Xbox Live အကောင့်ကို ဟက်နိုင်ခဲ့တဲ့ San Diego မြို့သား ၅နှစ်သားလေး




သီဟနိုင် on 2014-04-05 11:31    
Microsoftက ဉာဏ်အထက်ဆုံးပုဂ္ဂိုလ်တွေကို San Diego မြို့က ၅နှစ်သားကောင်လေးဟာ တစ်ပတ်ရိုက်ခဲ့ပါတယ်။ အဲ့ဒီ့ ၅နှစ်သားကောင်းလေး ရှာတွေ့ခဲ့တာကတော့ Xboxထဲမှာပါတဲ့ backdoor (လျှို့ဝှက်လမ်းကြောင်း) တစ်ခုကိုပါ။

Kristoffer Von Hassel အမည်ရှိတဲ့ ၅နှစ်သားလေးဟာ သူ့အဖေရဲ့ Xbox Live အကောင့်ထဲကို ၀င်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ လျှို့ဝှက်ကုတ်ရိုက်ရမယ့် မျက်နှာပြင်ပေါ်လာတဲ့အခါ Kristoffer က space ကို အကြိမ်အနည်းငယ်ပုတ်လိုက်ပြီး enter ခေါက်လိုက်ပါတယ်။

ခရစ်စမတ်ပြီးတဲ့အချိန်လောက်မှ ကလေးအဖေဖြစ်သူ Robert Daviesဟာ ကလေး ၀င်သုံးခွင့်မရတဲ့ ဂိမ်းတွေကို သူ့သားဆော့နေတာ သတိပြုမိခဲ့တယ်လို့ KGTV-TV ကို Robert ကပြောခဲ့ပါတယ်။

Robert Davies ဟာ ကွန်ပျူတာ လုံခြုံရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်နေသူတစ်ယောက်ပါ။ ဒီ လျှို့ဝှက်ကုတ်ကို သူ့သား ၀င်ရောက်နိုင်ခဲ့တဲ့ ကိစ္စရပ်ကို Robertက Microsoft ကိုတင်ပြခဲ့ပါတယ်။ Microsoft က bug ကို ပြင်ဆင်ရေးသားခဲ့ပြီး မကြာမီဆိုသလို Microsoft ရဲ့ ၀ဘ်ဆိုဒ်မှာ Robert Kristofferကို “လုံခြုံရေး သုတေသီ” အဖြစ် စာရင်းသွင်းခဲ့ပါတယ်။

“ကျွန်တော် အောင်မြင်ကျော်ကြားတော့မှာပေါ့။ !” လို့ Robert Kristoffer က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပေးစေဖို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းခေါ်ဆိုရာမှာတော့ ပြန်ကြားခြင်းမရှိခဲ့ပါဘူး။

Robert Kristofferရဲ့ အောင်မြင်မှုဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူတစ်နှစ်သားတုန်းက ဆဲလ်ဖုန်းရဲ့ home ခလုတ်ကို ဖိပြီး lock လုပ်ထားတာကို ကျော်ဖြတ်နိုင်ခဲ့ဖူးပါတယ်။

Trend Myanmar

အမေ့အတွက် မဟာအင်အား








အမေ့အတွက် မဟာအင်အား
အတာကူးသည့် တန်ခူးလသည် မြန်မာလူမျိုးများအတွက် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး ရေကစား ကြသော မဟာသင်္ကြန် အချိန်ကာလတစ်ခုဖြစ်သည်။ ထို့အပြင် နှစ်ဟောင်းမှ အညစ်အကြေးများအား မဟာသင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ကြသည့် လထူးလမြတ်တစ်ခုလည်း ဖြစ်ပေသည်။ထို့ကြောင့် မြန်မာပြည်သူ/သားများအတွက် မှတ်မှတ်ရရ လမြတ်တစ်ခုလည်း ဖြစ်တော့သည်။ ကျွန်တော့်အတွက် နှလုံးသားထဲတွင် အစဉ်သဖြင့် အမှတ်ရစေမည့် လမြတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

၎.၄.၂ဝ၁၄ ခုနှစ် တန်ခူးလဆန်း (၅) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီးဦးဆောင် ဖွဲ့စည်းထားသော ပညာရေးကွန်ယက် (၃) နှစ်ပြည့် ရံပုံငွေရှာဖွေ ရေး ဂီတပွဲတော်အား မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမ အဆောက်အဦးကွင်းပြင်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပညာရှင်များ စုံညီစွာဖြင့် ကျင်းပခဲ့သည့် ပထမနေ့ ၄.၄.၂ဝ၁၄ ရက်နေ့ ဖျော်ဖြေပွဲအစီအစဉ်၌ လွတ်လပ် ငြိမ်းချမ်း “ပန်းရဲ့လမ်း" လူမှုကွန်ယက် တေးဂီတအဖွဲ့နှင့်အတူ ကျွန်တော်အတူပူးတွဲ ပါဝင်ခွင့်ရရှိခဲ့သည်။ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း" အဖွဲ့မှ ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုသားထွေးတို့၏ တိုက်တွန်းချက်အရ ကျွန်တော် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ တေးဂီတ ဖျော်ဖြေပွဲဖြစ်သည့်အတွက် ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ပွဲတွင် ကျွန်တော် မပါဝင်ခဲ့ချေ။ ကျွန်တော်သည် ဂီတပညာရှင်၊ အဆိုတော်တစ်ဦး မဟုတ်သည့်အတွက် ဖြစ်ပေသည်။ ယခုနှစ် ဂီတဖျော်ဖြေရေးပွဲတွင် ဦးရဲ လွင်၊ ကိုသားထွေးတို့မှ ကျွန်တော့်အား မည်ကဲ့သို့ပုံစံမျိုးဖြစ်ဖြစ် ပါဝင်ဆင်နွှဲပေးရန် ပြောကြားခြင်းကြောင့် ကျွန်တော် ၂ဝ၁၁ ခုနှစ်တွင် ရေးသားထားသော ကဗျာတစ်ပုဒ်အား ပြန်လည်သတိရမိသည်။ ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် ပညာရေးရံပုံငွေပွဲအား ပါဝင်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့တော့သည်။
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) တွင် ကျွန်တော်သည် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ကြသော သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းမှုကြောင့် ကျွန်တော် တို့ဇနီးမောင်နှံနှစ်ဦး (၇) ရက် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ကျွန်တော်၏ အနု ပညာလုပ်ငန်းများ လုံးဝပိတ်ပင် ရပ်ဆိုင်းလိုက်ရသည်ကို သိရှိလိုက်ရသည်။ ထို့ကြောင့် ကျွန်တော် နေအိမ် တွင် ထွက်ပေါက်တစ်ခုအနေဖြင့် ပန်းချီကားများ ရေးဆွဲခဲ့သည်။ ထိုပန်းချီကားများအား ရန်ကုန်မြို့တွင် တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပရန်ကြိုးစားခဲ့သည်။ သို့ရာတွင် ကျွန်တော့်အား ပန်းချီပြပွဲပြုလုပ်ရန် အစိုးရမှ ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျွန်တော့်၏ ဇနီး ရွှေဇီးကွက်၏မွေးနေ့၌ မိမိလေးစားခဲ့သော၊ မိမိမြတ်နိုးခဲ့သော၊ မိမိချစ်ခင်ခဲ့သော မိတ်ဆွေ သူငယ်ချင်းများ နှင့် နိုင်ငံရေးလောကတွင် အထင်ကရဖြစ်သော ပုဂ္ဂိုလ်ကြီးများအပြင် မိမိနှင့် လက်တွဲဖော် လက်တွဲဖက် ပရဟိတ လူမှုရေးသမားများအား နေအိမ်သို့ ဖိတ်ကြား၍ မိမိရေးဆွဲထားသော ပန်းချီကားများအား ပြသ ရန် စီစဉ်ခဲ့သည်။ ထိုနေ့တွင် အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်ရှိလာပြီး ကျွန်တော်တို့ ဇနီး မောင်နှံအား လာရောက်အားပေး၍ ကျွန်တော်ရေးဆွဲထားသော ပန်းချီကားများအား ဂရုတစိုက်ကြည့်ရှု ခဲ့ သည်။ ထိုပွဲတွင် အမေစုအား ကျွန်တော်မှ "အမေ …. ကျွန်တော့်ကို အမှတ်တရ ပန်းချီကားတစ်ကား ရေး ဆွဲပေးပါ" ဟု တောင်းဆိုမှုကြောင့် အမေစုသည် မဆိုင်းမတွဘဲ စုတ်တံကိုကောက်ယူလိုက်ပြီး ရောင်စုံဆီ ဆေးထည့်ထားသော ဆေးစပ်သည့်ခွက်ထဲမှ အပြာနုရောင်ဆီဆေးအား စုတ်တံနှင့် တို့လိုက်သည်။ ထို့ နောက် အသင့်ထောင်ထားသော အဖြူရောင်ပိတ်ကားပေါ်တွင် ရေးဆွဲလိုက်သည်။ ထို့နောက် ကျွန်တော့် အား "သား…… ဆက်ဆွဲလိုက်ပါ" ဟု ပြောကြားလိုက်သည်။ ကျွန်တော် ဘယ်ဆက်ဆွဲဝံ့မှာလဲ အမေ။ ကျွန်တော် အာခေါင်လှံမစူးဝံ့ပါဘူး အမေ။ အမေစုဆွဲထားသော ပန်းချီကားသည် ရေလှိုင်းလေးများလိုလို၊ ကွန်ယက်လိုလို၊ ကွင်းဆက်လိုလို အဓိပ္ပါယ်နက်ရှိုင်းသော ပန်းချီကားတစ်ချပ် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်ရွှေဘောင်ကွပ်၍ ကျွန်တော့်၏ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုပန်းချီကားနှင့် ပတ်သက်၍ ကျွန်တော် ကဗျာတစ်ပုဒ်စပ်ခဲ့သည်။ ထိုကဗျာအမည်ကား "အမေ့ကျေးဇူး" ဟု အမည်ပေးလိုက်တော့သည်။ ယင်းကဗျာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ရံပုံ ငွေပွဲတွင် ကျွန်တော်သည် LED ပိတ်ကားပြင်ထက်တွင် ဖြစ်ရပ်မှန်ပုံရိပ်များဖြင့် သရုပ်ဖော်ပြသကာ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” ဂီတပညာရှင်များနှင့် တွဲဖက်၍ အများပြည်သူ ပရိသတ်တို့အား ရွတ်ဖတ် ၍ အမေစုအား ဂုဏ်ပြုလိုက်ပါတော့သည်။
အမေ့ကျေးဇူး
ကွန်ယက်လေလား …
ကွင်းဆက်လေလား …
ဒီရေအလား .. ဖြည်းဖြည်းတက်သွား။
စည်းလုံးမှုအား … ညီညွတ်မှုအား။
လက်ချင်းတွဲထား … ခိုင်မြဲမှုအား။
သွေးမကွဲတဲ့ … ဒို့ပြည်ထောင်စုအား။
အပြာရောင်နုနု … ငြိမ်းချမ်းမှုအား
ရာဇဝင်တွင်မယ့် ဂန္တဝင်ပန်းချီကား။
အဖြူပေါ်အပြာနု … ‘အမေစု’ ဆွဲတဲ့ မှော်ဝင်အနုပညာကား။
“သားဆက်ပြီးဆွဲတဲ့” … လက်ဆင့်ကမ်းပေးမှုလား၊
သားဆက်ပြီး မဆွဲရက်ဘူး အမေ။
အမေ့ရဲ့လက်ရာ သားမဖျက်ဝံ့ဘူး အမေ။
အမေ့ရဲ့ခံစားမှု သားမမှေးမှန်စေချင်ဘူး အမေ။
အမေ့ရဲ့တင်ပြမှု သားအကျည်းတန်အောင် မလုပ်ပါရစေနဲ့ အမေ။
အမေ့ထက် သားတစ်လ မကြီးဝံ့ပါအမေ။
သား အာခေါင်လှံမစူးဝံ့ပါအမေ။
သား အရှင်လတ်လတ် မဟာမြေကြီးထဲ မဆင်းဝံ့ပါအမေ။
အမေဟာ … အမေပါ အမေရယ်။
အမေ့နောက်မှာ သားတို့ရှိတယ်။
အမေ့ဘေးမှာ သားတို့နေမယ်။
အမေ့ခြေလှမ်းနောက်ကို သားတို့ထပ်ကြပ်မကွာလိုက်မယ်။
အမေမောရင် သားတို့တွဲခေါ်ပေးမယ်။
အမေဆာရင် သားတို့ခူးခတ်ကျွေးမယ်။
အမေ … လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းမှုကို သားတို့ဝိုင်းရံပေးမယ်။
အမေ … ယက်နေတဲ့ မျိုးဆက်သစ်ကွန်ယက်ကို သားတို့ချည်နှောင်ပေးမယ်။
သားတို့ အမေ့ကို ဒီလိုပဲ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ။

ကဲ … ဟေ့! ... အမေ့သားတွေ
ညီစေနော် … ညီစေ။
လက်ချင်းတွဲထား … မဟာအင်အား။
စိတ်ချင်းဆက်ထား … မဟာအင်အား။
ရဲသွေးနီထား … မဟာအင်အား။
အမေ့ကျေးဇူးကို ဆပ်ကြပါစို့လား။
ယခုလက်ရှိ အချိန်ကာလတွင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပြည်သူ/သားများအားလုံး ကဗျာ ပါ နောက်ဆုံးစာပိုဒ်အတိုင်း “လက်ခြင်းချိတ်ထား … မဟာအင်အား၊ စိတ်ချင်းဆက်ထား … မဟာအင်အား၊ ရဲသွေးနီထား … မဟာအင်အား” ဆိုသည့်အတိုင်း စည်းလုံးမှုအင်အားများ တည်ဆောက်ရန် အချိန်ကာလ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်တော့သည်။

ကျော်သူ
Dawnmanhon

ကျပ်သိန်း(၁၂၀၀၀)တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊ ဧပြီ ၅
၂၀၁၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မူဆယ်-လားရှိုးပြည်ထောင်စုလမ်း၊ ဘုံမွန်စိုက်ခင်းအနီးတွင် မူဆယ်မှလားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်ပင်လယ်ရွာနေ စိုးမြင့်နောင်(၄၀)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မမန်ခမ်းဆီ (၅၂)နှစ်လိုက်ပါလာသည့် ၈A/xxxx ဗင်အဖြူရောင်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ယာဉ်မောင်းနောက်ခန်းရှိထိုင်ခုံအောက် အံဝှက်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၆)သိန်း၊ တန်ဘိုးငွေကျပ်သိန်း(၁၂၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သောကြောင့် စိုးမြင့်နောင်နှင့်မမန်ခမ်းဆီတို့ ၂ ဦးအား လားရှိုးနယ်မြေရဲစခန်း မယ(ပ)၁၉/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲအတွက် လုံခြုံရေး တင်းကျပ်


အာဖဂန်နစ္စတန်နိုင်ငံမှာ ဧပြီလ ၅ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲအတွက် ကဘူးလ်မြို့တော်မှာ စနေနေ့မနက်က လုံခြုံရေးတွေ တင်းကျပ်ထားခဲ့ ပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် တရက်ကြို ဧပြီ ၄ ရက်နေ့ကလည်း တာလီဘန်တွေ တိုက်ခိုက်ခဲ့လို့ အေပီသတင်းထောက်တဦး သေဆုံးခဲ့ပြီး နောက်သတင်းထောက်တဦးလည်း ဒဏ်ရာရခဲ့ကြပါ တယ်။

ဧပြီ ၅ ရက်နေ့မနက် ၇ နာရီမှာ မဲရုံတွေကို စတင်ဖွင့်လှစ်ပြီး မဲပေးခွင့်ရကြတဲ့ အာဖဂန်ပြည်သူ ၁၃ သန်းဟာ သူတို့ရဲ့ သမတသစ်ကို ရွေးချယ်ကြတော့မှာဖြစ်ပါတယ်။

တာလီဘန်တွေကတော့ အမေရိကန်နောက်ခံတဲ့ရွေးကောက်ပွဲဖြစ်လို့ဆိုပြီး တနိုင်ငံလုံးမှာ နှောင့်ယှက်ဖျက်ဆီးဖို့ တာလီဘန်တိုက်ခိုက်ရေးသမားတွေကို စေလွှတ်ထားပြီး အခုချိန်အထိ ရွေးကောက်ပွဲကို နှောင့်ယှက်တဲ့ တိုက်ခိုက်မှုတွေမှာ လူတွေဒါဇင်နဲ့ချီ သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ရွေးကောက်ပွဲအတွက် အာဖဂန်လုံခြုံရေး ၃ သိန်းခွဲ တပ်ချထားပြီး တာလီဘန်တွေရဲ့ အမာခံမြို့ဖြစ်တဲ့ ကင်ဒါဟာမြို့ကိုတော့ လုံးဝပိတ်ဆို့ထားလိုက်ပါတယ်။ မြို့ခံတွေကို အိမ်မှာပဲ နေကြဖို့ အစိုးရက အကြံပြုထားပါတယ်။

လက်ရှိသမ္မတ ကာဇိုင်းကတော့ သမ္မတသက်တမ်း ၂ ခုလုံး ကုန်ဆုံးပြီး သမတသစ်ကို အာဏာ လွှဲပြောင်းပေးရတော့မှာဖြစ်ပေမယ့် အာဖဂန်နိုင်ငံရေးမှာ သူ့ရဲ့သြဇာဆက်ရှိနေအုံးမယ်လို့ သုံးသပ်ကြပါတယ်။

၂၀၀၁ ခုနှစ်မှာ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်နိုင်ငံတွေက တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၃ နှစ်တာကာလအတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံဟာ သွေးစွန်းတဲ့ရက်တွေသာ များခဲ့ပြီး အရပ်သား အနည်းဆုံး ၁၆၀၀၀ ကျော်၊ နိုင်ငံခြားတပ်ဖွဲ့ဝင် ၃၅၀၀ ကျော် နဲ့ အာဖဂန်လုံခြုံရေးတွေ ထောင်ချီပြီး သေဆုံးခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး နိုင်ငံတည်ဆောက်ရေးအတွက် သုံးစွဲခဲ့ရပါတယ်။ ၂၀၁၄ အကုန်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားတပ်အများစုကို ပြန်ရုပ်သိမ်းတော့မှာဖြစ်ပြီး တိုက်ခိုက်ရေးမဟုတ်တဲ့ အမေရိကန်တပ်အင်အား ၁ သောင်းလောက်ကိုပဲ ဆက်ထားဖို့ အမေရိကန်နဲ့ အာဖဂန်သမတသစ်တို့ ဆုံးဖြတ်ကြရမှာလည်း ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံဟာ တောင်ထူထပ်ပြီး သွားလာရခက်ခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် ရွေးကောက်ပွဲ ကနဦးရလဒ်တွေကိုတောင်မှ ရွေးကောက်ပွဲကျင်းပပြီး တလခွဲအကြာမှ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုလဲဖြစ်ဖြစ် ပြဿနာပေါင်းစုံနဲ့ ကျင်းပခဲ့တဲ့ ၂၀၀၉ သမ္မတ ရွေးကောက်ပွဲထက်တော့ သာလိမ့်မယ်လို့ အာဖဂန်ပြည်သူအများစုက မျှော်လင့်နေကြပါတယ်။


DVB Burmese

သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲ



မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် နီးကပ်လာပြီ ဖြစ်တာမို့ မြန်မာ့ အနုပညာရှင် များအနေနဲ့လည်း အခုနှစ်သင်္ကြန် ဘယ်မှာ ရှိကြမလဲ ဆိုတာကို ပရိသတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။

မြန်မာပြည်ရဲ့ နာမည် အကြီးဆုံး ရော့ခ်တီးဝိုင်း တစ်ခုဖြစ်တဲ့ Iron Cross တီးဝိုင်းက ရန်ကုန် သင်္ကြန်မှာပဲ ရှိမှာဖြစ် ပြီး လူငယ်ရော့ခ် ပရိသတ် အသည်းစွဲ S.I.R Rock Group ကတော့ မန္တလေး သင်္ကြန် High Class မဏ္ဍပ်မှာ ဖြတ်သန်းမယ်လို့ သိရပါတယ်။ ရန်ကုန် သင်္ကြန်မျှော်စင်ကျွန်း ထဲက Grand Royal မဏ္ဍပ် မှာတော့ လင်းလင်း၊ ဆိုတေး၊ အလင်းရောင်၊ ဇွဲပြည့်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ လိမ္မော်သီး စတဲ့ တေး သံရှင်တွေ ရှိနေကြမှာဖြစ်ပြီး ဟစ်ဟော့ပ် တေးသံရှင် အများစုက ကမ္ဘာအေး ဘုရားလမ်းပေါ်က မဏ္ဍပ် အသီးသီးမှာ ရှိကြမယ်လို့ သိရပြီး တေးသံရှင် ရန်ရန်ချန်းကတော့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ မဏ္ဍပ်ဆောက်ဖြစ်မယ် လို့လည်း သိရပါတယ်။

ဒီနှစ်မှာတော့ အနုပညာရှင်တွေ ကိုယ်တိုင် စီစဉ်တည် ဆောက်တဲ့ မဏ္ဍပ်များလည်း တော်တော်များများ တွေ့ရမှာဖြစ်ပြီး အရင်နှစ် ထက်လည်း မဏ္ဍပ် အရေအတွက် ပို များပြားမယ်လို့လည်း သိရပါတယ်။

သင်္ကြန်မှာ ရန်ကုန်မှာ ရှိနေမယ့် ဝိုင်းစုခိုင်သိန်းက “ဒီနှစ်သင်္ကြန်က SKY NET မဏ္ဍပ်မှာရှိမှာပါ။ Grand Royal မဏ္ဍပ်မှာလည်း သီချင်းတွေ သွားဖျော်ဖြေဖို့ ရှိပါ တယ်။ မြန်မာ လူမျိုးတွေက သင်္ကြန်မှာဆိုရင် တအားပျော်ကြတယ်။ ဝိုင်းစုလည်း သင်္ကြန်ရောက်ရင် ပျော်ပါတယ်။ သင်္ကြန်မှာတော့ အိမ်တွင်းအောင်းပြီး တစ်ခါမှ မနေဖူး ဘူး။”လို့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကိုပြောပြပါတယ်။

ရဲရဲ



Popular Journal

သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်




ဧပြီ ၅ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်း မှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေတူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။

“တာချီလိတ်မြို့ရောက် RCSS/ SSA ကစဝ်စိုင်းလူး က ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားလိုက်ပြီ။ ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာထိပ်တိုက် တိုက်ပွဲ ဖြစ်တော့တာပဲ” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ် အရာရှိ တဦးကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ မြန်မာအစိုးရတပ် နှင့် ၀ ပြည်သွေးစည်းတပ်မတော် တို့ ပူးပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

ယမန်နှစ်ကလည်း နယ်မြေကျူးကျော်မှုကြောင့်ဟုဆိုကာ RCSS/SSA ၏ လူ အင်အား ၃၀ ခန့်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဖမ်းဆီးကာ ပန်ဆန်း ဌာနချုပ်သို့ ပို့ဆောင်ခဲ့ဖူးသည် ဟု ဆိုသည်။

သျှမ်းသံတော်ဆင့်

မိုးစနေ လေရာဟု


ရွာသူ ရွာသားအပေါင်း တို့ခင်ဗျား။ ရာဟုထောင့်မှ လေနီကြမ်းများ ဆင်လာနေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ မီးခွက်များ၊ မှန်အိမ်များကိုလုံးဝငြှိမ်းသတ်ထားကြပါရန် နှင့် မီးဖိုချောင်မှ မီးကြွင်းမီးကျန်များကိုလည်း သေချာစွာ ငြှိမ်းသတ် ထားကြပါရန် အများအကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ် ဗျိုး ...’’

ရွာဆော် ဘကြီးတွေရဲ့ အောင်မြင်လှတဲ့ အသံဝါကြီးနဲ့ တစ်ရွာလုံးပတ်ကာ မောင်းတဒူဒူ ထုအော်သံကြီးကို ကျွန်တော်ငယ် စဉ်က နွေရာသီကျောင်းပိတ်ရက် မှာ အညာဒေသက အဘိုးအဘွား များရှိရာ အဖေနဲ့ အမေတို့ရွာကို ပြန်စဉ် နွေဦးပေါက်ရာသီရောက် တိုင်း မကြာမကြာ ကြားမြင်ခဲ့ရပါ တယ်။ အဲဒီလို အော်ပြီးတာနဲ့ မကြာခင်မှာပဲ အနောက်မြောက် အရပ်ဘက်ဆီမှ လေနီကြမ်းများ ကျလာပြီးတော့ တ၀ုန်းဝုန်းတဒိုင်း ဒိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်လာ တော့တာပါပဲ။ ပူပြင်းခြောက် သွေ့လှတဲ့ အညာဒေသမှာ နွေရာသီ မီးဘေးအန္တရာယ်ကို ကြောက်ကြရတဲ့အတွက် ရွာဓလေ့အရ မီးဘေးနှိုးဆော်ချက်ပဲ ဆိုပါတော့။

ငယ်ငယ်တုန်းကတော့ ကြောက်တာတစ်ခုတည်း သိလေ တော့ ဘကြီးထွေးရဲ့ ရွာဆော် အော်သံပါ အချက်အလက်တွေ ကို သေသေချာချာ မစဉ်းစားမိခဲ့ ပါဘူး။ အသက်အရွယ်လေး ရလာတော့မှ ဘကြီးထွေးရဲ့ ရွာ ဆော်အော်သံပါ‘‘ရာဟုထောင့်’’ ဆိုတာကို စဉ်းစားလာခဲ့မိပါ တယ်။ တစ်ဆက်တည်းလိုပဲ အဘိုးကအစ၊ ဦးလေး၊ အစ်ကို အပါအ၀င် ရွာကအားလုံးသော တောင်သူလယ်သမားများရဲ့ နှုတ် ဖျားမှာ မကြာမကြာ သုံးလေ့ရှိနေ တဲ့ ‘‘မိုးစနေ လေရာဟု’’ဆိုတဲ့ အ သုံးအနှုန်းကို သတိပြုမိလာခဲ့ပါ တယ်။

တကယ်တော့ ကျွန်တော် ငယ်ငယ်က ပူပြင်းခြောက်သွေ့ တဲ့ အညာဒေသက မန္တလေးတိုင်း (ယခင်က စစ်ကိုင်းတိုင်းအောက် ပိုင်း) မှာ ပါဝင်နေတဲ့ ကျွန်တော့် အဘိုးအဘွားများရှိရာ ဒေသက တောင်သူလယ်သမားများဟာ အလွန်ပင်ပန်း ဆင်းရဲကြပါ တယ်။ စိုက်ရေး၊ ပျိုးရေး ဆောင် ရွက်ကြရာမှာ ပူပြင်းတဲ့နေဒဏ် ကို ရှောင်နိုင်ဖို့ နံနက် နှစ်ချက်တီး လောက်ကတည်းက လယ်တော ဆင်းပြီး ကြယ်ရောင်၊ လရောင် နဲ့ လယ်ထွန်ကြရပါတယ်။ ထွန် ရေးပြင်ပြီးတော့လည်း အမော မဖြေနိုင်ကြရပါဘူး။ မသေချာ မရေရာတဲ့မိုးကိုလည်း တစ်ခါ မျှော်ကြရပြန်ပါတယ်။ စိုက်ရေး၊ ပျိုးရေး တောင်ယာလုပ်ငန်းနဲ့သာ အသက်မွေးကြရတဲ့ ကျွန်တော့် ရွာက ဆွေမျိုးသားချင်းများအ တွက်တော့ ရာသီဥတုဟာအ သက်ပါပဲ။ ဒီတော့ မိရိုးဖလာ မိုး လေ၀သခန့်မှန်းနည်းတွေ အမှတ် အသားတွေ ရှိလာကြရပါတယ်။ ဥပမာ‘‘မိုးစနေ လေရာဟု’’ဆိုတာ မျိုးလိုပေါ့။ အဓိပ္ပာယ်ကတော့ မိုးဆိုရင် စနေထောင့်ဖြစ်တဲ့ အနောက်တောင်ထောင့်၊ လေဆိုရင် ရာဟုထောင့်ဖြစ်တဲ့ အနောက်မြောက် ထောင့်က လာပြီဆိုရင် သေချာ ပြီ။ သေချာပေါက် မိုးရွာမယ်၊ သေချာပေါက် လေတိုက်မယ်လို့ ဆိုလိုရင်းပါပဲ။ ကနေ့ခေတ်စကား နဲ့ တစ်နည်းပြောရရင် ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါတယ်ပေါ့။ ဒီရိုးရာ မိုးလေ၀သခန့်မှန်းရေးနည်း ကလေးဟာ ဒီကနေ့ ကျွန်တော်တို့ သိရှိထားရတဲ့ သိပ္ပံနည်းကျ တွေ့ ရှိချက်များနဲ့ တစ်ထပ်တည်းကျ နေတာကို လေးစားဖွယ်ရာ တွေ့ ရှိနေရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တစ်ပြည်လုံးအတွက် မိုးပေးနေတဲ့ အဓိကဖြစ်စဉ်ဟာ အနောက်တောင် မုတ်သုံလေဖြစ် ပါတယ်။ ဒါကြောင့် ဆရာစန္ဒရား (ဦး)လှထွတ်ကလည်း သူ့ရဲ့ ကျော်ကြားလှတဲ့ ‘‘တိမ်တမန်’’ သီချင်းထဲမှာ ‘‘တိမ်မည်း ညိုရိပ် တွေ တောင်ပြန်လေ’’လို့ စပ်ဆိုခဲ့ ခြင်းဖြစ်ပါတယ်။ တောင်ဘက်အ ရပ်ဆီက ပြန်လာတဲ့ တောင်ပြန် လေတွေထဲမှာ တိမ်မည်းညိုရိပ် တွေ ပါနေတယ်တဲ့လေ။ မိုးစနေ ဆိုတာ ဒါပဲပေါ့။ အဲ .. အထက် ပိုင်းနဲ့ အညာဒေသအတွက်တော့ လေဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က မြန်မာနိုင်ငံဘက်ကို အ နောက်မြောက်ဘက်က ရွေ့ရွေ့ ၀င်လာတတ်တဲ့ Norwester လို့  ခေါ်နေကြတဲ့ အနောက်လေစီး ကြောင်းများအတွင်း မျောပါလာ တတ်တဲ့ အနောက်လေထုအ တွင်းက လေထုအနှောင့်အယှက် များ (Western Disturbances) ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ဘက် မှာ ဟိမ၀န္တာတောင်တန်းကြီး ရှိ ပါတယ်။ ဆောင်းတွင်းကာလဆို ရင် အိန္ဒိယနိုင်ငံမြောက်ပိုင်းအ ပေါ်မှာ အနောက်လေစီးကြောင်း တွေ တိုက်ခတ်ပါတယ်။ အ နောက်ဘက်အရပ်က တိုက်ခတ် လာတဲ့ အဲဒီအနောက် လေစီး ကြောင်းတွေဟာ ဟိမ၀န္တာတောင် တန်းကြီးနဲ့ ထိတွေ့မိတဲ့အခါမှာ တော့ လမ်းကြောင်းနှစ်ပိုင်းကွဲ ထွက်သွားပါတယ်။ တောင်ဘက် ကို ဆင်းလာတဲ့ လေစီးကြောင်း ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက နေပြီး မြန်မာနိုင်ငံအတွင်းကို အ နောက်မြောက်ဘက်အရပ်ကနေ ပြီး တိုးဝင်လာစေပါတယ်။ အဲ ဒီလေအေးစီးကြောင်းတွေဟာ အေးပြီးစွတ်စိုတဲ့ လေတွေဖြစ်ကြ ပြီး သူတို့အထဲမှာ မျောပါတတ် လာတဲ့ မိုးလေ၀သဖြစ်စဉ်များက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေ ကို မိုးပေးလေ့ရှိပါတယ်။ ဒါဟာ နွေဦးကာလ မိုးကြိုကာလတွေမှာ ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်ပါပဲ။ နွေကာလနဲ့ မိုးကြိုကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလရောက်တဲ့အခါ မှာတော့ နေရဲ့သွားရာလမ်း ကြောင်းဟာ ကမ္ဘာ့မြောက်ဘက် ခြမ်းကို ရောက်ရှိလာပြီဖြစ်တဲ့အ တွက် မြန်မာနိုင်ငံအတွင်းရှိ ကုန်း မြေတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပူပြင်းလာကြပါတယ်။ အဲဒီအခါ ပူပြင်းနေတဲ့ အောက်ခံမြေပြင်ရဲ့ အပေါ်ကို အေးပြီးစွတ်စိုနေတဲ့ အ နောက်မြောက်ဘက်က လေအေး စီးကြောင်းတွေ တိုးဝင်လာတဲ့အ ခါမှာ လေထုအတွင်းအထက် အောက် လေထုမငြိမ်သက်မှု (Vertical Instability) ဖြစ်လာ စေပြီး အဲဒီကမှတစ်ဆင့် မိုးတိမ် တောင်တွေဖြစ်စေတော့တာပါပဲ။ ဒီမိုးတိမ်တောင်များဟာ အခြား ပူ၊ ပွ၊ ပေါ့ ဖြစ်စဉ် (Convective Process) နဲ့ဖြစ်တဲ့ မိုးတိမ်တောင် တွေထက် ပိုအားကောင်းတော့ တိမ်ထိပ်တွေဟာ ပိုမြင့်မားတတ် ပါတယ်။ ဒါကြောင့် မိုးသက်လေ ပြင်းတိုက်တာတို့။ မိုးကြီးတာတို့၊ မိုးကြိုးပစ်တာတို့အပြင် မိုးသီး ကြွေတာတွေပါ ဖြစ်တတ်ကြပါ တယ်။ ဒါကြောင့် မိုးကြိုကာလဆို ရင် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တစ်ခါတစ်ရံ အလယ်ပိုင်းဒေသ တွေမှာပါ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လေပြင်းတိုက်၊ မိုးကြီးတတ်တဲ့ ဖြစ်စဉ်တွေ မကြာမကြာတွေ့ကြ ရတတ်ပါတယ်။ တစ်နည်းပြော ရရင်တော့ မိုးသီးကြွေတဲ့ တိမ်ဆို ရင် မြောက်ပိုင်းက လေအေးတွေ တိုးဝင်လို့ အထက်အောက် လေ ထုမတည်ငြိမ်မှုကြောင့်ဖြစ်တဲ့ မိုး တိမ်တောင်ပဲလို့တောင် ဆိုနိုင်ပါ တယ်။ အဲဒီတိမ်တိုက်တွေဟာ နှစ်စဉ် မတ်လနဲ့ဧပြီလဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ဖြစ်ကြတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်း ပြည်နယ်တွေမှာ မကြာမကြာ အနောက်က အရှေ့ကို ရွေ့လျား ဖြတ်သန်းသွားရင်းနဲ့ မိုးကြီးမှုတွေ၊လေပြင်းတိုက်မှုတွေကို ဖြစ်စေတတ်ပါတယ်။ ဒါတွေကို ခေတ်သစ် မိုးလေ၀သပညာမှာတော့ Norwester လို့ခေါ်ပါတယ်။

ပုံမှန်အနေနဲ့တော့ ဒီ Norwester တွေဟာ မတ်လနဲ့ ဧပြီလရောက်ရင် လတ္တီတွဒ် ၂၀ ဒီဂရီမြောက်ရဲ့ မြောက်ဘက်အရပ် တွေမှာပဲ  ဖြတ်သန်းသွားလေ့ရှိ ပါတယ်။ ဒါပေမဲ့ အချို့နှစ်တွေ မှာတော့ မုတ်သုံလေက အား နည်း၊ အနောက်လေစီးတွေက ပိုမိုအားကောင်းပြင်းထန်နေရင် တော့ ဒီ Norwester တွေဟာ ပုံ မှန်ထက်လည်း ပိုမိုအကြိမ်အရေ အတွက် များတတ်တဲ့အပြင် ပုံမှန် ထက်လည်း ပိုမိုနိမ့်ဆင်းလာပြီး မြောက် ၂၀ ဒီဂရီလတ္တီတွဒ်ရဲ့ တောင်ဘက်အထိ ဆင်းလာတတ် ကြပါတယ်။ ဒါကြောင့် ဧပြီလ အတွင်း လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျမှုတွေကို တစ်ခါ တစ်ရံ အလယ်ပိုင်းဒေသတွေသာ မက အချို့နှစ်တွေမှာ မြစ်ဝကျွန်း ပေါ်ဒေသများအထိ နိမ့်ဆင်းလာ တတ်ကြပါတယ်။

ဒီအနေအထားမျိုးဖြစ်လာ ရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများရဲ့ နေ့အပူချိန်တွေကို ကျဆင်းလာစေပြီး တောင်ပိုင်း ဒေသတွေမှာတော့ နေ့အပူချိန် တွေကို ပိုမိုမြင့်တက်လာစေပါ တယ်။ အဲဒါဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက လေထုဖိအားတွေ ကို မြင့်တက်လာစေပြီး တောင် ပိုင်းက လေထုဖိအားတွေကိုတော့  ကျဆင်းစေပါတယ်။ ဒီတော့ လေ တို့ရဲ့ သဘာဝဟာ လေဖိအားများ ရာက နည်းရာကို တိုက်ခတ်တဲ့ သဘာဝရှိလေတော့ လေတွေကို မြောက်ဘက်မှ တောင်ဘက်သို့ တိုက်ဖို့ တွန်းအားတွေကို ဖြစ်စေ ပါတော့တယ်။

အမှန်မှာတော့ မိုးကြိုကာ လ ဆိုတာ မြန်မာနိုင်ငံအတွင်းကို တောင်ဘက်အရပ်ကနေပြီး မုတ် သုံလေ စတင်ဝင်ရောက်ရတော့ မယ့် ကာလပါ။ အခုတော့ တောင်ဘက်က မြောက်ဘက်ကို တက်လာ မယ့် မုတ်သုံလေဦးကို ဆန့်ကျင် ပြန်တွန်းထားသလို အားဖြစ်နေ စေတော့ မုတ်သုံလေဦးဟာ တိုး မ၀င်နိုင်ဘဲ မုတ်သုံအ၀င်ဟာ နောက်ကျရပြန်ပါတယ်။

တကယ်တော့ ဧပြီလဆိုတာ အောက်ခံမြေပြင်တွေ အလွန်ပူ ပြင်းနေပြီဖြစ်တဲ့ ကာလဖြစ်ပါ တယ်။ ရေငွေ့နဲ့အတူ မိုးရွာသွန်း မှုဖြစ်စဉ်တွေကို သယ်ဆောင်လာ မယ့် မုတ်သုံလေဦးဟာ မြန်မာ နိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ နဲ့ အလယ်ပိုင်းဒေသတွေဆီ တိုး မ၀င်လာနိုင်တော့ မိုးဆိုတာဝေး လို့ တိမ်တွေတောင် ကောင်း ကောင်းမဖြစ်တော့ပါဘူး။ တကယ်တော့ အခုလို နွေရာသီ ကာလတွေမှာ လေတိုက်ခတ်မှု၊ တိမ်ဖြစ်ပေါ်မှုတို့ဆိုတာ အရေး ကြီးပါတယ်။ သူတို့က ပုံမှန်ဖြစ် နေကြရမှာပါ။ တိမ်တွေဖြစ်နေ ရင် နေက၀င်လာတဲ့ Incoming Solar Radiation တွေကို လျော့ ပါးစေတယ်။ လေတွေတိုက်နေ ရင် အပူစုစည်းမှု (Accumulation of Heat) ကို လျော့ပါးစေတယ်။ သူတို့ဖြစ်နေကြမှ နွေရာသီရဲ့ ပူပြင်းမှုကို ဖြေဖျောက်ပေးနိုင်တဲ့ Moderating Effect ကို ရစေနိုင် မှာ ဖြစ်ပါတယ်။ သူတို့ကြောင့် အပူဒဏ်ကို လျော့နည်းစေပါ တယ်။ အချို့နှစ်တွေမှာ တိမ်က လည်းမဖြစ် မုတ်သုံလေဦးက လည်း တိုးမ၀င်နိုင်ဖြစ်လို့ အပူချိန် တွေဟာ ပုံမှန်ထက် ကျော်လွန် မြင့်တက်လာကြပြီး အပူဒဏ်ကို အလူးအလဲခံကြရပါတယ်။

တကယ်တော့ ရာဟုထောင့် နဲ့ စနေထောင့်ဆိုတာ မြန်မာနိုင်ငံ ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ကျ တဲ့ အရပ်တွေပါပဲ။ မြောက်ဘက် ကလာတဲ့လေက လေအေး၊ တောင်ဘက်ကလာတဲ့ လေက လေနွေး။သဘာဝကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဧပြီ-မေဆိုတာဟာ တောင်ဘက်က မုတ်သုံဝင် ရောက်ရမယ့် အချိန်။ မြောက်ဘက်ကို စစ်ချီ သလို တက်လာရမယ့် အချိန်။ ဒီတော့ ‘‘စစ်ဦး ဘီလူး’’ ဆိုသလို တောင်ဘက်က လေတွေဟာ သဘာဝအရကကို ကြမ်းတမ်းရ မယ်။ ပြင်းထန်ရမယ်။ ဒါက ရှိရ မယ့်သဘာဝ။ ဒါပေမဲ့ ၁၉၇၈ ခုနှစ်ကစပြီး နောက်ပိုင်းကာလ တွေမှာ အဲဒီစစ်ဦးဟာ မ ဘီလူး နိုင်တော့ပါဘူး။ ပျော့တိပျော့ဖတ် နဲ့ မကြာမကြာ အားအင်ချည့်နဲ့နေ တာကို နှစ်တိုင်းတွေ့လာရပါ တယ်။

ဒီတော့ တိုက်ပွဲတစ်ခုလို သဘောထားပြီး အားချိန်ဆကြည့် ရရင် တောင်ဘက်ကလေက တိုက်စစ်၊ မြောက်ဘက်ကလေက ခံစစ်။ သူမြောက်ဘက်ကို မတက် နိုင်ခြင်းဟာ သူကိုယ်တိုင်ကပဲ တိုက်စစ်အားပျော့နေလို့လား။ မြောက်ဘက်က လေအေးတွေကပဲ ခံစစ်အား တောင့်တင်းနေလို့ လား။

တိုက်စစ်က အားလျော့နေ ပြီး ခံစစ်အားက ကောင်းနေရင် တော်တော်နဲ့ ရှေ့ဘက်ကို မထိုး ဖောက်နိုင်သလို မိုးကလည်း တော်တော်နဲ့ကို မကျနိုင်ပါဘူး။ တစ်ခါ တိုက်စစ်အားက ကောင်း ပြီး တစ်ဖက်က ခံစစ်အားက လျော့နေရင်လည်း တပ်တွေဟာ ရှေ့ကိုမြန်မြန်ထိုးဖောက်ချီတက် နိုင်သလို မိုးကမြန်မြန် ကျတတ်ပါ တယ်။ ဒါကတော့ သဘာဝကျတဲ့ ဖြစ်ရပ်ပါပဲ။

၂၀၁၄ ခုနှစ်မှာတော့ မြန်မာ နိုင်ငံမြောက်ဘက်အရပ်တွေမှာ အပူချိန်တွေ မြင့်တက်နေပါတယ်။ ကုန်းတွင်းပိုင်းတွေမှာ အပူကြောင့်ဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်နေပါတယ်။ တောင်ဘက်အရပ်မှာ လေဖိအားများတဲ့ ရပ်ဝန်းကတော့ မပီပြင်သေးပါဘူး။ နောက်ပြီး ၂၀၁၄ ခုနှစ်ဟာ အယ်လ်နီညိုဖြစ်ဖို့ အလားအလာရှိတဲ့နှစ် ဇွန်လလောက်မှာ အယ်လ်နီညိုဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းအထိ သေချာမှုရှိတယ်လို့ ခန့်မှန်းထားတဲ့နှစ်။ လောလောဆယ် ၂၀၁၄ ခုနှစ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန် တိုင်းဖြစ်ခဲ့တယ်။ 012014B ပေါ့။ မတ်လထဲမှာ နေပြည်တော်နားက ရွာတစ်ရွာမှာ(၇)နှစ်အ ရွယ်ကလေးငယ်တစ်ဦး မိုးကြိုး ပစ်ခံရလို့ သေဆုံးခဲ့တယ်။ ပြီးခဲ့ တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့ သုံးမြို့မှာ အပူချိန်စံချိန်တင် အောင် တက်ခဲ့တယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ရာသီဥတုအခြေအနေက ပူပြင်းပြီးခြောက်သွေ့မယ့်ဘက် က အလေးသာနေပါတယ်။

သေချာတာကတော့ ဒီနှစ် ရာသီဥတုဟာ ရောသမ ရာသီ ဖြစ်နေပါတယ်။

စောင့်မျှော်သာ နားဆင်ကြ ပါလို့သာ ...။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7Day Daily

မီးရထားလမ်းတွင် အိပ်နေသဖြင့် ရထားကြိတ်ခံခဲ့ရပြီး အရေးယူခံရ




ရန်ကုန်၊ ဧပြီ ၅

၎.၄.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်
ရထားလမ်းအတိုင်း ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ်(၆၁)
အဆန် အမြန်ရထားသည် ဖူးကြီးဘူတာနှင့် ၀ါးနက်ချောင်းဘူတာကြား မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)ကြားအရောက် သံလမ်းပေါ်တွင်
ခြေလက်များတင်၍ အိပ်နေသော အောင်သက်၊ (၂၇)နှစ်၊ (ဘ)ဦးလှ၊ ဖူးကြီးကျေးရွာ၊ မှော်ဘီမြို့နယ်နေသူကိုကြိတ်မိခဲ့ပါသည်။

ထိုသို့ကြိတ်မိသဖြင့် ရထားမှာ မိနစ်(၄၀)ခန့် ရပ်တန့်ထားခဲ့ရပြီး
အောင်သက်တွင် ၀ဲလက်မောင်းနှင့် ၀ဲခြေထောက်ပြတ်ဒဏ်ရာများ
ရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံသို့ တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေရန် မီးရထားလမ်းတွင်အိပ်နေခဲ့သူ
အောင်သက်အား အရေးယူပေးရန် ဖူးကြီးဘူတာရုံပိုင် ဦးမျိုးလှိုင်မှ တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း (ပ)၁၈၈/၂၀၁၄၊ မီးရထားအက်
ဥပဒေပုဒ်မ-၁၂၆(င) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မိမိကိုယ်မိမိ Selfie ရိုက်သူ - ယဉ်ယဉ်လေး ရူးနေသူများ


စိတ်ဝင်စားစရာ

မှန်ပါတယ်။ ယဉ်ယဉ်လေး ပြောရရင်တော့ စိတ်ဝေဒနာရှင်ပါ။ ဘာတွေ လာပြောနေတာလည်းလို့ မေးစရာ ရှိလာနိုင်ပါတယ်။ ရှင်းရှင်းလေးပါ။ Selfie ဆိုတာ လတ်တလောကာလတွင် လွန်စွာနာမည်ကြီးနေသည့် မိမိကိုယ်ကိုမိမိ ဓာတ်ပုံရိုက်ခြင်းပဲ ဖြစ်ပါတယ်။

Facebook ပေါ်တင်ပြီး သူငယ်ချင်းများနဲ့ မျှဝေဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် အလှကြည့်ဖို့ပဲဖြစ်ဖြစ်၊ ရည်းစားကို ပေးဖို့ပဲဖြစ်ဖြစ်၊ လူများရဲ့ ချီးမွမ်းထောပနာ ပြုမှုကို ခံယူလိုချင်လို့ပဲဖြစ်ဖြစ်၊ ကြွားဝါလို၍ပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုမိမိ ဓာတ်ပုံရိုက်ခြင်းဟာ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး လုပ်ဆောင်နေကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အချိ့သော သူများကတော့ (အမြင်ကတ်ဖို့ ကောင်းလောက်အောင်) သာမန်ထက်ပိုထူးပြီးတော့ လုပ်တတ်ကြပါတယ်။

ဒီအချက်တွေကြောင့်လည်း အခုနောက်ဆုံးမှာတော့ အမေရိကန် စိတ်ရောဂါဆိုင်ရာ အသင်းကြီး (American Psychiatric Association – APA) က Selfie ရိုက်ခြင်းအား (လူအများ မျှော်မှန်းထားသည့်အတိုင်း) စိတ်ဝေဒနာ တစ်မျိုးဟု တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ မကြာမီက ချီကာဂိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ APA အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ Selfie ရိုက်ခြင်းအား အဆင့် ၃ ဆင့်ရှိ စိတ်ဝေဒနာ တစ်မျိုးအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။ ရောဂါရဲ့ တရားဝင် နာမည်ကတော့ “Selfitis” ဖြစ်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ Selfitis ဆိုသည်မှာ – “မိမိကိုယ်မိမိ ယုံကြည်ချက် နည်းပါးနေမှုအား ကုစားရန် (သို့) မိမိ၏ စိတ်ခံစားမှုအာရုံတွင် လိုအပ်ချက်အား ဖြည့်ဆည်းရန်အတွက် လူမှုကွန်ယက်များအပေါ် တပါးသူများအား မျှဝေရန် မိမိကိုယ်မိမိ ဓာတ်ပုံရိုက်ကူးခြင်းအား အလွန်အမင်း စိတ်အားထက်သန်နေသူ” ဟု သိရှိရသည်။

Selfitis စိတ်ဝေဒနာ၏ အဆင့် ၃ ဆင့်မှာ -
Borderline Selfitis – မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးသော်လည်း လူမှုကွန်ယက်များပေါ် မျှဝေခြင်း မပြုသူ

Acute Selfitis – မိမိကိုယ်မိမိ တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ကူးပြီး ရိုက်ကူးထားသည့် ပုံအားလုံးကို လူမှုကွန်ယက်များပေါ် မျှဝေလေ့ရှိသူ

Chronic Selfitis –မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းမရှိပဲ Selfie အချိန်နှင့်အမျှ Selfie ရိုက်ကူးနေပြီး ရိုက်ကူးထားသည့် Selfie များအား တစ်နေ့လျှင် ၆ ကြိမ်ထက်မနည်း လူမှုကွန်ယက်များပေါ် မျှဝေလေ့ရှိသူ
အဓိက ပြဿနာကတော့ Selfitis ဆိုတဲ့ ဤစိတ်ဝေဒနာ ဆိုးကြီးဟာ လက်ရှိအချိန်မှာတော့ ကုရာနိတ္ထိ ဆေးမရှိသေးပါဘူး။

mmconsumerguide

လျှပ်စစ်စွမ်းအင်၊ ဓာတ်အားခ နှင့် ပြည်သူ့ခံစားချက်များ



လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံရသည့် အကြောင်း ရှင်းလင်း သည့်  ရှင်းလင်းပွဲ သို့တက် ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်း တောင်ရပ်ကွက်ရှိ ဓမ္မာရုံလေးတစ်ခု၌ ပြုလုပ်ခဲ့သည်။ ယခင်က လျှပ်စစ်ဓာတ်အား ခတွေသာ တိုးမြှင့် ကောက်ခံ သွားခဲ့သည်။

ထိုသို့ရှင်းပြသည်ဟု မကြားခဲ့ဖူးပါ။ ဒီတစ်ကြိမ်မှာ အစိုးရတာဝန်ရှိသူများက ရှင်းပြမည်ဆိုတော့ စိတ်ဝင်စားပါသည်။ ရှင်းလင်းပွဲကလည်း ကိုယ့်ရပ်ကွက်မှာပြုလုပ်သည့် ရှင်းလင်းပွဲ။ အိမ်နှင့် မနီးမဝေး။ ထို့ကြောင့်စိတ်ပါလက်ပါတက်ရောက်နားထောင်ဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို အမှန်တကယ် တည်ထောင်လိုပါလျှင် အစိုးရလုပ်သမျှ လူထုက စိတ်ဝင်စားပြီး လူထုကိုလည်းအစိုးရက စိတ်ဝင်တစားရှိကြရမည်ထင်သည်။ ယခုလို အစိုးရပိုင်းတာဝန်ရှိသူများက လူထုကို အသိအမှတ်ပြုကာ လာရောက်ရှင်းပြလျှင် လူထုမှာလည်း နားထောင်ပေးရန်တာဝန်ရှိသည်ဟု ထင်မြင်ယူဆသဖြင့် တက်ရောက်နားထောင်ခြင်းလည်းဖြစ်သည်။

ကျွန်မတို့အား လျှပ်စစ်ဝန် ကြီးဌာန၊ မြိ့နယ်တာဝန်ခံမြို့နယ် မှူးက လာရောက်ရှင်းလင်းခဲ့ သည်။ ရပ်ကွက်သူ၊ ရပ်ကွက်သား လူဦးရေငါးဆယ်မျှလည်း လာ ရောက်နားထောင်ခဲ့ကြသည်။ မြို့နယ်မှူးကား ယဉ်ယဉ်ကျေး ကျေးရှိသူဖြစ်သည်။ သူရှင်းပြ သည်ကို  စိတ်ဝင်စားပါသည်။ လူ က   လူယဉ်ကျေးမို့ ရှင်းလင်းပြ သည်မှာ အေးအေးဆေးဆေးရှိ သည်။

 မြို့နယ်မှူး မရှင်းလင်းမီ ဓာတ်အားခတိုးမြှင့်ကောက်ခံရ ခြင်း၏ ရည်ရွယ်ချက်ခေါင်းစဉ်ပါ စာရွက်ငယ်များကို  ဝေငှထား သည်။ ဖတ်ကြည့်မိသည်။ နိုင်ငံ တော်၏ ဓာတ်အားခနှုန်းထားမှာ ဒေသအလိုက်၊ မြို့အလိုက်ဓာတ် အားခ တစ်ယူနစ်အပေါ်မှာ ကောက်ခံသည့် ဈေးနှုန်းထားများ ကိုလည်း စာရင်းပြုစုတင်ပြထား သည်။ စာရင်းအရ ဓာတ်အားခ နှုန်းထားများမှာ မြစ်ကြီးနားမြို့မှာ တစ်ယူနစ် ၁၆၀ ကျပ်။ ထိုဈေး နှုန်းထားက အနိမ့်ဆုံး။ အလယ် အလတ်ဈေးနှုန်းမှာ ကော့သောင်း မြို့ တစ်ယူနစ် ၄၂၅ ကျပ်။ မြိတ် မြို့မှာ တစ်ယူနစ် ၄၇၀ ကျပ်။ အမြင့်ဆုံးမှာ ဖားကန့်။ ဖားကန့် မြို့မှာ တစ်ယူနစ်ကို ၈၀၀ ကျပ်ရှိ သည်။  ဓာတ်အားခတိုးမြှင့် ကောက်ခံရသည့် ရည်ရွယ်ချက် မှာ အခွန်ထမ်းပြည်သူချင်းအတူ တူ ဓာတ်အားခနှုန်းထားကွာဟမှု နည်းပါးလာစေပြီး သာတူညီမျှ ဖြစ်ပေါ်လာစေရန်ဟု ဖော်ပြထား သေးသည်။ ဟုတ်ကဲ့။ ကောင်းပါ သည်။ သာတူညီမျှဖြစ်စေလို သည်။ ဈေးနှုန်းမတူသဖြင့် ဈေးနှုန်းအနိမ့်ဆုံးနှင့် မညှိ။ အမြင့်ဆုံးနှင့်ညီအောင်တက်မည်။ ဒီအတိုင်းဆိုပါလျှင်  ဖားကန့်မြို့မှာ  ကောက်ခံသည့် ဈေးနှုန်းအတိုင်း   တစ်ယူနစ်ကို ၈၀၀ ကျပ်အထိ တဖြည်းဖြည်းတိုးကာ၊ မြှင့်ကာ ကောက်ယူပြီးညှိတော့မည်လေ လော။ မပြောတတ်သေးချေ။ ကြောက်လှပါသည်။ မလူးသာ မလွန့်သာ ဝင်ငွေမျှသာရှိ၍ ဖြစ် ပါသည်။

ကျွန်မတို့နေထိုင်ရာ ရန်ကုန် မြို့ကြီးမှာတော့ လျှပ်စစ်ဓာတ် အားမီမှာ  နောက်ဆုံးအကြိမ် ဈေးနှုန်းမတက်မီအချိန်ထိ တစ်ယူနစ် ၃၅ ကျပ်နှုန်းသတ်မှတ်ထားသည်။ လုပ်ငန်းရှင်ဆိုလျှင် ၇၅ ကျပ်။ တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အားခနှုန်းထားများ မညီမျှတာတော့သေချာသည်။ ဈေးချိုသည့်မြို့က ဈေးချို။ ဈေး ကြီးသည့်မြို့ကဈေးကြီး။ နှုန်းထားအမျိုးမျိုးဖြစ်နေ၍  အခွန်ထမ်းပြည်သူအချင်းချင်း မတူညီရာက တူညီအောင် ဈေးတက်ယူရပါသည်ဆိုသည်ကတော့ ခိုင်လုံသောအကြောင်းပြချက်မဟုတ်ဟုထင်မိသည်။ ဈေးနှုန်းထားမတူညီခြင်းသည် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်သည့် နည်းပညာကွာဟ နေမှုကြောင့်လည်းဖြစ်နိုင်သည်။ သက်ဆိုင်ရာဒေသ၏ အခြား သောကုန်ကျစရိတ်များအပေါ်မူတည်၍ ရလျှင်ရသလို ကောက်ခံယူနေသည်လည်းဖြစ်နိုင်သည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၁၉၉၈-၉၉ ခုနှစ်များကပင် တစ်ယူနစ် ၂၀၀ ကျပ်ကောက်ခံခဲ့သည်။ကျောက်စိမ်းကဲ့သို့သော ရတနာမျိုးထွက်သည့် သူဌေးသူကြွယ်မြို့ဖြစ်၍လေလား။ မဆိုတတ်။

  လျှပ်စစ်ဓာတ်အားခနှုန်း ထားတက်ယူရခြင်းအကြောင်း ရင်းရှင်းလင်းပွဲမှာ မြို့နယ်မှူးက ရှင်းလင်းရာတွင် ယခုအခါ လျှပ် စစ်စွမ်းအင်ကို နိုင်ငံခြားမှ မှာယူ တင်သွင်းနေရပါသည်။ ဝယ်ယူရ သော ဈေးနှုန်းထားမှာ တစ်ယူနစ် ကို ၁၀-၁၂ ဒေါ်လာပေးနေရ သည်။ ပြည်သူလူထုထံမှ ထိုဈေး နှုန်းပြန်မရ။ ထို့ကြောင့် အရှုံးပေါ် နေသည်ဟု ဆိုသည်။ လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းပြောခဲ့စဉ်က ‘‘မြန်မာပြည်မှာ လျှပ်စစ်တွေပိုနေလို့ရောင်းစားနေတယ်’’ဆို သောစကားနှင့်တော့ တခြားစီ။ စကားအနက်အဓိပ္ပာယ်ပြောင်း ပြန်ဖြစ်နေသည်ကိုကြားရသည်။ မည်သည့်စကားက  အမှန်ဆို သည်ကို မသိတော့ပါ။

 မည်သို့ပင်ဖြစ်စေ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ သို့ လျှပ်စစ်များရောင်းချနေသည် ကတော့ သေချာသည်။ ထိုင်း နိုင်ငံမှာရရှိနေသော လျှပ်စစ်စွမ်း အင်အားလုံး၏ ၆၀ ရာခိုင်နှုန်းခန့် မှာ မြန်မာနိုင်ငံဘက်မှ ရောင်းချ နေသော  စွမ်းအင်များဟု သိရှိ ထားသည်။  တရုတ်ကိုလည်း ဓာတ်အားများစွာရောင်းချထား သည်။ ကိုယ်ရောင်းစဉ်က တစ် ယူနစ် နှစ်ဒေါ်လာနှုန်း ကိုယ်က ပြန်ယူရသည်က ၁၀-၁၂ ဒေါ် လာဈေး။ ဒီလိုဆိုလျှင် မရှုံးသင့် ဘဲရှုံး။ အမြတ်မပေးတန်ဘဲ ပေး ဝယ်နေရသည်မှာ စီမံခန့်ခွဲမှုညံ့ လွန်းသည်ဟု ဆိုရတော့မည်။ မိမိနိုင်ငံက ထုတ်လုပ်သော လျှပ် စစ်စွမ်းအင်ဖြင့် တိုင်းတစ်ပါးသို့ တစ်ယူနစ် နှစ်ဒေါ်လာနှုန်းထား ဖြင့် ရောင်းချပေး၍ သူတစ်ပါး တိုင်းပြည်မှာ နီယွန်မီးတွေ ထိန် ထိန်လင်းနေချိန်၊ ကိုယ့်နိုင်ငံက သူများဆီမှငါးဆ၊ ခြောက်ဆ အမြတ်ပေးကာပြန်လည်ဝယ်ယူနေရသည်ဆိုသည်ကတော့ ကိုယ် ညံ့လွန်းသည်။ ဖြစ်မှဖြစ်ရပလေ ဟုသာ ဆိုချင်တော့သည်။

ဒီလိုနှင့် နိုင်ငံရပ်ခြားသို့ လျှပ်စစ်စွမ်းအင်များ  မဂ္ဂါဝပ်ပေါင်းများစွာ အလုံးအခဲလိုက်ရောင်းချပြီး ကိုယ့်တိုင်းပြည်မှာမူ ဒေသအလိုက် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သောလျှပ်စစ်ထုတ်လုပ်နည်းများဖြင့် လျှပ်စစ်ဖြန့်ဖြူးနေရ၍ထုတ်လုပ်နည်းအပေါ်မူတည်ပြီး ကုန်ကျစရိတ်လည်း မတူညီသလို ကောက်ခံသည့်ဈေးနှုန်းမှာလည်း တိုင်းပြည်တစ်ဝန်း မတူကွဲပြားခြားနားသော ဈေးနှုန်းထားတွေဖြစ်နေသည်ဟု ထင်ပါသည်။ စိတ်ပျက်ဖွယ်ရာဟုသာ ဆိုရတော့မည်။

  မြို့နယ်မှူး၏ အဆိုအရ ယခုတစ်ကြိမ် လျှပ်စစ်ဓာတ်အား ခတိုးမြှင့်လိုက်ခြင်းဖြင့် လျှပ်စစ် ဝန်ကြီးဌာနတွင် နှစ်စဉ်ကျပ်သန်း ပေါင်း ၂၈၆ သန်းအရှုံးထွက်ရာမှ သန်းပေါင်း ၂၈၄ သန်းကာမိ၊ ထေမိမည်။ ဒါတောင် နှစ်စဉ်ကျပ် ငွေသန်းပေါင်းနှစ်သန်းခန့်အရှုံးပြနေဦးမည်။ ကျပ်သန်းပေါင်း ၂၈၄ သန်းကာမိသဖြင့် ပြည်သူ့ ကျန်းမာရေး၊ ပညာရေးမှာ တိုးမြှင့်လုပ်ဆောင်နိုင်မည်ဟုဆိုပါသည်။

 ရှင်းလင်းပွဲသို့ လာရောက် နားထောင်သည့်  ပြည်သူများ ဘက်ကတော့ ‘‘ဒီတစ်ကြိမ်တက် တာနဲ့ လုံလောက်ပြီနော်။ နောက် ထပ်တက်ဦးမှာလား။ တစ်နှစ် တစ်ခါ ဈေးတက်ယူမှာလား။တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ မီတာခကိုတက်ယူနေသလိုဖြစ်နေတယ်။ နွားနို့ညှစ်သလိုညှစ်လို့ရသလောက် ညှစ်နေသလိုပါပဲ’’ဟု ဆိုသူကဆိုသည်။

အခြားတစ်ဦးကတော့ ‘‘သမ္မတဦးသိန်းစိန်အစိုးရရဲ့ သက်တမ်းသုံးနှစ်မှာ လျှပ်စစ်မီတာခသုံးကြိမ်တက်ပြီ။ တက်မှာဆိုလည်း ကြိုတင်ရှင်းပြသင့်တယ်။ မတက်ခင်ရှင်းမပြဘဲ တက်ပြီးမှလာရှင်းပြတော့ ကျွန်တော်တို့ ဘာများတတ်နိုင်တော့မှာလဲ။ အခုနှုန်းထားနဲ့ ကျွန်တော်တို့ မိသားစုလျှပ်စစ်ကိုချွေချွေတာတာသုံးရင် တစ်လအတွက် ကျပ် ၃,၅၀၀ ဝန်းကျင်ပဲတိုးပေးရမယ်။ သိပ်မများပါဘူး။ ဒါပေမဲ့ စက်မှုဇုန်တွေပါတက်တော့ ကုန်ဈေးနှုန်းက ထပ်တက်ဦးမယ်။ အားလုံးခြုံကြည့်ရင် ကျွန်တော့်မိသားစုအထွေထွေကုန်စရိတ်စက (၇၀,၀၀၀၊ ၈၀,၀၀၀)  အထိ ပိုတိုးကုန်မယ်လို့ တွက်လို့ရတယ်။ အာရှတော်ဝင်ဆေးရုံလို ဆာကူရာ ဆေးရုံလို ပုဂ္ဂလိကဆေးရုံတွေမှာပါ ဈေးတက်ယူရင် ကျွန်တော်တို့မှာ အရေးပေါ်ကျန်းမာရေးအတွက် ဒီဆေးရုံတွေနဲ့မကင်းနိုင်ပါဘူး။  ဒီကုန်ကျစရိတ်အတွက်မည်သူကကျခံပေးမှာလဲ’’ စသဖြင့် တစ်ယောက်တစ်မျိုးမရိုးနိုင်သော အတွေးတို့ဖြင့်ပြန်ပြောကြသည်။ ဟုတ်ကြောင်းမှန်ရာလည်း ဖြစ်နေသည်ကိုး။

ကျွန်မကတော့ ‘‘ကျွန်မတို့ လမ်းကို သွယ်ထားတဲ့ဓာတ်အား လိုင်းကြိုးတွေ မကောင်းလို့ဆိုပြီး ကျွန်မတို့လမ်းထဲက အိမ်တိုင်းကို ပိုက်ဆံကောက်ပြီး ဝိုင်ယာကြိုး တွေလဲထားရပါတယ်။ မိုးတွင်း ကာလမှာ ဓာတ်အားလိုင်းတွေ ဟောင်းနွမ်းနေလို့ ပြတ်ကျပြီး ဓာတ်လိုက်တာနဲ့ ကျွန်မတို့အိမ် နီးချင်း လူငယ်တစ်ယောက် ဓာတ် လိုက်သေဆုံးဖူးပါတယ်။ အခုမီ တာခတော့ တိုးကောက်နေပြီ။ မီးကြိုးတွေကို ကိုယ့်အိတ်ထဲက ကိုယ်စိုက်ထုတ်ပြီး လဲလှယ်ရဦး မှာလား။ တချို့ရပ်ကွက်တွေမှာ ထရန်စဖော်မာပေါက်ရင်လည်း ပြည်သူလူထုကပဲ စုပေါင်းကျခံ ရတာမျိုးတွေ ရှိနေပါတယ်။ အခု မီတာခတိုးယူပြီးရင်လည်းပြည် သူလူထုက ကိုယ့်ငွေကိုယ်စိုက် ထုတ်ပြီး ပြင်ကြရဦးမှာလား’’ စသဖြင့် မေးမိသည်။

နောက်တစ်ခု တင်ပြမိသေး သည်။  ‘‘လျှပ်စစ်ဝန်ကြီးဌာနမှ ထရန်စဖော်မာတွေ၊  မီးကြိုးတွေ ကို  အရည်အသွေးမပြည့်မီတဲ့ တရုတ်ပစ္စည်းတွေကို ဝယ်ယူသုံး စွဲတယ်လို့သိထားပါတယ်။ ဒါ ကြောင့်လည်း ထရန်စဖော်မာတွေတဖုန်းဖုန်းပေါက်ပြီး မီးမကြာခဏပျက်တယ်လို့ ပြောပါတယ်။ ဝိုင်ယာကြိုးတွေကိုလည်း တရုတ်ပြည်က အရည်အသွေးမပြည့်မီတဲ့ကြိုးတွေ သုံးနေတယ်လို့သိရပါတယ်။ ကျွန်မတို့ ပြည်သူတွေ ဓာတ်လိုက်ပြီး မသေချင်ပါဘူး။ နောင်မှာကော တရုတ်ပြည်ကပဲ မှာယူတင်သွင်းဦးမှာလား။ကျွန်မတို့ လျှပ်စစ်အန္တရာယ်နဲ့ပတ်သက်ပြီး စိတ်လုံခြုံချင်တယ်။ မီတာခတိုးပေးထားပြီမို့ ပစ္စည်းကောင်းကို  နိုင်ငံကောင်းဆီကတင်သွင်းပေးပါလို့ တောင်းဆိုပါတယ်’’ဟု ပြောဆိုမိခဲ့သည်။ မြို့နယ်မှူးက အထက်ကိုတင်ပြပေးပါမည်ဟု အကြိမ်ကြိမ်အခါခါ ဆိုဖော်ရသူ။

ကျွန်မတို့ပြည်သူတွေ ယခု လိုရှင်းလင်းပွဲမှာ တင်ပြစရာရှိ တာတင်ပြပါဆိုလျှင် စိတ်မှာရှိ သည်ကို ပြောခွင့်၊ ဆိုခွင့်ရှိသည် ဟု ထင်ပါသည်။ အမှန်တကယ် လည်း ကျွန်မတို့လမ်းထဲမှ အိမ်နီး ချင်းလူငယ်တစ်ဦး လျှပ်စစ်ဝိုင် ယာကြိုးပြတ်၍ ရေမြောင်းအတွင်း ပြုတ်ကျနေစဉ် ရေမြောင်းထဲသို့ ကျသွားသော  ဘောလုံးကို ကောက်ယူရင်း ဓာတ်လိုက်ပြီး သေဆုံးခဲ့ဖူးပါသည်။ ယခုပင် မိုး တွင်းကာလရောက်နေပြီ။ ငှက် သိုက်လိုဖြစ်နေသော ဓာတ်တိုင်မှ ဓာတ်အားလိုင်းများ စစ်ဆေး သည်ကို မတွေ့မြင်သေးပါ။ မီး ကြိုးတွေပေါက်ပြဲနေသည်။ မီး ပွင့်တွေထွက်လာသည်ဟု တစ်စုံ တစ်ယောက်ကတိုင်ကြားမှသာ ပြင်ဆင်တတ်သည်ကိုတွေ့မြင်ရ သည်။ မကြာမီက အင်းစိန်မှဆွေ မျိုးတစ်ဦးအိမ်သို့  သွားရောက် လည်ပတ်စဉ် အိမ်ရှေ့ဓာတ်တိုင် မှ ပြတ်ကျလုလု ဝိုင်ယာကြိုးတစ် ချောင်းကို မြင်ခဲ့ရသေးသည်။ အိမ်ရှင်ကိုတော့ ပြင်ဆင်ရန်သတိပေးခဲ့မိပါသည်။

ဓာတ်အားခတက်ယူပြီး ရရှိလာသောငွေကို ပြည်သူအတွက်ကျန်းမာရေး၊ ပညာရေးမှာ သုံးစွဲမည်ဆိုသည်မှာလည်း အဓိပ္ပာယ်သိပ်မရှိလှ။ လျှပ်စစ်ဝန်ကြီးဌာနမှ ငွေကြေးကို လျှပ်စစ်ဌာနမှာသာ စနစ်တကျဖြစ်ရေးသုံးစွဲစေလိုပါ သည်။ ထရန်စဖော်မာပေါက်လို့။ ဓာတ်ကြိုးပြတ်ကျလို့ဆိုသည်များ ကြောင့် ပြည်သူအများအန္တရာယ် ဖြစ်သည်ကိုလည်း မကြားလိုပါ။ လျှပ်စစ်စွမ်းအင်ဟူသည်မှာ နိုင်ငံ တစ်ခုအတွက် အာဟာရထမင်း ကဲ့သို့ပင် မရှိမဖြစ်သောအရာ။ ထိုအရာသည် အသက်အန္တရာယ် လည်းရှိသည်။ ထို့ကြောင့် လျှပ် စစ်ဌာနကိုသာ ပစ္စည်းပစ္စယရော၊ ကျွမ်းကျင်မှုပညာရပ်များအတွက် ပါ ကောင်းမွန်ပြည့်စုံအောင်ဖြည့် ဆည်းစေလိုသည်။

 ထို့အပြင် မြန်မာပြည်မှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးပြကြီး မှာပင် မီးမှန်မှန်မရသေး။ မြို့ငယ် ငယ်ကလေးများဆိုသည်က မလင်းတချက်၊  လင်းတစ်ချက်။ ကျေးလက်မှာ မီးလင်းရန်က ဝေးလွန်းလှသေးသည်။ တိုင်းပြည်မြို့ရွာအနှံ့အပြားမှာ လျှပ်စစ်စွမ်းအင်ရရှိမှသာ မီးဖိုချောင်သုံးထင်းမီးသွေးလောင်စာသုံးစွဲမှုအတွက် သစ်တောခုတ်ထွင်မှု သက်သာရာ ရနိုင်ပါမည်။ ကျေးလက်ကပြည် သူများကလည်း လျှပ်စစ်မီးကို မျှော်လင့်ကြမည်မှာ သေချာလှ သဖြင့် တစ်တိုင်းပြည်လုံးလျှပ်စစ် မီးရရှိရန် ကြိုးပမ်းသွားကြစေလို သည်။

 အမှတ်တရပြောရလျှင် ကျွန်မငယ်စဉ်ကလေးဘဝမှစ၍ ကျွန်မ၏ ဇာတိဖြစ်သော ကျောက် ပန်းတောင်းမြို့နယ်၊ လက်ပန်ပြားကျေးရွာက ကျေးရွာသူ၊ ကျေးရွာသားများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးမှ   ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံကို စတင်တည်ဆောက်စဉ်ကပင် အောက်ခြေလုပ်သားများအဖြစ် ပါဝင်ခဲ့ကြသည်။ တစ်ယောက်စ၊ နှစ်ယောက်စမဟုတ်ပါ။ လူပေါင်းရာနှင့်ချီ၍ နှစ်ပေါင်းများစွာပင် တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေကြဆဲဖြစ်သည်။ လောပိတရေအားလျှပ်စစ်စက်ရုံကြီးပြီးလျှင် ငါတို့ရွာမှာပါ လျှပ်စစ်ရနိုင်မည်ဟု အထင်ရှိခဲ့ကြသည်။ ထိုအထင်ဖြင့် တက်တက်ကြွကြွ၊ စိတ်ပါလက်ပါ အလုပ်လုပ်ခဲ့ကြ သည်။ ထိုသူတွေရွာသို့ ပြန်လာ တိုင်းပြောဆိုတတ်ကြသည်။ တို့ တိုင်းပြည် တိုးတက်တော့မှာ။ လျှပ်စစ်မီးတွေရတော့မှာ။ ငါတို့ ရွာလည်း လျှပ်စစ်မီးရမှာပါ။ မီး ကြိုးတွေ သွယ်နေပြီလေ။ တို့ရွာ ကို ဖြတ်တော့မယ်။ လျှပ်စစ်က တော့ သေချာပေါက်ရတော့မယ် ဟု တဖွဖွပြောရင်း ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြီး အကောင်အထည်ဖော်ဆောင်ရာမှာကြိုးစားလုပ်ကိုင်ရင်း မျှော်လင့်ခဲ့ကြသော်လည်း ထိုသူများသာ အသက်အရွယ်အိုကာ မင်းကာ သေဆုံးကုန်ကြသည်။  ရွာမှာ တော့ဖြင့် လျှပ်စစ်မီးရရှိမည့် အရိပ်အရောင်လေး၊ နာရီပိုင်းလေးလျှပ်စစ်ရရှိရန်မျှပင် မမြင်မိပါသေးချေ။

တိုင်းပြည်၏ အကောင်း အဆိုး၊ အကြောင်းအကျိုးတိုင်း သည် စီမံခန့်ခွဲမှုအပေါ်တွင်သာ မူတည်နေမည်ထင်မိသည်။ဓာတ်အားခတိုးကောက်ယူပြီးနောက် မီး မှန်မှန်လာလျှင် တော်သေးသည်။ ဟော.. ပြောရင်းဆိုရင်း ဤစာ ရေးနေရင်းပင်  မီးပြတ်ချေပြီ။ ကွန်ပျူတာကို အမြန်ပိတ်ဦးမှ။

Author: မယ်ငွေဥ

7Day Daily

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရှာဖွေရေး အရှိန်အမြင့်ဆုံးတင်


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေကို ဧပြီ ၅ ရက်နေ့မှာ အရှိန်အမြင့်ဆုံးတင်ခဲ့ကြပါတယ်။ ဧပြီ ၅ ရက်နေ့က ရှာဖွေရေးလုပ်ငန်းတွေမှာ လေယာဉ် ၁၃ စီး၊ သင်္ဘော ၁၁ စီး ပါဝင်ခဲ့ကြပါတယ်။

သင်္ဘောတွေမှာ လေယာဉ်ရဲ့ မှတ်တမ်းတင်စက်ကိုရှာဖွေဖို့ အဆင့်မြင့်နည်းပညာတွေကို တပ်ဆင်ထားပြီး လေယာဉ်မှတ်တမ်းတင်စက်ထဲက ဘက်ထရီအားမကုန်ခင် ရှာဖွေရမှာလည်း ဖြစ်ပါတယ်။

လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျခဲ့တယ်လို့ ဆိုကြပေမယ့် ခိုင်လုံတဲ့ အထောက်အထားကတော့ မပြနိုင်သေးပါဘူး။ လေယာဉ်ဟာ မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းနေရာက ဘယ်လိုကြောင့် လမ်းကြောင်းပြောင်းပျံသန်းခဲ့တယ်ဆိုတာလည်း အခုချိန်အထိ မဖော်ထုတ်နိုင်သေးတာလည်းဖြစ်ပါတယ်။

နိုင်ငံစုံရှာဖွေရေးအဖွဲ့တွေဟာ သြစတြေးလျနိုင်ငံ ပါသ့်မြို့ရဲ့အနောက်မြောက်ဖက် မိုင် ၁၀၀၀ အကွာက ရေပြင်မှာ ရှာဖွေနေကြပြီး အမေရိကန်ရေတပ်က ပေးပို့တဲ့ လေယာဉ်မှတ်တမ်းတင်စက် ရှာဖွေရေး အဆင့်မြင့်ကိရိယာကို အသုံးပြုပြီး ရှာဖွေနေကြတာဖြစ်ပါတယ်။

လေယာဉ်မှတ်တမ်းတင်စက်က လွှင့်ထုတ်နေတဲ့ အချက်အလက်တွေကို ဖမ်းယူဖို့ဖြစ်ပေမယ့် လေယာဉ်မှတ်တမ်းတင်စက်ထဲက ဘက်ထရီမကုန်ခင် တလအတွင်းရှာဖွေရတာလည်း ဖြစ်ပါတယ်။ ပင်လယ်ထဲက အပိုင်းအစတွေကို ဆယ်ယူရရှိနေပေမယ့် လေယာဉ်နဲ့ပတ်သက်တဲ့ အပိုင်းအစတခုမှ ရှာဖွေမတွေ့သေးပါဘူး။

DVB

နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း


အမေရိကရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန် အမျိုးသမီးကြီး တစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာ နေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာ မကြားဖူးပေမယ့် စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက သြော်...ဟုတ်လား။ ဘားမားဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ... လို့ ရိုးရိုးလေး ပြောလိုက်ပေမယ့် တော်တော် မခံချိမခံသာ ဖြစ်ရပါတယ်။ မြေပုံထုတ်ပြီး စင်ကာပူဆိုတာ သေးသေးလေး၊ မြန်မာဆိုတာ အကြီးကြီး၊ လူဦးရေလည်း ၁၅ ဆလောက် များတယ်လို့ ပြောရတယ်။ စိတ်ပျက်စရာပါပဲ။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် သံဃာ သပိတ်မှောက်စဉ်က စင်ကာပူမှာ မြန်မာတွေ စုစုပေါင်း တစ်သိန်းလောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အကျယ်အ၀န်း (716.1 km2) ကျွန်းနိုင်ငံလေးမှာ လူဦးရေ ခြောက်သန်းလောက်  နေထိုင်ပါတယ်။ နိုင်ငံသားများက လေးသန်းလောက် ရှိပြီး နိုင်ငံခြားသားက နှစ်သန်းကျော် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။

စင်ကာပူမှာ လူမျိုးလေးခုကို အခြေခံထားပါတယ်။ တရုတ် ၇၀ ရာခိုင်နှုန်း၊ မလေး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ၁၀ ရာခိုင်နှုန်းနဲ့ အခြားလူမျိုးတွေ ၅ ရာခိုင်နှုန်းလောက် ရှိပါမယ်။ ၂၀၀၈ အချိန်က မြန်မာလူဦးရေ တစ်သိန်းဆိုတာ ၆၀ ပုံတစ်ပုံ ၀ ဒသမ ၂ ရာခိုင်နှုန်းလောက် မဖြစ်စလောက် ဆိုပေမယ့် အခု ၂၀၁၄ မှာ မြန်မာလူဦးရေ နှစ်သိန်းခွဲခန့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးမှ အချက်အလက်ကို ST သတင်းစာကြီးက ရေးသားထားပါတယ်။ မြန်မာလူဦးရေ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။

အများဆုံး တိုးတက်များပြားလာမှုတွေက

၁။ အိမ်အကူ (အိမ်ဖော်များ) စုစုပေါင်း လေးသောင်းခန့်
၂။ အလုပ်သမားများ သင်္ဘောကျင်း၊ ဆောက်လုပ်ရေး၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ ... စတဲ့ နေရာများမှာ ရှစ်သောင်းခန့်၊
၃။ ပညာတတ် လူတန်းစားခေါ်တဲ့ S-pass, PR, Citizen များက ငါးသောင်းလောက် ရှိပါမယ်။
၎။ မြန်မာများရဲ့ ကလေးများ ကျောင်းသား၊ ကျောင်းသူ၊ မြန်မာနိုင်ငံမှာ စီးပွား၊ ကျောင်းနေလာသူများလည်း တော်တော်များပါတယ်။

ဒါကြောင့် ယခင်ငါးနှစ်က စင်ကာပူ ရထားဘူတာရုံပေါင်း ၃၀ လောက် ရှိတာ။ အခု ရထားလမ်းလည်း နှစ်ဆ ပိုရှည်အောင် မြေအောက်ရထားလမ်း ကီလိုမီတာ ၂၀၀ လောက် တိုးချဲ့ထားပါတယ်။ အဲဒီရထား ဘူတာပေါင်း ၆၀ လောက်ထိ နှစ်ဆတိုးတက်လာပါတယ်။ မြန်မာတွေရဲ့ အသံကျယ်ကျယ် စကားပြောသံကို ရထားဘူတာရုံတိုင်းမှာ ကြားနေရပါပြီ။ သာမန်အားဖြင့်တော့ ရထားစီး ခရီးသည်တွေဟာ ခေတ်ပေါ် စမတ်ဖုန်းလို့ခေါ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ ဆမ်ဆောင်းများကို သုံးပြီး ငြိမ်နေကြပါတယ်။ အင်တာနက်ကို တယ်လီဖုန်းတိုင်းမှာ ရရှိတဲ့အတွက် ရုပ်ရှင်ကြည့်၊ အီးမေးကြည့်၊ ဖေ့စ်ဘုတ် ပွတ်သတ်နေသူ များစွာ ရှိပါတယ်။ ၂၀၁၄ လူတွေရဲ့ မရှိမဖြစ် လိုအပ်ချက်မှာ စား၊ ဝတ်၊ နေရေး သုံးချက်မကတော့ဘဲ ဖုန်းကို ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဖုန်းစရိတ်ကလည်း တစ်လစား စရိတ်လောက် ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းလုပ်ငန်းဟာ အလွန်အမြတ်အစွန်းရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အောက်ကပုံမှာ ရထား MRT ပေါ်မှာ စီးနင်းရင်း တယ်လီဖုန်းလေးတွေ ကိုယ်စီနဲ့ ငြိမ်နေတဲ့ စင်ကာပူ ၂၀၁၄ သဘာဝ ဓာတ်ပုံဖြစ်ပါတယ်။

အိမ်အကူလုပ်ငန်း (အိမ်ဖော်)

Domestic Worker
အိမ်ဖော်လုပ်ငန်းကို ဘယ်မှာ လုပ်သလဲမေးရင် အိမ်မှာ လုပ်တယ်လို့ ဖြေကြတယ်။ အများအားဖြင့် အိမ်မှုကိစ္စ၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုထိန်း လုပ်ငန်းများ ဖြစ်ပေမယ့် သူဌေးများရဲ့ ကားဆေး၊ ခွေးရေချိုး၊ ခွေးစာကျွေး၊ ဆိုင်ထိုင်၊ စာရင်းဇယား ကူညီလုပ်ခြင်း စတဲ့ အလုပ်များကို လုပ်ရပါတယ်။ လစာကတော့ အိမ်ရှင်အပေါ်နဲ့ မိမိရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဒေါ်လာ ၄၀၀ ကျော်လောက်ကနေစပြီး ရရှိပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့သူဆိုရင် လစာဒေါ်လာ ၆၀၀ လောက်ရရှိပြီး၊ တစ်ပတ် တစ်ရက် နားရက်ရပါတယ်။ အခန်းတစ်ခု ပေးရပါတယ်။ အိမ်ရှင်ယောက်ျားတွေက ပိုက်ဆံနဲ့ မက်လုံးပေးပြီး မဟုတ်တာ လုပ်ခြင်း မခံရအောင်၊ အိမ်ဖော်တွေအနေနဲ့ အိမ်ရှင်ယောက်ျားကို နှိပ်နယ်မပေးရလို့ စင်ကာပူအစိုးရက တိုက်တွန်းထားပါတယ်။

စင်ကာပူမှာ အိမ်ဖော်ပေါင်း ရှစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းလောက်က အိမ်ဖော်ငှားကြပါတယ်။ အစိုးရက အိမ်ဖော်ခေါ်သူကို တစ်လ ဒေါ်လာ ၃၀၀ လောက် Levy အခွန်တောင်းပေမယ့် အိမ်ဖော်အလုပ်ကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ တချို့ လည်ဝယ်သူ မြန်မာများက အိမ်ဖော်ပါမစ်ကို တစ်နှစ်ကို ဒေါ်လာ ၃၀၀၀ လောက်နဲ့ ရောင်းစားကြသူတွေလည်း ရှိပါတယ်။ အိမ်ဖော်ပါမစ်ကို ဝယ်ထားပြီး အချိန်ပိုင်း အိမ်သန့်ရှင်းရေးများကို တစ်နာရီ စင်ကာပူ ခုနစ်ဒေါ်လာနဲ့ လုပ်ကြတယ်။ အဲဒီလို အိမ်ဖော်ပါမစ်ကို ဝယ်ခွင့်မရှိပေမယ့် လုပ်စားနေသူအချို့ ရှိနေပါတယ်။

အများအားဖြင့် အိမ်ဖော်ဈေးကွက်မှာ ဖိလစ်ပိုင်တွေက အင်္ဂလိပ်လို ပြောနိုင်လို့ အများဆုံး နေရာယူထားပါတယ်။ ၅၀ ရာခိုင်နှုန်း ဈေးကွက်ယူထားပါတယ်။ ဖိလစ်ပိုင်အိမ်ဖော်က လစာလည်း ကောင်းပါတယ်။ ဒေါ်လာ ၅၀၀ လောက်တော့ ရကြပါတယ်။ သူတို့က ခရစ်ယာန် နိုင်ငံဖြစ်လို့ ပိုပြီး ဆိုရှယ်လုပ်နိုင်ပါတယ်။ ပေါင်းသင်းပြောဆိုတတ်ပါတယ်။  အင်ဒိုနီးရှားက ဒုတိယ အိမ်ဖော်အများဆုံး ဖြစ်ပါတယ်။ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေကတော့ တတိယအဆင့်ပါပဲ။ ထိုင်း၊ မလေး၊ ဗီယက်နမ်တွေက အိမ်ဖော်အလုပ် မလုပ်ပါဘူး။ သူတို့နိုင်ငံတွင်းမှာ အမျိုးသမီးတွေအတွက် အိမ်ဖော်လုပ်တဲ့လစာကို ပြည်တွင်းမှာ ရနိုင်လို့ပါ။ ရတဲ့ လစာနဲ့ စားဝတ်နေရေး အဆင်ပြေတော့ မိန်းကလေးတွေ မပျက်စီးပါဘူး။

စကားပုံအရ “မိန်းကလေးများသည် ဆင်းရဲဒဏ်မခံနိုင်၊ ဆင်းရဲလွန်းလျှင် မိန်းမများ ပျက်စီးတတ်သည်။ ငွေချမ်းသာလွန်းပါက ယောက်ျားများ ပျက်စီးသည် ...” ဆိုတဲ့ စကားပုံအတိုင်း၊ စင်ကာပူရောက် အိမ်ဖော်တွေဟာ စင်ကာပူမှာ အနိမ့်ဆုံးအဆင့် လူတန်းစားဖြစ်လို့ တော်တော်ပျက်စီးပါတယ်။ တနင်္ဂနွေနေ့ဆို စင်ကာပူ မြို့လယ်ကောင်မှာ အိမ်ဖော်မိန်းကလေးတွေနဲ့ Work Permit အလုပ်သမားများစွာ အကြည်ဆိုက်နေတာကို တွေ့ရပါတယ်။ တချို့ ဝင်ငွေမကောင်းတဲ့ စင်ကာပူက သက်ကြီးလူများလည်း အိမ်ဖော်တွေကို လက်မထပ်ဘဲ တနင်္ဂနွေ ဇနီးသည်အဖြစ် ပေါင်းသင်းနေထိုင်သလို၊ ဝင်ငွေကောင်းတဲ့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေလည်း ပေါချောင်ကောင်းဆိုပြီး အိမ်ဖော်မိန်းကလေးတွေကို တနင်္ဂနွေ ရည်းစား လုပ်နေကြပါတယ်။ ခေတ်စနစ်၊ နိုင်ငံကလည်း ဒါမျိုးတွေကို ခွင့်ပြုတော့ မိန်းမများ ပျက်စီးတဲ့ အိမ်ဖော်လုပ်ငန်း ဖြစ်ပါတယ်။

အခု မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်မှာ အများစုကတော့ အိမ်ရှင်နဲ့ အိမ်ဖော် အဆင်ပြေကြပါတယ်။ ဦးအေးငြိမ်း မြန်မာဘာသာ ပြန်ထားတဲ့ အိမ်ဖော်ဥပဒေကို ဖတ်ကြည့်နိုင်ပါတယ်။
http://myanmarinsingapore.com/profiles/blogs/foreign-domestic-workers

အိမ်ရှင်တွေရဲ့ မတရားလုပ်တာကို မြန်မာ၊ အင်ဒိုနီးရှား အမျိုးသမီး အိမ်ဖော်များ ခံစားရပါတယ်။ အင်္ဂလိပ်စကား နားမလည်၊ ခေတ်ပေါ်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲကွန်း၊ မီးပူ၊ မီးဖို မသုံးတတ်ကြပါဘူး။ မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်တွင် ၁၀ ရာခိုင်နှုန်း အဆင်မပြေ ဖြစ်နေတော့ မြန်မာအမျိုးသမီး ၄၀၀၀ ခန့် အိမ်ရှင်-အိမ်ဖော် ပြဿနာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တချို့ အိမ်ရှင်ဆိုးဆိုးနဲ့ နေထိုင်ရသူများ၊ နှိပ်စက်ခံရသူများ ရှိပေမယ့် မဖြစ်စလောက် လူနည်းစုပါ။

အဆိုးဆုံးကတော့ လူပွဲစားလို့ခေါ်ရမယ့် အေဂျင်စီတွေပဲ ဖြစ်ပါ တယ်။ ဥပမာ- မြန်မာအမျိုးသမီးတစ်ဦး တစ်လ ဒေါ်လာ ၃၅၀ နဲ့ လုပ်မယ်ဆိုရင် အေးဂျင့်ဖိုး ခြောက်လစာ တောင်းပါတယ်။ အေးဂျင့်ဖိုး ပိုက်ဆံမရှိလို့ အိမ်ဖော်လာလုပ်သူကို ခြောက်လလုံးလုံး ပိုက်ဆံမပေးဘဲ အေဂျင်စီကြေးငွေ ပြန်ဆပ်နေရပါတယ်။ အများစုသော အိမ်ဖော်များရဲ့ ပြဿနာများဟာ အဲဒီရောက်ခါစ သုံးလအတွင်း ဖြစ်ပါတယ်။ အပြင်ထွက်ခွင့်၊ ဖုန်းပြောခွင့် မပေးကြတာ များတယ်။ အိမ်ဖော်က ထွက်ပြေးရင် အိမ်ရှင်က အာမခံတင်ထားတဲ့ ဒေါ်လာငါးထောင် ရှုံးမှာ ကြောက်လို့ အိမ်ရှင်များက အိမ်ဖော်များကို ရောက်ခါစမှာ မယုံတော့ အပြင်မထွက်ခိုင်းပါဘူး။ တချို့အိမ်ဖော်တွေ မိမိကိုယ် အဆုံးစီရင်မှုတွေ တွေ့ရပါတယ်။ အဲဒီရောက်ခါစ သုံးလလောက် အခက်အခဲတွေ ကျော်လွန်သွားပြီးရင်တော့ အိမ်ဖော်များနဲ့ အိမ်ရှင်တို့ ပျော်စရာ ဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့ဆို အိမ်ဖော်တွေ နားရက်ရလို့ လျှောက်လည်ကြပါတယ်။ မြန်မာအိမ်ဖော် အများစုကတော့ ထုံးစံအတိုင်း ပင်နီဆူလာ ပလာဇာမှာ ဆုံကြပါတယ်။ အရင်ငါးနှစ်က မြန်မာများ ပင်နီဆူလာ ရှော့ပင်းစင်တာအတွင်း၊ အပြင်နားမှာပဲ နေကြပေမယ့် အခု နှစ်ဆခွဲလောက် လူဦးရေ များလာတော့ ဘေးနားက ရှော့ပင်းစင်တာများ၊ ရထားဘူတာရုံ၊ စိန့်အင်ဒရူး ဘုရားကျောင်းဝင်း မြက်ခင်းပြင်၊ စီးတီးဟော ခရစ်ကတ်ကွင်းပြင်ကနေ နောက်ဆုံး မာရီလင်ရေပန်း ထွက်တဲ့ ပင်လယ်ကမ်းစပ် ပန်းခြံအထိ မြန်မာများစွာ ပျော်ပွဲစားထွက်၊ စကားပြော၊ အနားယူနေကြတာ တွေ့ရပါတယ်။

စည်းကမ်းနဲ့ ပတ်သက်ပြီး ယခင်က မြန်မာများ ကွမ်းတံတွေးထွေး၊ ဆေးလိပ်တို လွှင့်ပစ်၊ အရက်ဘီယာခွက်များ၊ အချိုရည်ခွက်၊ ပုလင်း၊ အမှိုက်အကြွင်းကျန် များစွာ ပစ်ထားလို့ စည်းကမ်းမဲ့တဲ့ မြန်မာများလို့ နာမည်ကျော်ခဲ့ပါတယ်။ အခု အစိုးရအသစ် တက်ပြီး သုံးနှစ်ကြာတဲ့ အချိန်မှာ မြန်မာများ အလွန်စည်းကမ်း ရှိလာပါတယ်။ အမှိုက်မပစ်ဘဲ စိန့်အင်ဒရူးဘုရားကျောင်းမှာလည်း သန့်ရှင်းစွာ နေထိုင်၊ စခန်းချ၊ စားသောက်ကြပါတယ်။

စင်ကာပူရဲ့ အံ့မခန်း တိုးတက်ပုံကလည်း ၂၀၁၄ မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဆင့်ကို ရောက်သွားပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI မှာလည်း ဒေါ်လာဘီလီယံပေါင်း ကုဋေများစွာနဲ့ ကမ္ဘာ့အဆင့် ၁၅ လောက်မှာ ရှိနေပါတယ်။ အရှေ့တောင်အာရှကို ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများက စင်ကာပူဘဏ်တွေမှာ ယုံကြည်စွာ ငွေလာထည့်ထားခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တောခေါင်ခေါင် ဘတ်စ်ကားတောင် မရှိတဲ့ Woodlands လို ကန်ပေါင်း (တောရွာ) များက အခုဆို ရှော့ပင်းစင်တာကြီးများ၊ ရထားဘူတာ၊ အိမ်ရာ စီမံကိန်းများနဲ့ လူပေါင်း သိန်းသန်းချီ နေထိုင်ကြပါပြီ။ ရှော့ပင်းစင်တာကြီးများက အစားအသောက်တွေလည်း အမေရိကန်နိုင်ငံထက်ပင် ဈေးကြီးနေပြီ ဖြစ်ပါတယ်။ အလွန်တိုးတက်နေတဲ့ နောက်ဆုံးပေါ် ပစ္စည်းများစွာကို စင်ကာပူမှာ တွေ့နိုင်ပါပြီ။ နယူးယောက်၊ မက္ကဆီကို၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ စားသောက်ဆိုင်များ၊ ဟိုတယ်၊ ဈေးဆိုင်များလည်း တရုတ်ကုလား ဆိုင်များလို များစွာ၊ စုံလင်စွာ ရှိနေကြပြီး ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက သင်္ဘောလိုင်းများ၊ ရေနံတင်သင်္ဘောများ၊ လေယာဉ်ပျံ ခရီးစဉ်များစွာနဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုဖြစ်နေပါတယ်။ အလွန်အံ့မခန်း တိုးတက်လာတဲ့ တရုတ်ကို မှီပြီး ဟောင်ကောင်ဟာ အရမ်းတိုးတက်လာပါတယ်။ အရင်က ဟောင်ကောင်ထက် သာသွားမယ် မှန်းပေမယ့် အနှစ်၂၀ ကြာလည်း ဟောင်ကောင်ကို မမီနိုင်သေးပါဘူး။ ဟောင်ကောင်က ငွေချမ်းသာရုံမက၊ နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ သိပ္ပံပညာများမှာ စင်ကာပူထက် သာလွန်နေဆဲ ဖြစ်ပါတယ်။

နိဂုံးသုံးသပ်ချက်

မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲ ထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိ အာဏာရ ဝန်ကြီး သားသမီးများ၊ စီးပွားရေး၊ ခရိုနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ရာများ ဝယ်ပြီး နေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖော်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ် ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီတော့ လူဆိုး၊ သူခိုးများကအစ လူကောင်း၊ လူတော်များ၊ ဆင်းရဲမွဲတေသူများ အဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ တစ်ခန်းရပ်ဖြစ်ပါတယ်။

the voice myanmar

မြန်မာအသင်း မလေးရှားအသင်းကို ခြေစွမ်းပြ အနိုင်ရ



ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာ ကျင်းပနေတဲ့ ဂျပန်-အာဆီယံ ယူ ၁၄ ချစ်ကြည်ရေးပွဲစဉ် တတိယနေ့ ဧပြီ ၅ရက်နေ့မှာ မြန်မာ ယူ ၁၄ အသင်းက မနက်ပိုင်းမှာ မလေးရှားအသင်းနဲ့ ကစားခဲ့ပြီး ညနေပိုင်းမှာ ဂျပန်ယူ ၁၄ နဲ့ ချစ်ကြည်ရေးပွဲ ဒုတိယပွဲစဉ်အဖြစ်ကစားခဲ့ ပါတယ်။

ပထမပိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း နည်းစနစ်နဲ့ ကြံခိုင်ရေးပြည့်စုံတဲ့ ဂျပန်အသင်းကို ဂိုးသွင်းခွင့်ပေးလိုက်ရပြီး မြန်မာအသင်းက အချိတ်အဆက်အားနည်းလာပြီး ၃ ဂိုး အသွင်းခံလိုက်ရပါတယ်။

မြန်မာအသင်းက ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့မယ့် ဂိုးသွင်းလွဲချော်မှုတွေ ရှိပါတယ်။ မြန်မာအသင်းက ပွဲပြီးခါနီး ၁ ဂိုး ပြန်သွင်းနိုင်ပေးမယ့် ဒိုင်လူကြီး အဆုံးအဖြတ်နဲ့ မရခဲ့ပါဘူး။

မြန်မာလူငယ်တွေကတော့ အခုလို လာရောက်ကစားခွင့်ရလို့ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ဂျပန်ရဲ့ လေ့ကျင်အားထုတ်မှုတွေ အနီးကပ်တွေ့ မြင်ရလို့ အကျိုးအများကြီးရတယ်လို့

DVB

ကိုယ့်ဘာသာကိုယ် selfie ရိုက်ပြီး ပို့စ်မလုပ်သင့်တဲ့ ဓာတ်ပုံအမျိုးအစားများ




မေသော် on 2014-04-05 11:37    
ခုချိန်မှာ ကိုယ့်ဘာသာကိုယ် selfie ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်တွေမှာ ပို့စ်လုပ်လာကြတာဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလို selfie ရိုက်ထားတဲ့ပုံတွေထဲက ဘက်ဂရောင်း နေရာတွေကိုတော့ ကြည့်မိတဲ့သူ အမြင်မတော် မဖြစ်စေဖို့ ကိုယ့်ဘာသာကိုယ် အရင်ဆုံး ရွေးချယ်ပြီးမှ ပို့စ်လုပ်သင့်ပါတယ်။ မြင်ရတဲ့သူတွေလည်း စိတ်မသက်သာ၊ အာရုံလည်းနောက်၊ ကိုယ့်အတွက်လည်း မကောင်းဖြစ်စေမယ့် ပို့စ်မလုပ်သင့်တဲ့ selfie ပုံတွေရှိပါတယ်။ ဒါ့အပြင် တစ်ခြားလူသိရှင်ကြား ပို့စ်မလုပ်သင့်တဲ့ ပုံမျိုးတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့

၁။အသုဘအခမ်းအနားတစ်ခုမှာ ရိုက်ထားတဲ့ပုံမျိုးတွေ လူမှုကွန်ယက်တွေမှာ မတင်သင့်ပါဘူး။ ကိုယ့်ဘာသာကိုယ် selfie ရိုက်လို့ကောင်းတဲ့ နေရာတွေမှ အများကြီးပါ။ အဲ့ဒါကိုမှ အသုဘအခမ်းအနားမှာ selfie ရိုက်ပြီး ဖေ့စ်ဘွတ်ခ်လို နေရာမျိုးမှာ တင်ခြင်းဟာ တခြားလူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုပုံကြီး news feed မှာ တက်လာမှာကိုလည်း ဘယ်သူကများ သဘောတွေ့မှာလဲနော်။


၂။စစ်တမ်းကောက်ချက်အရ နောက်ထပ် ဖေ့စ်ဘွခ်သုံးသူတွေ သဘောမတွေ့တဲ့ ပုံမျိုးတွေထဲမှာ ခြေထောက်၊ ခြေချောင်းတွေကို ဓာတ်ပုံရိုက်တင်ခြင်းပါတဲ့။ ဒါကလည်း လှလှပပလေးဆို မဆိုးပါဘူးလို့ မှတ်ချက်ပေးနိုင်ပေမယ့် ခြေထောက်တိုတို၊ တုတ်တုတ်တွေကို ဓာတ်ပုံရိုက်တင်တာမျိုးဆိုရင်တော့ စိတ်မသက်မသာ ဖြစ်စရာပါပဲ။

၃။အလုပ်မှာ ဓာတ်ပုံရိုက်တင်ခြင်းဟာ သင့်ရဲ့ဘော့စ်ကို ငါ အလုပ်မလုပ်ဘူး၊ အားယားနေတယ် တွေ့လား ဆိုပြီး သက်သေပြလိုက်သလို ဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။

၎။ကားမောင်းသူရဲ့ နေရာမှာထိုင်ပြီး ပြုံးပြုံးကြီး ဓာတ်ပုံရိုက်တင်တာကလည်း နည်းနည်းတော့ အူကြောင်ကြောင်နိုင်လှပါတယ်။

၅။GYM ဆော့နေတုန်း ကိုယ်က ဓာတ်ပုံရိုက်တင်လိုက်ခြင်းဟာ ကိုယ့်အတွက်တော့ ငါဒါတွေ လုပ်နေတယ်ဆိုတာကို လူသိစေမှာ မှန်ပေမယ့် ကိုယ့်ဘေးနားမှာ ချွေးသံတရွှဲရွှဲနဲ့ လေ့ကျင့်ခန်းလုပ်နေသူ အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စေမှာပဲလေ။ သူတို့မပါအောင် ကိုယ့်တစ်ယောက်တည်း ထောင့်တစ်ခုခုမှာ သွားထိုင်ရိုက်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။


Ref:womenshealthmag.com
Trend Myanmar

သင်္ကြန်ကာလအတွင်း အိတ်ဇောသံဆူညံသည့်ဆိုင်ကယ်များ အသိမ်းခံရမည်

မန္တလေးသင်္ကြန်ပွဲတော်ကာလအတွင်း ရေပက်ခံထွက်နေသည့်ဆိုင်ကယ်များအားတွေ့ရစဉ်(ဓာတ်ပုံ − ညီညီဇော်)



ညီညီဇော်
မန္တလေး− မန္တလေးမြို့သင်္ကြန်ပွဲ တော်တွင် မော်တော်ဆိုင်ကယ် များ အိတ်ဇောစက်သံဆူညံစွာ မောင်းနှင်ပါက သင်္ကြန်ပွဲတော် ကာလအတွင်း ဆိုင်ကယ်သိမ်း ဆည်းခံရမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ဆိုင်ကယ်အိတ်ဇောစက် သံဆူညံသည့်မော်တော်ဆိုင် ကယ်များအား ပွဲတော်ရက်မတိုင် မီ ခုနစ်ရက်ကြိုတင်ကာ နေ့စဉ်နေ့တိုင်း လမ်းဆုံလမ်းခွများတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူ သွားမည်ဖြစ်သည်။ သင်္ကြန်ပွဲ တော်ရက်မတိုင်မီ အရေးယူသော ဆိုင်ကယ်များအား တရားစွဲဆို ပြီး အိတ်ဇောလဲလှယ်စေကာ ဆိုင်ကယ်ပြန်လည်ထုတ်ပေး သွားမည်ဖြစ်သည်။ ပွဲတော်ကာလ အတွင်းအရေးယူသောဆိုင်ကယ် များကိုမူ ပွဲတော်ပြီးဆုံးပြီးနောက် တရားစွဲဆိုပြီးမှသာ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသင်းကိုကိုကပြောကြားသည်။ ‘‘တစ်နှစ်က ဆို အိတ်ဇောဖြုတ်မောင်းတဲ့ ဆိုင်ကယ်တွေဖမ်းတာ အစီးခုနစ် ရာကျော်တယ်။ ရုံးဝင်းထဲကိုထား လို့မရတော့အောင်များတာ’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
အိတ်ဇောစက်သံဆူညံခြင်း အပြင် လမ်းပိတ်ဆို့ခြင်း၊ လမ်း ပြောင်းပြန်မောင်းနှင်ခြင်းများကို လည်း အရေးယူသွားမည်ဖြစ် ကြောင်း ရဲမှူးကပြောကြားသည်။
‘‘အိတ်ဇောသံတွေဆူတာ တအားအမြင်ကတ်တယ်။ တစ် ချက်တစ်ချက် လန့်တောင်သွား တယ်။ သင်္ကြန်မရောက်ခင်က တည်းကဆူနေကြပြီ’’ဟု မန္တလေး မြို့မှ အသက် (၂၀)အရွယ် မမေ သူကပြောကြားသည်။
မန္တလေးမြို့ သင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်မောင်းသူ၊ ဆိုင်ကယ်မောင်းနှင်သူအများစု မှာ အရက်သေစာသောက်စား ကာ စည်းကမ်းမဲ့မောင်းနှင်မှုများ ရှိနေပြီး သင်္ကြန်ကာလအတွင်း ယာဉ်ကြောရှင်းလင်းရေးကိုသာ ဦးစားပေးလုပ်နေရသည့်အတွက် အရေးယူနိုင်မှုအားနည်းနေသည် ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက သုံးသပ်သည်။ ပြီးခဲ့သည့် ၂၀၁၃ သင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့တွင် စည်းကမ်းမဲ့ယာဉ်အစီးရေ ၇၅ စီးကို တရား စွဲဆိုအရေးယူခဲ့သည်။

7day daily

ရွှေဘုတ်ပြောတဲ့ ကျေးလက်က ကျောမွဲတွေ အကြောင်း


ဖိုးရှုပ်ရေ...

ရွှေဘုတ် စာရေးလိုက်တယ်။သတိရလွန်းလို့ ရေးတယ်မထင်လိုက်နဲ့။ တစ်ချိန်က ကျေးလက်က ကျောမွဲဘ၀နဲ့ ရန်ကုန်ရောက်ပြီး အခြေကျနေတဲ့ နင့်ကို ဘ၀မမေ့ဖို့ရေးလိုက်တာ။ တစ်နည်း ပြောရရင် နင်က မီဒီယာကြီးဆိုတော့ ကျေးလက်မှာ ငါတို့လိုကျောမွဲတွေရှိနေပါလားဆိုတာကို သမ္မတကြီးသိအောင် ပြောပေးနိုင်လိမ့်မယ်ထင်လို့ရေးလိုက်တာ။

ဖုန်းဆက်ရအောင်ကလည်း မဲသာမကြာခဏနှိုက်နေတာ ခုထိကို ကံမကောင်းနိုင်ဘူး။ ကံကောင်းချင်တဲ့ လူကျပြန်တော့လည်း လက်ထဲမှာ ဖုန်းက နှစ်လုံး၊သုံးလုံးနဲ့လေ။ ကံကြမ္မာကလည်း မျက်နှာသာလိုက်လွန်းတယ်ဟာ။ ငါတို့ကျတစ်ခါမှ မဲမပေါက်ဘူး။

ပြောချင်တာက ဒီလိုဟ။ နင်ပို့ပေးလိုက်တဲ့ သတင်းစာ၊ ဂျာနယ်အဟောင်းတွေမှာ လယ် သမားတွေ သိမ်းဆည်းခံထားရတဲ့ မြေတွေကို ပြန်ပေးသူက ပေးနေပေမယ့် မူလလက်ငုတ်လက်ရင်း တွေပြန်မရတဲ့ကိစ္စ။ စပါးတွေ ပိုးကျပြီး ပျက်စီးတဲ့ကိစ္စ။ ဘဏ် ချေးငွေနောက်ကျတဲ့ကိစ္စ။ စပါး တွေရေမြုပ်လို့ ဘယ်လောက် ဆုံး ရှုံးတဲ့ကိစ္စတွေကိုမကြာခဏဆိုသ လို ဖတ်ရလို့ ၀မ်းသာမိတယ်။

သြော် . . .၀မ်းသာတယ်ဆို လို့ တစ်မျိုးမထင်နဲ့ဦးနော်။ လယ် သမားတွေ တကယ်ရင်ဆိုင်ကြုံ တွေ့နေရတာတွေကို အရေးတ ယူလုပ်ပြီး သတင်းစာ၊ ဂျာနယ် တွေမှာ နေရာပေးဖော်ပြနေကြ လို့ ၀မ်းသာမိတယ်လို့ပြောတာ။ ကျေးဇူးလည်း အထူးတင်မိပါ တယ်။ ဒါပေမဲ့ဟာ သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြခဲ့၊ ဖတ်ရခဲ့ တာကတော့ လယ်ယာလုပ်သား တွေရဲ့ ဘ၀ရပ်တည်မှုကို စုံစမ်း လေ့လာပြီး ရေးသားထားတာ တွေကို မဖတ်ရသလောက်ဘဲ။ အဲ . . . .ခြွင်းချက်အနေနဲ့ လယ် ယာလုပ်သားရှားပါးလာလို့ လယ်သမားတွေ အခက်ကြုံနေရတယ် ဆိုတာတော့ ဖတ်ရတယ်။ ဘာကြောင့် လယ်ယာလုပ် သားရှားပါးရသလဲဆိုတဲ့ ဇာစ်မြစ်ကိုတော့ ဂဃနဏရေးတာ မတွေ့ရဘူး။ ဘာကြောင့်မရေးတာလဲဆိုတာ နင့်မှာအဖြေရှိလားဖိုးရှုပ်။

နင်ကိုယ်တိုင်ကော လယ်ယာလုပ်သား ဘာကြောင့်ရှားရတယ်ဆိုတာ မှတ်မိသေးရဲ့လား။အေးလေ၊ နင်က ရန်ကုန်ရောက်တာကြာပြီဆိုတော့ မေ့ကောင်းမေ့နေမှာပေါ့။ ငါပြောပြမယ်။ ဒီလိုဟ၊ တောင်သူလယ်သမားရယ် လို့ ခြုံငုံခေါ်ခံရတဲ့ ကျေးလက်နေလူတန်းစားမှာ စာသံနဲ့ပြောရရင် အကြီးစားလယ်သမား၊ အလတ်စားလယ်သမား၊ အသေးစားလယ်သမားနဲ့ လယ်ယာလုပ်သားပေါ့။ ကျေးလက်နေလူထု ၇၀ ရာခိုင်နှုန်းကို အဲဒီလေးမျိုးနဲ့ ဖွဲ့စည်းထားတယ် ဆိုတာလောက်တော့ နင်သိမှာပေါ့နော်။

 တကယ်တော့လယ်ယာ လုပ်သားဆိုတာ ဘာလက်ငုတ် လက်ရင်းမှမရှိတဲ့ ကျောမွဲတွေ လေ။ ဘ၀ရပ်တည်မှုနဲ့ ပတ်သက် ပြီး ဘာအာမခံချက်မှမရှိတဲ့ လူ တွေမို့လား။ ဥပမာ-အိမ်ခြေ ၁၀၀လောက်ရှိတဲ့ ရွာတစ်ရွာမှာ လယ် ယာမြေပိုင်ဆိုင်တဲ့သူက အလွန် ဆုံးရှိလှ အိမ် ၄၀ ပေါ့။ ကျန်တဲ့ အိမ်ခြေ ၆၀ လောက်က ကြုံရာ ကျပန်းလုပ်စားနေသူတွေ။ ဒီ တော့ လူဦးရေ သန်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲသူ ၂၆ ရာ ခိုင်နှုန်းပဲရှိတယ်ဆိုတာ ဟုတ်ပါ့ မလား။

အဲဒီလယ်ယာလုပ်သားဆို သူတွေကို ကြည့်၊ ၁၂ လရှိတဲ့ တစ်နှစ်မှာ တကယ်အလုပ်လုပ်ကြရတာ ငါးလ၊ခြောက်လလောက်ပဲ။ အလွန်ဆုံးရှိလှ ငါးလပေါ့။ တစ်နှစ်မှာ ငါးလ၊ ခြောက်လလောက်ပဲ အလုပ်လုပ်ကြတာဆိုလို့ငွေရှင်၊ ကြေးရှင်တွေရယ်လို့ အထင်မကြီးလိုက်နဲ့။ အထင်သေးပြီးငပျင်းတွေလို့လည်း မထင်လိုက်နဲ့ဦး။ တကယ်တော့ အလုပ်မရှိလို့ မလုပ်ကြရတာ။ အလုပ်မရှိလို့ငါးရှာ၊ဖားရှာလုပ်မလား ဆိုပြန်တော့လည်း အင်းလေလံဆိုတာက ပိုက်ဆံရှိသူတွေပဲ ရနေတဲ့ ခေတ်လေ။ ချောင်းထဲ၊အင်းထဲရေဆင်းချိုးရင်တောင် ငါးခိုးဖမ်းတယ်ဆိုပြီး အတိုင်ခံရ၊ အဖမ်းခံရတာတွေ ခုထိရှိနေတုန်းဟ။ ငါးပိရည်ခွက် ထဲငါးလေးမီးဖုတ်ဖျော်ဖို့ဆိုပြီး ငါးတော့ သွားမမျှားလိုက်လေနဲ့ အင်းလေလံဖိုးထိပါလျော်ကြေး တောင်းကြတာ။

သူတို့တကယ်အလုပ်လုပ်ရ တဲ့ ကာလက မိုးဦးကျမှာ။ လယ် ထွန်၊ ပျိုးနုတ်၊ ကောက်စိုက်၊ အလွန်ဆုံးလုပ်ရ နှစ်လသာသာ ပေါ့။ ဆောင်းဦးပေါက်ကျတော့ ကောက်ရိတ်၊ ပဲစိုက်၊ သူလည်းပဲ တစ်လလောက်ရယ်။ နွေဦးပေါက်ကျတော့ ပဲစိုက်တဲ့ ဒေသတွေမှာ ပဲနုတ်တာကလွဲပြီး ဟုတ်တိ၊ ပတ် တိအလုပ်မရှိတော့ဘူး။ တစ်နှစ် ပတ်လည်လုံးမှာ အလုပ်လုပ်ရတဲ့ ရက်က နည်းနည်း၊ အလုပ်ငတ်တဲ့ ရက်ကများများလေ။ တစ်နွေလုံး ဟိုဟာလေးရှာလုပ်၊ ဒီဟာလေး ရှာလုပ်နဲ့ အလုပ်က ဟုတ်တိ ပတ်တိမရှိတော့ မိသားစုက ငတ်တစ် လှည့်ပြတ်တစ်လှည့်ပေါ့ဟာ။ အ လုပ်မရှိပေမယ့်လည်း စားဖို့နေဖို့ကလိုတယ်မို့လား။ ဒီတော့အလွယ်ကူ ဆုံးဖြေရှင်းနည်းက ကောက် စိုက်ပေး၊ ကောက်ရိတ်ပေးဆိုပြီး လယ်လုပ်ငန်းရှင်ဆီက ကြိုငွေယူ၊ဆန်ယူ၊ စပါးယူကြိတ်ခွဲစားပေါ့ ဟာ။ အဲ့သလို ယူတာတစ်ဦးတစ် ယောက်တည်းဆီကမထင်နဲ့ အ နည်းဆုံး နှစ်ဦး၊  သုံးဦးဆီက ယူကြရတာ။ အလုပ်ကို ထမင်းထိုင် စားပြီး စောင့်ကြရတဲ့သဘောပေါ့။

ဟော . . . အချိန်လည်းကျ ရော ယူထားတဲ့ အကြွေးတွေကို အလုပ်လုပ်ပြီး ဆပ်ကြရတော့ တာပဲ။ အဲဒီမှာ ကျောမွဲတွေအ တွက် နစ်နာတာတစ်ခုက ငွေစယူ တုန်းက လုပ်အားခပေါက်ဈေး အတိုင်းပဲ လုပ်ပေးကြရတာ။ ဥပ မာဟာ- ငွေစယူတုန်းက အမျိုး သားတစ်ဦးရဲ့ တစ်နေ့လုပ်အားခ ပေါက်ဈေးက ကျပ် ၁၀၀၀ ဆိုပါ တော့။ အလုပ်ပြန်ပေါ်တဲ့အချိန် မှာ ကျပ် ၁၅၀၀ ဈေးပေါက်လည်း ကျပ် ၁၀၀၀ နဲ့ပဲလုပ်ပေးရတာ။ ငွေစယူကတည်းက နှစ်ဦးနှစ်ဖက်သဘောတူထားတာဆို တော့လည်း မတတ်နိုင်ဘူးလေ။ လုပ်ပေးရတာပဲ။ သြော်. . . ဒီနေ ရာမှာ သတိရလို့ တစ်ခုပြောဦး မယ်။ သူတို့ရဲ့တစ်နေ့လုပ်အားခ က ဘယ်လောက်ထင်လဲ။ အများ ကြီးမမှတ်နဲ့။ အမျိုးသမီးတစ်ဦးမှ ကျပ်၁၀၀၀ ၀န်းကျင်ရယ်၊ လုပ် နိုင်ကိုင်နိုင်အရွယ်အမျိုးသားကြီး တစ်ဦးဆိုရင် ကျပ် ၂၀၀၀ လောက်တော့ ရတယ်။

အလုပ်အကိုင်ရှားပါးရတဲ့ အပြင် အချိန်ကျပြန်တော့လည်း ရတဲ့ လုပ်အားခက ဆန်တစ်ပြည် ဖိုးရတယ်ဆိုတော့ ဘယ်မှာလာ ပြီး ချောင်လည်ပါ့မလဲ။ လင်မ ယားနှစ်ယောက်လုံး ထွက်ရုန်းမှ တစ်နေ့စာရယ်လေ။

ဘယ်မှာလဲ သားသမီးပညာရေးစရိတ်၊ ကျန်းမာရေးစရိတ်၊ စာမတတ်သူ ပပျောက်ရေးဆိုတာ ကျေးလက်နေကျောမွဲတွေနဲ့ မဆိုင်သလို ဖြစ်နေတယ်။ မယုံမရှိနဲ့ ဖိုးရှုပ်၊ ငါတို့ ကျေးလက်တွေမှာ ခုထိကျောင်းမထားနိုင်တဲ့ ကလေးတွေ အများကြီးရှိနေသေးတယ်။

သြော် . . . စောစောက ကိစ္စ ပြန်ဆက်ရအောင်။ ယူထားတဲ့ ကြိုငွေအကြွေးကိုအလုပ်လုပ်ပြီး ပြန်ဆပ်နေတဲ့ အချိန်မှာ ၀င်ငွေ က မရှိဘူးလေ။ ၀င်ငွေမရှိပေမယ့်ဗိုက်က ဒီအတိုင်းနေတာမှမဟုတ်ပဲ။ စားဖို့တော့ရှိရမယ်လေ။ ဒီတော့နေစောင်းရင် လုပ်အားခရမဲ့ တခြားလယ်လုပ်ငန်းရှင်ဆီမှာ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် သွားလုပ်လိုက်၊ဒီဘက်ပြန် လာလုပ်လိုက်ပေါ့လေ။

ဖိုးရှုပ်ရေ၊ ငွေနဲ့ ပတ်သက် ရင် လူတော်တော်များများက သည်းမခံနိုင်ကြဘူးဟ။ အကြွေးမကျေသေးဘဲ တခြားမှာ သွားလုပ်ရမလားဆိုပြီး ကြွေးရှင်က အိမ်ကိုလာပြီး ပွဲကြမ်းတာ၊ သားပျို၊ သမီးပျိုတွေရှိလည်း မရှောင်၊ မကြားဝံ့မနာသာတွေ ပြောတာခံရသေး။ တချို့ဆိုရင် ရွာရိုးကိုးပေါက်လျှောက်နာမည်တပ်ပြီး ကလော်တုတ်သေးတာ။ တစ်ဖက်က စိတ်အခန့်မသင့်တာနဲ့လည်း တွေ့ရော ထိုးကြ၊ ကြိတ်ကြ၊ရိုက်ကြ၊ နှက်ကြနဲ့ သတ်ကြ၊ ဖြတ်ကြတဲ့ အဆင့်ထိကို ရောက်ကြရတာ။

တချို့ကျတော့ ဒီဘက်က အကြွေးကို ဆပ်ချင်တော့ ဟိုဘက်ကနေ အတိုးနဲ့ ဆွဲ၊ ကြာလာတော့ အကြွေးသံသရာကလည်။ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်စာ အကြွေးနဲ့ အတိုးကချာလပတ်လည်၊ နောက်ဆုံးအဲဒီပြဿနာကိုဆေးမြီးတိုနဲ့ အလွယ်ကူဆုံးကုသတဲ့ နည်းက အိမ်ပေါင်၊ ခြံပေါင်၊ ယာပေါင်။ ဒီလိုလုပ်လိုက်လို့ ပြေလည်သွားမယ်မထင်နဲ့။ ပေါင်ထားတဲ့ အရာလေးတွေ အတိုးပေါ်အတိုးဆင့်ပြီး မတန်တဆနဲ့ ဆုံးကြရတာပါပဲ။

ဖိုးရှုပ်ရေ၊ ကြာလာတော့ အလုပ်အကိုင်ရှားပါးတဲ့ ဒဏ်ကို ဘယ်သူခံနိုင်မှာလဲ။ အလုပ်မရှိ တော့ ငွေမရှိ၊ ကျောင်းနေအရွယ် တွေ ကျောင်းမနေနိုင်၊ ကလေး တွေ ဆယ်နှစ်သားသမီးအရွယ် မှာတင် အလုပ်ရှိတဲ့ နေရာတွေ ပို့ ကြရ၊ သူတို့လေးတွေခမျာ အရွယ်နဲ့ မလိုက်အောင် မြို့ပြက အလုပ်မျိုးစုံတွေမှာ ကျင်လည်နေကြရတာ။ မိန်းကလေးငယ်တွေ ဆိုရင်လည်း လူမသိ၊ သူမသိနဲ့ ဘ၀တွေပျက်။ တချို့မိန်းကလေးတွေဆိုရင် သိသိကြီးနဲ့ ကိုယ့်ကိုယ် ကိုယ်ရောင်းစားခံ၊ ယောက်ျားလေး အချို့အသက်မပြည့်ဘဲ စစ်တပ်ထဲရောက်၊ အိမ်နီးချင်းနိုင်ငံတွေကို ရောက်သွားကြတာလည်း မနည်းမနောပဲ။

တချို့ဆိုရင် ဇာတိမြေကို မစွန့်ချင်ပါဘဲ ဘ၀ရပ်တည်ရေး အရ အလုပ်အကိုင်ပေါတဲ့ မြို့ပြတွေကို မိသားစုလိုက်ရွှေ့ကြ၊ ပြောင်းကြ။ မြို့ရောက်ပြန်တော့လည်း ရောက်ခါစအခြေမကျတော့ ဟိုနေရာ ကျူး၊ ဒီနေရာကျူး။ တောမှာနေတော့ ကျောမွဲ၊ မြို့ရောက်တော့ကျူးတဲ့။ ဘ၀တွေက မလှတဲ့အပြင် နာမ၀ိသေသကလည်း မလှ၊ ကျူးတဲ့။

ဖိုးရှုပ်ရေ၊ လယ်ယာလုပ် သားရှားပါးလာရတဲ့ ဇာစ်မြစ်က အဲဒါပဲ။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုတာ ဘာမှန်း ခုထိ ငါတို့ မသိရသေးဘူး။ ငါတောင် အမွေရထားတဲ့ မြေကွက်လေး ရောင်းပြီး ရန်ကုန်ကို ပြောင်းနေ မလားလို့ စိတ်ကူးနေသေးတယ်။ ဈေးပေါပေါမြေကွက်လေးတစ် ကွက်လောက်တွေ့ရင် အကြောင်း

ကြားပေးပါဟာနော်။ ကဲ . . . ဖိုးရှုပ်ရေ၊ ငါရေးတဲ့ စာရှည်သွားလို့ အလုပ်ရှုပ်နေတဲ့ နင့်ကို အားနာပါတယ်။ သမ္မတကြီး သိအောင်တော့ ပြောဖြစ်အောင်ပြောပေးပါဟာနော်။ ကျေးလက်မှာ တကယ့်ကိုဘာမှမပြောင်းလဲသေးဘူးဆိုတာကိုလေ။

7day daily

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး စိတ်မချရသော်လည်း နိုင်ငံခြားသား ခရီးသွားများ ပုံမှန်သွားရောက်




ရန်ကုန်၊ ဧပြီ ၎

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် INGO များ၏ ရုံးခန်းများကို အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး စိတ်မချရသော်လည်း နိုင်ငံခြားသား ခရီးသွားများ သွားရောက်မှု ပုံမှန်အခြေအနေသာ ရှိကြောင်း ရခိုင်ပြည်နယ် အတွင်းရှိ ဟိုတယ်များထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကျင်းပမည့် အချိန်ကာလ နီးကပ်လာသည့်အတွက် ပြည်တွင်း ခရီးသွားများ ကြိုတင် အခန်းငှားရမ်းမှု များပြားပြီး ခရီးသွားရာသီ အဆုံးပိုင်းအချိန် ဖြစ်သည့် ဧပြီလတွင် နိုင်ငံခြားသား ခရီးသွား လျော့နည်းလေ့ ရှိကြောင်း၊ လုံခြုံရေး အခြေအနေကြောင့် ခရီးသွားလာမှု လျော့နည်းခြင်း မရှိကြောင်း သံတွဲမြို့နယ် အတွင်းရှိ Silver Beach ဟိုတယ်ထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် အတွင်းတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အကြမ်းဖက် အုပ်စုများကြား ဖြစ်ပွားသည့် ပဋိပက္ခများ ရှိသော်လည်း နိုင်ငံခြားသား ခရီးသွားများ သွားလာခြင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေနှင့် တားမြစ်ထားခြင်း၊ စည်းကမ်း ထုတ်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခရီးသွားတွေ အနေနဲ့တော့ သက်ဆိုင်ရာဒေသက အာဏာပိုင်တွေ ဥပဒေ ထုတ်ထားတယ်ဆိုရင် အဲ့ဒီဥပဒေကိုတော့ လိုက်နာဖို့ လိုတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၃-၉-၂၀၁၃ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၈၀၃၊ ၂၀၁၃) အရ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ကို သွားလာခွင့်ပြု နယ်မြေအဖြစ် သတ်မှတ်ထားပြီး မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့ကို မြို့ပေါ်ခွင့်ပြု၊ မြို့ပြင်ခွင့်ပြုချက် တောင်းခံရမည့် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။



The Voice Weekly

မြောက်ကိုရီးယားမှ ဒုံးကျည်များ အသစ်ထပ်မံ ပစ်ခတ်ခဲ့လျှင် ပစ်ချရန် ဂျပန်မှ စစ်တပ်အား အမိန့်ပေးထား



ဧပြီ ၅။

ပြုံးယမ်းမှ ရိုဒေါင် တာလတ်ပစ် ပဲ့ထိန်းဒုံးကို ပင်လယ်တွင်းသို့ ပစ်ခတ်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားမှ ပစ်ခတ်သည့် မည်သည့် ပဲ့ထိန်းဒုံးကိုမဆို ပစ်ချသွားရန် ဂျပန်ပင်လယ် အတွင်းရှိ ဖျက်သဘောင်္ကို အမိန့်ပေးထားကြောင်း အစိုးရမှ စနေနေ့တွင် ပြောကြားခဲ့သည်။

၎င်းအမိန့်ကို ကြာသပတေးနေ့တွင် ဂျပန် ကာကွယ်ရေး ဝန်ကြီး အစ်ဆူနိုရီ အိုနိုဒဲရာမှ ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်များအတွင်း ပထမဆုံး အကြိမ်အဖြစ် တိုကျိုနှင့် ပြုံးယမ်းကြား စကားပြောဆိုမှုကို မထိခိုက်စေရန်အတွက် လူထုကြား ထုတ်ပြန်မှု မရှိခဲ့ပေ။

“ ဧပြီလ ၃ ရက်ကနေ ၂၅ ရက်နေ့အထိ ဘယ်လို ပဲ့ထိန်းဒုံး ပစ်ခတ်မှုမျိုးမဆိုအတွက် ပြင်ဆင်ထားဖို့ ကာကွယ်ရေး ဝန်ကြီးက အမိန့် ထုတ်ထားပါတယ် ” ဟု သတင်းရင်းမြစ်မှ ပြောဆိုခဲ့သည်။

ပစ်ခတ်လာနိုင်သည့် ဒုံးကျည်များအတွက် နောက်ဆုံး ကာကွယ်မှု ဖြစ်သည့် ပက်ထရီယော့ ဒုံးကျည် ဘက်ထရီများကိုမူ အိုနိုဒဲရာမှ တပ်ဆင်ထားမှု မရှိဟုလည်း ပြောကြားခဲ့သည်။

ယခုအပတ်အတွင်း မြောက်ကိုရီးယားနှင့် ဂျပန်တို့၏ ဘေဂျင်းတွင် ဆွေးနွေးမှုမှာ တိုးတက်မှု မရှိခဲ့သော်လည်း ထပ်မံ ဆွေးနွေးရန် သဘောတူညီမှု ရရှိထားခဲ့သည်။

ရိုဒေါင် ဒုံးကျည်ပစ်ခတ်မှုမှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် တောင်ကိုရီးယား၊ ဂျပန်တို့မှ ခေါင်းဆောင်များ ဟိဂ်မြို့တွင် ဆွေးနွေးနေစဉ် ဖြစ်ပွားခဲ့ပြီး တာတိုပစ် ဒုံးကျည်များကိုလည်း စမ်းသပ်ပစ်ခတ်ခဲ့သည်။

၎င်းပစ်ခတ်မှုမှာ မြောက်ကိုရီးယားမှ အလေးမထား ဂရုမစိုက်သည့်ပုံ ပေါ်လျက်ရှိသည်။

ပစ်ခတ်ခဲ့ပြီးနောက် ဒုံးကျည်မှာ ကီလိုမီတာ ၆၅၀ (မိုင်ပေါင်း ၄၀၀) ခန့်ကို ကျော်ဖြတ်ခဲ့ပြီး ပျံသန်းနိုင်မည် မျှော်မှန်းထားသည့် ကီလိုမီတာ ၁၃၀၀ ထက် လျော့နည်းခဲ့သည်။

ဂျပန်၏ ကာကွယ်ရေး ဖျက်သဘောင်္များမှာ အဆင့်မြင့် ရေဒါစံနစ်များ တပ်ဆင်ထား၍ ပစ်မှတ် အများအပြားကို ထောက်လှမ်းနိုင်ပြီး ပဲ့ထိန်းဒုံးများကို လေထုထဲတွင်ပင် ပစ်ချနိုင်သော ဒုံးကျည်များ ပါဝင်သည်။

REF: Reuters
The Myanma Age

ပါးစပ်ထဲမှာ သားသမီးကို ထွေးပွေ့ပေးတဲ့ ငါးဖေဖေ




ရောင်ပြန်ငါးလို့ အလွယ်ခေါ်တဲ့ Cardinalfish (ကာဒီနယ်) ငါးများဟာ Atlantic သမုဒ္ဒရာ၊ အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာ တို့မှာ ရှင်သန် ပေါက်ဖွား ပါတယ်။ သူ့ရဲ့ ထူခြားချက် တစ်ခုက ကာဒီနယ် ငါးမ များဟာ ငါးထီးများရဲ့ ပါးစပ်မှာ အဥ ဥခြင်း ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာက ယင်း ငါးထီးများဟာလည်း ပါးစပ်ထဲမှာ ရှိနေတဲ့ ငါး သားပေါက် ငယ်များကို ပြုစုစောင့်ရှောက် ပါတယ်။ ပြန်မစား တတ် ပါဘူး။ သူတို့ ပါးစပ် ထဲမှာ ထည့်ပေးထားခြင်း ဖြင့် အခြားသော ပင်လယ် သားကောင် များရဲ့ ရန်လိုမှု၊ တိုက်ခိုက် စားသုံးမှုတွေကို ကာကွယ်နိုင် မှာ မို့လို့ ဖြစ်ပါတယ်။ ကာဒီနယ် ငါးက သိပ်မကြီး ပါဘူး။ သုံးလက်မ ခွဲ လောက်အထိပဲ ကြီးပါတယ်။ ငါးက အရောင်ပြန်နေပြီး အများအားဖြင့် ရေငံမှာပဲ ပေါက်ဖွား ရှင်သန်တဲ့ ငါးများ ဖြစ်ပါတယ်။

ငါးသားပေါက် များကို ပါးစပ်ထဲ ထည့်မွေး ထားပေးတတ်တဲ့ သူ့ရဲ့ အလေ့အထ ကြောင့် ကာဒီနယ် ငါးများဟာ လူသိများ နာမည်ကြီးခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

သမီးလေးကို ရွှေလက်တွဲလို့ ကော်ဇောမှာ လမ်းလျှောက်ချင်တဲ့ အဖေ




ပုံမှာ မြင်တွေ့နေရတဲ့ သမီးနဲ့ အဖေ ကတော့ အမေရိကန်နိုင်ငံ၊ လော့အိမ် ဂျလစ် ပြည်နယ်က အသက် ၆၂ နှစ် အရွယ် Jim Metz နဲ့ အသက် ၁၁ နှစ်အရွယ် Josie လို့အမည်ရတဲ့ သမီးငယ်လေး ဖြစ်ပါတယ်။ အသက်ကြီးမှ ကလေးရတဲ့ မိသားစု မို့လို့ပါ။

ကံဆိုးချင်တော့ အဖေဖြစ်သူ Jim ကော၊ သူ့အမျိုးသမီးပါ လပိုင်း အတွင်း သေရတော့မယ် pancreatic ကင်မရာ ဝေဒနာကို ခံစား နေရ ပါတယ်။ ဒီတော့ အသက် ငယ်ငယ်လေးနဲ့ Josie ဟာ မိဘမဲ့ ဖြစ်လာမှာပါ။ မိဘ ဖြစ်သူဟာ သူတို့ သမီးလေးကို လက်ထက် တဲ့အခါ အဖေက လက်ဆွဲ သွားပြီး သားမက်လောင်းဆီ လက်လွဲပေးတဲ့ ပီတိအချိန်ခါကို လိုချင် ပါတယ်။ သမီး ဖြစ်သူဟာလည်း အဲ့လို အခြေအနေ တစ်ခုကို မျော်လင့် တာပါ။ သို့ပေမယ့် မရနိုင်တော့ ပါဘူး။

ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မသေခင် အဖေဖြစ်သူက လက်တွဲပြီး မင်္ဂလာ လျှောက်လမ်းမှာ ခေါ်ဆောင်သွားပေးတဲ့ ခံစားမှု ရရှိအောင် မင်္ဂလာဆောင် အစစ် မဟုတ်တဲ့ ခံစားမှု အသားပေး မင်္ဂလာပွဲ အတုလေး ပြုလုပ် ပါတယ်။ ဒီအတွက် ဓာတ်ပုံစတူဒီယို တစ်ခုရဲ့ ဝန်ဆောင်မှု နဲ့ မှတ်တမ်း တင်ခဲ့ ပါတယ်။ အိမ် ခြံဝိုင်းထဲမှာပဲ မင်္ဂလာဆောင် အဆင်အယင် များကို သေချာ ပြုလုပ်ပေးခဲ့ ပါတယ်။

တစ်ချိန်ကျရင် မင်္ဂလာဆောင်မယ့် သမီးလေးကို ရွှေလက်တွဲလို့ မင်္ဂလာ လျှောက်လမ်းသို့ ခေါ်ဆောင်မယ့် မိရင်း ဖရင်း မရှိတော့မယ့် Jim ကို တစ်ကမ္ဘာလုံးက ကိုယ်ချင်းစာ စာနာ သနားခဲ့ကြ ပါတယ်။
.
Ref: Lifefm
အောင်ခမ်း (ရိုးရာလေး

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သောဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦး၏ ဆေးကုသမှုမှတ်တမ်းများဖော်ပြခြင်း






ရန်ကုန်၊ ဧပြီ ၅
၎.၄.၂၀၁၄ရက်နေ့ ၁၅၄၅အချိန်တွင် လှည်းကူးမြို့နယ်၊မြို့မဈေးအရှေ့ဘက်
အမိုးအကာကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉)ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို(ခ)အွစ္စမန်ပါ
(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ် (၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်
ဖြစ်ပွားခဲ့ရာမှ သက်ပိုင်ဦးတွင်ဒဏ်ရာရရှိခဲ့သဖြင့် ရန်နိုင်(ခ)ရန်အောင်ကိုကို
(ခ)အွစ္စမန်ပါ(၃)ဦးကို လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်မှဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့် တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းပို့အပ်ကုသ
ခဲ့ရာ ၎င်း၏ဒဏ်ရာအခြေအနေမှာ ဆေးမှတ်တမ်းများအရ“ယာဘက်
မျက်လုံးအောက်မျက်ခမ်း 1.4 cm x 0.3 cm အဆီပြင်ထိနက် ပေါက်ပြဲ
ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ပါးရိုး 2 x 1.5 cm ရှိ ဖူးရောင်ဒဏ်ရာ(၁)ချက်၊ မျက်စိအတွင်းမျက်ဖြူသားပွန်းပဲ့၊ မျက်ကြည်လွှာပွန်းဒဏ်ရာ၊အောက်မျက်ခမ်း
ရောင်၊ ယခုစစ်ဆေးချက်အရ မျက်စိအမြင်အားလုံးကောင်းမွန်နေ၊ မျက်စိ
အမြင် ဆိုးဆိုးဝါးဝါးထိခိုက်မှုမရှိနိုင်ပါ၊ တစ်ခုခုဖြစ်ပါက မျက်စိဆေးရုံ
အမှောင်ခန်းသို့ပြန်ပြရန်နှင့် ချုပ်ရိုးဖြေရန်အတွက် ဗုဒ္ဓဟူး(သို့မဟုတ်)
ကြာသပတေးနေ့တွင် မျက်စိဆေးရုံသို့ ပြသရန်” တို့ဖြစ်ကြောင်း သိရှိရပါသည်။

Yangon police

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်



ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။

ဧပြီ ၄ ရက် ညတွင်  လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်းရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

7day daily

လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို



ကံသာ(လားရှိုး)
သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိသည်ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆို ပါသစ်များကိုသိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။
အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ပရိဘောဂနှင့်သစ်ခွဲလုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ်သည်။
အဆိုပါသစ်များကို သစ် တောဦးစီးဌာနက လာရောက် သိမ်းဆည်းသွားခြင်းဖြစ်ပြီး မည် မျှပမာဏရှိသည်ဆိုသည်ကို စစ် ဆေးဆဲဖြစ်သည်။ သိမ်းဆည်း ထားသောသစ်များကို လာရောက်တိုင်းတာစစ်ဆေးနေသည့် ခရိုင် သစ်တောဦးစီးမှူးက လက်ရှိ အချိန်တွင် သစ်များကို တိုင်း တာနေဆဲဖြစ်ကြောင်း၊ သတင်း အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိကြောင်း ဦးမောင်မောင်က ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍ သီပေါမြို့ရဲစခန်းသို့ မေးမြန်း ရာ သစ်တောမှတိုက်ရိုက်ဝင် ရောက်စစ်ဆေးခြင်းဖြစ်သဖြင့် စ ခန်းနှင့်မသက်ဆိုင်ကြောင်း သီ ပေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သိမ်းဆည်းထားသည့်သစ် အရေအတွက်တန်ပမာဏမှာ ဒေသခံများ၏ခန့်မှန်းချက်အရ ၁၀ တန်ကျော်အထက်ရှိကြောင်း သိရသည်။
အဆိုပါတရားမဝင်ဟုဆို သောသစ်များကိစ္စနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းက ‘‘ကျွန်တော်တို့ မှာ စာရွက်စာတမ်းတွေရှိတယ်။ အခုဒါကို သစ်တောကစစ်နေ တုန်းပဲရှိသေးတယ်။ သစ်ပမာဏ က ဘယ်လောက်ရှိသလဲဆိုတာ လည်းမသိရသေးဘူး။ သစ်တော က ခုချိန်ထိတရားမဝင်သစ်လို့ လည်းမပြောရသေးဘူး။ စာရွက် တွေလည်းပေးထားပါတယ်’’ဟု ပြောကြားသည်။
ပရိဘောဂလုပ်ငန်းမှာ ၎င်း ၏ဇနီးနှင့်သားတို့လုပ်ကိုင်နေ ခြင်းဖြစ်ပြီး သူ့အနေနှင့်အရောင်း အဝယ်ကိစ္စများကို မမေးမြန်းမိ ကြောင်းဦးရဲထွန်းကပြောသည်။
‘‘ကျွန်တော်ကိုယ်တိုင် သစ် တောကိုသွားတိုင်ပြီးဖမ်းခိုင်းတာ ပါ။ တရားမဝင်သစ်တွေရှိနေ တယ်ဆိုတာ သတင်းရတာကြာ နေပါပြီ။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ရဲ့အိမ်ဖြစ်တာ ကြောင့်မို့လို့ ဒီလိုမျိုးအများသိ အောင်တိုင်လိုက်တာပါ’’ဟု အဆိုပါသစ်များကို ဖမ်းဆီးရန် သတင်းပေးတိုင်ကြားသူ သီပေါ မြို့မှဦးဒေါ်လာက ပြောသည်။

7day daily

နိုင်ငံ့လုံခြုံရေးနှင့် အမျိုးသားရေးဆိုင်ရာ ပြဿနာဖြစ်စေသည့် ရိုဟင်ဂျာ အသုံးအနှုန်း




ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းဟာ အခုအချိန်မှာ သာမာန်ပြဿနာတစ်ရပ်အနေနဲ့ မှတ်ယူလို့မရတော့ဘဲ နိုင်ငံ့လုံခြုံရေးနဲ့ အမျိုးသားရေးဆိုင်ရာပြဿနာအဖြစ် ကူးပြောင်းရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီပြဿနာမျိုးဟာ လွတ်လပ်စွာပြောဆိုခွင့် ရှိတယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ နိုင်ငံတော်အခြေခံမူတွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ ရှုမြင်ဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့် ရှိသူ လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ် က ပြောသည်။

မတ် ၃၀ ရက် မှစ၍ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၄ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဧပြီလ ၂ ရက်အထိ အိမ်ထောင်စုပေါင်း ၄၆၈၂၀၉၆ ကောက်ယူရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်၏၄၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်။

တစ်နိုင်ငံလုံးတွင် ထိုကဲ့သို့ အဆင်ပြေ ချောမွေ့နေ သော်လည်း ရခိုင်ပြည်နယ်တွင်မူ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကြောင့် သန်းခေါင် စာရင်းကောက်ယူ ခြင်း လုပ်ငန်းတွင် အနှောင့်အယှက်အချို့ဖြစ်ပေါ်လျက် ရှိသည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးအချို့က သန်းခေါင် စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကိုသာ ထည့်သွင်းပေးရန် အတင်းအကျပ် တောင်းဆိုလာသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းအချို့ကလည်း ၎င်းအမည်ကိုဖော်ပြသင့်ကြောင်း လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ်ပြောဆိုမှုများရှိလာသည်ကိုတွေ့ရသည်။

ရိုဟင်ဂျာ အသုံးအနှုန်းကို နိုင်ငံရေးမှာ အသုံးပြုခဲ့တဲ့အတွက် ရခိုင်ပြည်နယ် အတွင်းမှာ ၂၀၁၂ ခုနှစ်နိုဝင်ဘာလမှစ၍ လူပေါင်း ၂၀၀ခန့် သေကျေခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အိမ်ခြေ ၈၆၁၄လုံးမီးလောင်ပျက်စီးခဲ့ပြီး လူပေါင်းတစ် သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ယင်းဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူများအား ကူညီဆောင်ရွက်မှုများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့တိုင် ကူညီပူးပေါင်းဆောင်ရွက်နေရဆဲဖြစ်သည်။

ထိုသို့ နိုင်ငံတကာက ပြောဆိုမှုများနှင့်ပတ်သက်၍ "အခုလို သန်းခေါင် စာရင်းကောက်တဲ့နေရာမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသုံးမပြုတာ ဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့အနှစ်သာရကို မထိခိုက်နိုင်ပါဘူး။

ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေကလည်း ကန့်ကွက်တာမျိုးမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကြောင့် လူတစ်ဦး ချင်းစီရဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတယ်လို့ စွပ်စွဲပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ပကတိဖြစ်ရပ်မှန်တွေနဲ့ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ကြဖို့လိုပါတယ်"ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေး မှူးဒေါ်ခိုင်ခိုင်စိုးက ရှင်းပြခဲ့သည်။

ရိုဟင်ဂျာအမည် စတင်ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍လည်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က "တရားဝင်မှတ်တမ်းတွေ အရ ပြောရမယ် ဆိုရင်မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီလက်ထက် ၁၉၃၁ခုနှစ်က သန်းခေါင်စာရင်းကောက်ယူခဲ့မှု၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃၊ ၁၉၈၃ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ လက်ရှိဘင်္ဂါလီလူမျိုးတွေက ဘင်္ဂါလီလို့ပဲ တရားဝင်လက်ခံဖော်ပြ သုံးနှုန်းခဲ့ကြပါတယ်။

၂၀၁၂ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အိမ်ထောင်စု စာရင်း ကောက်ယူခဲ့ရာမှာလည်း ဘင်္ဂါလီ လူမျိုးလို့ပဲ တရားဝင်သုံးစွဲခဲ့ ပါတယ်။အဲဒီနောက်ပိုင်း ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီလူမျိုး အကြား ပဋိပက္ခဖြစ်ပွားပြီးမှပဲ ရိုဟင်ဂျာလို့ပြောင်းလဲသုံးနှုန်းလာတာ တွေ့ ရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု စာရင်းကောက် တဲ့သူတွေကို ရန်ပြုတာ၊ အကြမ်းဖက်တိုက်ခိုက်လာတာတွေကိုလည်း တွေ့ရပါတယ်"ဟု ရှင်းပြခဲ့ သည်။

ဆက်လက်၍ ၎င်းက "တကယ်တမ်းပြောရရင် မြန်မာ့သမိုင်းကိုလေ့လာ ကြည့်တဲ့အခါ ရိုဟင်ဂျာ ဆိုတဲ့ဝေါဟာရဟာ ၁၉၄၆ ခုနှစ်ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေးလှုပ်ရှားမှုတွေက တစ်ဆင့် စတင်ပေါ်ပေါက်ခဲ့တာ ကို လေ့လာတွေ့ရှိရပါတယ်။ သန်းခေါင်စာရင်းမကောက်မီ အစောပိုင်း တုန်းက ဒီလိုပြဿနာတွေမရှိခဲ့ဘဲ အခုနောက်ပိုင်းမှသာဒါကို သိသိသာ သာ ရှေ့တန်းတင်လာတဲ့အတွက် အခု လုပ်ဆောင်နေတဲ့ သန်းခေါင် စာရင်းကောက်ယူတဲ့ လုပ်ငန်းအပေါ်မှာ အခွင့်ကောင်းယူပြီး ဆောင်ရွက် လာတဲ့ ဖြစ်စဉ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်"ဟု သုံးသပ်ပြောပြခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်ကို နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေး တာဝန်အဖြစ်ခံယူလျက် တည်ငြိမ်အေးချမ်းစွာ အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီ ဆောင်ရွက် လျက်ရှိကြသော်လည်း အချို့အချို့သော ပုဂ္ဂိုလ်အချို့၏ နှောင့်ယှက်မှု များကြောင့် လုပ်ငန်းကြန့်ကြာမှုများ၊ အဟန့်အတားများဖြစ်စေ ကြောင်း သိရသည်။

လက်ရှိသန်းခေါင်စာရင်း ကောက်ယူနေမှုနှင့်ပတ်သက်၍ တွေ့ကြုံရမှုကိုညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက "ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးအမည်ကိုနိုင်ငံတော်က လက်ခံထားတာမရှိပါဘူး။ တည်ဆဲဥပဒေတွေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ ဒါကြောင့် သန်းခေါင်စာရင်းမေးခွန်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့အမည်ထည့်သွင်းဖို့ ခွင့်မပြုပါဘူး။ တရားဝင်ရှိပြီးသား လူမျိုးအမည်ကို ပြောဆိုမယ်ဆိုရင် သူတို့ကို သန်းခေါင်စာရင်းကောက်ယူပါတယ်။ အဲဒီလူမျိုးအမည်မှာ မပြောနိုင်သေးဘူး ဆိုရင်လည်း အဲဒီအမည်ကို လတ်တလော မကောက်ယူသေးဘဲ တခြားအချက်အလက်တွေကို ဖြေကြားပေးမယ်ဆိုရင် သန်းခေါင် စာရင်းကောက်ယူပေးနေပါတယ်။ ရိုဟင်ဂျာလို့ပြောတာနဲ့ ဆက်မကောက် တာ မဟုတ်ပါဘူး"ဟု ပြောပြသည်။

ဆက်လက်၍ ၎င်းက "အခုဖြစ်နေတာက ဘာမှကိုမေးလို့မရဘူး။ မေးသမျှကို လူနာမည် ရိုဟင်ဂျာ၊ အဖေနာမည် ရိုဟင်ဂျာ၊ အမေနာမည်ရိုဟင်ဂျာ၊ လူမျိုး ရိုဟင်ဂျာဆိုပြီး ပြောနေတာမျိုးတွေတောင် ရှိပါတယ်။ဒါကြောင့် ကျွန်မတို့က သန်းခေါင်စာရင်းကောက်ပြီး ဖိအားပေးတာ၊ခြိမ်းခြောက်တာ၊ ခွဲခြားတာမျိုး မရှိဘူးလို့ပြောချင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်" ဟု ရှင်းပြခဲ့သည်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ဧပြီ ၁ ရက်ထုတ် သတင်း ထုတ်ပြန်ကြေညာချက်တွင်မူ "လူမျိုးအမည် ရိုဟင်ဂျာဟု ဖြေကြားလို သူများ ကိုသန်းခေါင်စာရင်း ကောက်ယူမှုမပြုခြင်းအပေါ် အလွန်စိုးရိမ်လျက် ရှိကြောင်း" ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ရိုဟင်ဂျာ အသုံးအနှုန်းကြောင့်ဖြစ်ပေါ်လာမည့် အခြေအနေအပေါ်"ဒါဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဒီအသုံးအနှုန်းကြောင့် နိုင်ငံမှာအကြမ်းဖက်မှုတွေဖြစ်ပေါ်လာမှာကို မလိုလားပါဘူး။

ဒါကြောင့်ဒီအသုံးအနှုန်းကို ရှောင်ရှားဆောင်ရွက်တာဟာ နိုင်ငံအတွက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက်၊ ကုလသမဂ္ဂ အပါအဝင်နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ရေရှည်မြော်တွေး စဉ်းစားပေးရမယ့် မျှတတဲ့ဆုံးဖြတ်ချက်တစ်ရပ်ပဲဖြစ်တယ်ဆိုတာ ပြည်သူ လူထုသိစေချင်ပါတယ်"ဟု ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ်ကိုယ်စားလှယ် ဟာဂျီဦးအေးလွင်ကလည်း "ကျွန်တော့်အမြင်ကတော့ သမိုင်းကြောင်းတွေ၊ ဥပဒေတွေ ဘယ်လိုပဲရှိရှိ လောလောဆယ်အခြေအနေမှာ မိမိတို့ရဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးရဖို့ ပိုပြီးအရေးကြီးပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ တိုင်းပြည်အေးချမ်းရေးကိုပဲ လောလောဆယ် ဦးစားပေးဆောင်ရွက်သင့် ပါတယ်။ အဲဒီလိုဆောင်ရွက်စေလိုတာဟာ မိမိတို့ရဲ့ ရချင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ဖို့ပြောတာ မဟုတ်ပါဘူး။

တစ်ချိန်ချိန်မှာ အေးချမ်းတည်ငြိမ်သွားတဲ့အခါ ရသင့်ရထိုက် တယ်လို့ ထင်တဲ့ဟာကို တရားဥပဒေကြောင်းအရ နည်းလမ်းတကျ ပြန်ပြီး ဆောင် ရွက်နိုင်ပါတယ်။ ဦးစားပေးပေါ့။ ဦးစားပေးကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး။ ဒါမှလည်းအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်မယ်"ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောပြခဲ့သည်။

MOI Webportal Myanmar

စမတ်ဖုန်းတွေထဲက အမာဆုံးဖုန်း ဘယ်ဖုန်းပါလဲ ?


HTC One Vs Galaxy S5 Vs iPhone 5S

ယနေ့ စမတ်ဖုန်းဈေးကွက်ထဲမှာ ရှိတဲ့ အကြမ်းခံဆုံးဖုန်းက ဘာများဖြစ်ပါမလဲ ?
Flagship ဖုန်းတွေထဲမှာ ဆိုရင် HTC One M8ဖြစ်ဖို့ရှိပါတယ်။ နောက်ဆုံးစမ်းသပ်ချက်ထိ သူက ကျန်ခဲ့လို့ပါပဲ။

လုပ်ဆောင်ချက်အနေနဲ့ ထို ဖုန်း (၃) လုံးကို ရုတ်တရက် မတော်တဆ သဘောမျိုးဖြစ် အမြင့်က ပစ်ချစမ်းသပ်ခဲ့ရာ

စမ်းသပ်ချက်

လက်ကောက်ဝတ် လွဲခန့် အမြင့်ကဌင်း၊ ဖုန်းပြောနေတဲ့အခြေအနေ နားနားမှ ကပ်နေတဲ့ အမြင့်က ဌင်း၊ ခေါင်းပေါ်ကနေ ဌင်း
ခေါင်းကျော်တဲ့ အမြင့်ကနေဌင်း၊ နေပြီး HTC One M8 ကို အရင်ဆုံးပစ်ချခဲ့ပါတယ်။ ထိုနောက်မှာတော့ Galaxy S5, i Phone 5s တို့ကို အသီးသီး တစ်လှည့်စီ ပစ်ချ စမ်းသပ်ခဲ့ရာ ရလဒ်အနေနဲ့ အရင်ဆုံး မျက်နှာပြင် ကွဲအက်ကျေမွသွားခဲ့တာကတော့ i Phone 5s ပဲ ဖြစ်ပါတယ်။ i Phone 5sမျက်နှာပြင် ကျေမွကွဲသွားတာကတော့ ဦးခေါင်းခန့် အမြင့်လောက်မှာ ဖြစ်တယ်။ နောက်တစ်လှည့်မှာတော့ Galaxy S5 ဟာ မျက်နှာပြင် ကျေမွထွက်သွားပါတယ်။

HTC ကတော့ ၁၀ပေ အမြင့်လောက်ကမှ ပစ်ချခဲ့သောအခါ ကွဲထွက်သွားခဲ့ပါတယ်။ ဆိုလိုတာက HTC One M8 ဟာ အမာဆုံး စမတ်ဖုန်း တစ်လုံးအဖြစ် ယူဆဖို့ ဖြစ်စေခဲ့တာလား ? ဒါဆိုရင် သင့်ဝယ်မှာလား ? တကယ်တော့ မလိုပါဘူး။ ဒါဟာ စမ်းသပ်မူ သက်သက် တစ်ခုသာ ဖြစ်ပါတယ်။
နောက်တစ်ခါ လုပ်ရင် ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။. ဒါပေမဲ့ HTC One M8 ကတော့ တစ်ခြား ဖုန်းတွေထက်စာလျှင် လုံးဝ သတ္တုကိုယ်ထည်နဲ့ ပါးလွားတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။

ဗီဒီယို ကြည့်ရူရန်



Smart Pro Journal

ကျိုက်ထီးရိုးစေတီကို ကေဘယ်လ်ကား ပြေးဆွဲဖို့ မူအားဖြင့် သဘောတူ


By ဒီဗွီဘီ
တောင်ခြေကနေ တောင်ထိပ် မရောက်ခင် လမ်းခုလတ်ဖြစ်တဲ့ ရသေ့တောင် ပတ်ဝန်းကျင် ကနေ ကျိုက်ထီးရိုးရင်ပြင်အနားကို ကေဘယ်လ်ကားပြေးဆွဲရေး စီမံကိန်း အကောင်အထည် ဖော်ဖို့ မွန်ပြည်နယ်အစိုးရက မူအားဖြင့် သဘောတူထားပြီး နောက်ထပ် လေ့လာ ညှိနှိုင်းပြီးမှသာ အပြီးသတ် သဘောတူလက်မှတ်ထိုးတာတွေ လုပ်နိုင်မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောပါတယ်။

ဧပြီ ၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်း အကောင်အထည်ဖော်နေတဲ့ အာရှ နိုင်ငံတကာငါးဖမ်းလုပ်ငန်းအဖွဲ့ရဲ့ မြေပြင်တိုင်းတာမှု တင်ပြချက်အပြီး သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီဟာ မြန်မာနိုင်ငံသားတွေတင်မက နိုင်ငံတကာခရီးသွားတွေပါ လာရောက်လည်ပတ်လေ့ရှိတဲ့ စည်ကားတဲ့နေရာ ၁ ခု ဖြစ်ပြီး လက်ရှိ တင်ပြနေတဲ့ ကေဘယ်လ်ကား စီမံကိန်းသာ ဖြစ်မြောက်ခဲ့ရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကေဘယ်လ်ကား ပြေးဆွဲတဲ့နေရာ ဖြစ်လာမှာပါ။

DVB

မြန်မာ၁၀၀ကျော် ထိုင်းတွင် အဖမ်းခံရ


ဗန်ကောက်၊ ဧပြီ-၎

ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ကင်းထောက် စစ်ဆင်ရေးတစ်ရပ်ကြောင့် မြန်မာနိုင်ငံသား တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်သူ ၁၀၀ ကျော်နှင့် လူမှောင်ခိုကူးဂိုဏ်းဝင် သုံးဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ကြောင်း ဧပြီ ၄ ရက် သတင်းများတွင် ဖော်ပြသည်။

မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၁၀၄ ဦးကို ဗင်ကားနှစ်စီးဖြင့် တင်ဆောင်ကာ တက်ခ်ပြည်နယ်ကိုဖြတ်သန်း၍ ဗန်ကောက်မြို့တော်သို့ ခေါ်ယူသွားရန် လူမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ကြိုးပမ်းမည်ဟူသော သတင်း များအရ တက်ခ် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် စစ်ဆင်ရေး တစ်ရပ်ကို ဧပြီ ၃ ရက် တွင် စတင်ခဲ့ရာ ဧပြီ ၄ ရက်တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။

ကင်းထောက်စစ်ဆင်ရေးအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ၀င်များသည် တက်ခ်ခရိုင် သစ်တောနယ်မြေအတွင်းရှိ လူမနေသော တဲဟောင်းတစ်လုံးဆီသို့ ဦးတည်မောင်းနှင်လာသော ဗင်ကားနှစ်စီးအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထား သည်။
ယင်းဗင်ကားနှစ်စီးကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ ပထမဗင်ကား ပေါ် တွင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ဒုတိယဗင်ကားပေါ်တွင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂၀ တို့ကို ရှာဖွေတွေ့ရှိ ခဲ့ရသည်။

အလားတူ ထိုင်းတာဝန်ရှိသူများသည် ဗင်ကားနှစ်စီးဝင်ရောက်ခဲ့ရာ တဲအိမ် သို့ သွားရောက်ရှာဖွေခဲ့ရာ ပုန်းအောင်းနေသော တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက် သူ ၂၈ ဦးအား ထပ်မံတွေ့ရှိခဲ့ ရကြောင်း သိရသည်။
ကြားဖြတ် ဖမ်းဆီးခံခဲ့ရသော မြန်မာတရားမ၀င်ရွှေ့ပြောင်း ၀င်ရောက် သူအချို့၏ ထိုင်းရဲတပ်ဖွဲ့အားပြောကြားချက်အရ အလုပ်အကိုင်ရှာဖွေ ရေးအတွက် ထိုင်းနိုင်ငံတွင်း ၀င်ရောက်နိုင်ရန် လူမှောင်ခိုဂိုဏ်းကို တစ်ဦးလျှင် ဘတ်ငွေ ၁၃၀၀၀ မှ ၁၅၀၀၀ အကြားပေးခဲ့ရကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အမည်မသိသူများအားကြည့်မိရာမှ ၀ိုင်းဝန်းထိုးကြိတ်ခံရသဖြင့်ဒဏ်ရာများရ


Saturday, April 5, 2014

၎.၄.၂၀၁၄ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်နေ ဦးကျော်ဝင်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ စိုးမိုးအောင်၊ (၂၄)နှစ်နှင့် တူဖြစ်သူ ချစ်မွှေး၊ (၁၇)နှစ်တို့(၂)ဦးမှာ အပြင်မှနေအိမ်သို့
ပြန်လာရာ သားဖြစ်သူတွင် ၀ဲ/ယာလက်ပြင်နှင့် လည်ဂုတ်တို့၌ ထိုးသွင်း
ဒဏ်ရာများ၊ နောက်စေ့နှင့် ၀ဲမျက်ခုံးပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ တူဖြစ်သူ
တွင် ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဒဏ်ရာရရှိခဲ့သည့်အကြောင်းအရင်းအားမေးမြန်းရာ ၎င်းတို့(၂)ဦးသည် လက်ဖက်ရည်ဆိုင်မှအပြန် (၆)ရပ်ကွက်၊ အောင်သာယာလမ်းပေါ်အရောက် အမည်မသိသူများအားကြည့်မိသည်ကို ၎င်းလူများမှ “ဘာကြည့်တာလဲ”ဟု
ဆိုကာ လက်သီး၊ ဓါးဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူများအားလိုက်လံစုံစမ်းရာ ခိုင်သန့်ဇင်(စုံစမ်းဆဲ)နှင့် အောင်ပိုင်စိုး
(စုံစမ်းဆဲ)တို့ပါ(၅)ဦးခန့်တို့မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကို သိရှိခဲ့ရကြောင်းနှင့် အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၄၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၂၆/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး
ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police