အံ့ဩဖွယ်ရာ 3D ပန်းချီလက်ရာ (video)

ပို့စ်တင်ချိန် - 7/01/2014 05:21:00 PM


အထက်ပါ ဗော့ဒ်ကာ ပုလင်းဟာ ပန်းချီဓာတ်ပုံဆိုရင် တော်တော်လေး ယုံနိုင်ဖို့ ခက်ပါမယ်။ ဒါပေမယ့် အဲဒါက တစ်ကယ်ပါ။ ဒီ သရီးဒီ ပန်းချီပုံကို ဆွဲရင် တစ်နာရီ နီးပါးလောက် ကြာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီပုံကို ဆွဲဖို့ဆိုရင် အလွတ်ဆွဲတာဆိုရင် 

- Vodka လည်း ကောင်းကောင်းသောက်ဖူးရပါမယ်။ (ဒါမှ ပုလင်းပုံစံ အလွတ်ရမှာကိုး :D)
- ပုလင်းရဲ့ သဘောသဘာဝနဲ့ လေခိုနိုင်တဲ့ နေရာတွေလည်း သိရပါမယ်။
- အလင်းနဲ့ အမှောင်၊ ပုလင်းပေါ်ကို ကျတဲ့အရိပ်နဲ့ ပုလင်းက ကျတဲ့အရိပ် (Shade & Shadow) တွေကိုလည်း ကောင်းစွာ နားလည်ရပါမယ်။
- အလင်းဖြာထွက်တဲ့ သဘောတရားတွေကိုလည်း တော်တော်ကလေး သိထားရပါမယ်။

အပေါ်ကပုံကိုကြည့်ပြီး "ဒါ Photoshop နဲ့ လုပ်တာပါကွာ.." လို့ ထင်နေတဲ့သူများကို ကျွန်တော် ပြိုင်မငြင်းလိုပါဘူး။ ထင်ချင်ရင်လည်း ထင်ချင်စရာပါပဲလေ။ ဒါပေမယ့် အောက်မှာ သက်သေ video ရှိပါတယ်။ အဲဒါလေးကို ကြည့်သွားလိုက်ပါဦး။

Ygn News