တိုးလုပ်ပါ့မယ်


နိုင်ငံတော်အကြီးအကဲတစ်ဦးက လူထုကို မိန့်ခွန်းချွေနေသည်။
“မိဘပြည်သူများခင်ဗျာ၊ ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေး ချွတ်ခြုံကျလာတာကြောင့် နောက်တစ်လ
လောက်ဆိုရင် အသားတွေ ဝယ်လို့သိပ်မရလောက်တော့ပါဘူး၊ ဘာများ အဆိုပြုချင်ပါလဲခင်ဗျာ”
“ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ အလုပ်ချိန် တစ်နေ့ ၁၀ နာရီ တိုးလုပ်ပါ့မယ်”
ရှေ့ဆုံးတန်းတွင် ထိုင်နေသူတစ်စုက အဆိုပြုလိုက်သည်။
“အင်း ကောင်းတယ်။ ပြီးတော့ ဆန်လည်း ရှားသွားဖို့ရှိနေပါတယ်”
“ဟုတ်ကဲ့၊ ဒါဆို ကျွန်တော်တို့ အလုပ်ချိန် တစ်နေ့ ၁၂ နာရီ တိုးလုပ်ပါ့မယ်”
“၀မ်းသာစရာပါလား၊ နောက် ဆက်ပြောရရင် လျှပ်စစ်မီးလည်း လုံးဝ
ပေးနိင်မယ်မထင်တော့ဘူး၊ ဆီလည်း မပေးနိုင်တော့လို့ ယာဉ်ကားတွေ
မောင်းလို့မရလောက်တော့ဘူး”
“ဟုတ်ကဲ့၊ ရပါတယ်၊ ဒါဆို ကျွန်တော်တို့ တစ်နေ့ကို ၁၆ နာရီ အချိန်ပိုလုပ်ပါ့မယ်”
အကြီးအကဲက ထိုသူတို့ကို အပြုံးဖြင့် မေးလိုက်သည်။
ခင်ဗျားတို့လို ၀န်ထမ်းကောင်းတွေရှိရင် တိုင်းပြည် အခုလိုမဆင်းရဲဘူးဗျ။
ဒါထက် မိဘပြည်သူတွေက ဘယ်မှာ လုပ်ကြတာတုန်း”
“ကျွန်တော်တို့က မီးသဂြိင်္ုဟ်စက်မှာ လုပ်ကြတာပါခင်မျ”

ရဲစတိုင်း
The Myanma Age

အံ့ဩဖွယ်ရာ 3D ပန်းချီလက်ရာ (video)


အထက်ပါ ဗော့ဒ်ကာ ပုလင်းဟာ ပန်းချီဓာတ်ပုံဆိုရင် တော်တော်လေး ယုံနိုင်ဖို့ ခက်ပါမယ်။ ဒါပေမယ့် အဲဒါက တစ်ကယ်ပါ။ ဒီ သရီးဒီ ပန်းချီပုံကို ဆွဲရင် တစ်နာရီ နီးပါးလောက် ကြာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီပုံကို ဆွဲဖို့ဆိုရင် အလွတ်ဆွဲတာဆိုရင် 

- Vodka လည်း ကောင်းကောင်းသောက်ဖူးရပါမယ်။ (ဒါမှ ပုလင်းပုံစံ အလွတ်ရမှာကိုး :D)
- ပုလင်းရဲ့ သဘောသဘာဝနဲ့ လေခိုနိုင်တဲ့ နေရာတွေလည်း သိရပါမယ်။
- အလင်းနဲ့ အမှောင်၊ ပုလင်းပေါ်ကို ကျတဲ့အရိပ်နဲ့ ပုလင်းက ကျတဲ့အရိပ် (Shade & Shadow) တွေကိုလည်း ကောင်းစွာ နားလည်ရပါမယ်။
- အလင်းဖြာထွက်တဲ့ သဘောတရားတွေကိုလည်း တော်တော်ကလေး သိထားရပါမယ်။

အပေါ်ကပုံကိုကြည့်ပြီး "ဒါ Photoshop နဲ့ လုပ်တာပါကွာ.." လို့ ထင်နေတဲ့သူများကို ကျွန်တော် ပြိုင်မငြင်းလိုပါဘူး။ ထင်ချင်ရင်လည်း ထင်ချင်စရာပါပဲလေ။ ဒါပေမယ့် အောက်မှာ သက်သေ video ရှိပါတယ်။ အဲဒါလေးကို ကြည့်သွားလိုက်ပါဦး။

Ygn News



နစ်နာကြေးရဖို့ နေ့စဉ်မျှော် စက်ရုံပိုင်ရှင် မလာရောက်



ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ အလုပ်သမား ၈၀၀ လောက်ဟာ နစ်နာကြေးရဖို့အတွက် စက်ရုံရှေ့မှာ  သွားရောက်စောင့်ဆိုင်းနေကြတာ ဒီနေ့ဆိုရင် ၅ ရက် ရှိသွားပြီဖြစ်ပါတယ်။

Master Sports ဖိနပ်စက်ရုံရှေ့မှာ အဲဒီလို စောင့် ဆိုင်းနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမ တစ်ဦးဖြစ်သူ မသန်းသန်းချိုက သူတို့အခက်အခဲ ကို ဖြေရှင်းပေးမယ့်သူမရှိကြောင်း အခုလိုပြောပါတယ်။

"ပုံမှန်အနေအထားကတော့ ၂ လ လျှော်ကြေးပေး ပြီးတော့ လုပ်ရတာပဲရှိတယ်လေ၊ ၃ လလျှော်ကြေး ဘယ်လောက်ဆိုတာကတော့ သူတို့သူဌေးနဲ့ ကျမတို့ပဲ သက်ဆိုင်တယ်လေ၊ သူဌေးက ဒါဒါပေးနိုင်တယ်ဆိုလို့ ရှိရင် အလုပ်သမားက ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့၊ ဒါပေမဲ့ အလုပ်သမားတော်တော် များများကလည်း မတော်မတရား မလိုချင်ပါဘူး၊ ရသင့်ရထိုက်တာပဲရရင် သူတို့က ကျေနပ်မှာပါ"

အဲဒီ အလုပ်သမား ၈၀၀ လောက်ဟာ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကစပြီး စက်ရုံရှေ့မှာ အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

Master Sports စက်ရုံလည်ပတ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး အလုပ်သမားတစ်ဦးကို  တစ်လလစာ ပျမ်းမျှကျပ် ၇ သောင်းကျော်ကနေ တစ်သိန်းကျော်အထိရကြတယ်လို့ သိရပါတယ်။

အလုပ်သမားခေါင်းဆောင်တချို့ဟာ ဒီနေ့ လှိုင်သာယာမြို့နယ် အလုပ်သမားဖြန်ဖြေရေးရုံးမှာ ညှိနှိုင်းခဲ့ပေမဲ့ အလုပ်ရှင်မလာတာကြောင့် ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
RFA Burmese

အလုပ်လုပ်နိုင်သောအရွယ်ကောင်းများ သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်


အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ ၁၀ ဦးသေဆုံးမှုတွင် တစ်ဦးမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ လေ့လာမှုတစ်ရပ်အရ သိရသည်။


၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်ကြား သေဆုံးသူ ၈၈,၀၀၀ ခန့်မှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်ကြောင်း CDC ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသေဆုံးသူ ၈၈,၀၀၀ မှာ ပျမ်းမျှအသက်အရွယ် ၃၀ နှစ်တွင် သေဆုံးကြခြင်းဖြစ်သည်။ အရက်နှင့်  ဆက်နွှယ်သော သေဆုံးမှုများကြောင့် အမေရိကန်နိုင်ငံသားများသည် တစ်နှစ်လျှင် စုစုပေါင်း သက်တမ်းနှစ်ပေါင်း ၂ ဒသမ ၅၆ သန်းဆုံးရှုံးမှုရှိကြောင်း ယင်း လေ့လာမှုအရ သိရသည်။ လူတစ်ဦးစီဆိုပါက တစ်နှစ်လျှင် သုံးရက်ခန့် သက်တမ်းလျော့ကျမှုရှိသည်။

အရက်နှင့် ဆက်နွှယ်သောသေဆုံးမှုအများစုမှာ ယာဉ်မတော်တဆဖြစ်မှုနှင့် အသည်းရောဂါတို့ကြောင့်ဖြစ်သော်လည်း အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သရက်ရွက်ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ လည်ချောင်းကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လဲကျဒဏ်ရာရခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် ရေနစ်သေဆုံးခြင်း စသော ပြင်းထန်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။

၎င်းသေဆုံးသူအများစုမှာ ဝင်ငွေအလယ်အလတ်ရရှိသူများ ဖြစ်သည်ဟု CDC ကပြောပြီး စီးပွားရေးအတွက် အဓိကထိခိုက်မှုတစ် ခုဖြစ်သည်ဟုပြောသည်။ ယင်းကဲ့သို့ အလုပ်လုပ်နိုင်သော အရွယ်ကောင်းများသေဆုံးခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ၂၂၄ ဘီလီယံထိခိုက်သည် ဟုလည်း CDC က ပြောသည်။

အသက်(၂၀)မှ (၆၄)နှစ်ကြားရှိသည့် အမေရိကန်နိုင်ငံသားများအရက်နှင့် ဆက်စပ်၍သေဆုံးမှုမှာ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်ကြားအများဆုံးဖြစ်ကြောင်း သိရသည်။ အရက်နှင့် ဆက်စပ်သေဆုံးမှုအများဆုံးဒေသများမှာ အမေရိကန်အနောက်ပိုင်းဒေသများဖြစ်ပြီးနယူးမက္ကဆီကို ပြည်နယ်တွင် အလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူ သေဆုံးမှု၏ ၁၆ ရာခိုင်နှုန်းမှာ အရက်ကြောင့်ဖြစ်သည်။ အလက်စကာ၊ ကိုလိုရာ ဒို၊ ဝိုင်ယိုမင်၊ အရီဇိုးနား၊ မွန်တာနာ၊ ကယ်လီဖိုးနီးယား၊ နီဗားဒါးအော်ရီဂွန်နှင့် အီဒါဟိုပြည်နယ်တို့သည်လည်း အရက်ကြောင့် သေဆုံးသူ အများဆုံးပြည်နယ်များဖြစ်သည်။

—Ref: Internet
7day daily

အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ့ ကင်ဆာရောဂါအန္တရာယ်



(အမျိုး သမီးထု တကိုယ်ရေးသန်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန်မျှဝေအသိပေးကြပါ)

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံ မှ အမျိုးသမီးများအတွက် ကျမ္မာရေးအသိပေးနှိုး ဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။

အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ ဖြင့်
လာရောက်ကုသမှုခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍
ရောဂါရာဇ၀င်ကိုလေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည်အများစု ဟာ ဓမ္မတာရာသီလာတဲ့အခါ pad(ခေါ်)လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့
pad(ခေါ်)လစဉ်သုံးပစ္စည်း က အပြင်အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့စုပ်ယူထိန်းထားပေးလေ့ရှိပါတယ်။

pad တွေကို ဓာတုပစ္စည်းတွေနဲ့ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊အခုလို ရာသီသွေးရည်များနဲ့အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ဒါပေမယ့်အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို
ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။
ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း
ကြောင်းတလျှောက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့ 
သားအိမ်တို့  ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို
အတွင်းခံမှာအကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata
Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း
အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာသုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့ 
ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။

ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်းကျမ္မာရေးအတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊
ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ၊ အပေါင်းအသင်းများအား ကျယ်ကျယ်ပြန့် ပြန့်မျှဝေ  အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်းအကြံပြုထားပါတယ်။



ပေါက်ပေါက်…မျှဝေသည်

ဦးပိန်တံတားတိုင်ခေါင်းအတွင်း ဆေးလိပ်တိုများပစ်ယုံမက ကွန်ဒုံးများပါပစ်ထည့်သည့်အပြင် တိုင်ခြေတွင် မစင်စွန့်သည့် မိုက်ရိုင်းသူများရှိနေ



တောင်သမန်အင်းရှိ ဦးပိန်တံတားကြီးတွင် တိုင်ခေါင်းများ အတွင်း ဆေးလိပ်မီး ပစ်ထည့်မှု များကြောင့် ယခုဇွန်လ အတွင်း ရှေးဟောင်းကျွန်းတိုင် သုံးလုံး မီးသင့်လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနမှ သိရသည်။

ဦးပိန် တံတားကြီး၏ တိုင်အမှတ် (၄၈) သည် ဇွန်လ (၄) ရက်နေ့ ညနေ အချိန်တွင် မီးလောင်ကျွမ်း ခဲ့သဖြင့် ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ရပြီး ၊ ဇွန်လ (၂၄) ရက်နေ့တွင် တိုင်အမှတ် (၂၇) နှင့် ဇွန်လ (၂၅) ရက်နေ့တွင် တိုင်အမှတ် (၂၅) တို့တွင် ဆေးလိပ်မီး ကြောင့်ပင် မီးသင့်လောင်ကျွမ်းမှုများ ဖြစ်ခဲ့သည်။

ရှေးဟောင်း ကျွန်းသစ်တိုင် များသည် နှစ်ကာလ ရှည်ကြာမှုကြောင့် တိုင်ထိပ်ပိုင်း များတွင် အခေါင်းပေါက် များဖြစ်နေရာ အဆိုပါ တိုင်အခေါင်းပေါက် အတွင်း ဆေးလိပ် မီးပစ်ချမှုမှ တစ်ဆင့် အတွင်းလှိုက်ကာ မီးသင့်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်သည်။

““ထိန်းသိမ်းသင့်မှန်း သိရက်နဲ့ ဒီလို လုပ်တယ်ဆိုတာ မသမာတဲ့ လုပ်ရပ်ပါ။ အဖျက် လုပ်ရပ်ပါ။ မသမာမှု ဆိုတာက အချိန်မရွေး နေရာမရွေးမှာ ရှိနေနိုင် ပါတယ်။ တံတားကြီးက သက်တမ်း အားဖြင့်ရော၊ သဘာဝတရား အားဖြင့်ရော လက်ရှိ အခြေအနေမှာ တိုင်အားလုံးကို ဆေးလိပ်တို ထည့်လို့ရတဲ့ အနေအထားပါ။ တာဝန်ရှိသူတွေ၊ ထိန်းသိမ်းနေသူ တွေကလည်း အချိန်တိုင်း သတိရှိဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ လူတိုင်းလူတိုင်း ရှေးဟောင်း မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတိုင်း ထိန်းသိမ်း စောင့်ရှောက်ကြဖို့၊ သတိရှိကြဖို့ လိုပါတယ်”” ဟု မန္တလေးမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger Media သို့ ပြောသည်။

ဦးပိန်တံတားကြီးသည် မြန်မာ သက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၉ ခုနှစ် ပုဂံမင်း လက်ထက်တွင် အင်းဝနန်းတော်ရှိ အဆောက်အအုံ များကို ဖြိုဖျက်ရာမှ ရရှိ လာသော ကျွန်းတိုင် များဖြင့် မြို့စာရေးဦးပိန် ဦးစီးကာ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး၊ ယခု အခါ နှစ်ပေါင်း (၁၆၆) နှစ်ရှိပြီ ဖြစ်သည်။

““ညအချိန်ဆိုရင် ဦးပိန်တံတား တိုင်ခြေ မှာ လူငယ်တွေ အရက် လာသောက်ကြတယ်။ အပျော် မိန်းကလေးတွေ ခေါ်လာကြ တာတွေတောင် ရှိပါတယ်။ မူးနေတဲ့သူဟာ ဘယ်လောက် တန်ဖိုးကြီးတဲ့ ရှေးဟောင်း ပစ္စည်းဖြစ်ဖြစ် တန်ဖိုးထားမှု လျော့နိုင်ပါတယ်။ ရှေးဟောင်းဆိုပြီး ချစ်ရမှန်းလည်း မသိတော့ဘူး။ တချို့တွေ တိုင်ခြေကို ခြေနဲ့ ကန်တယ်။ မစင် စွန့်တယ်၊ အဲဒီလိုတွေ အထိ ရှိပါ တယ်။ သူတို့က ဒေသခံတွေ မဟုတ်ဘူး။ တခြားက လူတွေပါ။ အုပ်စုလိုက် လှုပ်ရှား ကြတာတွေ ရှိတယ်။ ဒါတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ပြီး ဖြေရှင်းသင့်တယ်””ဟု အမရပူရမြို့နယ် တောင်သမန်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူ မန္တလေး စိမ်းရောင်စို အဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။

တောင်သမန်အင်းနှင့် ဦးပိန်တံတား အနီးတစ်ဝိုက်တွင် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ သောက်သုံးခြင်း များကို အမိန့် ကြော်ညာစာ သဘောမျိုး မဟုတ်သည့် ကြော်ငြာများဖြင့် လည်းကောင်း၊ ကမ်ပိန်းများဖြင့် လည်းကောင်း အသိပညာပေး ပြုလုပ် ဆောင်ရွက်ခြင်းအပြင် ဥပဒေကြောင်း အရပါ ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း ၄င်း က အကြံပြု ပြောသည်။

““အရင်နှစ်တွေကဆို တိုင်ခေါင်း တွေထဲ ကွန်ဒုံးတွေ စွန့်ပစ်ကြတဲ့အထိ မိုက်ရိုင်းကြတာ။ ပြောလွန်းလို့။ အာပေါက်အောင် အော်လွန်း ပြောလွန်းလို့ ဒါမျိုးတွေ မရှိတော့ဘဲ နည်းသွားတာပါ”” ဟု ကိုမောင်မောင်ဦးက ဆက်ပြောသည်။

တောင်သမန်အင်း အတွင်းရှိ ကမ္ဘာကျော် ဦးပိန်တံတားကြီးသည် ဇရပ်အခန်း တိုင်များ အပါအ၀င် ကျွန်းတိုင်ပေါင်း (၁၀၈၆) တိုင်ရှိပြီး အရှည် (၃၉၆၇) ပေ၊ အခန်းပေါင်း (၄၄၇) ခန်းရှိကာ ကမ္ဘာ့အရှည်လျားဆုံး ရှေးဟောင်း အမွေအနှစ် ကျွန်းသစ်တံတား အဖြစ် မှတ်တမ်းဝင်သည်။

The Messenger

ရခိုင်တိုင်းရင်းသားအားလုံးကိုရွှေချထားနိုင်ဟု တိုင်းရင်းသားရေးရာဝန်ကြီးဆို


ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်နယ် မှ ရခိုင်တိုင်းရင်းသားများအတွက် အသုံးပြုပါက ဒေသခံတိုင်းရင်း သားများအားလုံးကို ရွှေချထားနိုင် သည်ဟုရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်ကပြော ကြားလိုက်သည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များမှာ တစ်နှစ် လျှင်ကုဗပေသန်း၁၉၀၀ရှိကြောင်း နှင့် အဆိုပါဂတ်စ်များကို ရခိုင် တိုင်းရင်းသားများအတွက် အသုံး ပြုပါက သုံးသန်းခန့်သာရှိသည့် ရခိုင်တိုင်းသားအားလုံးကို ရွှေချ ထားနိုင်ခြင်းဖြစ်သည်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်တွင် ကျောက်ဖြူသဘာဝ ဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုပိုက်လိုင်း များသွယ်ကာတရုတ်ပြည်သို့တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

“ရခိုင်ပြည်နယ်ဟာသဘာဝ သယံဇာတပေါများသောပြည်နယ် တစ်ခုဖြစ်တယ်။လူမှုရေးပြဿနာ များကြောင့်သာ လက်တလောစီး ပွားရေး အဆင်မပြေ ဖြစ်နေကြ ခြင်းဖြစ်တယ်။ တကယ်လို့ ပြည် နယ်တွင်းကထွက်တဲ့သဘာဝဓာတ် ငွေ့ကိုသာရခိုင်တိုင်းရင်းသားတွေ အတွက်အသုံးပြုလိုက်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားအားလုံးကို ရွှေ ချထားလို့ရတယ်”ဟု ဦးဇော်အေး မောင်ကပြောသည်။

ရခိုင်ပြည်နယ်သည်လက်ရှိ တွင် လူမှုရေးပြဿနာများနှင့် ရှုပ်ထွေးနေခြင်းကြောင့် စီးပွားရေး အဆင်မပြေဖြစ်နေခြင်းကို ဖြေ ရှင်းနိုင်ရန် နည်းလမ်းများရှာဖွေ ကာ တိုးတက်ရန်ပြင်ဆင်ရာတွင် သဘာဝသယံဇာတပေါများကြောင်း ကို သက်သေတစ်ခု အနေဖြင့် လက်တွေ့ပြောခြင်းဖြစ်သည်။

“ရခိုင်တိုင်းရင်းသားများအရေး ကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့ အတွက် ရခိုင်တိုင်းရင်းသားဝန်ကြီး၊ လွှတ်တော်အမတ်တွေလိုအပ် တယ်။အဲဒါမှတိုင်းရင်းသားတွေရဲ့ လူမှုရေး၊ စီးပွားရေးကို ကောင်း မွန်စွာဖြေရှင်းပေးနိုင်မှာဖြစ်တယ်။ အဲဒါကြောင့်ရွေးကောက်ပွဲတွေ မှာမဲပေးရင်လည်းကိုယ့်ရဲ့တိုင်းရင်း သားတွေကိုပဲ မဲပေးရွေးချယ်သင့် တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုခေါင်းဆောင် အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ များနှင့် ရခိုင်တိုင်းရင်းသားများ သည်လူမှုရေးပြဿနာများကြောင့် ဆူပူလှုပ်ရှားများကြောင့် ဒုက်္ခသည် များပင်ရှိနေကြကာ စီးပွားရေးများ လည်း အခက်အခဲဖြစ်နေကြတာ ပြည်ပနိုင်ငံများသို့အလုပ်သွားလုပ် နေသူများအများအပြားပင်ရှိနေကြ သည်။ “ကျွန်တော်တို့ရခိုင်မှာက သဘာဝသယံဇာတတွေ ပေါများ တယ်။ ပင်လယ်ကြီးလည်းရှိတယ်။ ရိုးမတောင်တွေလည်းရှိတယ်။ အဲဒါတွေက သဘာဝကပေးတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပဲ အခုဖြစ်နေကြတဲ့ ပြဿနာတွေ သာအေးချမ်းသွားစေချင်တယ်။ ကျန်တဲ့စီးပွားရေးအတွက်က သိပ်မပူဘူး ဆူပူမှုတွေကိုပဲ အမြန် ဆုံးအေးချမ်းသွားစေချင်တယ်။ နိုင်ငံတော်အစိုးရကို ရခိုင်ပြည်ကြီး အမြန်ဆုံးအေးချမ်းသွားအောင်လုပ် ပေးစေချင်တယ်”ဟု ရခိုင်တိုင်းရင်း သားတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ များနှင့် လူမှုရေးပြဿနာများဖြစ် ပွားပြီး လူများစွာသေဆုံးမှုများနှင့် စီးပွားရေးအဆင်မပြေအခက်အခဲ များဖြစ်ပေါ်လျက်ရှိကာ အဆိုပါ ကိစ်္စရပ်များကို အစိုးရမှ ၀င်ရောက်ဖြေရှင်းပေးနေသော် လည်း တည်ငြိမ်အေးချမ်းသည့် အဆင့်သို့မရောက်ရှိသေးခြင်း ကြောင့် တိုင်းရင်းသားများအနေ ဖြင့် အခက်အခဲမျိုးစုံကြုံတွေ့နေ ရသည်ဟု ဒေသခံတို့ကဆိုသည်။

မင်းအောင်မြင်(မြစ်မခ)

Hot News

လူလယ်ကောင်မှာ ရက်ရက်စက်စက် လည်ပင်းကို ဓားနှင့် ခုတ်သတ်ခဲ့သည့်အမှုတွင် စွဲချက်တင်ခံရသူက မတော်တဆ လူသတ်မှုဖြစ်ပွားခဲ့တာပါဟု ထွက်ဆို



ရန်ကင်းမြို့နယ် ၁၂ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် သေ ဒဏ်အဖြစ် စွဲချက်တင်ခံထားရသူ က ဇွန်လ၃၁ရက် ရုံးချိန်းစစ်ဆေးခဲ့စဉ်က မတော်တဆ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက် က ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံး တင်စစ်ဆေးလျက်ရှိရာ ဇွန်လ ၃၀ ရက်က သံသယရှိသူချစ်ပို(ခေါ်)ဝေယံဖြိုးနှင့် ၎င်း၏ တရားခံပြသက်သေဖြစ်သူ မူတူး(ခေါ်)မောင်မောင် သိန်းတို့ကို ၁၅ကြိမ်မြောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆေးချက်သည် ချစ်ပို(ခေါ်)ဝေယံဖြိုး၏ ထွက်ဆို ချက်အရ သေဆုံးသူမှာ ၎င်းနှင့် ပ ခုံးချင်းတိုက်ခဲ့စဉ်က တောင်းပန် ခိုင်းရာ မတောင်းပန်ဘဲ မင်းတို့ဗ မာတွေကိုတောင်းပန်ရမှာလား ဟု တုံ့ပြန်ခဲ့ပြီး လူမှုရေးနှင့်ပတ် သက်၍ ရန်စသောစကားများ ပြောဆိုခဲ့သောကြောင့် စိတ်မ ထိန်းနိုင်ဘဲ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တရားသူကြီးထံဖြေ ကြားခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မ ဇင်ဇင်အောင်က ‘‘ဒီနေ့သူထွက် ဆိုသွားတာ မဟုတ်မမှန်တွေ ထွက်ဆိုသွားတာ။ အစ်မယောက်ျားက လူမျိုးခြားလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာဗမာလူမျိုး။အခု သူက လူမျိုးရေးပုံစံနဲ့လှည့်ပြီး မဟုတ်မမှန်နဲ့ပြောသွားတာ။ အစ်မယောက်ျားက ဆဲတတ်ဆိုတတ်သူ မဟုတ်ဘူး။ သူ့ကိုလည်းတောင်းပန်ခဲ့တယ်’’ဟုဆိုသည်။

ချစ်ပို၏ ယခုထွက်ဆိုချက် များသည် ယခင်ရုံးချိန်းများက ပြောကြားခဲ့ခြင်းမရှိဘဲ ယခုမှသာ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်းတရား လိုရှေ့နေက တရားခွင်တွင် ပြောကြားခဲ့သည်။

ထို့အပြင် တရားခံပြသက် သေ မူတူး(ခေါ်)မောင်မာင်သိန်းကလည်း ၎င်းအနေဖြင့် အသေးစိတ်မသိရှိဘဲ ပထမအကြိမ်ထောင်ကျ၍ ထွက်လာပြီးနောက်ပိုင်းအေးဆေးစွာနေသူဖြစ်ကြောင်း ၎င်းကပြောသည်။

အမှုစစ်ဆေးနေသည့် အရှေ့ပိုင်းခရိုင်တရားသူကြီးကလာ မည့်ဇူလိုင် ၁၀ရက်တွင် အပြီးသတ်လျှောက်လွှဲချက်ပေးသွားမည်ဖြစ်ပြီး အမိန့်ချသွားမည်ဖြစ်သည်။

7Day Daily

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ



မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီး လိုက်ပါတယ်။

ထိုင်းနိုင်ငံ ကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော် သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ် အဖွဲ့က ဖမ်းဆီး ရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော် ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုး ရှိတယ်လို့ သူက ဆိုပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန် မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်း များကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့တယ် လို့ မိုဘိုင်းတင်းမ် အဖွဲ့က သိရပါတယ်။

မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူး တိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်းမှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ်တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇ဝဝ ဈေးပေါက်ပါတယ်။

ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခို လမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။

Credit : The Voice


ဓာတ်လိုက်နေသူကို အသက်သေခံပြီး တွန်းထုတ်ကယ်တင်ခဲ့တဲ့ ဒဂုံမြို့သစ်က လေးစားဖွယ် စိတ်ဓာတ်ပိုင်ရှင်


ရန်ကုန်၊ ဇူလိုင် ၁

၃၀.၆.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း
မှတပ်ဖွဲ့ဝင်များသည်သင်္ဃန်းကျွန်းစံပြဆေးရုံတွင်အမျိုးသားတစ်ဦးဓါတ်လိုက်ခံ
ရ၍သေဆုံးရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးခဲ့ရာသေဆုံးသူမှာဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေ သံချည်သံကွေး လုပ်သားဖြစ်သူ ကိုလမင်းထွန်း (၂၇)နှစ်ဖြစ်ပြီး ၎င်းတွင် နဖူးထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေဖ ၀ါးပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို တွေ့ရှိခဲ့ရ
ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာသင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ၊(က)ရပ်ကွက်ရှိဆောက်လက်စ
ကန်ထရိုက် တိုက်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးနှင့်သံပိုက်
ထောက်တိုင်တို့ထိမိပြီး သံပိုက်ထောက် တိုင်သို့လျှပ်စစ်စီးဝင်နေကြောင်း၊ ၎င်းထောက်တိုင်အား သံချည်သံကွေး အလုပ်လုပ်ကိုင်သူ ကိုနိုင်ဝင်း (၄၇)နှစ်မှကိုင်မိပြီး ဓါတ်လိုက်ခံနေရစဉ် သေဆုံးသူမှ တွန်းဖယ်ပေးခဲ့ရာ
၎င်းကိုပါ ဓါတ်လိုက်ခံရပြီး ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ကြောင်းနှင့်ကိုနိုင်ဝင်းမှာ
ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သုဝဏ္ဏနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

လိမ်ဖည်လိမ်ဖည်သွား၍မရတော့သည့် ခရီးသွားလုပ်ငန်း



၂၀၁၁ ခုနှစ်မှစပြီး တိုးတက်ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲတွင် တစ်နှစ်ထက်တစ်နှစ် အောင်မြင်လာသည်မှာ ခရီးသွားလုပ်ငန်းကဏ္ဍပင်ဖြစ် သည်။ ပွင့်လင်းမြင်သာသည့် ၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာလှည့် ခရီးသွား ရှစ်သိန်းကျော်လာ ရောက်ခဲ့သည်မှစ၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ခရီးသွား နှစ်သန်းကျော်ခဲ့ပြီ။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက မြန်မာပြည်သည် ယခုအခြေအနေတွင်ရောက်နေသင့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်မှသာ စတင်ဖွံ့ဖြိုးခဲ့ခြင်း ဖြစ်၏။ သစ်တစ်ပင် ခုတ်စရာမလိုဘဲ၊ ဘာသယံဇာတ မှရောင်းစရာမလိုဘဲ မီးခိုးမထွက်သော ခရီးသွားလုပ်ငန်းကရသည့် တိုင်းပြည်ဝင်ငွေများသည် တစ် ဦးတစ်ယောက်တည်းသာမက ဆိုက်ကားသမားနှင့် လမ်းဘေးဈေးသည်ပါမကျန် အခြေခံလူတန်းစားများအထိ စီးဆင်းလေ့ရှိသည်။ ယခုလည်း၂၀၁၄ တွင် ခရီးသည်သုံးသန်းကျော်လာဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ခရီးသွားအေဂျင်စီလုပ်ငန်းရှင်များက တတ်အားသရွေ့ ကြိုးစားနေကြပြီ။
ဝန်ဆောင်မှုဆိုသည့်ကဏ္ဍ လေးမရောက်မီ ကျွန်တော့် အကြောင်းလေး မိတ်ဆက်ပါရစေ။ ကျွန်တော်သည် ခရီးသွား လုပ်ငန်းသို့ ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက စဝင်ခဲ့သူ ဖြစ်ပါသည်။ Tour Guide လိုင်စင်ကို ၂၀၀၁ခုနှစ်တွင်ရခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားအေဂျင်စီများ၌ အောက်ခြေဝန်ထမ်းဘဝမှ မန်နေဂျာ အဆင့်အထိလုပ်ခဲ့သည်။ ထို့နောက်၂၀၀၄  ခုနှစ်မှစပြီး အလွတ်တန်းဧည့်လမ်းညွှန် (Freelance TourGuide) ဘဝနှင့် ခရီးသွားအေဂျင်စီကြီးများမှာ on call ဂိုက်အနေဖြင့်ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ပင်။ ၂၀၀၇-၂၀၀၈ မြန်မာခရီးသွား လုပ်ငန်းများကျဆင်းနေချိန်တွင်မိသားစုစားဝတ်နေရေးအတွက် ပြည်ပနိုင်ငံကြီးတစ်ခုမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုနှင့် Emirates Airlines တွင် ခရီးသည်ဝန်ဆောင်မှုပေးသော Guest Relation ပိုင်းမှာအထိုက် အလျောက်ရာထူးတစ်ခုနှင့် လေး နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ စက်တင်ဘာတွင် တိုးတက်နေသော မြန်မာပြည်ကို လေ့လာဆည်းပူးခဲ့သည့် အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ကိုယ်ကျင်လည်မည့်ဧည့်လမ်းညွှန်ဘဝတွင် Quality of Service ကိုအသုံးချလို၍ ပြန်လာခဲ့သည်။

မြန်မာပြည် ပြန်ရောက် ရောက်ချင်း on call tour guide ဘဝနှင့် ရပ်တည်နေရင်းတစ်ဖက် ကလည်း ဟိုတယ်များ၊ လူအများ နှင့်ဆက်ဆံသည့် လုပ်ငန်းများတွင်part time customer service trainer အဖြစ် လက်ရှိရပ်တည် နေပါသည်။

အဓိက ပြောလိုသည်မှာ ကျွန်တော်တို့ မြန်မာပြည်သည် အိမ် နီးနားချင်းနိုင်ငံအားလုံးထက် သာသော သဘာဝအလှများ၊ ရှေးဟောင်းစေတီ၊ ဘုရား၊ မြို့ ဟောင်းများ၊ တောတောင်အလှ တရားများ၊ ကမ်းခြေများ၊ ကမ္ဘာ လှည့်ခရီးသည်များ ဖော်မပြနိုင် လောက်အောင် အံ့ဩစရာမြင် ကွင်းများနှင့် တည်ရှိနေသော် လည်း တစ်ခါလာလည်ဖူးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအများစု သည် နောက်တစ်ခါထပ်မလာ ကြတော့တာလဲ ဆိုသည်မှာ အရေးကြီးနေသည်။ တကယ်တော့ မြန်မာပြည်ကို သူတို့နောက် တစ်ခေါက်လာချင်ကြပါသည်။ ကျွန်တော်တို့ဆီမှာ လိုအပ်နေသော အခြေခံအဆောက်အအုံများ၊ နေထိုင်၊ စားသောက်၊ သွားလာရေးများမှာ ဈေးကြီးနေပြီးပေးလိုက်ရသည့် ကုန်ကျစရိတ်အပေါ် ထိုက်တန်သောဝန်ဆောင်မှု ပြန်မရသည်များကြောင့် အချိန်တိုအတွင်း နောက်တစ်ခေါက် မလာနိုင်ကြဘူးလို့ထင်သည်။

ကျွန်တော်တို့ ဧည့်လမ်း ညွှန်များသည် ခရီးသည်များနှင့်တိုက်ရိုက်ထိတွေ့နေရ၍ သူတို့ စိတ်ကျေနပ်မှုခံစားချက်များကို ပိုသိရသည်။ နယ်မှ မြို့ရွာများဆီ သွားသောခရီးစဉ်ကို ကားနှင့်သွားကာ ကျေးလက်ရှုခင်းနှင့် လူမှုဘဝများကို သူတို့စိတ်ဝင်စားသည်။ သို့သော်လည်း ရန်ကုန်မြို့ ပြန်ရောက်သည်နှင့် စည်းကမ်း မလိုက်နာသောကား၊ ဆိုင်ကယ်၊ လမ်းဖြတ်ကူးသူအချို့၏ စည်းမဲ့ ကမ်းမဲ့လမ်းဖြတ်တာများကို တွေ့ပြန်တော့လည်း Oh My God! ဆိုပြီး အံ့သြကြပါလေသည်။ သူတို့အတွက် အတွေ့အကြုံသစ်တစ်ခု ခံစားရသကဲ့သို့ ကျွန်တော်တို့ ဧည့်လမ်းညွှန်များမှာလည်း ယာဉ်မောင်းနှင့်အတူ ဘေးအန္တရာယ်ကင်းသောခရီးစဉ်ဖြစ်ဖို့ တစ်ချိန်လုံးဂရုစိုက်နေရပါသည်။

စားသောက်ဆိုင်များအနေ နှင့်လည်း လိုအပ်ချက်အများကြီးရှိနေဆဲပင်။ မြို့ကြီးများမှာ ကမ္ဘာလှည့်ခရီးသွားများအတွက် Food safty and Hygiene ဝန်ဆောင်မှုကောင်းကောင်းနှင့် ကိုက်ညီသော စားသောက်ဆိုင်သည် လက်ချိုးရေတွက်လို့ရသည်။ ကမ္ဘာလှည့်ခရီးသည်တိုင်း စိတ်ကျေနပ်အားရသော စားသောက်ဆိုင်များ ထပ်ဖွင့်ဖို့လိုအပ်သည်။ ခုချိန်ခါမှာတော့ ဧည့်သည်အများစု ဟိုတယ်တွင် မစားချင်ကြ၍ အပြင်မှာသွားစားကြပါက နောက်နေ့မနက် ကျွန်တော်တို့ကိုတွေ့လျှင် ပြောပါပြီ။ အစားအသောက်အပြင်အဆင် မကြိုက်သည်တို့၊ ဝန်ဆောင်မှုပေးသောသူက သူတို့ပြောသည် ကို နားမလည်တာတို့ အခြားအခြားသော အကြောင်းအရာများပေါ့။ တချို့ကျတော့ သူတို့အစာအိမ်က အစားအသောက်များလျှင် ပြဿနာဖြစ်တတ်၍ တွေ့ ကရာမစားလာရဲကြပေ။ ဘာသာစကားနားမလည်သည်ကို လက်ညှိုးထိုးမှာ၍ရသော်လည်း အစားအသောက်ပြင်ဆင်ပုံ၊ ကိုင် တွယ်ပုံစနစ်မကျသည်ကို သူတို့ တအားကြောက်သည်။ ယင်းအခြေအနေများပြင်ဆင်ထားဖို့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လမ်းဘေးဈေးသည်ကစလို့ စားသောက်ကုန်ရောင်းချသူအားလုံးကို အစားအစာ စနစ်တကျပြင်ဆင်ပုံ၊ မည်သည့် အစားအသောက်ကိုမဆို ကိုင်တွယ်မည်ဆိုလျှင် သန့်ရှင်းသောလက်အိတ်နှင့် ကိုင်တွယ်ဝန်ဆောင်မှုပေးပုံ၊ အခြားသောကျန်းမာရေးအသိ ပညာများကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဖြန့်ဝေရန် လိုအပ်နေပါသည်။ နိုင်ငံခြားသားအများစုက မြန်မာ့ရိုးရာမုန့်များစားချင်ကြသည်။ ဟိုတယ်များကို မြန်မာရိုးရာကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆန်၊ ဆန်နှင့်လုပ်သော မုန့်အမျိုးမျိုး မရောင်းကြ၍ဖြစ်သည်။ လမ်းဘေးရောင်းတာများစားလိုသော်လည်းအများစုက ဓာတ်ပုံပဲရိုက်သွားပြီး အမှတ်တရယူသွားသည်ကလွဲ၍ အပြင်အဆင် အကိုင်အတွယ်သဘောမကျသဖြင့် မစားသွားခဲ့ကြပါ။

ဟိုတယ်နှင့် တည်းခိုရိပ်သာ များအနေဖြင့်လည်း ကိုယ်ယူထား သော ဈေးနှုန်းနှင့်ထိုက်တန်သည့် ဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့လိုအပ် သည်။ ဟိုတယ်များအနေဖြင့် အင်တာနက်တွင် ကြော်ငြာထား သည်ကတော့ အပျံစား။ တကယ် တမ်းဧည့်သည်ရောက်လာတော့ မှ ဧည့်သည်ကိုယ်တိုင် ကိုယ့် အထုပ်ကိုယ်ဆွဲ check in ဝင်ရ တာနှင့် ဧည့်ကြိုကောင်တာမှ ဝန် ထမ်းများ Receptionist အပြုံးနှင့် ဝန်ဆောင်မှု မပေးတတ်တာနှင့် ဧည့်ကြိုအချို့က အလုပ်လေး တစ်ခုလောက်များတာနှင့် နောက် မှာတန်းစီနေသော ဧည့်သည်ကို တောင်ပြုံးမပြနိုင်တာမျိုး၊ အခန်း ရပြန်တော့ လမ်းပြမည့်သူမရှိ၍ ဧည့်သည်ကိုယ်တိုင် အခန်းရှာ။ မောမောပန်းပန်းအခန်းရောက် ပြန်တော့ Air condition က မအေးလို့၊ ရေချိုးခန်းမှာ တစ်ခုခု ပျက်ဖြစ်နေလို့ ပြောရတာမျိုး မကြာခဏဖြစ်လေ့ရှိသည်။ ထို့အပြင် တစ်ခုခုလို၍၊ ဧည့်သည်က အကူအညီတောင်းလို၍ ဟိုတယ်ဝန်ထမ်းကိုလိုက်ရှာရာ မန်နေဂျာကစလို့ ဟိုတယ်ဝန်ထမ်းများ ဝတ်စုံမဝတ်ထားဘဲ စွပ်ကျယ်နှင့် တစ်မျိုး ဟိုတယ်ရှေ့မှာ ဂစ်တာခေါက်နေသူကတစ်ဦး အားလုံးသည် ဟိုတယ်ဝန်ထမ်းပေမယ့် ဂျူတီချိန်တွင် သတ်မှတ်ဝတ်စုံမရှိ၍ ဧည့်သည်ကဘယ်သူ့ခေါ်လို့ ခေါ်ရမည့်အဖြစ်မျိုး။ အထူးသဖြင့် နယ်ဟိုတယ်တွေမှာ အတွေ့ရများသည်။

ဟိုတယ်တစ်ခု၏ ဘေးအန္တရာယ်ကင်းရှင်းမှုပိုင်းမှာလည်း အရေးပေါ်ထွက်ပေါက်များ သေချာထားရှိပေးရန်လိုသည်။ ရေကူးကန်ရှိသော ဟိုတယ် အချို့တွင်လည်းဝင်ကြေးမြိုးမြိုးမြက်မြက်ကောက်ပါလျက် Life Guardတောင်ထားမပေးသည့် ဟိုတယ်များလည်း အများကြီးတွေ့ရတတ်သည်။ တစ်ခုခုဖြစ်ခဲ့လျှင် asse-mbly point ထားသော ဟိုတယ်မှာ မတွေ့ရသလောက်ပင်။ ass-embly point မရှိ၍ တစ်ခုခုဖြစ်လျှင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဖို့ တကယ်ခက်သည်။ မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်ဆိုးဆိုးရွားရွား မကျရောက်သေးလို့များ ဒါတွေ အလေးမထားသေးတာထင်သည်။ အဲဒီလိုအဖြစ်များမကြုံရအောင် သက်ဆိုင်ရာဟိုတယ်ပိုင်ရှင်နှင့် ဟိုတယ် Man-agements အဖွဲ့အနေဖြင့် လုပ်ငန်း အတွေ့အကြုံ၊ လေ့လာမှုအား၊ဧည့်သည်အပေါ် စေတနာထားရှိမှုများ လိုအပ်ပါသည်။ သက်ဆိုင်ရာ ဌာနများကလည်း အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးရန် လိုသည်။

တိုးကုမ္ပဏီကြီးများက လည်း ပုဂံ၊ မန္တလေး၊ အင်းလေး ဘဲ လှည့်ယောင်နေမည်အစား အခြားအခြားသော ခရီးစဉ် အသစ်များကို စဉ်ဆက်မပြတ်ရှာ ဖွေနေရန်လိုသည်။ ခုလက်ရှိ ခရီးသွားအေဂျင်စီအများစုမှာ Opera-tion Manager, Production Manager, Marketing Manager ကောင်းကောင်းများ မခန့်ထား သည်ကို တွေ့ရသည်။ အတွေ့ အကြုံနည်းတော့ Tour itinerary ဆွဲတာကစလို့ Guide ရွေးချယ်မှု၊ Car rental ရွေးချယ်မှုတွေမှာပါ တလွဲတွေဖြစ်ကြသည်။ အချို့ ခရီးသွားအေဂျင်စီတွေဆို မိသား စုလေးယောက်လောက်နှင့် တိုး ကုမ္ပဏီဖြစ်သွားကြ၏။ ခရီးသွား အေဂျင်စီထောင်ထားပြီး ကျွမ်း ကျင်ဝန်ထမ်းကို လစာကောင်း ကောင်းပေးပြီး မခန့်ထားရဲကြ လျှင် မြန်မာပိုင် တိုးကုမ္ပဏီအများ စု သားစိုးသီချင်းထဲကလို လိမ် ဖည်လိမ်ဖည်တွေသာ များပြီး ပြည်ပခရီးသွားအေဂျင်စီတွေက တအား ထိုးတက်လာကြလိမ့် မည်။ ယခုလည်း ပြည်ပခရီးသွား အေဂျင်စီတွေပဲနေရာရနေသည်။ သူတို့၏ အားသာချက်မှာ လုပ် ငန်းကျွမ်းကျင်သည်၊ စနစ်ကျ သည်၊ ကျွမ်းကျင်သူကို ထိုက်သင့် သောလစာပေးခိုင်းသည်၊ သူ့ဝန် ထမ်းတွေကို ပြည်တွင်း၊ ပြည်ပ Travel Show တွေမှာ လေ့လာ ခိုင်း၊ ပါဝင်ဆင်နွှဲခိုင်းသည်။ ပြည်  ပခရီးသွားအေဂျင်စီတွေက ငွေ ကြေးသုံးစွဲရန် အကျိုးအကြောင်း သာခိုင်လုံပါစေ ရင်းရဲသည်။ ပြည် တွင်းအေဂျင်စီအများစုကျတော့ ခရီးသွားလုပ်ငန်း မြတ်တယ်ဆို တာပဲသိပြီး ငွေကြေးမရင်းရဲ။ ဝန် ထမ်းကောင်းမခန့်ရဲ။ ဒီလိုသာ ဆက်သွားနေလျှင် နောက်ထပ် ဝင်လာမည့် ပြည်ပခရီးသွားအေ ဂျင်စီတွေ နေရာရနေဦးမည် ဖြစ် သည်။ နိုင်ငံသားပိုင် အေဂျင်စီတွေအနေဖြင့် ဒါလေးတွေ awaren-ess ရှိ သင့်ပြီ။

ခရီးသွားလုပ်ငန်းနှင့် ဝန် ဆောင်မှုဆိုတာ တိုက်ရိုက်ဆက် ဆက်နေတော့ ဒီနှစ်မျှော်မှန်းထား သော သုံးသန်းသောခရီးသည် များမလာသေးမီ၊ ၂၀၂၀ ပြည့်နှစ် ခုနစ်သန်းသော ခရီးသည်များ မလာသေးမီ ခရီးသွားလုပ်ငန်း နှင့် ဆက်သွယ်သူအားလုံး ကိုယ် စီကိုယ်စီ တာဝန်ကျေစွာဖြင့် ကြို တင်ပြင်ဆင်ရန်လိုသည်။

7day

ကလေးငယ်တွေနဲ့ အတူ ဂန်းနားစတိုင် ပုံစံ ကခုန်ခဲ့တဲ့ ဗြိတိန်မင်းသား ဟယ်ရီ



ချီလီနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီဟာ ကလေးငယ်တွေနဲ့ အတူ ဂန်းနားစတိုင် ပုံစံကို ပျော်ရွှင်စွာ ကခုန်မှုပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ပျိုမေတွေရဲ့ အသည်းစွဲမင်းသား ဟယ်ရီ ဟာ လူငယ်တစ်ဦး ဖြစ်တာနဲ့အညီ နိုက်ခ်ကလပ် တွေမှာ ပျော်ရွှင်ခဲ့ဖူးတဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ပေါ်ထွက်ခဲ့ပေမယ့် လူမှုရေး ကိစ္စတွေကိုတော့ အားတက်သရော ဆောင်ရွက်ခဲ့ပါတယ်။ သေဆုံးသွားပြီ ဖြစ်တဲ့ မိခင်ဖြစ်သူ ဒိုင်ယာနာရဲ့အမွေကို ဆက်ခံခဲ့သူပီပီ မင်းသားဟယ်ရီဟာ လူမှုအကျိုးပြု ကိစ္စတွေကို မရပ်မနား ဆောင်ရွက် ခဲ့ပါတယ်။ မင်းသားဟယ်ရီဟာ အင်္ဂလန်ဘောလုံး အသင်းကို အားပေးဖို့ ဘရာဇီးနိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန် ဘောလုံးအသင်းဟာ အုပ်စုအဆင့် ကနေ ထွက် လိုက်ရတာမို့ မင်းသားဟယ်ရီဟာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်မှုပြုလုပ် ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ရှိနေစဉ် အတောအတွင်း ဆင်းရဲတဲ့နေ ရာဒေသတွေကို သွားရောက် လေ့လာခဲ့ပြီး အားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ချီလီနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဆန်တီယာဂိုမြို့ကို ရောက်ရှိစဉ် အတွင်း နေ့ကလေးထိန်းကျောင်း ကို သွားရောက် ခဲ့ပါတယ်။ အဲဒီကျောင်းမှာ မင်းသား ဟယ်ရီဟာ ကလေးငယ် တွေနဲ့ ရင်းနှီးစွာ နေထိုင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ရရှိထားပြီး မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်တစ်ဦး နဲ့အတူ ဂန်းနားစတိုင် ပုံစံကို ကခုန်မှု ပြုလုပ်ခဲ့ပါတယ်။ မင်းသား ဟယ်ရီရဲ့ပုံစံဟာ တက်ကြွနေတာမို့ မီဒီယာတွေရဲ့ ချီးကျူးမှု ကို ခံခဲ့ရပါတယ်။ မင်းသားဟယ်ရီဟာ ကလေးငယ်တွေနဲ့ အတူ စကားအပြန်အလှန် ပြောဆိုခဲ့ပါတယ်။ ကလေးမိဘတွေ ကလည်း မင်းသားဟယ်ရီကို နွေးထွေးစွာ ကြိုဆိုခဲ့ကြ ပါတယ်။ မင်းသားက မြေပြိုကျမှုကြောင့် အိုးမဲ့အိမ့်ဖြစ်ခဲ့တဲ့ နေရာကိုလည်း သွားရောက်ခဲ့ပြီး အားပေးစကား ပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့ တော်ဝင်မင်းသား တစ်ဦးဖြစ်နေပေမယ့် လူမှုအကျိုးပြု လုပ်ငန်းတွေကို မိခင် ဒိုင်ယာနာလို အားတက်သရော ဆောင်ရွက်ခဲ့တဲ့ ဟယ်ရီရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

Messenger

ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်

အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)



ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘ကောင်မလေးအိမ်မှာပဲ လူသတ်မှုဖြစ်တာပါ။ သတ်တဲ့လူ ကိုယ်တိုင်ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်းလူမှုရေးပြဿ နာကြောင့် သတ်တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


 သေဆုံးသူအမျိုးသမီးမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ်ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့တောင်ရပ်ကွက်နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကိုမူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

7day daily

ထောင်ထဲမှာ အုတ်နီခဲကို ရေဖျော်ပြီးရေးခဲ့ရတဲ့ ဂျေညီညီရဲ့ Master Piece ဒီမိုးသီချင်းအကြောင်း



မိုးရာသီဆိုတာ လူသားတွေရဲ့ စိတ်ကိုဆွတ်ပျံ့ဖွယ်ခံစားမှုပေးစွမ်းနိုင်တာနဲ့အမျှ မိုးနဲ့ပတ်သက်ပြီးစပ်ဆိုကြတဲ့ သီချင်းတွေလည်း အများအပြားရှိပါတယ်။ အဲ့ဒီအထဲကမှ အချစ်မိုး ဒီမိုးစတဲ့ သီချင်းကောင်းတွေ နဲ့ ပရိသတ်ရင်ကို ထွင်းဖောက်နိုင်ခဲ့သူ ဂျေညီညီကို သူ့ရဲ့မိုးသီချင်းများအကြောင်းအမှတ်တရ ပြန်မေးကြည့်ဖြစ်တော့
” မိုးသီချင်းတွေနဲ့ပတ်သက်ပြီးကို ကိုင်ဇာရဲ့သီချင်းတွေကတည်းက သူ့အဖွဲ့အနွဲ့ကလည်း တအားကောင်းတော့ ကြိုက်ခဲ့တယ်။ မိုး ရာသီဆိုတာကလည်း အလိုလိုနေရင်း ကို အဆွေးဓာတ်လေးပေါ်လာတာကိုး။ အဲ့ဒါနဲ့ စီးရီးလုပ်တော့ ကိုဂျေမောင်မောင်ရေးတဲ့ အချစ်မိုးကို ဆိုဖြစ်တယ်။ ဆိုလိုက်တဲ့ အခါမှာအဲ့ဒီ သီချင်း ကအောင်မြင် သွား တယ်။ အဲ့ဒီသီချင်းနဲ့ပဲ ဂျေညီညီဖြစ်သွားတာပေါ့။ ဒီနေ့ ဒီအချိန်ထိ ဒီသီချင်းလေးက ရပ်တည်လို့ရသွားတယ်” လို့ ဆိုတဲ့ ဂျေညီညီရဲ့ နောက်ထပ် မိုးသီချင်း တစ် ပုဒ်ဖြစ်တဲ့ ဒီမိုးသီချင်းရဲ့ဖြစ်တည်လာမှုကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီမိုးသီချင်းဖြစ်တည်လာပုံကို ဂျေညီညီက…
” ၈၈ခုနှစ်ရောက်တော့ အနုပညာသမားတော်တော်များများ အင်းစိန်ထောင် ရောက်သွားတယ်။ အဲ့ဒီတုန်းက နိုင်ငံရေးပုဒ်မ ၁ဝ(ဃ) နဲ့ ဖမ်းတော့ တိုက်ပိတ်ထားတာပေါ့။ ဘာပစ္စည်းမှလည်းမရှိဘူး။ ဟိုဘက်ခန်း၊ ဒီဘက်ခန်းအသံတွေတော့ ကြားရတာပေါ့။ ၈၈ အောက်တိုဘာမှာ အဖမ်းခံရတယ်။ အဲ့ဒီလိုနဲ့ ၈၉ ခုနှစ်ကို ရောက်လာရော။ တစ်ေ နကျတော့ ညနေဘက်ကြီး သင်္ကြန်နားနီးတော့ သင်္ကြန်မိုးရွာရော ထောင်ထဲရောက်ပြီး ပထမဆုံးရွာတဲ့မိုး အဲ့ဒါကို ဘေးခန်းက အသံကြားလိုက်တယ်။ ” ဒီမိုး က လည်း ကွာ”  ဆိုပြီး ငြီးလိုက်တယ်။
အဲ့ဒါနဲ့ “ဒီမိုး” ဆိုတဲ့ ခေါင်းစဉ်လေးရတယ်။ ဒါပေမဲ့ ဘာအသုံးအဆောင်ပစ္စည်းမှမရှိတော့ ရေချိုးဆင်းတဲ့အချိန်မှာ အုတ်နီခဲစ အကျိုးလေးယူ လာပြီး သောက်ရေ ခွက် ထဲက ရေနဲ့ဖျော်တယ်။ ဖျော်ပြီး အဲ့ဒါလေးနဲ့ရေးတယ်။ မကြိုက်ရင် ပြန်ဖျက်လိုက်ရေးလိုက်ပေါ့။ ဒါက ခုပြန်ပြောတော့သာ လွယ် တာ ရေးတုန်းကတော့ ခက်ခဲ တာေ ပါ့။ ရေးပြီးတော့ အဲ့ဒါကို အိပ်ဖို့ပေးထားတဲ့ ဝါးကပ်နဲ့အုပ်ထားရတယ်။ အဲ့ဒီလို အုပ်လိုက်ရေးလိုက်နဲ့ ပြီးသွားတယ်။ အဲ့ဒီမှာ အချော ကြီးတော့ မပြီးခဲ့ဘူးပေါ့။ အဲ့ ဒါနဲ့ ထောင် ကနေ လွတ်လာတယ်။ အပြင်ရောက်တော့ ဗဒင်နဲ့ ကိုညီညီက စာသားနည်းနည်းစီထပ်ဖြည့်ပေးတယ်။ ဒါလေးက တော်တော် လေးအမှတ်တရပါပဲ။ ကိုယ်ပေးဆပ် ခဲ့ရတာနဲ့လည်း တန်ပါတယ်။ အခုအချိန်အထိ ဒီသီချင်းလေးက အနုပညာအရရော အစစအရာရာ အထောက်အကူပေးခဲ့ပါတယ်” လို့ သူခက်ခက်ခဲခဲ ဖန်တီး ခဲ့ပြီး အော င်မြင်တဲ့သီချင်းတစ်ပုဒ် ဖြစ်လာတဲ့ ဒီမိုးသီချင်းအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ ဂျေညီညီခက်ခဲပင်ပန်းစွာရေးသားခဲ့တဲ့ ဒီလိုမိုးသည်းထဲမှာတွေ့ လိုက်ရ တဲ့ ကောင် မလေးတစ်ယောက်ကို.. ဒီမိုး ..ဒီမိုးသည်းတဲ့နေ့တွေ ရှည်လွန်းတယ်” စတဲ့ စာသားတွေကတော့ အခုနှစ်ပေါင်းများစွာ အထိ မျိုးဆက်တိုင်းရဲ့ ရင်ကိုငြိစေခဲ့တာကတော့ အမှန်ပဲ ဖြစ်ပါတော့တယ်။
ရဲရဲ

Popular

၁၃ နှစ်သမီးလေးကို မုဒိန်းကျင့်သတ်ပစ်ပြီး အိမ်ပြန်ကာ ခြင်းခတ်နေစဉ် သတ်ခဲ့သော မိန်းကလေးမှ မသေဘဲပြန်လာတိုင်၍ အဖမ်းခံခဲ့ရတဲ့ မုဒိန်းသမား





အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။

သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။

‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။

အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

7Day Daily

လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်

ဓာတ်ပုံ−အောင်သစ်လွင်


ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတားအနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး
ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။

ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကိုတိုက်ကာ တစ်ပတ်လည်သွားခဲ့ကြောင်း မျက်မြင်တွေ့သူများက
ပြောသည်။ ကုမ္ပဏီသုံးကားဖြစ်ပြီး ယင်းကား၏နောက်မှ အသိအကျွမ်းဖြစ်ဟန်တူသည့် ကားတစ်စီးပါလာကာ ဒဏ်ရာရသူများအား ဆွဲထုတ်၍ ဆေးရုံသို့ ခေါ်ဆောင်
သွားကြောင်းသိရသည်။


‘‘အမျိုးသမီးတစ်ယောက်ကိုတော့ ကားထဲက ဆွဲထုတ်သွားရတယ်။ သူတို့မှောက်ပြီး ၅ မိနစ်လောက်အကြာမှာ နောက်ကားတစ်စီးရောက်လာပြီး
အကုန်လုံးကို တင်သွားတာ။ ကားကိုတော့ ဒီအတိုင်း ထားခဲ့တာပဲ’’ ဟု ယာဉ်တိမ်းမှောက်မှုကို လာကြည့်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ကားတိုက်မှုကြောင့် လမ်းလယ်ကျောက်တုံးအချို့ ၁၅ ပေခန့်အထိ လွင့်စဉ်သွားခဲ့ပြီး ကားမှာလည်း တံတားအဆင်းတွင် ပိတ်ရပ်ထားသကဲ့သို့
ုဖြစ်နေသောကြောင့် ရောက်လာသည့် ရဲအချို့က လမ်းရှင်းလင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။

ကားမှာ  ထရပ်ကား အမျိုးအစားဖြစ်ပြီး ကားဘော်ဒီတွင် Taw Win Family ကုမ္ပဏီဟု ရေးထားသည်။ အဆိုပါနေရာသို့ ရောက်လာသည့် ရဲက
ယာဉ်တိုက်မှုသတင်းကြောင့်သာ ရောက်လာခြင်းဖြစ်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။

7day

အိုးလ်ထရက်ဖို့ဒ်ကွင်း ပုံစံနဲ့ ပတ်ဂျီဆန်ရဲ့ မင်္ဂလာဆောင် ဖိတ်စာ


အေသင်အောင်

တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်း ပတ်ဂျီဆန်ဟာ လာမယ့် ဇူလိုင် (၂၇) မှာ ချစ်သူဖြစ်သူ ကင်မင်ဂျီနဲ့ လက်ထပ် မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းမှာ (၇)နှစ်ကြာ ပါဝင်ကစားခဲ့ဖူးတဲ့ ပတ်ဂျီဆန်ဟာ အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းကို အချိန်တိုင်းမှာ သတိရနေကြောင်း သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာက သက်သေ ပြသသွားခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့မင်္ဂလာဆောင် ဖိတ်စာကို အိုးလ်ထရက်ဖို့ဒ်ကွင်း ဒီဇိုင်းပုံစံအတိုင်း ပြုလုပ်ခဲ့ ပါတယ်။ ဖိတ်စာကို ဖွင့်လိုက်တဲ့အခါမှာ ပွဲ ကြည့်စင်နဲ့ မြက်ခင်းစိမ်း ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။ ပွဲကြည့်စင်ပေါ်မှာ မင်္ဂလာဆောင်ကြမယ့် ပတ်ဂျီဆန် နဲ့ ကင်မီဂျီတို့ရဲ့အမည်ကို ရေးထိုးထားပါတယ်။ နောက်ပြီး The Wedding of Dream ဆိုတဲ့ စာသားကိုလည်း ရေးထိုးထားပါတယ်။

မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းဆောင်ပုဒ်က Theatre of Dreams ကို နမူနာယူပြီး ရေးထိုးထားခြင်း ဖြစ်ပါတယ်။ ပတ်ဂျီဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်မှာ ဘောလုံးလောကကနေ အနားယူခဲ့ရပါတယ်။ ပတ်ဂျီဆန်ကို မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က ခေါ်ယူခဲ့ခြင်းဖြစ်ပါ တယ်။ ပတ်ဂျီဆန်ဟာ မန်ယူမှာကစားခဲ့တဲ့ ကာလတွေမှာ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရယူပေးခဲ့ပါတယ်။ ပတ်ဂျီဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ အရေးပါတဲ့ နေရာမှာရှိခဲ့တဲ့ မန်ယူအသင်းကို မမေ့လျော့တဲ့အနေနဲ့ မင်္ဂလာဆောင်ဖိတ်စာကို အိုးလ်ထရက် ဖို့ဒ်ကွင်းပုံစံ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

messenger

ရေဘဝဲပေါလ်နှင့် အပြိုင် ကမ္ဘာ့ဖလား ရလဒ်များ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့် Microsoft Cortana


၂၀၁၀ ကမ္ဘာ့ဖလား တွင် ရေဘဝဲပေါလ်သည် ကမ္ဘာ့ဖလား ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ခဲ့သလို ယခုနှစ် ကမ္ဘာ့ဖလားတွင်လည်း Microsoft ၏ Cortana assistant က ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် လေးပွဲကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြောင်း သိရသည်။

Apple ၏ Siri ကဲ့သို့ လုပ်ဆောင်ချက်တူညီသည့် Microsoft Cortana သည် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်များတွင် ဘရာဇီးလ်၊ ကိုလံဘီယာ၊ နယ်သာလန်နှင့် ကော်စတာရီကာ တို့၏ ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့သည်။


ထို့အပြင် လက်ရှိတွင်လည်း Cortana သည် ဂျာမနီနှင့် ပြင်သစ်တို့ကို ကွာတားဖိုင်နယ်သို့ တက်ရောက်မည့် အသင်းများအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

အဆိုပါ ရလဒ်များသည် The Voice, Dancing With the Stars နှင့် American Idol တို့တွင် ဆုရရှိသူများကို ခန့်မှန်းရာတွင် အသုံးပြုခဲ့သည့် Microsoft Bing predictions engine ဖြင့် ခန့်မှန်း ဖော်ပြခြင်း ဖြစ်သည်။

Microsoft ၏ ခန့်မှန်းချက်များသည် ကမ္ဘာ့ဖလား  ပြိုင်ပွဲဝင် အသင်းများ၏ အနိုင်၊ အရှုံး၊ သရေ ရလဒ်များအပြင် ပွဲချိန်၊ ရာသီဥတု အခြေအနေ၊ အိမ်ကွင်း အားသာချက် စသည်တို့ကို အခြေခံကာ တွက်ချက်ပေးခြင်း ဖြစ်သည်။

အချို့သောသူများကမူ Cortana သည် ဘယ်လ်ဂျီယံနှင့် အမေရိကန်ပွဲတွင် ဘယ်လ်ဂျီယံကို ရွေးချယ်ထားသောကြောင့် ၎င်း၏ ခန့်မှန်းချက်များ ၁၀၀ ရာခိုင်နှုန်း မမှန်ကန်နိုင်ကြောင်း သုံးသပ်လျက်ရှိသည်။

Ref: TheVerge

Internet Journal

ထွန်တုံးတိုက်ပွဲဝင်နေသည့် နေရာတွင် စစ်တပ်က သေနတ် ၄၈ချက် ပစ်ဖောက်ခဲ့ဟုဆို



မန္တလေး၊ မဇ္ဈိမ။           ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာတွင် စစ်တပ်က သိမ်းဆည်းမြေ ဧက ၃ဝဝကျော်ကို ပြန်ရရန် ဇွန်လ ၈ရက်မှ စကာ ထွန်တုံးတိုက်ပွဲ ဝင်ခဲ့သည်ကို ဇွန်လ ၃ဝရက် နံနက် ၆နာရီကျော်က စစ်ကား ခြောက်စီး ရောက်လာပြီး စစ်သား ၁ဝဝခန့်က ဝိုင်းထားပြီး နံနက် ၁ဝနာရီခန့်တွင် သေနတ် ၄၈ချက် ဖောက်ခဲ့သည်ဟု မြေမွန်ကျေးရွာမှ လယ်သိမ်းဆည်းခံ တောင်သူ ကိုစောမွန်က မဇ္ဈိမကို ပြောသည်။

 “ စစ်သား ၁ဝဝ ကျော်လောက်က ကျွန်တော်တို့ တောင်သူတွေ ထွန်ယက်နေတာကို ဝိုင်းထားတယ်။ ကျွန်တော်တို့ ထွန်နေတဲ့ ကွင်းထဲက ဆောက်ထားတဲ့ တဲလေးထဲမှာ ဝင်နေရတယ်။ ဘယ်မှမထွက်ရဘူး။ သူတို့ကို ကြောက်လို့ကုတ်နေရတယ်။ အပေါ့ အလေးတောင် မသွားရဲဘူးဟု” ကိုစောမွန်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာ ဝန်ကြီးထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်ရာ အစည်းအဝေး လုပ်နေသောကြောင့် ညနေ  ၅နာရီခန့်တွင် ပြန်လည်ဆက်သွယ်ရန် တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။ ညနေ ၅ နာရီတွင် ဆက်သွယ်ရာဆက်သွယ်မူ မရခဲ့ပေ။

“ကျွန်တော်တို့ ထွန်တာကို လာကူညီတဲ့ သူတွေရှိတယ်။ အဲ့ဒီကူညီတဲ့သူတွေထဲမှာ သားသည်အမေတွေပါတယ်။ အခုသူတို့တွေ ဒီတဲထဲမှာ ပိတ်မိနေတယ်။ ကလေးတွေက ရွာထဲမှာ ကျန်ခဲ့တယ်။ နံနက် ၆ နာရီ လောက် ကတည်းက ခုချိန်ထိနေနေရတယ်။ ထမင်းကို ဆားဖြူးပြီးတော့ စားနေရတယ်"ဟု ကိုစောမွန်က ပြောသည်။

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာက ဒေသခံတောင်သူ ၁၆ ဦး၏ သိမ်းဆည်ခံလယ်ယာမြေဧက (၃၁၉)ဧက၊ ကွင်းအမှတ် (၈၅၅/က) အမည်ပေါက် ကွင်းကို ၁၉၉၁-၉၂ခုနှစ်က စစ်ကိုင်းတိုင်း အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်က သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

mizzima

ချီလီနီကို Twitter မှတစ်ဆင့် ဆွာရက်ဇ် ပြန်လည်တောင်းပန်ခဲ့



ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လွန်ခဲ့သည့်ရက်ပိုင်းများတွင် အီတလီနောက်ခံလူချီလီနီကို ကိုက်ခဲ့ခြင်းမရှိဟု ငြင်းဆန်နေခဲ့သော်လည်း ယခုအခါ သူ၏တရားဝင် Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့သည်။
ဆွာရက်ဇ်က နေအိမ်တွင်မိသားစုနှင့် အချိန်အနည်းငယ်ယူခဲ့ပြီးနောက် တည်ငြိမ်မှုရရှိခဲ့ပြီး ဇွန်(၂၄)ရက်နေ့မှ အမှန်တရားကို ရင်ဆိုင်ရန်အသင့်ဖြစ်လာခဲ့ကြောင်း၊ ချီလီနီ၏ဒဏ်ရာမှာ မိမိကိုက်ပြီးရခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း၊ ဖြစ်စဉ်အတွက်အလွန်နောင်တရမိကြောင်း၊ ချီလီနီနှင့်အတူ ကမ္ဘာ့ ဘောလုံးမိသားစုတစ်ခုလုံးကို တောင်းပန်လိုကြောင်း၊ ယခုကဲ့သို့ အပြုအမူမျိုး နောက်နောင်ဘယ်တော့မှ မပြုလုပ်တော့ပါဟု အဓိဋ္ဌာန်ပြုပါကြောင်းဖော်ပြခဲ့သည်။ ချီလီနီကလည်း ကျေအေးပေးခဲ့ပြီး “ဖီဖာမှ သင်၏ပြစ်ဒဏ်ကိုလျှော့ချပေးရန် မျှော်လင့်သည်”ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

Photo; AFP
Eleven Media Group

ကြက်သား ပဲငပိအချိုချက်



ဒီနေ့တော့ ကြက်သားပဲငပိဟင်းလေး တင်ပေးထားပါတယ် ဟင်းကိုနဲနဲနဲ့ကျဲကျဲဝိုင်းထားတာမို့ အရသာကောင်းကောင်းလေးရအောင် မာမာချက်ထားပါတယ်။
ဒီနေ့ချက်နည်းလေးက အလုပ်ရှုပ်သယောင်ထင်ရပေမဲ့ ချက်ရတာတော့အရမ်းလွယ်ပါတယ် ချက်လို့လွယ်ပေမဲ့ စားလို့တော့အရမ်းကောင်းပါတယ်။

ပါဝင်ရမှာလေးတွေက

ခပ်သေးသေးတုံးထားသော ကြက်ရင်ပုံသား  - 150g
ပဲငပိ ထမင်းစားဇွန်း - ၃ဇွန်း
မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ -  ၁၀မွှာ
နံနံပင် -  နှစ်သက်သလောက်
ဆီ ထမင်းစားဇွန်း  - ၅ဇွန်း
ချက်နည်း
ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာတို့နဲ့ရောနယ်ပြီး ဆီပူပူမှာ ၃မိနစ်လောက်ကြော်ပြီး ဟင်းပြင်မဲ့ ပန်းကန်ထဲဆယ်ထဲ့ထားပါ
ကြက်သားပေါ်ကိုပဲငပိ ဆမ်းပေးပါ
နံနံပင်ကို အနေတော်ဖြတ်ပြီး ပဲငပိပေါ်ဖြန့်ခင်းပေးပါ
ပဲငပိပေါ်ကို ထောင်းထားသော ကြက်သွန်ဖြူများ ဖြန့်ခင်းပေးပါ
အားလုံးပြီးပါက ဆီကို အပူပြန်ပေးပြီး ပြင်ထားသောဟင်းထဲသို့ ဖြန့်ပြီးလောင်းချပေးပါ
ဆီလောင်းချပေးပြီးပါက အရသာမွှေးမွှေးလေးနဲ့ကြက်သားပဲငပိဟင်းလေး သုံးဆောင်နိုင်ပါပြီ။


စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာများ

မလေးရှားတွင် မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရဟုဆို



မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် တရာမဝင် အထောက် အထားမဲ့ မြန်မာဟု ဆိုသူ ၂၂ ဦး အပါအဝင် နိုင်ငံခြား သား ၂၇ ဦးကို ဖမ်းဆီး လိုက်ကြောင်း မလေးရှား သတင်း များတွင် ဖော်ပြသည်။ ၎င်းတို့ကို ပီနန်ပြည်နယ် ဘာတာဝတ်မြို့ရှိ Kampung Bagan Lebai Tahir အရပ်တွင် ဇွန်လ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖမ်ဆီးခံရမှုတွင် ၄၀ ရက်သား ကလေးငယ် တစ်ဦး ပါဝင်ကြောင်း The Star သတင်း တစ်ရပ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၂၇ ဦးတွင် မြန်မာဟုဆိုသူ ၂၂ ဦးနှင့် အင်ဒိုနီးရှား ငါးဦး ပါဝင်ပြီး Kampung Bagan Lebai Tahir တွင် တရားမဝင် နိုင်ငံခြားသားများ အလွန်များပြားလာသည်ဟု ဒေသခံများက တိုင်ကြား၍ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ပီနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Hasbullah Abdul Rashid က The Star ကို ပြောဆို ထားသည်။

ဖမ်းဆီး ခံရသူများမှာ မြန်မာဟု မလေးရှား သတင်းများတွင် ဖော်ပြထားသော်လည်း အမှန်တကယ် မြန်မာ ဟုတ်မဟုတ် အတည်ပြု ဖော်ပြသည်ထားခြင်း မတွေ့ရပေ။ လူပေါင်း ၁၁၁ ဦးကို စစ်ဆေးခဲ့သည့်အနက် တရားဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အချို့ လုပ်သားများသည် အိပ်ရာအောက်တွင် ပုန်းအောင်း နေကြောင်း Hasbullah Abdul Rashid က ပြောဆိုထားသည်။

ယင်းဖမ်းဆီးမှုတွင် အမျိုးသားမှတ်ပုံ တင်ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ရေးလာခေါ် မီးသတ်စသည့် ဖမ်းဆီးသူ အင်အား ၁၄၅ ဦး အသုံးပြုကာ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပီနန်ပြည်နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ရွှေပန်းထိမ်ဆိုင်တွင် အလုပ်သမားတစ်ဦး ဖြစ်သည့် မြန်မာတစ်ဦး ဆိုင်မှ အပြန်တွင် ပစ္စည်းလု ခံရကာ အသတ်ခံခဲ့ရကြောင်း ပီနန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုမြက ပြောကြားသည်။
သို့သော်လည်း ယခု အဖမ်းအဆီးသည် လူသတ်မှု ဖြစ်စဉ်များကြောင့် အထူးစီမံချက်ချကာ တရားမဝင် လုပ်သားများ ဖမ်ဆီးခြင်း မဟုတ်နိုင်ကြောင်း၊ ပုံမှန် ပြုလုပ်နေသည့် အဖမ်းအဆီးသာ ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

Credit : The Voice

အချစ်ရေးနဲ့ပတ်သတ်ပြီး စဉ်းစားနေပါပြီလို့ ဖွင့်ဟလိုက်တဲ့ မိုးယုစံ


ခင်ဆွေသက်

သက်တန့်ရောင်နှလုံးသားဆိုတဲ့ ဗီဒီယိုကားကို ပြေတီဦး ဒါရိုက်တာနေပိုင်တို့နဲ့ ရိုက်ကူးနေတဲ့ မိုးယုစံက ဒီဇာတ်ကားရိုက်ပြီးရင်တော့ ခဏနားပြီး လလယ်လောက်မှ ပြန်ရိုက်မယ်လို့ ဆိုလာပါတယ်။ ချစ်စဖွယ်အပြုံးပိုင်ရှင် မိုးယုဟာ အနုပညာလောကထဲမှာ ချစ်ရေးချစ်ရာ ဘယ်သူဘယ်ဝါဆိုတာ မကြားရသူမို့ သူမရဲ့ အချစ်ရေးအကြောင်းကို ခုလို မေးကြည့်ဖြစ်တဲ့အခါ “အချစ်ရေးကတော့ ခုချိန်မှာ ကြည်ကြည်လင်လင်ပါပဲ။ စဉ်းစားသင့်တဲ့ အရွယ်လဲ ရောက်လာပြီဆိုတော့ စဉ်းစားနေတယ်ပေါ့နော်။ ဒါပေမဲ့လဲ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို စဉ်းစားတဲ့အခါမှာ မိုးယုကိုယ်တိုင်ကလဲ အများကြီး စဉ်းစားတတ်တဲ့ လူထဲမှာပါတဲ့အတွက် လွယ်လွယ်နဲ့လက်မခံတတ်ဘူး။ အပြင်လောကက လူမှ ၊ အနုပညာအသိုင်းအ၀ိုင်းထဲကမှဆိုပြီး သတ်မှတ်ထားတာမျိုးမ ရှိပါဘူး။ ဖူးစာပါရင်တော့ နီးနီးပဲဖြစ်ဖြစ် ဝေးဝေးပဲဖြစ်ဖြစ် မဆုံနိုင်ဘူးထင်ပေမဲ့လဲ ဆုံနိုင်တာပဲ။ အဓိက က ကိုယ့်ကိုတကယ်ချစ်ဖို့ပဲ လိုပါတယ်”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

ဇာဂနာ ဘာမှမသိရပါဖူး


ဇာဂနာ

ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေလိုပေါ့ခင်ဗျာ။
ပထမရာသီဝက် ပြီးဆုံးသွားတဲ့အခါဒုတိယ ရာသီဝက် ဆက်လာတာကတော့ ဇာဂနာ့ ဆောင်းပါးတွဲများပါပဲ။
စောစောတုန်းကတော့ ကိုယ့်ကိုယ်ကို အထင်တွေ ကြီးပြီး သိသားပဲ သိသားပဲ နဲ့ လုပ်ခဲ့တာ ခုတော့မှဘာမှ မသိမှန်း အဖြေပေါ်ပြီပေါ့ခင်ဗျာ။

တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။
ဇာဂနာ ဟာ တုံးပါတယ်။ အ လဲ အ ပါတယ်။ နုံလဲ နုံပါတယ်။
ပါးစပ်ထဲ လက်ညှိုးလာထည့်တာတောင် နို့ သီးခေါင်းမှတ်ပြီး စုပ်နေတတ်တာပါခင်ဗျာ။

တစ်ညက သန်းခေါင်လောက်ကြီးမှာ သူငယ်ချင်းတွေ အိမ်ရောက်ချလာပြီး ဘုန်းကြီးကျောင်းရဲ ၀ိုင်းတယ် လို့ လာပြောတယ် ခမျ။
ပြီးတော့ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့လေ။
ကြေညာချက် ရေးမယ်၊မိုးလင်းတာ နဲ့ အားလုံးပျံ့ စေရမယ်၊ဆန္ဒပြမယ် ဆိုတာလဲ ပါတယ်။
ဇာဂနာ တော့ အကြောင်သား နဲ့ နားထောင်နေရတာပါ။

ဟုတ်သလေ၊သူတို့ပြောတာ ဘုန်းကြီးကျောင်း။
ဇာဂနာ သိတာကတော့ မင်္ဂလာဆောင်တို့ မွေးနေ့ တို့ လုပ်တဲ့နေရာပဲ။
ရုပ်ရှင်ပွဲတော် လဲ လုပ်တယ် ခမျ၊ ရုပ်ရှင်တွေ ဗီဒီယို တွေလဲ ရိုက်တယ်။
ဇာ၈နာ့ သူငယ်ချင်းကြီးဇော်သက်ထွေးတို့ မင်္ဂလာ ဆောင်တာ လဲ အဲသည်မှာ။
ဝသန် ရုပ်ရှင်ပွဲတော် လုပ်တာလဲ အဲသည်မှာ။

ဇာဂနာ့  ညီလေး သန့် ဇင်အောင် ထောင်အကြောင်းရုပ်ရှင်ရိုက်တော့လဲ အဲသည်မှာ ဆက်တင် ကြီးတွေတောင် ဆောက်လို့ ရယ်။ကဲ ဘုန်းကြီးကျောင်းဆို ဒါမျိုးလုပ်လို့ ရပါ့မလား။

နစ္စ ဂိတ ၀ါဒိတ လေ။
ဒါပေမဲ့ သူငယ်ချင်းတွေကတော့ ဒါဟာ ၂၀၀၁ ခုနှစ်ကထဲက ဘုန်းကြီးကျောင်းဆိုတော့ မခက်လား။
ဒါကြောင့်ပြောတာပေါ့၊ဇာ၈နာ ဘာမှ မသိရပါဖူး လို့ ။
ဘုန်းကြီးကျောင်း ကို မင်္ဂလာခန်းမ ထင်မိတာ တော် တော် အ တာပဲနော် ဗျာ။

တစ်ခါ ဇာ၈နာ့  သူငယ်ချင်း မင်းထင်ကိုကိုကြီးက လူ့ အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဆိုတာကြီးလုပ်သဗျ။အဲသည်မှာ open sky ဆိုတဲ့ ရုပ်ရှင် ကိုပြဖို့  လုပ်ထားတာတဲ့။
မြန်မာလူငယ်လေးတွေ ဖန်တည်းထားတဲ့ လက်ရာကောင်းလက်ရာသန့် လေးပါ။
ဘာသာတရား ကိုးကွယ်မှု မတူတဲ့မိသားစုနှစ်ခုကြားက သံယောဇဉ် ကိုဖော်ကျူးတာပါတဲ့။
ဇာဂနာက ရုပ်ရှင်တွေ လူ့ အခွင့်အရေးတွေ ဘာမှ မသိပါဖူးခင်ဗျာ။
ပြရင်လဲ ကြည့်မှာပေါ့။

ရုပ်မြင်သံကြားမှာလဲ ဟင်ဒီရုပ်ရှင်၊အစ္စလာမ်ရုပ်ရှင်၊ခရစ်ယန်ရုပ်ရှင်တွေလာနေတာပဲဟာ။
ဘာဆန်းလို့ လဲဗျာနော့။ဒီဇာတ်ကားပြရုံနဲ့ တော့တိုင်းပြည်ကြီးမပျက်လောက်ပါဖူး။
ဒီအတိုင်းလဲ သူ့ ဖာသာသူပျက်နေတာပဲဟာဗျာ။
ဒါကိုပြရင် အမျိုးဘာသာ သာသနာ သစ္စာဖောက် ဖြစ်သွားမယ် တဲ့။
ကြောက်စရာကြီးဗျနော်။

ဘုန်းကြီးတွေ က ရုပ်ရှင် ကို မပြရသေးခင် ကြိုသိနေတာလဲ အံ့စရာပဲ။
တန်ခိုးရှင်တွေ ဆိုတော့ အာရုံပြုလိုက်တာ နဲ့အားလုံးကိုထွင်းဖောက်မြင်တာနေမှာပေါ့နော်။
သေသေချာချာတော့မသိပါဖူး။
ရုပ်ရှင်ပြလိုက်ရုံနဲ့ တိုင်းပြည်ကြီးမီးဟုန်းဟုန်းတောက်သွားမယ် ဆိုတာ အစကမသိခဲ့တာ ဇာဂနာ တော်တော် အ တာပဲ နော်။
ဒီလိုမှန်း သိရင် တစ်နှစ်ကိုဆယ့်နှစ်ကားလောက် ရိုက်ထားပါတယ်ဗျာ။

ဟော၊ပြောရင်းဆိုရင်း သာသနာရေးဝန်ကြီး ခမျာ တာဝန် ကနေ ရပ်စဲခံလိုက်ရပါရော။
တစ်ချို့ ကလဲ သမ္မတ ကိုကျော်လို့ တဲ့။တစ်ချို့ကလဲ လာဘ်စားလို့ တဲ့။
တစ်ချို့ကလဲဘုန်းကြီးတွေကို ၇န်တိုက်ပေးလို့ တဲ့။

ဒါကိုဇာဂနာ ကို လာမေးတယ်ဗျာ။ကိုဇာ၈နာ ကြီး ခင်ဗျာ။
သာသနာ ရေးဝန်ကြီး ကို ရာထူးကနေ ထုတ်ပစ်လိုက်တာ ဘယ်လို မြင်ပါသလဲတဲ့။
ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ က သတင်းစာ လဲနေ့ တိုင်းမဖတ်ဖူးခမျ။
သတင်းစာကလဲ ကြော်ငြာတွေချည်းပဲ ပါတာဆိုတော့ မဖတ်ဖြစ်ဖူးလေ။
တီဗီ လဲ မၾကည့္ဖူးခင္မ်။
ကြည့်ရအောင် မီးကလဲ မလာဖူးလေ။
သာသနာရေးဆိုတာ နာမည် ကြားရုံနဲ့ ဇာ၈နာ က လန့်နေတာ။

၂၀၀၇တုန်း က ဇာဂနာ့ ကို ဘုန်းကြီးဆွမ်းကပ်လို့ ဆိုပြီးဖမ်းတယ်ဗျ။
ပြီးတော့ သာသနာ ညှိုးနွမ်းအောင်လုပ်ပါတယ် ဆိုပြီး ထောင် ၂ နှစ်ချထားတာလေ။
ဗုဒ္ဓဘာသာ နိုင်ငံတော် ကြီးမှာ ဘုန်းကြီးဆွမ်း ကပ်တာကို သာသနာ ညှိုးနွမ်းအောင်လုပ်တယ် ဆိုတော့ ဇာဂနာ ဘယ်လိုမှ နားမလည် နိုင်တော့ပါဖူး။
ဒါကြောင့် သာသနာရေးကိစ္စတော့ ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။
ဇာ၈နာ က အူကြောင်ကြောင်ရယ်ပါဗျာ။

တစ်နေ့က လမ်းထဲမှာ မိတ်ဆွေ ဆရာမ တစ်ယောက် တွေ့ လို့  ပြောစရာ စကားကလဲမရှိတာနဲ့ ဆရာမ ၄၃၆ လက်မှတ်ထိုးပြီးပြီလားလို့ မေးလိုက်မိတယ်။
သူက ဘာပြန်ဖြေတယ် ထင်လဲ။
ကျွန်မတို့ က လက်မှတ်ထိုးလို့ မရဖူးလေ။
ဘာလို့ လဲဆိုတော့ ကျွန်မတို့ က ၉၆၉ တဲ့။
အမ်။
ဇာဂနာ ဘာပြန်ဖြေရမှန်း ကို မသိပါဖူး။
၄၃၆ နဲ့ ၉၆၉ ကို ဘောလုံး အသင်းတွေလို တစ်သင်းစီ များမှတ်နေလား မသိ။

ဒါကြောင့်ပြောရတာပေါ့။
ဘုမသိ ဘမသိ လျောက်မေးမိနေတာကိုကဇာဂနာ့အမှား။
ကြောင်ကိုကြောင်ပါတယ်ဗျာ။

ခု ကန်နေတဲ့ ကမ္ဘာ့ဖလားမှာ မက္ကဆီကို အသင်းတစ်ဂိုးသွင်းတိုင်း မော်ဒယ် ရာကွယ်ပွမ်ပလန် ကအ၀တ်အစားတွေကို တလွှာချင်းချွတ်ပြမယ်တဲ့။
ကံ က ဆိုးချင်တော့ မက္ကဆီကိုကလဲ တစ်ဂိုးမှ မသွင်းနိုင်၊ရာကွယ် ပွမ်ပလန် လဲ ခုထိ တစ်လွှာမှ မချွတ်ရရှာဖူးပေါ့။

ဇာ၈နာ တို့ မြန်မာ ဘောလုံး အသင်း နဲ့ ဇာဇာထက်တို့ ဇွန်သဉ်ဇာတို့ ကျတော့သဘောတူညီမှုက တစ်မျိုးဗျ။
မြန်မာ အသင်း တစ်ဂိုး အသွင်းခံ၇တိုင်း သူတို့ တလွှာချွတ်မယ်ပေါ့ဗျာ။
ဟော ခုဆိုကြည့်၊ကလေးမလေး ၂ယောက် ခမျာ အကျီ်ကို မကပ်တော့ဖူး။
ဒါလဲ ဟုတ် မဟုတ်တော့ ဇာဂနာမသိပါဖူး။
သူများပြောသံကြားနဲ့ လိုက် ဖော နေတာပါ။
တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
( ပဲ့တင်သံထဲကဆောင်းပါးပါ )

ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ


တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။


လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။


စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။

တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။

အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။


စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။

photo>> kotaku.com

Phothutaw

ဘီကီနီ ၀တ်ဆင်ထားသော အကမယ်လေးများနှင့် စက်ရုပ်များ ပူးတွဲဖျော်ဖြေမည့် Tokyo’s Robot


ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ စက်ရုပ်စားသောက်ဆိုင် (Tokyo’s Robot Restaurant) တစ်ခုဟာ ညို့အားပြင်းတဲ့ အကမယ်လေးတွေရဲ့ ဖျော်ဖြေတင်ဆက်မှု အတွင်းပိုင်းက တောက်ပလွန်းလှတဲ့ မီးရောင်စုံတွေကြောင့် နာမ်မည်ကျော်ကြားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။


ဒီနိုက်ကလပ်ကို ၂၀၁၂ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီးတော့ ဒေါ်လာ၁၀သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်မှာ စက်ရုပ်တွေနဲ့ အကမယ်လေးတွေရဲ့ ပူးတွဲဖျော်ဖြေမှုက အဓိဖြစ်ပေမယ်လို့ စက်ရုပ်လက်ဝှေ့ထိုးပွဲနဲ့ Tron ဆိုင်ကယ်ပေါ်က အကမယ်လေးတွေရဲ့ စက်ရုပ်အကကိုလည်း ရှု့စားနိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်တွေထက် တကယ်တမ်းလာရောက်စားသုံးသူတွေကို ဆွဲဆောင်ထားနိုင်တဲ့အရာကတော့ ညို့အာပြင်းတဲ့ အကမယ်လေးတွေရဲ့ ပေါင်တံလှလှလေးတွေနဲ့ ရင်နှစ်မြွှာကြားအလှ ဖြစ်တာကြောင့် ဒီဂျပန်စားသောက်ဆိုင်ဟာ နာမ်မည်ဆိုးနဲ့ ကျော်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ကဲဘာတွေများ ထူးခြားလဲဆိုတာ ရုပ်သံကြည့်လိုက်ရအောင်နော်။



swesonemedia

အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေများ


အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှု ရှိရုံသာမက စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေ တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ထားပါတယ်။



(၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ် ပါတယ်။ အမျိုးသမီး အများစုက အမျိုးသား အများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာ တတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ် ထားပြီးသား အရာ တစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူ စစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှု တစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသား တွေ ထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိ တတ်ကြပါတယ်။ (၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီ တတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့ အခါမှာ ပိုပြီး အဆိုးမြင် တတ်ကြပါတယ်။

(၆) အမျိုးသမီး အများစုက တချို့အလုပ် ကိစ္စတွေမှာ တော်တယ်လို့ ယုံကြည်ကြပေမယ့် အရာရာ တိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင် ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန် တတ်ကြ ပါတယ်။

(၈) အမျိုးသမီး တွေက အမျိုးသားတွေထက် နှစ်ဆပိုပြီး စကားများ ကြပါတယ်။ တစ်နေ့မှာ အမျိုးသား တွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ ရှိကြပါတယ်။

(၉) အမျိုးသား အများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့် ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာ အမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ် တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့ လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက် သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသား တွေထက်) နာကျင်ဝမ်းနည်း တဲ့အခါ လေးဆ ပိုပြီး ငိုကြွေး တတ်တာပါ။

Good health News

ဇာတ်ကားများ ရိုက်ကူးရာတွင် ခန္ဓာကိုယ် အသားပေး ဇာတ်ကားများ မရိုက်ကူးဟု ဘေဘီမောင် ပြော


ခန္ဓာကိုယ် အလှဓာတ်ပုံများကို အသားပေး လှစ်ဟဖော်ပြရာတွင် နာမည်ကြီးနေသည့် ဘေဘီမောင်က ဇာတ်ကားများ ရိုက်ကူးရာတွင် လိင်အသားပေး ဇာတ်ကားမျိုးကဲ့သို့ (Sexy) ဆန်ဆန် ဇာတ်ကားများကို ရိုက်ကူးရန် အစီအစဉ်မရှိဟု ၎င်းက မဇ္စျိမကိုပြောကြားလိုက်သည်။

“အရင်ကတော့ ခန္ဓာကိုယ် အသားပေး အနေနဲ့ ရိုက်ကူးတဲ့ Sexy Photo တွေ ရိုက်ကူးခဲ့တာ မျိုးတွေတော့ ရှိတယ်။ ဒါက ဓာတ်ပုံ ရိုက်ကူးတဲ့ အတွက် ပုံကောင်း ရရှိပါစေ ဆိုတဲ့ စိတ်နဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်ကား ရိုက်ကူးမှု အပိုင်းမှာတော့ ပရိသတ်အတွက် ခန္ဓာကိုယ် အသားပေး၊ လိင် အသားပေးတဲ့ ဇာတ်ကားတွေ လုံးဝရိုက်ကူးဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းကပြောသည်။

သရုပ်ဆောင် ဘေဘီမောင်သည် လက်ရှိတွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေသည့် ‘ အကြံတူ ရန်သူ’ ဗီဒီယို ဇာတ်ကားတွင် ကျော်ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ စသည့်ဝါရင့် သရုပ်ဆောင်များနှင့် အတူ တွဲဖက်ပြီး ခေါင်းဆောင် မင်းသမီးအနေဖြင့် သရုပ်ဆောင်ခြင်းသည် ပထမဆုံးဖြစ်သည်။

ဘေဘီမောင်သည် လက်ကီးပဲလေ့၊ သင်္ကေတနှင့် စိတ္တ အာရုဏ် ဗီဒီယို ထုတ်လုပ်ရေး သုံးခုနှင့်ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း စာချုပ် ချုပ်ဆိုထားခြင်း မရှိပဲ လွတ်လပ်စွာ နားလည်မှုဖြင့် ရိုက်ကူးမည် ဖြစ်ပြီးဒါရိုက်တာနှင့် မင်းသားများကို ပြောင်းလဲ ရိုက်ကူးမည်ဖြစ်သည်။

သရုပ်ဆောင် ဘေဘီမောင်သည် ၂ဝဝ၉ ခုနှစ်တွင် Star & Model International သင်တန်းတွင် တက်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဂျာနယ်၊ မဂ္ဂဇင်းများတွင် Sexy Photo များနှင့် နာမည်ကြီးလာသည့် မော်ဒယ်လ် တစ်ယောက် ဖြစ်ကာ လက်ရှိ အခြေအနေတွင် ဇာတ်ကားများကို ရိုက်ကူးရန် သရုပ်ဆောင်လောကကို ခြေချဝင်ရောက် လာသူဖြစ်သည်။

Mizzima