ခြင်ဆေးခွေမီးမှ ခြင်ထောင်အားကူးစက်လောင်ကျွမ်း

ပို့စ်တင်ချိန် - 2/02/2014 04:10:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁

၃၁.၁.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဖျာပုံပတ်လမ်းနေ မခင်သီတာငြိမ်း(ဘ)ဦးငြိမ်းသည် အိပ်ယာခေါင်းရင်း၌ ခြင်ဆေးခွေထွန်းပြီး အိပ်ခဲ့ရာ ၂၃၃၀ အချိန်ခန့်တွင်
ခြင်ဆေးခွေမီးမှ ခြင်ထောင်အားကူးစက်လောင်ကျွမ်းခဲ့၍ ၎င်းကိုယ်တိုင်
မီးငြိမ်းသတ်ခဲ့သဖြင့် ၂၃၃၂ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ခြင်ထောင်အနည်းငယ်မီးလောင်ပျက်ဆီးခဲ့ပြီး မီးငြိမ်းသတ်စဉ် မခင်သီတာငြိမ်းတွင် ၀ဲ/ယာလက်ခုံနှင့်ခြေသလုံးတို့၌ မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ရွှေပြည်သာဆေးရုံတွင် အတွင်း
လူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွါးခဲ့သည့်အတွက် မီးပေါ့ဆစွာအသုံးပြုသူ မခင်သီတာငြိမ်းအား ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၀/၂၀၁၄၊
ပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

ရဲဇာနည်