ချီလီနီကို Twitter မှတစ်ဆင့် ဆွာရက်ဇ် ပြန်လည်တောင်းပန်ခဲ့

ပို့စ်တင်ချိန် - 7/01/2014 07:19:00 AM



ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လွန်ခဲ့သည့်ရက်ပိုင်းများတွင် အီတလီနောက်ခံလူချီလီနီကို ကိုက်ခဲ့ခြင်းမရှိဟု ငြင်းဆန်နေခဲ့သော်လည်း ယခုအခါ သူ၏တရားဝင် Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့သည်။
ဆွာရက်ဇ်က နေအိမ်တွင်မိသားစုနှင့် အချိန်အနည်းငယ်ယူခဲ့ပြီးနောက် တည်ငြိမ်မှုရရှိခဲ့ပြီး ဇွန်(၂၄)ရက်နေ့မှ အမှန်တရားကို ရင်ဆိုင်ရန်အသင့်ဖြစ်လာခဲ့ကြောင်း၊ ချီလီနီ၏ဒဏ်ရာမှာ မိမိကိုက်ပြီးရခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း၊ ဖြစ်စဉ်အတွက်အလွန်နောင်တရမိကြောင်း၊ ချီလီနီနှင့်အတူ ကမ္ဘာ့ ဘောလုံးမိသားစုတစ်ခုလုံးကို တောင်းပန်လိုကြောင်း၊ ယခုကဲ့သို့ အပြုအမူမျိုး နောက်နောင်ဘယ်တော့မှ မပြုလုပ်တော့ပါဟု အဓိဋ္ဌာန်ပြုပါကြောင်းဖော်ပြခဲ့သည်။ ချီလီနီကလည်း ကျေအေးပေးခဲ့ပြီး “ဖီဖာမှ သင်၏ပြစ်ဒဏ်ကိုလျှော့ချပေးရန် မျှော်လင့်သည်”ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

Photo; AFP
Eleven Media Group