ရေဘဝဲပေါလ်နှင့် အပြိုင် ကမ္ဘာ့ဖလား ရလဒ်များ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့် Microsoft Cortana

ပို့စ်တင်ချိန် - 7/01/2014 09:54:00 AM


၂၀၁၀ ကမ္ဘာ့ဖလား တွင် ရေဘဝဲပေါလ်သည် ကမ္ဘာ့ဖလား ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ခဲ့သလို ယခုနှစ် ကမ္ဘာ့ဖလားတွင်လည်း Microsoft ၏ Cortana assistant က ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် လေးပွဲကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြောင်း သိရသည်။

Apple ၏ Siri ကဲ့သို့ လုပ်ဆောင်ချက်တူညီသည့် Microsoft Cortana သည် ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်များတွင် ဘရာဇီးလ်၊ ကိုလံဘီယာ၊ နယ်သာလန်နှင့် ကော်စတာရီကာ တို့၏ ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့သည်။


ထို့အပြင် လက်ရှိတွင်လည်း Cortana သည် ဂျာမနီနှင့် ပြင်သစ်တို့ကို ကွာတားဖိုင်နယ်သို့ တက်ရောက်မည့် အသင်းများအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။

အဆိုပါ ရလဒ်များသည် The Voice, Dancing With the Stars နှင့် American Idol တို့တွင် ဆုရရှိသူများကို ခန့်မှန်းရာတွင် အသုံးပြုခဲ့သည့် Microsoft Bing predictions engine ဖြင့် ခန့်မှန်း ဖော်ပြခြင်း ဖြစ်သည်။

Microsoft ၏ ခန့်မှန်းချက်များသည် ကမ္ဘာ့ဖလား  ပြိုင်ပွဲဝင် အသင်းများ၏ အနိုင်၊ အရှုံး၊ သရေ ရလဒ်များအပြင် ပွဲချိန်၊ ရာသီဥတု အခြေအနေ၊ အိမ်ကွင်း အားသာချက် စသည်တို့ကို အခြေခံကာ တွက်ချက်ပေးခြင်း ဖြစ်သည်။

အချို့သောသူများကမူ Cortana သည် ဘယ်လ်ဂျီယံနှင့် အမေရိကန်ပွဲတွင် ဘယ်လ်ဂျီယံကို ရွေးချယ်ထားသောကြောင့် ၎င်း၏ ခန့်မှန်းချက်များ ၁၀၀ ရာခိုင်နှုန်း မမှန်ကန်နိုင်ကြောင်း သုံးသပ်လျက်ရှိသည်။

Ref: TheVerge

Internet Journal