ယောက္ခမ၏ လည်ပင်းအား သမက်ဖြစ်သူမှ ဓားဖြင့်လှီး၍ သတ်ဖြတ်

ပို့စ်တင်ချိန် - 2/02/2014 01:50:00 PM


ကလေး၊ ဇန္န၀ါရီ ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခုံတိုးကျေးရွာတွင် သမက်ဖြစ်သူမှ ယောက္ခမ၏ လည်ပင်းအား ဓားဖြင့်လှီး၍ သတ်ဖြတ်ခဲ့သ ဖြင့် ယောက္ခမဖြစ်သူ သေဆုံးသွားရသည့် လူသတ်မှု ဖြစ်စဉ်တစ်ရပ် ယခုလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့မရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ ကလေးမြို့နယ်၊ ခုံတိုးမြို့သာကျေးရွာနေ ၊ ဒေါ်လှလေး အသက် ၇၆ နှစ် ဆိုသူဖြစ်သည်။ သေဆုံးသူ ဒေါ်လှလေးသည် မသေခင်အချိန်က သမက်ဖြစ်သူ ကိုဝင်းမြင့်(ခ) ဖိုးတုတ်(ခ) စံမြင့် နှင့် စကားများ ရန်ဖြစ်ခဲ့ကြပြီး သမက်ဖြစ်သူက အရိုးအသွား ၁၃ လက္မခန့်ရှိသော ဓားဦးချွှန်တစ်လက်ကို အသုံးပြု၍ ယောက္ခမဖြစ်သူ၏ လည်ပင်းအား တ ၀က်ခန့်အထိ လှီးဖြတ်ခဲ့ရာ ဒေါ်လှလေး သေဆုံးသွားရခြင်းဖြစ်သည်ဟု ခုံတိုးမြို့သာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့် အဖွဲ့က မှတ်တမ်းများရယူထားခဲ့သည်။

အဆိုပါ လူသေဆုံးနေသည့်အရပ်သို့ မြောက်စည်းနယ်မြေရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ၏ အိမ်နီးနား ချင်းများဖြစ်သည့် ဦးလင်းလင်း၊ ဦးမြင့်အောင် ဆိုသူတို့နှင့်အတူ သွားရောက်ခဲ့ကြပြီး မှုခင်းဆိုင်ရာ မှတ်တမ်းများ ရယူခဲ့ ကြောင်းသိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ လူသတ်မှုအား ကလေးမြို့နယ်၊ မြောက်စည်းနယ်မြေရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အ မှတ်၁/၂၀၁၄ (ပ) ၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်သည် မိသားစုရေးပြဿနာ သက်သက်သာဖြစ်ပြီး အခြားသော ဘာသာရေး၊ လူမျိုးရေး စသည့် ရှုပ် ထွေးဖွယ်ရာ အခြေအနေများ လုံးဝ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာမရှိကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှိ ၀န်ထမ်းတစ်ဦးက အတည်ပြုပြော တုန့်ပြန်ပြောကြားခဲ့သည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)