင်းကို ပြည့်စုံအောင် မသိကြသေးဘူး။ အချို့ နိုင်ငံတွေကလည်း သူတို့ဆီမှာ AIDS ဖြစ်နေပြီ ဆိုတာကို တရားဝင် ကြေညာဖို့ရာကို ရွံ့နေကြတယ်။ တရားဝင် ကြေညာခဲ့တဲ့ AIDS ရောဂါသည် စုစုပေါင်း ဂဏန်းနံပါတ်ကတော့ အစစ်တကယ် ရှိနေတာထက် နည်းနေတယ်လို့ ယူဆရတယ်။

ကမ္ဘ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာရှိ AIDS ရောဂါသည်များရဲ့ စာရင်းဟာ အစစ်အမှန်ရဲ့ ၅၀ % လောက်သာ မှတ်တမ်းတင်ပြိး ရှိတယ်။ အချို့ တိုင်းပြည်တွေက သူတွေဆီမှာ AIDS လုံးဝ မရှိလို့ ပြောခဲ့တယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာတော့ အရင်က “မရှိ” လို့ ပြောခဲ့တဲ့ တိုင်းပြည်တော်တော်များများက ရှိနေပြီလို့ ဝန်ခံလာကြတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ကျန်းမာရေး သတင်းပို့မှု စနစ်နဲ့ ယန္တရားဟာ သိပ်ပြီး မပြည့်စုံသေးတဲ့ အခြေမှာ ဆိုတော့ AIDS ရောဂါသည် အများစုဟာ မှတ်တမ်းတင်ခြင်း မခံရပဲ ရှိနေမှာလို့ ယူဆကြတယ်။

ကျန်းမာရေး သတင်း ပေးပို့မှု ကောင်းတဲ့ အမေရိကန်မှာတောင် ကမ္ဘာကျန်းမာရေး အဖွဲ့က ချမှတ်ထားတဲ့ AIDS ရောဂါ သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ရောဂါသည်တွေထဲက ၉၀ % ရာနှုန်းပြည့် မဟုတ်) သာ တိုင်းကြား မှတ်တမ်းတင်ခဲ့ကြတာကို တွေ့ရတယ်။ ဥရောပမှာ တော့ ၅၀ % ဟာ သတင်းပို့ တိုင်းကြားခြင်း မလုပ်ပဲ နေတာ ရှိတယ်လို့ ဆိုကြတယ်။ အချို့ တိုင်းပြည်တွေမှာတော့ သေစာရင်း ရေးပေးသူ ဆရာဝန်က AIDS ရောဂါအစား “ အဆုတ်ရောင်” “ကင်ဆာ” လို့သာ မှတ်တမ်းမှာ ရေးပေးလိုက်တယ်။

အရင်းခံရောဂါဖြစ်တဲ့ AIDS ကိုတော့ မဖော်ထုတ်တော့ဘူး။ အကြောင်းကောတ့ လူနာနဲ့ လူနာ မိသားစုကို မကောင်းသတင်း ကျော်ကြားမှုကို မပေးစေလိုတဲ့ သဘောပါပဲ။ ယခုအထိ AIDS ကြောင့် လူတွေ ဘယ်ရွေ့ဘယ်မျှ သေခဲ့ပြီ ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၁၉၈၇ ဆုံးလောက်မှာ AIDS ကြောင့် သေခဲ့တဲ့ သူတွေဟာ ၁၅၀၀၀၀ လောက် ရှိပြီလို့ ဆိုခဲ့တယ်။ ၁၉၈၈ ခုနှစ်အတွင်းမှာ နောက်ထပ် လူပေါင်း ၁၅၀၀၀၀ ဟာ AIDS ရောဂါ ဖြစ်ကြမှာတဲ့။

အမေရိကန်မှာ ၁၉၈၈ အထိ လူပေါင်း ၆၅၀၀၀ AIDS ကြောင့် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ စာရင်းအင်းအရ သိရတယ်။ တကယ့် ကိန်းဂဏန်းထက် ၁၀ % လောက် လျော့တန်ရာ ရှိတယ်လို့ သက်ဆိုရာ တွေက မှတ်ချက်ချထားကြတယ်။ AIDS ကပ်ရောဂါဟာ ကမ္ဘာမှာ အခုမှ အစပျိုးရုံ ရှိပါသေးတယ်။ တကယ် သေကြရမယ့် လူတွေရဲ့ စစ်မှန်တဲ့ အရေအတွက်ကတော့ နောက် နှစ်တော်တော်ကြာမှ သိရမှာ ဖြစ်တယ်။ ဆတက်ထမ်းပိုး ဆိုးမှာကတော့ သေချာပါတယ်။ အခုအချိန် AIDS ရောဂါပိုး ကိုယ်တွင်းရောက်ပြီးသား ဖြစ်ပေမယ့် ရောဂါလက္ခဏာတွေ မပေါ်ပေါက်သေးတဲ့ လူနာတွေက အဲဒီ အခါကျမှ တကယ် နာမကျန်း ဖြစ်လာပြီး သေကြမှာ ဖြစ်တယ်။

ဒီတော့ AIDS ရောဂါ ပွားနှုန်းအရှိန်ကို ခြုံငုံပြီး အချိန်စဉ်လိုက် စီပြီး ကြည့်ရှု တွေ့ရတာကတော့ -

၁၉၈၁ - ခုနှစ်ဆုံးမှာ အမေရိကန်ရှိ Centre for Disease Control (CDC) မှ ကြေညာချက်အရ အမေရိကန်မှာ AIDS ရောဂါ လူနာ ၁၈၀ ရှိတယ်။ ၆ လ အကြာမှာ ၄၉၃ ဖြစ်ပြီး ပြည်နယ် ၅၀ အနက် ၂၄ ပြည်နယ်မှာ ရောဂါ ရှိနေပြီး။ အဲဒီအချိန်မှာပဲ ဥရောပမှာ ၂၀၀ ရှိပြီး အဲဒီအထဲက ၄၂ ဦးကတော့ အာဖရိကမှ နေသူတွေဖြစ်ပြီး ဥရောပမှာ ဆေးလာကုကြသူတွေ ဖြစ်တယ်။

၁၉၈၂ - ကမ္ဘာ ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၆၆၈ ဦး ရှိပြိး ၁၆ နိုင်ငံက သတင်းပို့တာ ဖြစ်တယ်။ အဲဒီ အထဲက ၃ နိုင်ငံသာ ဥရောပနဲ့ အမေရိကတိုက် အပြင်ဘက်က ဖြစ်တယ်။ ( တော်အာဖရိက၊ အစ္စရေးနဲ့ သြစတြေးလျ)

၁၉၈၃ - မှာတော့ ကမ္ဘာပေါ်မှ AIDS ရောဂါသည် စုစုပေါင်းဟာ အရင်နှစ်ကထက် ၃ ဆတက်သွားပြီး (၅၀၉၆) ဦး အဲဒီ အထဲမှာ အာဖရိကနိုင်ငံ တော်တော်များများမှာ AIDS ရှိနေပြီ ဖြစ်ပေမယ့် Rwanda နိုင်ငံတစ်ခုတည်းကသာ မှတ်တမ်းထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို သတင်းပို့ခဲ့တယ်။

၁၉၈၄ - မှာတော့ အာဖရိကက တတိယ မြောက်နိုင်ငံနဲ့ အာရှက ဒုတိယမြောက်နိုင်ငံ (ထိုင်း) က AIDS ရှိကြောင်း မှတ်တမ်းတင် သတင်းပို့ခဲ့တယ်။

၁၉၈၅ - နောက်ထပ်တစ်ခါ ရောဂါ ၂ ဆ တိုးပြန်တယ်။ (၂၄၅၉၁ ဦး) ဒီနှစ်မှာတော့ အမေရကတိုက်ရှိ နိုင်ငံပေါင်း ၃၃၊ ဥရောပ ၂၀၊ အာဖရိက ၆ နိုင်ငံနဲ့ အာရှ/အိုရှံနီးယား (ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းစုနဲ့ ကျွန်းငယ်ကလေးများ) ၆ နိုင်ငံမှ AIDS မှတ်တမ်းတင်လို့ ရခဲ့ပြီ။

၁၉၈၆ - မှာ တတိယ အကြိမ် ရောဂါနှစ်ဆတက်သွားတယ်။ (စုစုပေါင်း ၄၅၉၆၆ ဦး) ဖြစ်တဲ့ နိုင်ငံ စုစုပေါင်း ၁၀၂ နိုင်ငံ)

၁၉၈၇ - နှစ်ဆုံးမှာ စုစုပေါင်း ၇၃၇၄၇ ဦးနဲ့ နိုင်ငံ စုစုပေါင်း ၁၂၉ နိုင်ငံ။

၁၉၈၈ - ဇွန်လအထိ ၁၀၀၄၅၀ ဦး ရှိနေပြီ၊ ၁၉၈၉-၉၀ ဟာ AIDS ရောဂါ သတ်တမ်း ၁၀ နှစ်ပြည့်တဲ့ ကာလ ဖြစ်တယ်။ AIDS အခြေအနေ ဘယ်လိုရှိနေသလဲ ဆိုတာ သုံးသပ်ကြည့်လိုက်တော့ ၁၉၈၉ ဇွန်လမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကို တရားဝင် သတင်းပို့လို့ သိရတဲ့ လူနာပေါင်း ၁၅၇၁၉၁ ယောက်နဲ့ နိုင်ငံပေါင်း ၁၄၉ နိုင်ငံ ( အဲဒီ အထဲမှာ မြန်မာ ပါလာပြီ) ဖြစ်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ခွင့်မရသည့်မဲဆန္ဒနယ် ၄၀ ကျော်ရှိ


ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂

ထိုင်းတစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၃၇၅ ခုရှိသည့်အနက် မဲဆန္ဒနယ် ၄၂ ခုတွင်ရွေးကောက်ပွဲလုံးဝပြုလုပ်ခွင့်မရခဲ့ကြောင်းသိရသည်

မဲဆန္ဒနယ် ၃၀၆ ခုတွင်အောင်မြင်စြွာ့ပုလုပ်နိုင်ခဲ့ပြီး
၊ တချို့မဲဆန္ဒနယ်များတွင်မူ ပြုလုပ်နိုင်သည့်နေရာများရှိသလို မပြုလုပ်နိုင်သည့်နေရာများလည်းရှိကြောင်းသိရသည် ။

သတင်း/ ဓာတ်ပုံ မေဇင်ဝင်း
Popular Myanmar News Journal

ချောင်းသာကမ်းခြေမှ ဈေးချိုချို တည်းခိုခန်းများ


ချောင်းသာကမ်းခြေမှာ အပန်းလည်းဖြေချင်တယ်၊ ငွေလည်း သိပ်အကုန်မခံချင်သူတွေအတွက် ဈေးချိုချို တည်းခိုခန်းလေးတွေအကြောင်း ပြောပြချင်ပါတယ်။

ဒီတည်းခိုခန်းလေးတွေကတော့ ချောင်းသာကမ်းခြေက သဲဖြူကျွန်းကိုသွားတဲ့လမ်းအနီးမှာ တည်ရှိပြီး ပင်လယ်ကမ်းစပ်နဲ့လည်း ၅ မိနစ်လောက် လမ်းလျှောက်သွားရင်ရောက်နိုင်တဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

တည်းခိုခန်းပိုင်ရှင်တွေကတော့ ယခင်က ကမ်းခြေက အုန်းတောမြေနေရာတွေကို အစိုးရက သိမ်းယူတာခံခဲ့ရသူတွေဖြစ်ပြီး မနှစ်ကစပြီး တပ်သိမ်းမြေတွေ ပြန်ပေးမယ်ဆိုတာနဲ့ တည်းခိုခန်းတွေ၊ ဘန်ဂလိုလေးတွေဆောက်ပြီး ၀င်ငွေရှာကြတဲ့ ချောင်းသာကျေးရွာက ဒေသခံတွေပဲ ဖြစ်ပါတယ်။

တည်းခိုဖို့ကတော့ ဘန်ဂလိုအိမ်တွေမှာ တလုံးချင်းသီးသန့်လည်း တည်းခိုလို့ရသလို အဖွဲ့လိုက် ခရီးထွက်လာသူတွေအတွက်လည်း အဖွဲ့လိုက်တည်းခိုလို့ရကြောင်း သိရပါတယ်။

တည်းခိုခန်းအလုံးရေ ၁၂၀ လောက်ရှိပြီး အခန်းပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဇန်န၀ါရီလအတွင်း ဈေးနှုန်းအရတော့ လူ ၈ ယောက် အိပ်နိုင်တဲ့အခန်းတခန်းကို ၃၀,၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရပါတယ်။
ဧည့်သည်အလာ အနည်းအများအပေါ်မူတည်ပြီး အခန်းခ ဈေးနှုန်းကလည်း အတက်အကျရှိပါတယ်။

“ဈေးနှုန်းကတော့ ၁ ခန်းကို ၃ သောင်း။ ဒါပေမယ့် ငွေကြေးအခြေအနေအရ အခန်း ၁ ခန်းငှားပြီး ၁၀ ယောက်လောက် အဆင်ပြေသလို အိပ်ကြမယ်ဆိုရင်လည်း ကျနော်တို့က ခရီးသွားတွေအဆင်ပြေဖို့ ခွင့်ပြုပေးပါတယ်”လို့ တည်းခိုခန်းတာဝန်ခံတဦးက ပြောပါတယ်။



ဇန်န၀ါရီလအတွင်း ချောင်းသာကိုရောက်ရှိချိန်မှာ ဒီတည်းခိုခန်းလေးတွေမှာ မြန်မာပြည်အလယ်ပိုင်း ပြည်၊ အောင်လံ၊ မကွေး၊ တောင်တွင်းကြီးဒေသက ခရီးသွားလူငယ်အဖွဲ့တွေ တည်းခိုကြတာလည်း တွေ့ခဲ့ရပါတယ်။

“ကျနော်တို့အဖွဲ့က လူ ၁၀ ယောက်ပါတယ်။ တည်းခိုခန်းကြီးတွေမှာဆိုရင် တယောက်ကို ရှစ်ထောင်၊ တသောင်း လောက် ပေးရမှာလေ။
ဒီမှာတည်းတော့ တခန်းစာ သုံးသောင်းပဲပေးရတယ်။ ဆယ်ယောက် တည်းလို့ရတယ်။ တယောက်မှ သုံးထောင်ဆိုတော့ သက်သာတယ်။
အခန်းထဲမှာ ရေချိုးခန်း၊ အိမ်သာရှိတယ်။ အဲဒါတွေလည်းသန့်ရှင်းပါတယ်။ သုံးလို့အဆင်ပြေတယ်။
ကျနော်တို့က ပင်လယ်မှာ အပန်းဖြေချင်တာဆိုတော့ အိပ်စရာနေရာအဆင်ပြေရင် ကျန်တာအားလုံးအိုကေတယ်လေ”လို့ မကွေးမြို့ကနေ ချောင်းသာကို လာလည်တဲ့ လူငယ်တဦးက ပြောပါတယ်။

ဒါပေမယ့် ဒီဈေးချိုချိုတည်းခိုခန်းတွေဟာ လိုင်စင်မရှိဘဲ ဧည့်သည်လက်ခံနေတဲ့ တရားမ၀င် တည်းခိုခန်းတွေဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တည်းခိုခန်းမြေနေရာတွေဟာ ယခင်က တပ်မတော်က လျော်ကြေးပေးပြီး တပ်မြေအဖြစ် သိမ်းယူထားတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်ကစပြီး နေထိုင်ခွင့်ပေးခဲ့လို့ အခုလို တရားမ၀င် တည်းခိုခန်းတွေ တည်ဆောက်လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း၊
ဒီတရားမ၀င် တည်းခိုခန်းတွေကြောင့် တရားဝင်ဖွင့်လှစ်တဲ့ ဟိုတယ်နဲ့
တည်းခိုခန်းတွေ ၀င်ငွေ ၉၀ ရာခိုင်နှုန်း ထိခိုက်ကြောင်း
ချောင်းသာတည်းခိုခန်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအားရွှေက The Traveller
ဂျာနယ်မှာ ပြောဆိုခဲ့ပါတယ်။

ဦးအားရွှေရဲ့ The Traveller ဂျာနယ်ပါ ပြောဆိုချက်ကို ဒေသခံတည်းခိုခန်းပိုင်ရှင်တွေက မကျေနပ်တဲ့အတွက် ဇန်န၀ါရီလ ၂၇ ရက်နေ့က ချောင်းသာကျေးရွာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

“ဦးအားရွှေပြောသလို တပ်က လျော်ကြေးပေးပြီးသိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။
ကျမတို့ မြေတွေအတွက် လျော်ကြေးတပြားမှ မရခဲ့ပါဘူး။ အုန်းပင်ဖိုးဆိုပြီး တပင်ကို ၁၀၀၀ လောက် တန်ဖိုးရှိတဲ့အချိန်မှာ တပင်ကို ၃၅၀ ပေး၊ ၂၀၀ ပေးနဲ့ သိမ်းယူခဲ့တာပါ။
ကျမတို့ မိဘဘိုးဘွားတွေ ဓားမဦးချလုပ်ခဲ့တဲ့မြေတွေကို အလကားသိမ်းသွားတာပါ။ ဦးအားရွှေအနေနဲ့ ချောင်းသာ ဒေသခံလည်း မဟုတ်ဘဲနဲ့ ချောင်းသာအကြောင်းကို မသိဘဲလျှောက်ပြောတာ မကောင်းပါဘူး”လို့ ဈေးချိုချို တည်းခိုခန်းပိုင်ရှင်တဦးဖြစ်တဲ့ ဒေါ်သန်းအုန်းက ပြောပါတယ်။

မြေသိမ်းတဲ့ဖြစ်စဉ်ကတော့ ဒေါ်အုန်းသန်းရဲ့မိခင် ဒေါ်စိုးအပါအ၀င် ချောင်းသာဒေသခံ ၁၂ ဦးရဲ့ မြေဧက ၄၀ ကျော်ကို ၁၉၉၃ ခုနှစ်က ပုသိမ်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ခ.၀.တ) က သိမ်းသွားခဲ့ပါတယ်။မြေတွေသိမ်းပြီး ၂၅ ဧကကျော်ကို ဟိုတယ်တွေကို နှစ် ၃၀ ဂရမ်နဲ့ အငှားချထားခဲ့ပြီး ၁၅ ဧကလောက်ကိုတော့ ဘာအဆောက်အဦးမှမဆောက်ဘဲ မြေကွက်လပ်အဖြစ် ထားခဲ့တယ်လို့ ချောင်းသာဒေသခံတွေက ပြောပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်သိမ်းမြေတွေ ပြန်ပေးဖို့ အစီအစဉ်အရ ချောင်းသာကမြေတွေကိုလည်း ပြန်ပေးဖို့အတွက် ပုသိမ်ခရိုင်ထွေ/အုပ်ရုံးက ဦးစီးပြီး စိစစ်တာတွေလုပ်လာချိန်မှာ
 မြေသိမ်းခံခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့မြေတွေပေါ်မှာ တည်းခိုခန်းဘန်ဂလိုအဆောက်အဦးတွေ အလျင်အမြန် ဆောက်ခဲ့ကြတာဖြစ်ကြောင်း  တည်းခိုခန်းပိုင်ရှင် ဒေါ်ခင်ဌေးက ပြောပါတယ်။

“တပ်သိမ်းမြေတွေ ပြန်ပေးမယ်ပြောလာတော့ အစိုးရသိမ်းသွားပြီး ဘာမှမလုပ်ဘဲကျန်နေတဲ့ ကိုယ့်မိဘလက်ထက်ကမြေတွေပေါ်မှာ အဆောက်အဦးတွေ အမြန်ဆောက်၊ ခြံတွေ အမြန်ခတ်တာတွေ လုပ်ရတော့တယ်။ မလုပ်လို့မရဘူး။
ချောင်းသာမှာ အလုပ်အကိုင် စီးပွားမကောင်းလို့ တခြားဒေသကပြောင်းလာသူတွေအများကြီး။ သူများမြေထဲ ကျူးကျော်နေလို့ တရားစွဲတဲ့ကိစ္စတွေလည်း အများကြီးရှိတယ်။
 ကျမတို့မြေထဲကျူးကျော်တွေဝင်လာရင် ပိုရှုပ်ကုန်မှာမို့ ကိုယ့်ဘာသာ အရင်ဦးအောင် နေရာပြန်ယူထားရတာပါ”

တည်းခိုသူဧည့်သည်တွေကိုလည်း စည်းကမ်းမဲ့လက်ခံတာမဟုတ်ဘဲ သက်ဆိုင်ရာကို ဧည့်စာရင်း စနစ်တကျ တိုင်ကြားကြောင်း၊
လက်ရှိမှာလည်း တရားဝင် တည်းခိုခန်းအဖြစ် လျှောက်ထားလုပ်ကိုင်ဖို့ ပြင်ဆင်နေကြောင်း တည်းခိုခန်းပိုင်ရှင် ဦးကိုကိုလွင်က ပြောပါတယ်။

“ကျနော်တို့က ခရီးသွားတွေကို ဈေးနှုန်းချိုချိုနဲ့တည်းလို့ရအောင် ကူညီပေးတယ်။
အခုလည်း တရားဝင် လိုင်စင်လျှောက်ထားလုပ်ကိုင်ဖို့ ပြင်ဆင်နေပါပြီ။ ကျနော်တို့က ကိုယ့်မြေယာတွေကို နှစ်ပေါင်းများစွာလက်လွတ်ဆုံးရှုံးခဲ့တဲ့လူတွေပါ။
အခုမှ ကိုယ့်မြေပေါ်မှာ လုပ်ကိုင်ရှာစားခွင့်ရတာပါ။ သူတို့ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ကျနော်တို့ မိဘတွေဆီက သိမ်းသွားတဲ့မြေပေါ်မှာ နှစ်ပေါင်းများစွာ ရှာစားလာခဲ့တာ ဆယ်စုနှစ်တခု ကျော်နေပါပြီ”လို့ သူက ပြောပါတယ်။

ကဲ ... ဒါကတော့ ချောင်းသာကမ်းခြေက ဈေးချိုချို တည်းခိုခန်းများအကြောင်း တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်
Irrawaddy ဧရာဝတီ သတင်း