လူလယ်ကောင်မှာ ရက်ရက်စက်စက် လည်ပင်းကို ဓားနှင့် ခုတ်သတ်ခဲ့သည့်အမှုတွင် စွဲချက်တင်ခံရသူက မတော်တဆ လူသတ်မှုဖြစ်ပွားခဲ့တာပါဟု ထွက်ဆို

ပို့စ်တင်ချိန် - 7/01/2014 04:40:00 PM



ရန်ကင်းမြို့နယ် ၁၂ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် သေ ဒဏ်အဖြစ် စွဲချက်တင်ခံထားရသူ က ဇွန်လ၃၁ရက် ရုံးချိန်းစစ်ဆေးခဲ့စဉ်က မတော်တဆ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက် က ရန်ကင်းမြို့နယ် ၁၂ရပ်ကွက် တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံး တင်စစ်ဆေးလျက်ရှိရာ ဇွန်လ ၃၀ ရက်က သံသယရှိသူချစ်ပို(ခေါ်)ဝေယံဖြိုးနှင့် ၎င်း၏ တရားခံပြသက်သေဖြစ်သူ မူတူး(ခေါ်)မောင်မောင် သိန်းတို့ကို ၁၅ကြိမ်မြောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆေးချက်သည် ချစ်ပို(ခေါ်)ဝေယံဖြိုး၏ ထွက်ဆို ချက်အရ သေဆုံးသူမှာ ၎င်းနှင့် ပ ခုံးချင်းတိုက်ခဲ့စဉ်က တောင်းပန် ခိုင်းရာ မတောင်းပန်ဘဲ မင်းတို့ဗ မာတွေကိုတောင်းပန်ရမှာလား ဟု တုံ့ပြန်ခဲ့ပြီး လူမှုရေးနှင့်ပတ် သက်၍ ရန်စသောစကားများ ပြောဆိုခဲ့သောကြောင့် စိတ်မ ထိန်းနိုင်ဘဲ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တရားသူကြီးထံဖြေ ကြားခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မ ဇင်ဇင်အောင်က ‘‘ဒီနေ့သူထွက် ဆိုသွားတာ မဟုတ်မမှန်တွေ ထွက်ဆိုသွားတာ။ အစ်မယောက်ျားက လူမျိုးခြားလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာဗမာလူမျိုး။အခု သူက လူမျိုးရေးပုံစံနဲ့လှည့်ပြီး မဟုတ်မမှန်နဲ့ပြောသွားတာ။ အစ်မယောက်ျားက ဆဲတတ်ဆိုတတ်သူ မဟုတ်ဘူး။ သူ့ကိုလည်းတောင်းပန်ခဲ့တယ်’’ဟုဆိုသည်။

ချစ်ပို၏ ယခုထွက်ဆိုချက် များသည် ယခင်ရုံးချိန်းများက ပြောကြားခဲ့ခြင်းမရှိဘဲ ယခုမှသာ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်းတရား လိုရှေ့နေက တရားခွင်တွင် ပြောကြားခဲ့သည်။

ထို့အပြင် တရားခံပြသက် သေ မူတူး(ခေါ်)မောင်မာင်သိန်းကလည်း ၎င်းအနေဖြင့် အသေးစိတ်မသိရှိဘဲ ပထမအကြိမ်ထောင်ကျ၍ ထွက်လာပြီးနောက်ပိုင်းအေးဆေးစွာနေသူဖြစ်ကြောင်း ၎င်းကပြောသည်။

အမှုစစ်ဆေးနေသည့် အရှေ့ပိုင်းခရိုင်တရားသူကြီးကလာ မည့်ဇူလိုင် ၁၀ရက်တွင် အပြီးသတ်လျှောက်လွှဲချက်ပေးသွားမည်ဖြစ်ပြီး အမိန့်ချသွားမည်ဖြစ်သည်။

7Day Daily