ဘိန်းဖြူ၊ ဆေးခြောက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ပို့စ်တင်ချိန် - 2/02/2014 05:51:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၄၂)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်အနောက်)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ နတ်မောက်လမ်းနေ ၀င်းနိုင်လွင်(ခ)နိုင်ကြီး(၅၂)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်နောက်ဘက် အိမ်သာရှေ့ရှိ စီးကရက်ဗူးခွံအတွင်းမှ ဘိန်းဖြူ(၀.၈)ဂရမ်၊ နေအိမ်အိပ်ခန်း အတွင်းရှိ ကော်ဗူးအတွင်းမှ ဘိန်းဖြူ(၂.၅)ဂရမ်၊ WY နှင့် 1 စာတန်းများပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀ ပြားနှင့် ဆေးခြောက်(၆.၅)ဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၈၈၁၉၅၀ိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၀င်းနိုင်လွင်(ခ)နိုင်ကြီးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း မယ(ပ)၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်