ဟောလီးဝုဒ်မှာ သူ့ရဲ့ အကျီင်္ဖက်ရှင်တွေကို ရောင်းချဖို့ အကြံပေး ခံခဲ့ရတဲ့ ဖြူဖြူကျော်သိန်း



အမေရိက တစ်ခွင်ကို နှစ်လနီးပါး ဖျော်ဖြေရေး ခရီးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂ ရက် နေ့ မှာတော့ မြန်မာပြည်ကို ပြန်လည်ရောက် ရှိခဲ့ပါတယ် ။ဂျေမောင်မောင်၊ ထွန်းအိန္ဒြာဗို တို့ နဲ့အတူ ဖျော်ဖြေရေးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက မေလ ၁၃ ရက်နေ့ က သွား ရောက်ခဲ့ပြီး ဇွန်လအကုန် မှာမြန်မာပြည် ကိုခေတ္တ ပြန် လာကာ ဇွန်လ ၁၁ ရက်နေ့မှာ တစ်ခါပြန် လည် သွားရောက်ခဲ့ ပြီး သုံးပတ်နှစ်ခါစီ သွား ရောက်ခဲ့ပါတယ်။ နှစ်လ နီးပါးဖျော်ဖြေရေး ခရီး  စဉ်မှာ မြို့ခြောက်မြို့၊ ဖျော် ဖြေ ပွဲ ၆ ပွဲ သီဆိုခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက ဒီတစ် ခေါက်မှာတော့ တစ်ပတ် ကို တစ်ပွဲပဲ သီဆိုရ တာကြောင့် လည် ပတ်ဖို့ အချိန်တွေ ပိုမိုရရှိခဲ့ပြီး အော်ပရာ ပြဇာတ် တွေနဲ့ သူ ကြိုက်နှစ်သက် တဲ့ တေးသံရှင် စလင်းဒီယွန် ရဲ့ တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သွားရောက် ကြည့် ရှုဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

“ဒုတိယ တစ်ခေါက်သွားတဲ့ သုံး ပတ်မှာ Teaxa ပွဲအပြီး LA ပွဲနေ့ မတိုင်ခင်ကြားမှာ အားနေတော့ လာစ်ဗီးဂတ်က အဒေါ်ဆီမှာ ခဏ နေလိုက်တယ်။ ဇွန်လ ၁၈ ရက်နေ့ ညမှာ စလင်းဒီယွန်ရှိုး ရှိတော့ကြည့် ဖြစ်တယ်။ ကိုယ်အကြိုက်ဆုံး ကမ္ဘာ ကျော် အဆိုတော်ကိုအရှင် လတ် လတ် ပထမဆုံး ကြည့်ဖူးတာပဲ။ ဘရစ်တနီတို့၊ တခြား သူတွေလည်း ကြည့်ဖူးပေမယ့် စလင်းဒီယွန်က တော့၊ ကိုယ်လည်း တအား နှစ်သက် တဲ့ သူဆိုတော့ ကြည့်နေရင်း နဲ့တောင် မျက်ရည် ဝဲတယ်။ တအားကြိုက်လွန်း လို့” လို့ဆိုတဲ့ ဖြူဖြူကျော် သိန်းက သူ့ရဲ့ Favourite ဖြစ်တဲ့ စီလင်း ဒီယွန်ရဲ့ ဖျော်ဖြေပွဲ အပေါ် အမြင်နဲ့ ခံစားချက်က ဘယ်လို ရှိလဲ ဆိုတော့

“ရေမြင့်တော့ ကြာတင့် တာပေါ့ နော်။ ဘေးက အပံ့အပိုးတွေ က လည်း ကောင်းသလို သူကိုယ်တိုင် လည်း အဆို ပိုင်နိုင်မှုမှာ တအား ကောင်းတဲ့ အခါကျ တော့ ပြောစရာ မလိုတော့ဘူးပေါ့။ အဓိကက Lighting နဲ့ Sound System တွေ တအားကောင်းတယ်။ စတိတ် အပြင် အဆင်တွေ တအားလှတယ်။ အဓိက နည်းပညာတွေ လည်း ပါ တာပေါ့။ စင်ကလည်း အကျယ်ကြီးပေါ် မှာဆိုတော့ Lighting တွေ၊ စတိတ် ဒီဇိုင်း တွေနဲ့ သူ့ရဲ့ ဂီတကို ပံ့ပိုး ထားတော့ ကြည့်ရတာ ဟာခနဲ၊ ဟင်ခနဲ ဖြစ်တာ ပေါ့။ သူ ကတော့ ပါဖောမန့်စ်တွေ ဘာတွေ မလုပ်ပါဘူး။ သီချင်းပဲ ဆိုတာ ပေါ့။ ဗီးဂတ်စ်မှာ သူက တစ်ပတ်ကို နှစ်ရက်နဲ့ သုံးနှစ် စာချုပ်နဲ့ လုပ်ထား တယ်။ အခု ၂ဝ၁၄ မှာ သုံးနှစ်ပြည့် ပြီပေါ့။ ဇာတ်ရုံက လည်း သူ့အတွက် သီးသန့် ဆောက်ပေးထားတယ်” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူ ကျော်သိန်း က သူဖျော်ဖြေခဲ့တဲ့ ပွဲ ခြောက်ပွဲ မှာ ပရိသတ်တွေရဲ့ အားပေးမှု အများအပြား ရရှိခဲ့ပြီး သူ့ရဲ့ ဖက်ရှင်တွေ အပေါ်မှာ လည်း ချီးမွမ်းမှု အပြင် ဟောလီးဝုဒ် မှာ ရောင်းချဖို့ အထိ အကြံပေးခံ ခဲ့ရတယ် လို့လည်း သိရပါတယ်။

“ဟိုမှာရှိတဲ့ မြန်မာလူမျိုး ပရိသတ်တွေ အပြင် သူတို့နဲ့ ပါလာတဲ့ နိုင်ငံခြားသားတွေရော၊ အဲဒီက အသံဖမ်း အဖွဲ့ ပြည်ပ နိုင်ငံသားတွေ ကလည်း ပြောကြတယ်။ ဖြူဖြူတဲ့ နင့် အင်္ကျီတွေကို ဟောလီးဝုဒ်မှာ တင်ရောင်းလို့ ရတယ်လို့ပြောကြ တယ်။ အဲဒီမှာနေတဲ့ သူတွေက နိုင်ငံခြားသား တွေဖြစ်ဖြစ်၊ မြန်မာပဲဖြစ် ဖြစ် ကမ္ဘာကျော်တွေ အများကြီး ကို မြင်ဖူး၊ တွေ့ဖူးကြတော့ ဘယ်အရာ မှ သိပ်ထူးဆန်းတာ မရှိဘူး။ သူတို့က  ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပါဖောမန့်စ်တွေ ကို တွေ့တဲ့အခါ ချီးကျူးတယ် ဆိုတော့ ဝမ်းသာ ပြီးတော့ ကျေနပ်မိတယ်” လို့ ပြောတဲ့ ဖြူဖြူကျော်သိန်း က သူ့ရဲ့ သီချင်းတွေ အပေါ်မှာလည်း ပရိ သတ်တွေက သီချင်းအပုဒ် စီတိုင်း အပေါ်မှာ အသေးစိတ် မှတ်ချက်ပြု ပေးကြတဲ့ အတွက် သူ့အနေနဲ့ ခွန်အားတွေ လည်း ရခဲ့တယ်လို့ ပြောပြီး ပြည်ပနိုင်ငံသားတွေ ကအစ အသိအမှတ်ပြုကြတဲ့ အတွက် လည်း ရှေ့ ဆက် လှမ်းမယ့် ခြေလှမ်းတွေ အတွက်ကို ပိုမို အားတက်စေခဲ့ရတယ် လို့လည်း ပြောပြခဲ့ပါတယ်။

အမေရိကက ပြန်လာ ပြီးနောက်မှာ တော့ ဖြူဖြူကျော်သိန်းက “နာမည် တွင် ကျန်ရစ်နေမယ်” ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ် စီးရီးသစ်ကို စက်တင် ဘာမှာ ထွက်ရှိဖို့ အားယူနေပြီလို့ လည်း ဆိုပါတယ်။

ရဲရဲ

Pupular Journal

ကလေးတစ်ဦးအား အပေါင်ပစ္စည်းအဖြစ် သံကြိုးဖြင့် ၂နှစ်ကျော် ချည်ထား


ကမ္ဘောဒီးယားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူချေးထားတဲ့ ပိုက်ဆံများအတွက် ကလေးမလေးတစ်ယောက်ကို အပေါင်ပစ္စည်း အဖြစ် ယူထားခဲ့ပါတယ်။ဆက်လက်ပြီး အပေါင်ပစ္စည်းဖြစ်တဲ့ ဒီ ၄ နှစ်အရွယ် ကလေးမလေးကို ၂ နှစ်ဆက်တိုက် အိမ်တိုင်မှာ သံကြိုးနဲ့ ချည်ထားခဲ့တယ်လို့ဆိုပါတယ်။

Kemarak Pumin မြို့အနီးက ရွာတစ်ရွာကို ရဲများနဲ့ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့များရောက်လာတဲ့အခါ အိမ်ရဲ့ကြမ်းပြင်မှာထိုင်နေတဲ့ ဒီကလေးမလေးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ခြေကျင်းဝတ်ကိုလည်း သံကြိုးများ ခတ်ထားတယ် လို့ဆိုပါတယ်။

Phnom Penh Post ရဲ့ဖော်ပြချက်အရ တစ်ခါတစ်ခါမှာ ရေအလွန်ဆာတာကြောင့် ကိုယ့်ကျင်ငယ်ရည်ကို ကိုယ်သောက်ခဲ့ရတယ်လို့ ဒီကလေးမလေးက ရဲများကို ပြောကြားခဲ့ပါတယ်။
ကလေးမလေးအမေ က ပိုက်ဆံချေးယူခဲ့တာကြောင့် ကလေးမလေးကို အပေါင်ပစ္စည်းအဖြစ်သိမ်းယူထားတာဖြစ်ပါတယ်။ အပေါင်ခံသူ အမျိုးသမီးကလည်း ကလေးမလေးကို စောင့်ရှောက်ဖို့မဖြစ်နိုင်တာကြောင့် အလုပ်သွားစဉ်မှာ သံကြိုးနဲ့ခတ်ထားခဲ့တာ ဖြစ်ပါတယ်။

သူမရှိတဲ့အချိန်မှာအိမ်ကထွက်သွားပြီး ရေနစ်တာတွေ၊ ပျောက်တာတွေဖြစ်မှာ
ကြောက်တယ်လို့ဆိုပါတယ်။မူလမိခင်ကလည်း အရမ်းဆင်းရဲနေတာကြောင့် ပြန်ရွေးဖို့
မဖြစ်နိုင်သေးဘူလို့ ဆိုပါတယ်။

“ကျွန်မသူ့ကိုချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ အလုပ်သွားတဲ့အခါ သူ့ကိုစောင့်ရှောက်ပေးမယ့်လူလည်း မရှိဘူးလို့” အပေါင်ခံအမျိုးသမီးပြောတဲ့အတိုင်း မိခင်ဖြစ်သူကလည်း ပြောခဲ့ပါတယ်။
ကလေးသူငယ်များကို မမျှမတ ဆက်ဆံအနိုင်ကျင့်မှုဟာ အလွန်အမင်းဆင်းရဲတဲ့ ကမ္ဘောဒီးယားကျေးလက်နေ မိသားစုတွေကြားမှာ သာမန်တစ်ခုလိုဖြစ်နေပါတယ်။

“ကမ္ဘောဒီးယားမှာတော့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းလောက်က ပညာမတတ်ကြပါဘူး။ သူတို့ကလေးတွေကို ဂရုစိုက်ရမယ်ဆိုတာလည်း မသိကြဘူး။ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေက တိုင်ကြားတယ်ဆိုတဲ့ အမှုက တော်တော်ရှားပါတယ်”လို့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင်ရှောက်ရေးအဖွဲ့ Adhoc ရဲ့ဥက္ကဥ Chhan Sokunthea က ပြောကြားခဲ့ပါတယ်။


Credit: phothutaw

မြန်မာနိုင်ငံမြေပုံကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်



မန္တလေး၊ မဇ္ဈိမ။             ။ မြန်မာနိုင်ငံမြေပုံ အမှတ်အသားသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည့် အမှတ်အသားတစ်ခုဖြစ်၍ အဆိုပါ အမှတ်အသားကို ခန္ဓာကိုယ်အောက်ပိုင်းတွင် တက်တူးထိုးလျှင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေဖြင့် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံး တိုင်းဒေသကြီးဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့တွင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မြန်မာနိုင်ငံမြေပုံ အမှတ်အသားကို ဂုဏ်ကျက်သရေ ပျက်ပြားစေမည့် တက်တူး(ဆေးမှင်ကြောင်) ထိုးခြင်းကို ကာကွယ်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်နှင့် ဥပဒေပြုရန် လိုအပ်ပါက ဥပဒေပြုနိုင်သည့် အဖွဲ့အစည်းသို့ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်းကို ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၃) ပုဒ်မ ၄၃၇၊ ၄၃၈တို့တွင် နိုင်ငံတော်အလံ နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်တို့ကို ဖော်ပြထားပြီး ၎င်းတို့နှင့် စပ်လျဉ်း၍ ဥပဒေပြဌာန်းရမည်ဟုသာ ပါရှိသည်။

mizzima

နိုင်ငံ သိက္ခာကျအောင် မလုပ်ပါဘူး၊ ရင်ထဲမှာ တကယ်ငိုနေရပါတယ်ဆိုတဲ့ မြန်မာအလှမယ် မေမြတ်နိုးရဲ့ သရဖူသိမ်းမသိမ်းဇာတ်လမ်း



မကြာသေးမီ ကမှ ကိုရီးယား နိုင်ငံမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ နိုင်ငံ တကာ အဆင့် အလှမယ် ပြိုင်ပွဲ Miss Aisa Pacific World 2014 သရဖူ ဆုရှင် မေမြတ်နိုးနဲ့ သူ့ရဲ့ National Director ဖြစ်တဲ့ မလှနုထွန်း နဲ့ ကိုဖြိုး ပိုင်ဦး ဇနီးမောင်နှံ တို့ နှစ်ဦးနှစ်ဖက် ကြား သဘောထား ကွဲလွဲမှု များဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။

ဒီ့အပြင် အလှ မယ် မေမြတ်နိုး ကို ကိုရီးယားနိုင်ငံ Miss Asia Pacific World Organization ကလည်း သရဖူဆု ပြန်လည် ရုပ်သိမ်းဖို့ အတွက် သတိပေးစာ အကြောင်း ကြားစာပေး ပို့ခံ ရကြောင်း သိရတာ ကြောင့် အလှမယ် မေမြတ်နိုး ကို လက် ရှိဖြစ်နေတဲ့ အခြေအနေ အကြောင်း အရပ်များ နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ ရာ “မြတ်နိုး နဲ့ မေမေ နဲ့က အစက တည်း ကတီချယ် လှနုထွန်းကို ယုံ ကြည်တယ်။ အမြဲတမ်း လည်း မိသားစုလိုပဲ ဆက် ဆံတယ်။ Camp တစ်ခုလုံး နိုင်ငံခြား မှာ သွား မပြိုင်ခင် ကတည်းက တီချယ် လှနုထွန်း အိမ်မှာ Camp ဝင်သလိုပဲ မနက် ၈ နာရီ ကနေ ည ၁၂ နာရီ၊ ၁ နာရီ၊ ၂ နာရီ အထိနေ ရတယ်။ တီချယ် လှနုထွန်း ကိုလည်း အစစ အရာရာ မြတ်နိုး တတ်နိုင် သလောက် Miss Globe Myanmar ပြိုင်ပွဲ တုန်း ကလည်း အစွမ်းကုန် ကူညီခဲ့ တယ်။

အဲဒီလို နှစ်ဦး နှစ်ဖက် ပြေပြေ လည် လည်ရှိနေတဲ့ ကြားက မှ ၃ဝ ရာခိုင် နှုန်းကြောင့် ဒီလို ပြဿနာတွေ ဖြစ်လာတာ မြတ်နိုး တကယ် စိတ် မကောင်းပါဘူး။ မြတ်နိုးပြိုင်ပွဲ တောက်လျှောက် မှာလည်း နှစ် ယောက်စလုံး အကောင်းဆုံး ကြိုးစား ခဲ့တယ်။ ဆရာမ ကတော့ မယ်တွေ အားလုံးကို ထိန်းရတယ်။ မြတ်နိုး အနေ နဲ့လည်း ပြိုင်ပွဲ တောက်လျှောက် အကောင်းဆုံး ကြိုးစားခဲ့ တယ်။ နှစ် ယောက် စလုံး ရဲ့ ကြိုးပမ်း မှုကြောင့် ရလဒ် ကောင်းလည်း ရလာခဲ့တယ်။ ဆရာ ကလည်း ဘေးက Support အနေနဲ့ လိုက်လာခဲ့တယ်။ ဆရာရဲ့ ပံ့ပိုးမှုတွေ လည်း အများကြီး ပါပါ တယ် ။

ဒါပေမဲ့ တီချယ် လှနုထွန်း ရေး ထားတဲ့ စာတွေကြောင့် တအားစိတ် မကောင်း ဖြစ်ရပါတယ်။ အတွင်းရေး က အတွင်းရေး မှာပဲ ရှိရမှာပါ။ အ တွင်းရေး မှာ မပြေ လည် စရာ ရှိရင်၊ စိတ်ထဲမှာ မကျေနပ်တာတွေ၊ စိတ် မကောင်းဖြစ်တာတွေ ရှိရင် အချင်း ချင်းပြောလို့ ရတဲ့ စကားတွေကို Public ကိုပြောပြီး မြတ်နိုး တို့အပေါ် နှိမ့်ချပြီး မကောင်း ပြောတာတော့ တကယ်စိတ် မကောင်းဖြစ်ရတယ်။ ဒီ ၃ဝ ရာခိုင်နှုန်းက အချင်းချင်းပြေ လည်အောင် ညှိနှိုင်းလို့ရတဲ့ ပြဿနာ မျိုးပါ။ မြတ်နိုးတို့ ပထမဦးဆုံး ဆရာ စင်ရော်မောင်မောင် နဲ့ ရိုက်တဲ့ ကြော်ငြာကိုလည်း ကန်တော့တာပါ။ ၃ဝ ရာခိုင်နှုန်း ပေးပါ့မယ်လို့ စာချုပ် လည်း မချုပ်ထားပါဘူး။ မြတ်နိုး ပြိုင် ပွဲတွေ မသွားခင် ကတည်းက တီချယ် လှနုထွန်း ကိုယုံတယ်။

ပြိုင်ပွဲ ပြီးသွား ရင်လည်း ၃ဝ ရာခိုင်နှုန်း ကန်တော့မယ်လို လုပ်ခဲ့ပါတယ်။ အချင်းချင်း မိသားစုလို အမြဲတမ်း ဆက်ဆံ လာ တယ်။ အမေနဲ့ အတူတူ လုပ်ကြမယ် ဆိုတာ လက်မခံဘူး။ မြတ်နိုး ကိုနေတိုး နဲ့ရိုက်တဲ့ လှည်း ယာဉ် တံဆိပ် ဓာတ်မြေသြဇာ ရိုက် ပြီးတဲ့နေ့က မုန့်တွေနဲ့ ဆရာသမား ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သူတို့ပထမဦး ဆုံး ရှာပေးတဲ့ အလုပ်ဆိုတော့ သွား ကန်တော့ ဖြစ်တယ်။ သူတို့ ရှာပေး တယ် ဆိုတာက မြတ်နိုး တို့ကို ကမ်း လှမ်းတာပါ။ အရင်တုန်း က ဆရာ ဦးမိုးမင်းတို့နဲ့ Idea သွားရိုက်တုန်းက အဲဒီ ဆရာတွေ နဲ့အတူ ဒီအလုပ် ကိုရခဲ့ ပါတယ်။ အဲဒီကြော်ငြာ ပြီးသွားတော့ မြတ်နိုး အနေနဲ့ ဆရာသမား ကို သွား ကန်တော့တာပါ။ အဲဒီညက ပြေပြေ လည်လည်ပဲ ရှိခဲ့ပါတယ်။

အဲဒီ ညက မြတ်နိုးကို ဘာပြောလဲ ဆိုတော့ သမီး လေးတဲ့၊ အမေပဲ Management လုပ် လိုက်တော့ ဆရာမ တို့ဘာ မှဝင် မပြောတော့ဘူး ဆိုပြီး ပြောတယ်။ ပြီးတော့မှ ထပ်ပြီးတော့ စာနယ်ဇင်း တွေထဲမှာ ရေးတာကို မြင်တဲ့ အချိန်မှာ ကိုယ်တော့ သေချာ မဖတ်လိုက်ပါဘူး။ အင် တာနက်မှာ မြတ်နိုးရဲ့ သူငယ်ချင်းတွေ ကလာပြောတယ်။ Fan တွေက ပြောတယ်။ ဒါ တွေအ မှန်ပဲလား ဆို တော့မြတ်နိုး တကယ် ဖတ်ကြည့် တဲ့ အချိန် မှာမြတ်နိုး တကယ် မပြောခဲ့၊ မဆိုခဲ့၊ မလုပ်ခဲ့တဲ့ အရာ တွေအများ ကြီး ပဲ ရေးထားပါ တယ် ။ပြေပြေ လည်လည် စကားပြန် ပြောချင်ပါ တယ်။

ပထမ တုန်းက Protect လုပ်မယ် ဆိုပြီးရေး လိုက်တဲ့ အချိန်မှာ ဒါ Protect လုပ်တာ မဟုတ်တော့ ဘူးလေ။ ပထမ ကြော်ငြာ ၃ဝ ရာ ခိုင်နှုန်းက ပေးပြီး သွားပါပြီ။ ဒုတိယ ကြော် ငြာ က မရိုက် ရသေးတဲ့ အတွက် မပေး ရသေးဘူး။ အဲဒါက ပိုက်ဆံပေး တယ်လို့ မဟုတ်ဘဲ ကန်တော့တာပါ။ ပြီးတော့ ဟိုဘက်နိုင်ငံက သရဖူသိမ်း ဖို့ လုံးဝ အစီအစဉ် မရှိပါဘူး။ မြတ်နိုး သြဂုတ်လ ဒါမှမဟုတ် စက်တင်ဘာ လောက် သွားပြီး MAPW ဆိုတဲ့ အ ဖွဲ့နဲ့ MAPW Doll ဆို ပြီး အဖွဲ့ဖွဲ့ပြီး Girl Band အနေနဲ့ အခွေ ထုတ်ဖို့ ရှိပါ တယ်။ အခု သွားဖို့ စီစဉ်နေ ပါတယ်။

သရဖူ သိမ်းမယ် ဆိုတဲ့ သတိ ပေးစာ ဆိုတာ လည်း မှား ပါ တယ်။ မရှိပါဘူး။ အခု ဒါတွေဖြေ နေရပေမယ့် ရင်ထဲမှာ တကယ် ငိုနေရ ပါတယ်။ ဆရာ၊ ဆရာမတွေကို ဒီ လောက်ထိ ဖြစ်သွားမယ်လို့ မထင် ထားဘူး။ ဒီလိုမျိုး ရှင်းလင်းတာ မျိုးတွေလည်း မဖြစ်စေချင် ပါဘူး။ ဒီပြဿနာတွေ စမဖြစ်ခင် ကတည်း က ပြိုင်ပွဲ ကပြန်လာ ကတည်း က ဒီကိစ္စကို ညှိနှိုင်းနေကြတယ်။ အခုထိလည်း ညှိနှိုင်းနေတုန်း ပါပဲ။ လက်မခံတဲ့ အတွက် မြတ်နိုး လက် တော့ မလျှော့သေး ပါဘူး။ လက် လျှော့မယ့် အချိန်ရောက်ရင်လည်း ရောက်လာ မှာပေါ့”လို့ ပြောပါ တယ်။ ဆက်လက်ပြီး နိုင်ငံ့ဂုဏ်သိ က္ခာ ကျအောင် ဘယ်လို မှပြုမူမှာ မဟုတ်ပါဘူးလို့ ဆိုတဲ့ မေမြတ်နိုး က “အခု Girl Bandဆိုတာ ကိုရီးယားမှာ လုပ်ရင် နိုင်ငံတကာ အသိအမှတ် ပြုမယ်လေ။

K Pop က တအား လွှမ်းမိုးနေတာ ဆိုတော့ မြတ်နိုး အနေ နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျအောင် ဘယ်လိုမှ ပြုမူမှာ မဟုတ်ပါဘူး။ မြတ်နိုးက အဲဒီလို လူမျိုး မဟုတ်ပါဘူး။ မြတ်နိုးနဲ့ အလုပ်လုပ်တဲ့ လူတွေ အကုန် သိမှာပါ” လို့ပြော ပြီး အလှမယ် မေမြတ်နိုးက ဇူလိုင် ၆ ရက်နေ့ ဘန် ကောက်မှာ ကြော်ငြာ သွားရိုက် ဖို့ရှိ ကြောင်း သိရပါတယ်။

Credit : Popular News


စိတ်ညစ်စရာတွေ ကြုံတွေ့နေရရင်



စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် ဘာအလုပ်မှ မလုပ်ချင် ဖြစ်နေတတ် ပါတယ်။ အဲလို စိတ်ဖိစီးမှုတွေ ဖြစ်လာပြီ ဆိုရင် အနည်းငယ် လျော့ကျပေးစေနိုင်သော နည်းလမ်းကောင်းများကို မျှဝေပေး လိုက်ရပါတယ်။

(၁) လတ်ဆတ်သော ပတ်ဝန်းကျင်သို့ သွားပါ

စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အိမ်ခန်းထဲမှာ နေနေတာနဲ့စာရင် ကန်ရေပြင်ကို သွားပြီး လေပြင်လေညှင်း ခံသင့်ပါတယ်။ ဒါ့အပြင် အခြားသော စိတ်ကြည်နှုး မှုကို ရရှိစေနိုင်သော နေရာများကို သွားသင့်ပါတယ်။ ထိုသို့သွားခြင်းကြောင့် စိတ်ဖိစီးမှု လျော့ကျလာစေ ပါလိမ့်မယ်။

(၂) သီချင်းနားထောင်ပါ

ရင်ထဲမှာ အရမ်းမွမ်းကြပ် လာပြီဆိုရင် သီချင်းနားထောင် လိုက်ခြင်းကြောင့် အနည်းငယ် လျော့ကျပေး စေနိုင်ပါတယ်။

(၃) မှုးယစ်ဆေးဝါး သုံးစွဲမှု မလုပ်ပါနဲ့

တစ်ချို့က စိတ်ဖိစီးမှု ဖြစ်လာပြီ အရက်သေစာ သောက်စားမှုကို ပြုလုပ်တတ်ကြ ပါတယ်။ အဲလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တကယ်ပြေလျော့ စေနိုင်တဲ့ နည်းလမ်း မဟုတ်သည့် အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခုကို ပြေးလုပ်လိုက်ပါ

မိမိမှာ စိတ်ဖိစီးမှုတွေ ကြုံလာပါက ထိုင်ပြီး ပှုပင်မနေဘဲ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်လိုက်ပါက အာရုံအသစ် ဖြစ်ပေါ်စေကာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင် ပါတယ်။ ဒါ့အပြင် အကြံဥာဏ် အသစ်တွေကို လည်း ရရှိနိုင်ပါတယ်။

Yoyarlay

တစ်နေ့ နှစ်နပ်သာစားခြင်းက ဆီးချိုရောဂါကုရန် ထိရောက်



အမျိုးအစား -၂ ဆီးချိုရောဂါကို ကုသရာမှာ နံနက်စာနဲ့ နေ့လယ်စာ နှစ်နပ်သာစာခြင်းက နည်းနည်းချင်း ပုံမှန်အတိုင်း စားခြင်းထက် ပိုပြီးထိရောက်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။ ပရပ်ဂ်မြို့က သုတေသနပညာရှင်တွေဟာ လူ ၂၇ ဦးစီပါဝင်တဲ့ အုပ်စုနှစ်စုခွဲပြီး၊ ကယ် လိုရီတန်ဖိုးတူညီတဲ့ အစာတွေကို တစ်နေ့မှာနှစ်နပ်နဲ့ ခြောက်နပ်ခွဲပြီး ကျွေးကာ လေ့လာခဲ့တယ်။

အဲဒီအခါမှာ နှစ်နပ်စားတဲ့ အုပ်စုဝင်တွေဟာ ခြောက်နပ်စားတဲ့အုပ်စုဝင်တွေထက်ပိုပြီး ကိုယ်အလေးချိန် ကျဆင်းကာ၊ သွေးထဲသကြားဓာတ်ပါ ၀င်မှုနှုန်းလည်း ကျဆင်းသွားခဲ့တယ် လို့ဆိုတယ်။ ဒါကြောင့် အစာကို ပမာဏပိုပြီး အကြိမ်အရေအတွက် နည်းနည်းစားတာက ပိုမိုထိရောက်ကြောင်း အခုလေ့လာချက်က ပြသနေတယ်လို့ဆိုတယ်။

အမျိုးအစား – ၂ ဆီးချိုရောဂါဟာ သွေးထဲမှာ သကြားပါဝင်မှုကို ထိန်းချုပ်တဲ့ အင်ဆူလင်ဟိုမုန်းကို ခန္ဓာကိုယ်ကအလုံအလောက် မထုတ် နိုင်တာကြောင့် ဖြစ်ပွားတာဖြစ်တယ်။ အဲဒါကို မကုသဘဲထားရင် နှလုံးရောဂါနဲ့ လေဖြတ်တာ၊ အာရုံကြောတွေ ပျက်စီးတာ၊ မျက်လုံးတွေ အလင်းရောင်ဒဏ် မခံနိုင်တာနဲ့ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်ပေါ် လာနိုင်တယ်။

လေ့လာချက်မှာပရပ်ဂ်မြို့ ကုသရေးနှင့် စမ်းသပ်ရေး ဆေးပညာဌာနက သိပ္ပံပညာရှင်တွေက အသက် ၃၀နှစ်က အသက်၇၀အတွင်းရှိ လူပေါင်း၅၄ဦးကိုနှစ်အုပ်စုခွဲပြီး လေ့လာခဲ့တာဖြစ်ကြောင်း သိရတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : BBC

Myanmar in love in Bangkok (မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်း) ရုပ်သံ


မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။ ဇာတ်ကားရဲ့ ထိုင်းနာမည်ကတော့ “รักภาษาอะไร” ဖြစ်ပြီး – “အချစ်ဟာ ဘယ်ဘာသာ စကားလဲ” လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ “အချစ်ရဲ့ ဘာသာစကား” ပေါ့။

ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew ၊ ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး ၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဘယ်လိုအချစ်မျိုးလဲ

“ဒိုင်း” ဘန်ကောက်မြို့မှာအလုပ်လုပ်ဖို့လာရောက်ခဲ့တဲ့မြန်မာကောင်လေးတစ်ယောက်ူ
သူဟာ *ခေ*ဆိုတဲ့တက်တူထိုးတဲ့ကောင်မလေးကိုလာစောင့်ပြီးနီးကပ်တဲ့အခွင့်အရေးရပေမဲ့လဲ ဒိုင်း ဟာသူမရဲ့ဘေးမှာရပ်ဖို့မဝင့်မရဲဖြစ်နေတဲ့လူပေါ့ အချစ်ဆိုတဲ့အရာဟာသူတို့နှစ်ဦး ဒိုင်းနဲ့ခေ ကိုလူစိန်းကနေချစ်သူအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်

ရုပ်သံ အမြည်းကိုတော့ အောက်က ဗွီဒီယို မှာ ကြည့်နိုင်ပါတယ်။


ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ်ပါတယ်တဲ့။ အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အကူ ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ ဘ၀အကြောင်း တစေ့တစောင်း မေးမြန်းထားသမျှကိုလည်း ထူးအိမ်သင်ရဲ့ နောက်ခံသီချင်းနဲ့ တွဲဖက်တင်ဆက်ထားတာကိုလည်း အောက်က ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

Credit: Myanmar Picture รักภาษาอะไร / Facebook
World-Myanmar

ရုရှားလမ်းမပေါ်မှာ ပေါ်ပေါ်တင်တင် လိင်ကိစ္စကျူးလွန်တဲ့ စုံတွဲရဲ့ ဗီဒီယိုမှတ်တမ်း ဆိုရှယ်မီဒီယာပေါ် ရောက်ရှိ



အမျိုးသားလုံခြုံရေး စည်းကမ်းတင်းကျပ်လွန်းတဲ့ ရုရှားလို နိုင်ငံကြီးမှာ ဒီလို လုပ်ရပ် အဖြစ်အပျက်မျိုးဖြစ်တာ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ထင်ကြပါသလဲ...

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အတွင်းကျကျနက်ရှိုင်းပြီး လူမြင်ခံမ၀ံ့တဲ့ပေါင်းသင်းဆက်ဆံရေးတွေ ကို ရုရှားနိုင်ငံရဲ့ အများပြည်သူသုံးလမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် ပေါ်ပေါ်တင် တင်ဖြစ်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု  နိုင်ငံပိုင် ဆိုရှယ်မီဒီယာ မှာ ဖော်ပြလာပါတယ်။

မြို့တော် ဆာမာရာ၊ လီနင်ဂရက်လမ်းပေါ်ရှိ ရဲ့ သမိုင်းဝင်ကျောက်တိုင်တစ်တိုင်ရဲ့ အောက်ခြေပလက်ဖောင်းပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီးတို့ ရဲ့ ၁၅ မိနစ်ကျော်ကြာ လိင်ကိစ္စကျူးလွန်နေကြတာကို  အသက် ၂၆ နှစ်အရွယ်အက်လက်ဆေး ဒူဟော့ ဆိုသူအမျိုးသားတစ်ဦးက ဗီဒီယိုမှတ်တမ်းခိုးဝှက်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

လူမြင် ကွင်းမှာပေါ်ပေါ်တင်တင်ဖြစ်နေကြတဲ့ ဗီဒီယိုမှတ်တမ်းအရ သူတို့နှစ်ဦး စလုံးမှာ အောက်ပိုင်းအ၀တ်အစားတွေကို အနည်းငယ်လျှောချ ချွတ်ထားပြီးတော့ အမျိုးသမီးက အပေါ်ဘက်က အနေအထားနဲ့ လိင်ကိစ္စဖြစ်နေကြတာကို မြင်တွေ့ရပါ တယ်။

“ကျွန်တော် ဒီမြင်ကွင်းကို မြင်တော့ အရမ်းကို အံ့သြတုန်လှုပ်သွားပါတယ်။ သူတို့နှစ် ယောက်ဒီလိုဖြစ်နေချိန်မှာလည်း အဲ့ဒီမှာ ဘယ်သူမှရှိမနေပါဘူး။ ကျွန်တော်လည်း ဒီ ဗီဒီယိုကို ခိုးကြောင် ခိုးဝှက်နဲ့ ရိုက်ခဲ့ပြီးတော့ လူတွေကို အသိပေးချင်တဲ့ သဘောနဲ့ ပါ။ ဒါမျိုးကြီးကတော့ လူမြင်ကွင်းမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာလို့ထင်ပါတယ် ” ဗီဒီယိုရိုက်ကူးတဲ့
အမျိုးသားကောင်လေးက ဆိုပါတယ်။

နိုင်ငံရဲ့ လူမြင်ကွင်းနေရာတွေမှာ ဒီလိုမျိုးလုပ်ရပ်တွေ ပေါ်ပေါ်တင်တင်လုပ်လာ ကြတာနဲ့ပတ်သက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေက ပြစ်တင်ရှုံ့ချထားပြီး ဘယ်လိုပဲ လိင်ကိစ္စဆာလောင်မှုတွေဖြစ်နေပါစေ လူသူမမြင်တဲ့ နေရာတွေမှာ သာဖြစ်သင့် ကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုးထပ်မံဖြစ်ပေါ်လာပါက ပြင်းပြင်းထန်ထန် အရေးယူသွား မှာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ရည်းစားဟောင်းကို ၁မီလီယံ ငွေသား နဲ့ပေါက်ပြီး တုံ့ပြန်ခဲ့သူ


တရုတ်နိုင်ငံမှာတော့ ရည်းစားဟောင်းဖြစ်သူ သူနာပြုဆရာမကို တရုတ်ယွမ်ငွေ ၁ မီလီယံ (အမေရိကန် ဒေါ်လာ 161,270.44) နဲ့ ပေါက်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသားတို့ရဲ့ ဇာတ်လမ်းက ရေပန်းစားနေပါတယ်။

ဆေးရုံကြမ်းပြင်မှ ပြန့်ကျဲနေသော ငွေသားများ

အကြောင်းစုံကတော့ အဆိုပါ အမျိုးသားနဲ့ တရုတ်နိုင်ငံ ဟာဘင်ဆေးရုံမှ သူနာပြုဆရာမတို့ဟာ ချစ်ကြိုက်ခဲ့ကြပေမယ့် လမ်းခွဲခဲ့ကြပြီး ယခုလက်ရှိတွဲနေတဲ့ ချစ်သူအသစ်ဖြစ်တဲ့ အမျိုးသားထံကနေ BMW ကားအသစ်တစ်ဦးကို သူနာပြုဆရာမ လက်ခံခဲ့တဲ့အတွက် သူမကို ၁ မီလီယံ တန်ဖိုးရှိ ငွေသားတွေနဲ့ ချစ်သူဟောင်းက ပေါက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


သူနာပြုနဲ့ အဖိုးတန် လက်ဆောင်ပေးသူ ချစ်သူအမျိုးသား


Reports Online သတင်းများအရ အဆိုပါ ချစ်သူဟောင်းနဲ့ သူနာပြုတို့ကို အရေးပေါ်အခန်းရဲ့ အပြင်ဘက်မှာ အော်ဟစ် ရန်ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။ အဲဒီနောက်တော့ ဘာတွေ ဘယ်လို ဆက်ဖြစ်ကြတယ် သေသေချာချာ မသိရဘဲ ပိုက်ဆံတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတာကို တွေ့ခဲ့ရပါတယ်။ အစောင့်တွေကတော့ သူတို့နှစ်ဦးကို ဖျန်ဖြေနိုင်ခဲ့ကြပြီး အများစုကတော့ သူနာပြုကို ငွေနဲ့ပေါက်ခဲ့ကြတာလို့ ပြောဆိုနေကြပါတယ်။


သူမနှင့် BMW ကားအသစ်




World Myanmar News

sgstomp

လေမဖြတ်ရအောင် ကြိုတင်ကာကွယ်နည်း


လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကို မကြာခဏ တောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေလိုက်ပါတယ်။

ရှောက်ရွက်ဟာ လေမဖြတ်အောင် ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာ အချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကို မကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၁။ ရှောက်ရွက် (၇(ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး မတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကိုလောင်းထည့်၊ အဖုံးအုပ်ထားပြီး အေးသွားလျှင် သောက်ပေးနိုင်ပါတယ်။ တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိ ရေထပ်ထည့်ပြီး အခါးဓါတ်မကုန်မချင်း သောက်ပေးနိုင်ပါတယ်။ ( အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ် ခပ်ပြီး သောက်နိုင်ပါတယ်)

၂။ ရှောက်ရွက်ကို ပါးပါးလှီးပြီး ဟင်းရည်ထဲ ထည့်သောက်နိုင်ပါတယ်။

၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီး စားနိုင်ပါတယ်။

၎။ ရှောက်ရွက်ကို အစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန်းပါသည်။

===================

လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းနဲ့ ပတ်သက်တဲ့ ပါရမီမဂ္ဂဇင်း ဆေးမြီးတိုကဏ္ဍမှ သဘာဝဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါသည်။

လက်တွေ့ ပျောက်ကင်းသွားသည့် ဆေးနည်းလေးမို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ လေဖြတ်ခြင်း ကင်းဝေးနိုင်ကြပါစေ။

ဆေးနည်းမှာ—

၁။ ရှောက်ရွက် (၁၁)ရွက်

၂။ သကြား (၁၁)ကျပ်သား

၎င်းနှစ်မျိုးကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသောပုလင်းတစ်လုံး အတွင်းသို့ ထည့်၍ ၄င်းဆေးများနှင့်အတူ ရေအပြည့်ထည့်ပြီး (၁၀) ညတိတိ ထားပြီးသောအခါ ၄င်းဆေးကို (၁၁) ရက်တိတိ သောက်သုံးပေးခြင်းဖြင့် လေဖြတ်ခြင်းရောဂါများ အမှန်တကယ် ကင်းဝေးနိုင်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ချိုမျိုးညွန့် (စကု) မင်္ဂလာသတင်းစဉ်

Credit to ကျန်းမာရေးသတင်းများ

အရွယ်နဲ့ မလိုက်အောင် အိုသွားစေနိုင်တဲ့ အစားအစာ(၃)မျိုး



ဘယ်သူမဆို ကိုယ့်အသက်အရွယ်ထက် ပိုပြီးတော့ နုချင်ကြတာ မဆန်းပါဘူး။ အပြင်ပိုင်း အပြင်အဆင်နဲ့ သင့်အရွယ်ကို စိတ်ချလက်ချ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ သင့်အစားအသောက်ကို သင့်တင့်အောင် စားသုံးခြင်းကနေ ယုံကြည်စိတ်ချမှုကို ရယူနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကို နုပျိုအောင် ပြုလုပ်ပေးတာကတော့ ဆဲလ်တွေပါပဲ။ ဒါဆို ဆဲလ်တွေကို ဘယ်သူက သတ်နေလဲ။ အဖြေကတော့ သွေးမှာပါတဲ့ သကြားဓါတ် လွန်ကဲမှုကြောင့် ဖြစ်တာပါ။ အဲဒါကြောင့် သကြားဓါတ်များအောင် လုပ်ဆောင်ပေးတဲ့ အစားအသောက်တွေကို လျော့စားလိုက်မယ်ဆိုရင် အိုမင်းခြင်းကနေ ကာကွယ်ပေး ရုံတင်မက… ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အကူအညီပေးမှာဖြစ်ပါတယ်။

ခုဖော်ပြပေးထားတဲ့ အစားအသောက်တွေဟာ သွေးအတွင်း သကြားဓါတ်လွန်ကဲစွာ ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေမို့လို့ လျော့ပြီး စားသုံးဖို့ အကြံပေးလိုက်ပါတယ်။

၁။ ဂျုံ

၂။ သကြား

၃။ ပဲပိစပ် နှင့် ဟင်းသီးဟင်းရွက် အဆီများ

ကဲ အရွယ်တင်နုပျိုချင်တဲ့ ပျိုမေတွေ အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေကို လျှော့စားရင်း နုပျိုမှုကို ခံစားကြည့်လိုက်ပါလို့။

Trend Myanmar

အရင်လိုပါပဲ



ရက်ပိုင်းတွေမှာ မနက်မိုးလင်းလို့ သတင်းစာကောက်လှန်လိုက်တာနဲ့ ဖတ်မိတဲ့ သတင်းတွေ ဟာ ကျုပ်တို့အဖို့ တစ်စက်က လေးမှ စိတ်ချမ်းသာစရာမရှိပါ လားဗျာ။ အများသိကြားတော်မူ တဲ့အတိုင်း ဟောဒီရွှေပြည်ကြီးမှာ အစိုးရသစ်တက်ခါမှ အသစ်အ ဆန်းတွေ ကြားရမြင်ရနဲ့ဟာ မရိုး နိုင်ဘူးမဟုတ်လား။ ပြောလက်စ နဲ့ပြောရဦးမယ်။ ဟိုတစ်လောက ဘူးလက်ဘွဲ့ခံ အမတ်ကြီးတစ်ဦး ဟာ တိုင်းတစ်ပါးရပ်ခြားက အဆိုတော် ဂျနီဖာလိုပက်ဇ်ရဲ့ ‘‘တင်’’ လေလံဈေးနဲ့ မနှိုင်းကောင်းမစည် ရာ ပြောသွားတာလည်း ကြား လိုက်ရပါရဲ့။
ဘာတဲ့ဗျာ။ ကျဆုံးသွားတဲ့ တပ်မတော်သားများအတွက် အစိုးရရဲ့  ထောက်ပံ့ကြေးပမာဏ ဟာ  ကမ္ဘာကျော်အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ် တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါးတစ် ခြမ်းစာ အာမခံကြေးတောင်မရှိ ဘူးတဲ့ ခင်ဗျ။ သူမို့ ရွှေဉာဏ်တော် စူးစွာ နှိုင်းယှဉ်ပြရက်ပလေတယ် ဗျာ။ ကြားရတဲ့ ကျုပ်တို့ ပြည်သူ တွေခမျာ နားဝမှာ မချမ်းသာလှပါ ဘူး။  နိုင်ငံတော်ပြည့်အရေးမှာ လစာလေး တစ်ပဲခြောက်ပြားနဲ့ အသက်ပေးသွားရတဲ့ ရိုးရိုးသား သားအောက်ခြေတပ်မတော်သား များရဲ့ မိသားစုဝင်တွေကတော့ သူ့စကားကြားတဲ့အခါ ဘယ့်နှယ် နေမယ်မသိဘူး။ ကျုပ်တို့ကတော့ အမတ်မင်းပါးစပ်က ထွက်ရက် လေတဲ့ အနှီ တင်(ဖင်တစ်ခြမ်း)  ကိစ္စကိုသာ စိတ်ဝင်စားသဗျာ။

ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါး နှစ်ဖက်အာမခံကြေးဟာ ဘယ် လောက်ရှိမလဲဆိုတာတော့ ကျုပ်တို့လည်း စိတ်မ၀င်စားလို့ မလေ့ လာမိဘူးဗျာ။  အခုဂျနီဖာလိုပက်ဇ်ရဲ့ အသက်က (၄၀) ကျော်ပြီဆိုတော့ကာ  နှစ်စဉ်အာမခံကြေး ချဉ်းပဲနည်းမှာ မဟုတ်ဘူးဗျ။  အ သေးစိတ်သိချင်ရင်တော့ အထက်ပါ အမတ်မင်းကိုသာ ဆက်သွယ် ပြီး မေးကြည့်ပါ။  သူ့စကား အသွားကြည့်ရပုံထောက်တော့ ဟောဒီရွှေပြည်မှာ သူဟာ တင်ရေးတင်ရာကျွမ်းကျင် သူ(တင်အိတ်ဇပတ်)တစ်ဦးဖြစ်နိုင်ဖွယ်ရှိတယ်။ သူ့ခေါင်းထဲမှာ ဂျနီဖာလိုပက်ဇ်(ခေါ်) ဂျေလိုလေးရဲ့ နိမ့်တုံမြင့်တုံတင်ပါးဆုံဟာ အမြဲစိုးမိုးနေမှာပဲ။ အင်း . . .ကျုပ်တို့နိုင်ငံ အတွက် အားကိုးလောက်တဲ့ အမတ်တစ်ယောက်ပေါ့လဗျာ။

ဝန်ကြီးတွေ၊ အမတ်မင်းတွေနဲ့တော့ ရွှေပြည်ကြီးမှာ ခက်ပါ တယ်ဗျာ။ ဒီမိုကရေစီအစိုးရတက်လာကတည်းက သူတို့ ပါးစပ်ကထွက်တဲ့စကားအများစုဟာ လူပြောမလွတ်ဘူးဗျာ။ ဒါကိုစာနယ်ဇင်းတွေကလည်း ထောက်ပြဝေဖန်တာလည်း မနည်းတော့ဘူး။ သို့ပေတဲ့ အစိုးရသက်တမ်းငါးနှစ်ပြည့်လို့ သိပ်မကြာခင်မှ ဆင်းတောင်ပေးရတော့မယ်။ အပြောအဆိုမှာ နည်းနည်းလေးမှကိုမဆင်ခြင်ကြသေးဘူးဗျ။ အချို့ဝန်ကြီးနဲ့  အမတ်မင်းများဟာပေါက်ကရပြောလွန်းလို့ သူတို့ရဲ့ မွေးစာရင်းပါ နာမည်ရှေ့မှာ ဘွဲ့ထူးလေးတွေတောင်မှ ရနေပြီ။ ဘူးလက်. . . ၊  တစ်နပ်စား . . .၊ ဖယောင်းတိုင် . . .၊ တရုတ်ကြောက် . . .၊ လမ်းတစ်ခြမ်း ခင်း  . . .စသဖြင့် မနည်းလှဘူး။

ဒါနဲ့ စကားစပ်မိလို့ ပြော ရဦးမယ်ဗျ။ အခုန ဘူးလက်ဘွဲ့ခံ အမတ်ကြီးက ကျဆုံးတပ်မတော်သားများရတဲ့ ထောက်ပံ့ကြေးဟာဂျနီဖာလိုပက်ဇ်ရဲ့ တင်တစ်ခြမ်း အာမခံကြေးလောက်တောင်မရှိဘူးလို့ မပြောခင် ရှေ့ကလေးမှာတင်ဇာတ်ပိုး၊ ရုပ်ရှင်ပိုး မသေးလှတဲ့ ၀န်ကြီးတစ်ဦးက ဟောဒီရွှေပြည်ကြီးမှာ တပ်မတော်သားတွေကို ပေးနေတဲ့ သီဟတို့၊ သူရတို့လိုဘွဲ့ထူးတွေဟာတယ်ပြီး မသင့်လှဘူးတဲ့။ ဘာကြောင့်ဆို ကိုယ့်တိုင်းရင်းသားအချင်းချင်းပစ်ကြ၊ ခတ်ကြ တဲ့ စစ်ပွဲမှာ ဘာမှ ဂုဏ်ယူပြီး ဘွဲ့ပေးစရာမလိုဘူးဆိုပဲ။

သူပြောတာ မမှားပါဘူး။ သွေးထွက်အောင်မှန်တဲ့ စကား ပါ။ အထူးသဖြင့် သူ့လို တပ်မ တော်သားဟောင်းတစ်ဦးရဲ့ ပါး စပ်က ထွက်လာတော့ ပိုပြီးတောင်မှ အံ့သြစရာကောင်းသေးတယ်။ ခမျာလည်း သမ္မတရဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်သဘောတရားအ ရ မတူတာခွဲ၊ တူတာတွဲဖြစ်စဉ် ကြီးကို အကောင်အထည်ဖော် ရင်း အရပ်သားတွေနဲ့ ပေါင်းတာ များသွားလို့ အခုလို စကားတွေ ရောပြီး ထွက်သွားတယ်ထင်ပါ ရဲ့။

သို့ပေသိ ဒီရွှေပြည်ကြီးမှာ က သူ့အထာနဲ့ သူမဟုတ်လား။ ဘယ်ရမလဲ။  တပ်မတော်သား တွေက   စိတ်ဆိုးကြတာပေါ့။ အထူးသဖြင့် သီဟတို့၊ သူရတို့ ဘွဲ့တွေရထားတဲ့ တပ်မှူးတပ် သားတွေက ဘယ်မှာ လာ ကျေနပ် ပါ့မလဲ။ အနှီဝန်ကြီးခမျာ ပြောတဲ့ စကားက ကောင်းပင်ကောင်းငြား ကာလံဒေသံအရ မလိုက်ဖက်လှ တဲ့ ၀န်းကျင်ထဲမှာ သွားပြောမိ တော့ ၀ိုင်းစိတ်ဆိုးတာခံရတာ ပေါ့။ တစ်တိုင်းပြည်လုံးက တပ်မ တော်သားများကို ၀န်ချတောင်း ပန်လိုက်ရပါသေးတယ်။

ဒါနဲ့ ကျုပ်လည်း စဉ်းစားကြည့်တယ်လေ။  လယ်သမား တွေကို ထမင်းတစ်နပ်လျှော့စား ပြီး ကြွေးဆပ်ပါတို့၊ မီးမလာရင် ဖယောင်းတိုင်ထွန်းပြီး နေကြပေါ့ တို့၊ ရွှေလက်နဲ့ ခေါ်လို့မှမလာရင် ဘူးလက်(ကျည်ဆန်)လွှတ်လိုက် မယ်တို့၊ လူထုအတွက် အစိုးရဟာအနစ်နာခံခဲ့ရတယ်တို့ စသဖြင့် ပေါက်တတ်ကရပြောထွက်ခဲ့ကြ တဲ့ ၀န်ကြီးများလည်း သူတို့စကား တွေဟာ ပြည်သူပြည်သားများကို စော်ကားမိပါတယ်လို့များ လူသိ ရှင်ကြား ၀န်ချတောင်းပန်ကြရင် ဘယ်လောက်များ ကောင်းလိုက် မလဲ။ နို့ပေတဲ့ သိတယ်ဟုတ်။ သူတို့က တပ်မတော်သာ အမိ၊ အဖပါဆို။ အမိအဖလို့ သတ်မှတ် တဲ့သူတွေကိုသာ လွန်တာရှိ ၀န္ဒာ မိ လုပ်မှာပေါ့။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖလို့သာ သူတို့ ပါး စပ်က ထွက်သလို ရင်ထဲကလည်းသတ်မှတ်ရင် ကျုပ်တို့ဟာ သူတို့ ရဲ့ တောင်းပန်မှုကို ခံယူရရှိတာ ကြာလှနေမှာပေါ့။

ဝန်ကြီးတွေလားဆိုတော့ မဟုတ်ဘူးဗျ။ ဟိုတစ်လောက ပေါက်ဖော်ကြီးတို့ရဲ့ တိုင်းပြည်ကိုအလည်အပတ်သွားတဲ့ သမ္မတ ဟာလည်း ဘုရားပေါ်မှာ ဖိနပ်ကြီးနဲ့။ တခြားက ဖော်ပြတာမဟုတ်ပါ ဘူး။ အစိုးရရဲ့ ပြည်သူ့ဝန်ရှောင် အဲ . . .အဲ ပြည်သူ့ဝန်ဆောင် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပြူး ပြူးကြီးပါလာတာခင်ဗျ။ လူထု တွေဆီက အနှီကိစ္စနဲ့ ပတ်သက် ပြီး လူထုရဲ့ ဝေဖန်မှုတွေ ညံလာ တဲ့အခါကျ သူတို့ဘက်ကတော့ ဖြေရှင်းချက်ထုတ်ပုံဟာဖြင့် အဲဒါ ဘုရားပရိဝုဏ်အပြင်ဘက်မှာ ဖြစ်ပါသတဲ့။ ပြောသာပြောတာ ပါ။ သမ္မတဘေးက အခြံအရံများ ရဲ့ ခြေထောက်မှာလည်း ဖိနပ်မှ မပါတာ။ အဲသလို မပါတာလည်း အစောင့်များရဲ့ ဖိနပ်ထားတဲ့ နေ ရာဟာ ဝေးလို့ပါတဲ့ ခင်ဗျာ။ သူတို့အပြောပေါ့။ ကျုပ်တို့က ပေါက်ဖော်တို့ရဲ့ ပြည်မကြီးဆီရောက်ဖူးပေါက်ဖူးတာမဟုတ်တော့ အဟုတ်လို့သာ မှတ်ရမှာပဲ။

ဒါပေတဲ့ ဘုရားပရိဝုဏ်မှာ ကောဇောခင်းထားပြီးမှတော့ ဖိ နပ်မစီးလည်း သမ္မတရဲ့ ခြေဖ၀ါး တော်တော်နုနုဟာ သွေးခြည်မဥ လောက်ပါဘူးဗျာ။ အခုတော့ ကော်ဇောလည်း ခင်းထားတယ်။ အနှီကော်ဇောပေါ်မှာ ကတ္တီပါ ဖိနပ်စီးပြီး  ထပ်လျှောက်သေး တယ်ဆိုတော့ နည်းနည်းလွန်တာ ပေါ့။ အမေရိကန်က ရွှေဧည့် သည်များဖြစ်တဲ့ အိုဘားမားတို့၊ဟီလာရီကလင်တန်တို့တစ်တွေ ရွှေပြည်ကြီးဆီ အလည်လာစဉ်မှာ ရွှေတိဂုံဘုရားတက်ဖူးကြတာ ကော်ဇောနီ၊ ကော်ဇောဝါတွေ လည်း  ခင်းမပေးရပေါင်ဗျာ။ နို့ ပြီးတစ်ခါ ဖိနပ်ချွတ်ရုံတင်မက အတွင်းခြေအိတ်တောင်မှ မ၀တ် ဘူးခင်ဗျ။

ကျုပ်တို့ဆီမှာ အစိုးရလူကြီး မင်းတွေကတော့ သူ့ထက်ကဲနဲ့ ရွှေပြည်စိုးတွေ ချည်းပါပဲ။ သမ္မတက ပေါက်ဖော်ကြီးတွေဆီ ချစ်ကြည်ရေးခရီးမှာ အနှီလို အမြင်မတော်လူပြောစရာတွေ လုပ်တာ ဘာဟုတ်သေးတာမှတ်လို့။ သိပ်မကြာခင်လေးတင်ကပဲ အစိုးရအဖွဲ့ထဲက ကြီးကြီးမာစတာ တစ်ယောက်ဟာ ပဲခူးရွှေမော်ဓောဘုရားပေါ်မှာ မှန်လုံကားအနက်ကြီးနဲ့ ကောဇောခင်းထားတဲ့ ဘုရားရင်ပြင်တော်မှာ ပတ်ပြီးမောင်းခဲ့သေးတာပဲဟာ။ ဒါကြောင့်ပြောတာ။ ဒီမိုကရေစီခေတ်မှာ အစိုးရလူကြီးမင်းတွေဟာ ဆရာမနိုင်၊နှစ်ဆောင်ပြိုင်တွေပါလို့ဆို။

ပြောချင်တာကတော့ဗျာ။ ဒီနေ့မှာ အစိုးရက အော်နေတဲ့ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆိုတာ အသံသာရှိပြီး အဆန်မပါ တဲ့ သင်္ကြန်အမြောက်ဘ၀မှာပဲ ရှိနေပါသေးတယ်။ လူထုရဲ့ ဘ၀ အခြေဟာ သူတို့ပြောသလို ဘာမှ မပြောင်းလဲပါဘူး။ အရင်လိုပါပဲ။ ပြုပြင်ပြောင်းလဲရေးဆိုတာကိုဆိုင်ရာတွေက တကယ်ပြုပြင် မှသာ ပြောင်းလဲမှာခင်ဗျ။ အခု တော့ အစိုးရအာဏာပိုင်တွေဟာ လူထုတွေရဲ့ နေ့စဉ်ဘ၀ကို တိုး တက်ပြောင်းလဲဖို့ နေနေသာသာ သူတို့ကိုယ်တိုင်တောင်မှ  မ ပြောင်းလဲနိုင်သေးဘူးဗျာ။ အရင် လိုပါပဲ။ လုပ်ရာကိုင်ရာမှာ ငယ် ကျင့်လေးတွေ မပျောက်ကြသေး ဘူးခင်ဗျ။

အခုနောက်ဆုံးမန္တလေးမှာ ဖြစ်ခဲ့တဲ့ စိတ်မချမ်းသာစရာ ဘာ သာရေး၊ လူမျိုးရေး အခြေခံအဓိ ကရုဏ်းတွေမှာပဲကြည့်ဗျာ။ ပထ မရက်တွေအတွင်းမှာ နှစ်ဖက်အုပ်စုကြား တင်းမာမှုသေးသေး ကလေးစဖြစ်တယ်။ ဒါကိုသက်ဆိုင်ရာက အချိန်မီတားဆီးနိုင်မယ်ဆိုရင် မန္တလေးဟာ အေးအေးချမ်းချမ်းဖြစ်နေမှာ။ နို့ပေတဲ့ သက်ဆိုင်ရာက မြန်မြန်ထက်ထက်မလုပ်လိုက်နိုင်တဲ့အတွက် ဆူပူမှုကိုလှုံ့ဆော်သူတွေဟာ အခွင့်အရေးရသွားတယ်။ ပုဒ်မ ၁၄၄ထုတ်ပြီး တားဆီးရတဲ့အထိဖြစ်သွားတယ်။

ဝေဖန်သူတွေရဲ့ အဆိုအရ မန္တလေးအဓိကရုဏ်းဟာ ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိလုပ်သွားတယ်လို့ဆိုတယ်။ ကျုပ်တို့ဖတ်ရတဲ့ သတင်းတွေပေါ်မှာ အခြေခံပြီး ပြောရရင်လည်းဒီအမြင်ဟာ မမှားပါဘူး။ မန္တလေးဖြစ်ရပ်ကို ပြန်စီပြီး ကြည့်ရင်ဆူပူမှုတွေရဲ့နောက်ကွယ်မှာ ဆူပူမှုကို ဖြစ်စေတဲ့ စိတ်ဆန္ဒတွေရှိနေတယ်ဆိုတာ သိပ်သေချာတယ်။ ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ရက်တွေမှာ မန္တလေး အဓိကရုဏ်းကိုမီးထိုးပေးတဲ့အရေးအသားနဲ့ ဓာတ်ပုံတွေဟာ ပလူပျံနေတာပဲ။ ဒါဟာသွေးရိုးသားရိုးမဟုတ်တာ သိပ်ထင်ရှားပါတယ်ဗျာ။

ပြောချင်တာကတော့ အာ ဏာပိုင်တွေဟာ ဘာသာရေးအ ဓိကရုဏ်းဖြစ်ခဲ့တဲ့အတွေ့အကြုံ တွေရှေ့မှာ ရှိခဲ့ပြီးသားပဲ။ ရခိုင်၊ မိတ္ထီလာစတဲ့နေရာတွေမှာ အဓိ ကရုဏ်းတစ်ခုဖြစ်တည်လာတာနဲ့ ခြေစလက်နဟာ တထေရာတည်းပဲ။ သို့ကလိုအတွေ့အကြုံတွေရှိထားပြီးဖြစ်တဲ့ အာဏာပိုင်တွေဟာ မန္တလေးမှာ တင်းမာမှုတွေ စတင်ကတည်းက အချိန်မီမတားနိုင်ရင် ရခိုင်လို၊ မိတ္ထီလာမှာလိုဆိုးဆိုးရွားရွားတွေဖြစ်မယ်ဆိုတာခန့်မှန်းတွက်ဆမိဖို့ ကောင်းသဗျာ။ သို့သော်ငြား မြန်မာရုပ်ရှင်တွေထဲကအတိုင်းသတ်လို့၊ ဖြတ်လို့ ပြီးပြီဆိုမှ ရဲတွေရောက်လာတော့တာပဲ။ ဒါ ကြောင့် အရင်လိုပဲလို့ ပြောတာ။

လက်ရှိအစိုးရအနေနဲ့ အာ ဏာရယူထားရမယ့် သက်တမ်း ဟာလည်း တဖြည်းဖြည်းကပ် လာပါပြီဗျာ။ သူတို့အုပ်ချုပ်တဲ့ ငါးနှစ်အတွင်းမှာ သူတို့ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်လို့ ပြောတာပဲ။ နို့ပေတဲ့ပြုပြင်တာလည်းမတွေ့ရသလို ပြောင်းလဲ တာလည်းမမြင်မိပါဘူး။ အဲဒါ တွေအစား ရွှေပြည်ကြီးရဲ့ လူ့အဖွဲ့အစည်းမှာ ဘာသာရေး၊ လူမျိုးရေးနဲ့  ပတ်သက်ရင် အထိအခိုက်မခံနိုင်တဲ့အနေအထားဆီကိုသာ ဦးတည်လာနေပါပြီ။ ဒီကြားထဲ ဟိုအရင်တုန်းကလိုပဲ ဘာသာရေးကို နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချတာမျိုးတွေ လုပ်လာဦး မယ်ဆိုရင်တော့ ကျုပ်တို့ရွှေပြည် ဟာ ရှေ့မှာ ဒီ့ထက်ဒီ ခက်ဖို့သာရှိတော့မှာပဲ။

ဆိုတော့ကာ ရွှေပြည်ကြီးကို အပြောင်းအလဲဖြစ်အောင် ကြံ ဆောင်မယ်ဆိုတဲ့ အခွင့်အာဏာ လက်ဝယ်မှာ ရှိသူများအနေနဲ့ တကယ်ပြုပြင်မှသာ ပြောင်းမယ် ဆိုတာ ‘‘ပေါက်’’စေချင်ပါသဗျာ။ အရင်လို အတွေး၊ အကျင့်မျိုးနဲ့ ဆို ကျုပ်တို့ရဲ့ ရွှေပြည်ဟာ ဘယ် မှာလာ ပြောင်းမှာပါလဲဗျာ။ အရင်လိုသာ ဖြစ်မြဲဖြစ်နေဦးမှာပါဗျာ တို့ရာ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်

သည်)

7daydaily

အိမ်မှာလည်း အရက်လာသောက်သေး၊ အိမ်ရှင်ရဲ့ မိန်းမ ဖြစ်သူကို လည်း မုဒိန်းကျင့်သွားတဲ့ ယုတ်မာတဲ့ ဧည့်သည်



ခင်ပွန်းဖြစ်သူနှင့် အရက်အတူ လာသောက်သည့်ဧည့်သည်က ဇနီးမယားကို အဓမ္မကျင့်မှုတစ်ခု ပြည်မြို့၊ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်ဟု မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ၄ရက်၊ ညနေ ၅ နာရီအချိန်က ဂျာကြီး(ခ)တင်ဇော်အောင် ဆိုသူသည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်ရှိ ရင်းနှီးခင်မင်သည့်သူတစ်ဦးနေအိမ်သို့ သွားရောက်ကာ အရက် အတူသောက်ခဲ့သည်။

ထိုသို့ အရက်အတူသောက်နေစဉ် အိမ်ပိုင်ရှင်နှင့် အိမ်ပိုင်ရှင်ဇနီးမှာ အရက်သောက်သည့် စားပွဲဘေးကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်ဟု ဆိုသည်။

ည(၁၁)နာရီတွင် ဂျာကြီး(ခ)တင်ဇော်အောင်မှာ နေအိမ်ပိုင်ရှင်၏ ဇနီးဖြစ်သူအား ကုတင်ပေါ်မှ ဆွဲချကာ ပါးစပ်ကို ပိတ်၍ အိပ်ခန်းအတွင်း ဆွဲခေါ်ပြီး ၁၅ မိနစ်ခန့် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းထားသည်။

ဇနီးဖြစ်သူသည် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်ကို ဇူလိုင်လ ၅ ရက်တွင် ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ပြီး အလိုမတူဘဲ အဓမ္မသားမယားပြုကျင့်သူကို အရေးယူပေးရန် မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။

ထိုသို့တိုင်တန်းသည့်အတွက် မြို့မရဲ စခန်းတွင် ဂျာကြီး(ခ)တင်ဇော်အောင်အား (ပ)၅၂၇/၂၀၁၄ ပြစ်မှုပုဒ် မ-၃၇၆ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

Mizzima

မင်ပြားမြို့နယ်တွင် စစ်တပ် ပြန်ပေးသောမြေများကို တာဝန်ရှိသူများက မူလပိုင်ရှင်ကိုမပေးဘဲ ဘင်္ဂလီများကိုဌားစားနေဟုဆို


(နိရဉ္စရာ- ၈ ဇူလိုင်လ ၂၀၁၄)


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများမှ မူလပိုင်ရှင် ရခိုင် လယ်သမားများအား ပြန်မပေးဘဲ ဘင်္ဂလီကျေးရွာသားများကို တစ်ဧက ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

“ ကျွန်တော်တို့ လယ်သမား (၇) ဦးကို စစ်တပ်က ပြန်ပေးထားတဲ့ စာအတိအကျ ရှိပါတယ်။ အခု အဲဒီလယ်တွေကို ကျွန်တော်တို့ မရဘဲ နာဂရာကျေးရွာမှ ဘင်္ဂလီတွေက တက်ထွန်နေပါတယ်။ အဲဒါ မြို့နယ် တာဝန်ရှိသူတွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ ပေါင်းပြီ ဌားပီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ဧက ကျပ် (၅၀၀၀၀) နုန်းနဲ့လို့ကြားပါတယ်” ဟု လယ်မြေပြန်ရပြီး လယ်မထွန်ရဘဲ ဖြစ်နေသူ ဦးမောင်ပျော့က ဆိုသည်။

လယ်မြေများကို စစ်တပ်က မူလပိုင်ရှင် လယ်သမားများအား ပြန်ပေးခြင်းနှင့် ပတ်သက်ပြီး သိရှိရသည်မှာ  “အမ်းမြို့ အခြေစိုက်  အမှတ် (၃၇၄) အမြောက် တပ်ရင်းမှ စာအမှတ် ၃၇၄/  ၃၀ / ၂၁ ထောက် ( ၅) – ရက်စွဲ ၂၀၁၄ ခုနှစ်မေလ ၃၁ ရက်နေ့စွဲဖြင့် မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ သိမ်းဆည်းမြေများ ပြန်ပေးကြောင်း စာဖြင့် အကြောင်းကြားလာကြောင်း၊  စာထဲတွင် အမှတ် (၃၇၄) အမြောက်တပ်ရင်းမှ မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု လယ်သမား (၇) ဦးထံမှ သိမ်းဆည်းထားသော လယ်မြေ (၃၂) အား မူလပိုင်ရှင် အောက်ဖေါ်ပြပါ လယ်သမားများအား ပြန်လည် ပေးအပ်ပြီ ဖြစ်ပါကြောင်း၊ ပြန်ရသော လယ်သမားများမှာ (၁) ဦးမောင်ပျော့ -  ၆ ဧက  (၂) ဦးငကျော်မောင် – ၅ ဧက၊ (၃) ဦးမောင်ပု – ၄ ဧက၊ (၄) ဦးစိန်ထွန်းလှ – ၄ ဧက ၊ (၅) ဦးကျော်သိန်း- ၆ ဧက၊ (၆) ဦးမောင်သိန်းထွန်း -၃ ဧက (၇)  ဦးကျော်ထွန်းလှ – ၄ ဧက တို့ဖြစ်ပါကြောင်း” ဟု ပါရှိသည်ဟု သိရသည်။

ယခုအခါ ယင်းလယ်မြေ (၃၂) ဧကကို ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး (၁) ဧကကို ကျပ် ၅၀၀၀၀ နုန်းဖြင့် ဌားစားထားသဖြင့် ဘင်္ဂလီ လယ်သမား (၈) ဦးက ၎င်းလယ်များတွင် လက်ရှိ အချိန်တွင် လယ်တက်ထွန်နေကြကြောင်း ကျေးရွာသားများက စွပ်စွဲ ပြောဆိုသည်။

လယ်မြေများကို ဌားရမ်း လုပ်ကိုင်ခွင့်ရနေသူ ဘင်္ဂလီများမှာ (၁) ဦးကျော်သိန်း (ဘ) ဦးအာချော်ဂျာ- သရက်အုပ်ကျေးရွာ (၂) ရော်ဘီအာလောင် (ဘ) ဦးနာဂူ – နာဂရာပြင်ရွာ (၃)  ဦးအာဘူ (ဘ) ဦးမော်ဒူလာမောက် – နာဂရာပြင် ကျေးရွာ ( ၄) ဦးကာလာ (ဘ)  မာမောက်ဇောဒိန် – နာဂရာပြင်ရွာ ( ၅)   ဦးမောင်ဒူလှ (ဘ) ဦးမောင်သိန်း – နာဂရာပြင်ရွာ (၆)  ဦးနာဂရာ (ဘ) ဦးမော်တူမောက် နာဂရာ (၇) သဲရာဇူး (ဘ) ဦးနူဂူလ်ဆင် (၈) အီဆူး (ဘ) နာဂရာပြင်ရွာတို့ ဖြစ်ကြသည်ဟု သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး နာဂရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြသန်းထံ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာသူက ယခုလို ပြောသည်။

“ ဒီမြေက စားကျက်မြေတွေ ဖြစ်ပါတယ်။ အခုက နှစ်ဘက်စလုံးကို လယ်မထွန်ဖို့ တားထားပါတယ်။ ကျွန်တော်နဲ့ ဒီပြသနာနဲ့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်မှာ ဒီလို ဌားရမ်းပိုင်ခွင့် အာဏာလည်း မရှိပါဘူး။ ကျွန်တော်နဲ့ မဆိုင်ပါ” ဟု သူက ဆိုသည်။

ယခုပြဿနာနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်ထံ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ကျွန်တော်ဆီကို စာရွက် စာတန်း အထောက်အထားတွေနဲ့ တိုင်ကြားစာတွေ ရောက်နေပါတယ်။ ရခိုင်လယ်သမားတွေက ထိပ်တိုက်ဖြစ်ရင် ပြသနာ ကြီးကျယ်လာမှာ ဖြစ်တဲ့ အတွက် လယ်သမားတွေက စာရေးပြီး အထက်ကို တိုင်ကြားထားပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ ရုံးစာရေးမ တစ်ဦးမှ အုပ်ချုပ်ရေးမှူး ခရီးထွက်သွားသည်ဟု ပြောဆိုသဖြင့် မိုဘိုင်းဖုန်းမှ တဆင့် တိုက်ရိုက်ဆက်သွယ်ရ ဧရိယာ အပြင်သို့ ရောက်ရှိနေသည်ဟု ဖုန်းထဲမှအကြောင်း ပြန်ကြားသည်။ သို့အတွက် ယခု ပြသနာနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ ပြောဆိုမူကို တင်ပြနိုင်ခြင်း မရှိပါ။

ယခု ဖြစ်ပေါ်နေသော အရေးနှင့် ပတ်သက်ပြီး မလိုလားအပ်သော ပြသနာများ ထပ်မံ ပေါ်ပေါက်လာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။

နိရဉ္စရာ

အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်


 မုံရွာ၊ ဇူလိုင် ၈

 မုံရွာမြို့၏ မြောက်ဘက်ရှိ အလုံတပ်မြို့၊ ထပရ(၉၂၉) တပ်အတွင်း နေအိမ်လိုင်းခန်း အမှတ်(၄၀)တွင် ဇူလိုင် (၆)ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင် သွား ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရ သည်။

သေဆုံးသူ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးမှာ ဘုတလင်မြို့နယ်၊ ငွေမွန်ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ သူမသည် လွန်ခဲ့သော (၂)လခန့်မှ စတင်၍ အဆိုပါ တပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်သားအဆင့်ရှိ စစ်သားတစ်ဦးနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍
ပေါင်းသင်း နေထိုင်ခဲ့ကြသည်။

ထိုသို့ ပေါင်းသင်း နေထိုင်သည်ကို သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ စစ်သား၏ မွေးစားမိခင်မှ မန္တလေးမှလာ ရောက်ကာ သူမနှင့် သဘောမတူကြောင်း ပြောဆိုခဲ့သည့် အတွက်ကြောင့် နေအိမ်ရေချိုးခန်း တံခါးဘောင် တွင် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ လူသေဆုံးမှုအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် အလုံရဲကင်း စခန်း မှူး ရဲအုပ် ကျော်ဆွေက မုံရွာမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၄ အရ အမှုရေးဖွင့်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး




ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲ ဆွဲကာ ရေထဲ၌ ပစ်ချ ထားသော လူသေ အလောင်းတွေ့


အရာတော်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ၀ါးတန်းကျေးရွာအုပ်စု၊ တောင်ရိုးကျေးရွာ၊ ပကား ကြီးတောတိုက်တွင် ခြေထောက်နှစ်ဘက်အား ကြိုးချီ၍ ကျောက်ခဲဆွဲကာ ရေထဲ၌ပစ်ချထားသော အမျိုး သားတစ်ယောက်၏ အလောင်းတစ်လောင်းအား တွေ့ရှိရသဖြင့် အရာတော်မြို့မရဲစခန်းက ဇူလိုင် ၄ ရက် နေ့ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် အမှုဖွင့်အရေးယူခဲ့ရသည်ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်မှ ပြောပြသည်။

သေဆုံးနေသူမှာ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုသူ၏ လည်ပင်တွင် ပြတ်ရှဒဏ်ရာ( ၁)ချက်၊ ၀မ်းဗိုက်ဘယ်ဘက်အခြမ်းနေရာတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာလက်ဝဲစောင်းနေရာတွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခြေထောက်နှစ်ဘက် အား ထန်းတက်ရာတွင် အသုံးပြုသည့် မြေအိုးကြိုးဖြင့် ချီနှောင်ကာ (၇)ပိသာခန့်ရှိ ကျောက်ခဲဆွဲ၍ ရေထဲ သို့ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော (၂)ရက်က အဆိုပါ တောင်ရိုးကျေးရွာနေ မနှင်းနှင်းခိုင်ဆိုသူသည် သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်မိုးခိုင် ဆိုသူမှာ နေအိမ်သို့ပြန်လည်၍ ရောက်ရှိမလာသည့်အတွက် ကျေးရွာလူကြီး ဦးလှငွေ၊ ဦး ဥာဏ်ဆွေ ဆိုသူတို့ထံ သွားရောက်အကြောင်းကြားခဲ့သေးသည်။

ထို့ကြောင့် ရွာလူကြီးများနှင့် ဒေသခံရွာသူ/ ရွာသားများက တောအတွင်းလိုက်လံရှာဖွေခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့ မနက် ၉ နာရီခွဲအချိန်တွင် ရွာ၏အနောက်ဘက်(၁)မိုင်ခန့်ဝေးသော သိန်းထူးချောင်းအတွင်း၌ ယင်းကဲသို့ သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံး၏ ယောက္ခမတော်စပ်သူ ဦးစိန်က အမှုမှန်ပေါ်ပေါက်စေရေး အတွက် အရာတော်မြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုကြီးအမှတ်စဉ် ၄/ ၂၀၁၄ (ပ)၁၃၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရ သည်။

သတင်း၊ ကိုတိုးကြီး



မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

 မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)


 ရခိုင်ပြည်နယ် မင်းပြား မြို့ပေါ် ရပ်ကွက် တစ်ခုမှ အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ ညဉ့်က မီးရှို့ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့်ရုံးမှာ မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဖြစ်သည်။

အောက်ရွာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်သိန်းမောင်က မီးရှို့ခံရသည်မှာ ဟုတ်မှန်ကြောင်း နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။

“ မီးလောင်တာက ညဥ့် ၁၂ နာရီ ကျော်လောက်မှာပါ။ မသမာတဲ့ လူအချို့က ရှို့တဲ့ သဘောမျိုးလို့ ယူဆပါတယ်။ ဘာကြောင့် ရှို့တယ်။  ဘယ်သူက ရှို့တယ်။ နောက်ကွယ်မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ဘူး။ ခန့်မှန်းရခက်နေပါတယ်” ဟု ဆိုသည်။

ယခု မီးမှာ ပေါ့ဆမီး လုံးဝမဖြစ်နိုင်ကြောင်း၊ ရှို့မီးသာ ဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့် ရိုးရိုးတန်းတန်း မီးလောင် ကျွမ်းခြင်းမျိုး မဟုတ်ကြောင်း၊ ယခုဖြစ်ရပ်မှာ တရားဥပဒေ စိုးမိုးမှု အားနည်း၍ ဖြစ်ကြောင်း အောက်ရွာပိုင်း ရပ်ကွက်နေ မင်းပြားလူမှုကွန်ယက် ဥက္ကဌ ကိုခင်ဇော်ဝင်းက ပြောသည်။

“ ယခု မီးရှို့မူဟာ တရားဥပဒေ စိုးမိုးမှု အားနည်းလို့ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ အခုဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူးကို မကျေနပ်တဲ့လူတွေက ဆဲကြ၊ ဆိုကြတာတွေ ရှိခဲ့တယ်။ ဒါကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘာတစ်ခုမှ ၀င်ရောက် ဖြေရှင် ပေးတာလည်းမရှိဘူး။ ဒီတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မကျေနပ်တဲ့သူတွေက အတင့်ရဲလာကြတယ်။ နောက်ဆုံးတော့ ရုံးကို မီးရှို့တဲ့ အဆင့်ထိ ရောက်လာတာ ဖြစ်ပါတယ် ” ဟု သူက ဆိုသည်။

အုပ်ချုပ်ရေးမှူးရုံး မီးစတင်လောင်ကျွမ်းပုံကိုလည်း သူက ယခုလို ဆက်ပြောသည်။

“ မီးက ညဥ့် ၁၂ နာရီ ၂၀ မိနစ်လောက်မှာ စတင်လောင်တယ်လို့ ထင်တယ်။ ဘယ်သူ မီးရှို့တယ် ဆိုတာကိုလည်း တိတိကျကျ မသိကြသေးပါဘူး။ ကျနော်တို့ ရောက်သွားချိန်မှာ ၁၂ နာရီ ၃၅ မိနစ် ရှိပြီ။ မီးကအကုန်လုံးနီးပါး လောင်ကျွမ်းနေပြီ။  မီးသတ်ကားလည်း အချိန်မီရောက်မလာဘူး။ မီးသတ်ဌာနကို ဖုန်းဆက်လို့လည်း မရဘူး။ နောက်တော့ ကျနော်တို့ကိုယ်တိုင် ဆိုင်ကယ်နဲ့ သွားခေါ်ရပါတယ်။  ပြီးမှ မီးသတ်ကား ရောက်လာတယ်။ ရောက်လာချိန်မှာ ၁၂ နာရီ ၄၅ မိနစ်ရှိပြီဆိုတော့ မီးကလည်း ငြိမ်းသွားပါပြီ” ဟုပြောသည်။

မင်းပြားမြို့နယ် မီးသတ်ဦးစီးမှူး ဦးစံထွန်းအား မီးသတ်ကား နောက်ကျရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းကိုင်ပြီးနောက် ချက်ချင်းချသွားခဲ့ပြီး နောက်ထပ် အကြိမ်ကြိမ်ခေါ်သော်လည်း ဖုံးမကိုင်တော့သဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယခု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မူမှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်လည်း တစ်ကြိမ် မီးလောင်ခဲ့ဖူးသည်ဟု သိရသည်။ ယခင် လောင်ကျွမ်းခဲ့စဉ်က လမ်းသွားလမ်းလာများ မြင်၍ ချက်ချင်း မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် အနည်းငယ်သာ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ယခု မီးရှို့မူ ဖြစ်စဉ်နှင့်ပတ်သက်၍  အောက်ရွာပိုင်း အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမောင်မှ မင်းပြား မြို့ရဲစန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

(နိရဉ္စရာ- ၇ ဇူလိုင်လ ၂၀၁၄)/ နှင်းသန္တာ





ဟူစတန်မြို့က မိမိအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်သူကို ဖမ်းခဲ့သည့် သူရဲကောင်း အဘွားအို



ဟူစတန်မြို့က အသက် ၈၃ နှစ်အရွယ်ရှိသူ အဘွားအိုတစ်ဦးဟာ မိမိအိမ်ကို ဖောက်ထွင်းသူလို့ ယူဆရသူတစ်ဦးကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးနဲ့ ပက်ပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။

လီလီမက်ကလန်ဒွန် လို့ အမည်ရတဲ့ အဘွားအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ အိမ်ပြတင်းပေါက်တံခါးတစ်ချပ် ဖွင့်နေတာကို သတိပြုမိပြီးနောက် အိမ်ထဲမှာ အဘွားအိုကို လည်ပင်းကို ညှစ်ပြီး အကြပ်ကိုင်ကာ ငွေတောင်းမယ့် အမျိုးသားတစ်ယောက်ဦးနှင့် ထိပ်တိုက်တိုးခဲ့ပါတယ်။

အဖွားအိုဟာ သူကို ဖမ်းချုပ်ဖို့ ကြိုးစားသူကို ချက်ချင်းဘဲ တုတ်တစ်ချောင်းနဲ့ ပြန်လည်တိုက်ရိုက်ပြီး ခုခံခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတော့ မိဖိုပေါ်မှာတင်ထားတဲ့ ပွက်ပွက်ဖူနေတဲ့ ရေနွေးအိုးကို တွေ့ရှိခဲ့ပြီး ထိုအကြမ်းဖက်သူကို ရေနွေးပူတွေနဲ့ ပက်လောင်းလိုက်ပါတယ်။ နောက်ဆုံး အဆိုပါ ဖောက်ထွင်းဝင်ရောက်လာသူ အမျိုးသားလဲ အဘွားအိုကို အရှုံးပေးပြီး အဖမ်းခံလိုက်ရပါတော့တယ်။

Ref : Fox News

#YangonMediaGroup
Yangon Media Group

သေသွားတဲ့ ခွေးပုံတက်တူးထိုးပစ်လိုက်တဲ့ Miley Cyrus



၂၀၁၄ခုနှစ်အစပိုင်းကတည်းက ပရိသတ်တွေကြား အကြောင်းအရာ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ မရိုးရအောင် နေရာယူထားတဲ့ Miley Cyrus က ခုတစ်ခါလည်း တက်တူးအသစ်ထိုးပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်လိုက်ပြန်ပါပြီ။  သေသေချာချာစီစဉ်ပြုလုပ်ထားတဲ့ သူမရဲ့Holiday ဓါတ်ပုံမှတ်တမ်း အတွက် ကျေးဇူးတင်ရပါလိမ့်မယ်။ သူမဟာ ဇူလိုင်လ(၄) ကနေ ဒီမနက်အထိ instagram မှာ ဓာတ်ပုံ ၄၃ ပုံတင်ခဲ့ပါတယ်။



အဲ့ဒီပုံတွေကတော့ အ၀တ်အစားကို ကိုယ်တစ်ပိုင်းလောက်သာ ၀တ်ဆင်ထားတဲ့ စိတ်ဝင်စားစရာ မိန်းမချောလေးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ရောင်စုံမီးတွေနဲ့အတူ  ဆူညံတဲ့ပါတီမြင်ကွင်းပုံတွေ၊ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးအသစ်ထပ်ထိုးနေတဲ့ selfie ပုံတွေ၊ တက်တူးအသစ်ကို အနီးကပ်ရိုက်ထားတဲ့ပုံတွေပါပဲ။ သူတို့ထိုးထားတဲ့ တက်တူးအသစ်ကတော့  သေသွားတဲ့ သူမရဲ့ ခွေး pooch Floyd နဲ့ ပတ်သက်ပြီး အောက်မေ့သတိရတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ခွေးပုံကို With Alittle Help From My Fwends ဆိုတဲ့ စာတန်းနဲ့အတူ တက်တူးအသစ်ထပ်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။

Ref:justjared.com,mtv.com
Trend Myanmar

သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို တည်ငြိမ်အောင် မဆောင်ကျဉ်းနိုင်ဘူးလား



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကိုမိန့်ခွန်းပြော။ (မေ ၁၊ ၂၀၁၄)

ဦးစည်သူအောင်မြင့်။             ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ အလွန် အရုပ်ဆိုးအကျည်းတန်းတဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားသွားခဲ့ပါပြီ။ လူနှစ်ယောက်သေ၊ တစ်ချို့ ဒါဏ်ရာရ၊ နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေ ဖြစ်ပွားခဲ့ပါပြီ။ ထုံးစံအတိုင်း နည်းပညာခေတ်ကြီးမှာ ဒီ သတင်း ကမ္ဘာတစ်လွှား တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီ ထက်ပိုဆိုးတာက မန္တလေးနေ ပြည်သူတွေရဲ့ စိတ် မလုံခြုံမှု၊ အထူးသဖြင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေရဲ့ စိတ်မလုံခြုံမှုကတော့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်က စ လိုက်တဲ့ ဒီ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ရပ်ဆိုင်းမသွားရုံမက အခု မန္တလေး ရွှေမြို့တော်ကြီးမှာလည်း ဖြစ်ပွားခဲ့ပြန်ပါပြီ။ ပြသနာ ဘယ်လိုဖြစ်ရတာပါလဲ၊ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ကိုင်တွယ်ဆောင်ရွက်နိုင်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။      

ဒေါ်အင်ကြင်းနိုင်။        ။ လက်ရှိ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ အထူးအဆန်း ဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် မသိရှိ၊ မတားဆီး လို့ မရတဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဇတ်လမ်းကတော့ ထုံးစံအတိုင့်း မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့်က နေ လဖက်ရည်ပိုင်ရှင် အစ္စလာမ် ဘာသာဝင်နှစ်ယောက် ပျဉ်းမနားမြို့ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာ ကနေ စ ပါတယ်။ ဒါက တိုင်ကြားထားတဲ့အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်း မေးမြန်းနေဆဲ အခြေအနေပါ။ စွတ်စွဲခံရသူတွေကိုလည်း ဖမ်းတာ ဆီးတာ မလုပ်ပါဘူး။ ဒါပေမယ့် ပြသနာက အဲလောက်နဲ့ ရပ်မနေပါဘူး။ ဒီ တိုင်ကြားခံရမှု ပြသနာကို အခြေပြုပြီး အစွန်းရောက်သူ တစ်ချို့ဟာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တကယ်ကျူးလွန်ခဲ့တဲ့ မှုခင်းကြီးဖြစ်သယောင်၊ အမုန်းတရား ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုတွေ တရစပ် လုပ်ခဲ့ကြပါတယ်။

          ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက စောစောက ပြောခဲ့သလို လူသေဆုံး၊ ထိခိုက်ဒါဏ်ရာ ရသူရ၊ နေအိမ်အဆောက်အဦနဲ့ ကားဆိုင်ကယ်တွေ ဖျက်ဆီးခံရတဲ့ အထိ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ်။ အခုလို ဘာသာခြားက မုဒိန်းကျင့်တယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းကို ပျံ့အောင် ဖြန့်၊ တဆက်တည်း ဘာသာခြား အမုန်းတရား ပျံ့နှံ့အောင်လုပ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ဆိုတဲ့ ဖေါ်မြူလာဆန်ဆန် လုပ်ရပ် သမ္မတ ဦးသိန်းစိန် အစိုးရက မသိ၊ မတားဆီး နိုင်ဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြသနာကို သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်။             ။ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းကို နည်းနည်း ပြန်နားထောင်ကြည့်ရအောင်ပါ။ သမ္မတရဲ့ မိန့်ခွန်းတစ်နေရာမှာ အဲဒီ အချိန်က မလေးရှားရောက် မြန်မာအလုပ်သမားတစ်ချို့ တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ခုလို ပြောဆိုထားပါတယ်။ “ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့် ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တာပဲ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ Hate Speak လို့ခေါ်တဲ့ အမုန်းတရား ဖြန့်ဖြူးမှုရဲ့ အန္တရာယ်ကို သိနေတဲ့ သဘော သက်ရောက်ပါတယ်။

ဆက်ပြီးပြောတာက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတ အဲဒီ မိန့်ခွန်းပြောတာ တစ်နှစ်တိတိ ရှိသွားပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အဲဒီ အမုန်းတရား ဖြန့်ဖြူးသူ တစ်ဦးတစ်ယောက်ကိုမှ အစိုးရက အရေးယူတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး အတင့်ရဲ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။        ။ သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့ မိန့်ခွန်းပြောပြီး တစ်နှစ်အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေးမှာ အကြမ်းဖက်မှုကြီးတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောတာက “ ပြုပြင်ပြောင်းလဲရေး အာင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

ဦးစည်သူအောင်မြင့်။             ။ သမ္မတ ဦးသိန်းစိန် ပြောတာ ရှင်းပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူရမယ် ပြောခဲ့ပေမယ့် အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ သူတို့ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဘာတာဝန်မှ ယူတော့မှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းကသာ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြပါ ဆိုပြီး ပြည်သူတွေ လက်ထဲ ပြန်ထိုးထည့်သွားခဲ့တာပါ်။ အဓိပ္ပါယ်ကတော့ ဒီပြသနာကို ကိုင်တွယ် အရေးယူနိုင်တဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

VOA

မန္တလေးတွင် ထိတ်လန့်ဖွယ်မှုခင်းများ အယောင်ဆောင်တိုင်ကြားမှုများရှိဟုဆို



 မန္တလေးမြို့ တည်ငြိမ် အေးချမ်းစပြုချိန်တွင် တိုင်းရဲတပ် ဖွဲ့သို့ သတင်းအမှားများ၊ ထိတ် လန့်ဖွယ် မှုခင်းများအကြောင်းကို   လက်ကိုင်ဖုန်းများစွာဖြင့်  အ ယောင်ဆောင်တိုင်ကြားမှုများရှိ နေပြီး  မြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များအား  ရှုပ်ထွေးမှုများဖြစ်စေရန် ပြု လုပ်နေသေးကြောင်း သတင်းရရှိသည်။

‘‘ဘယ်ဗလီနားမှာ လူတစ် ယောက်ကို  ၀ိုင်းရိုက်နေပြီတို့၊ ဘယ်နေရာမှာ မီးလောင်နေပြီဆို ပြီး ၁၅၀၀ တန်ဖုန်းတွေနဲ့ တိုင်း ရဲတပ်ဖွဲ့ကို လှမ်းဆက်တာ။ တပ် ဖွဲ့ဝင်တွေက ချက်ချင်းစုံစမ်း တော့လည်း မဟုတ်ပြန်ဘူး။  ဖုန်း တွေကိုပြန်ဆက်ပြီး ဘယ်သူလဲလို့ ပြန်မေးရင် ဖုန်းကိုချပစ်တယ်။ ပြန်ဆက်တော့ ဒါလမ်း ဘေးဖုန်းတို့၊ ဖုန်းခဏ ငှားဆက်တာတို့ဆိုပြီး ပြောတယ်။ ဖုန်းတွေကို လက်ပြောင်းပစ်တယ်။ ဒီနေ့ထိ (ဇူလိုင် ၇) ရက် ဖုန်းတွေရနေတုန်းပဲ’’ဟု အမှတ် (၃) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးအောင်မြတ်စိုးကပြောသည်။
အဆိုပါ အယောင်ဆောင် ဖုန်းများမှာ တိုင်းရဲတပ်ဖွဲ့ကြိုး ဖုန်းများကို ဆက်သွယ်ခြင်းလုံးဝမ ရှိဘဲ တပ်ဖွဲ့ဝင်များ၏ လက်ကိုင် ဖုန်းများကို သိရှိပြီး ဆက်သွယ် လာခြင်းမှာ  အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နည်းပညာတိုးတက်မှု နှင့် ထိန်းချုပ်မှုများ အားနည်းနေ သည့်အတွက် အယောင်ဆောင် ဖုန်းများကို ခြေရာခံ၍ ဖမ်းဆီး ဖော်ထုတ်ရန် ခက်ခဲကြောင်း ၎င်း ကပြောသည်။

‘‘မြို့ကို ထိတ်လန့်အောင်၊ စိတ်ရှုပ်အောင် လုပ်တာ။ နိုင်ငံ ရေးရည်ရွယ်ချက်တွေလည်း ပါ မှာပေါ့။ ကျွန်တော်တို့က အခု ဆိုင်ကယ်၊ ကားတွေမှာ တုတ်၊ ဓားလက်နက်ပါရင် လက်နက်မှု နဲ့ အရေးယူခိုင်းထားတယ်။ ဘယ် ဘာသာဆိုပြီး ခွဲခြားမှာမဟုတ် ဘူး။ လက်နက်ပါရင် လက်နက်မှု နဲ့ ဖမ်းတယ်’’ဟု ၎င်းကပြော သည်။

လက်ရှိတွင် မန္တလေးမြို့ အခြေအနေမှာ အေးဆေးနေပြီး ကောလာဟလများနှင့် အွန်လိုင်းတွင် တက်နေသည့် လှုံ့ဆော်ရာ ရောက်သော သတင်းမှားများကို မယုံကြည်ကြရန် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က တိုက်တွန်းပြောကြား ထားသည်။

မန္တလေးမြို့၌ ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၆ ဦးအား အမှုဖွင့်အရေးယူထားပြီး ကျန် ၇ မှုမှာ ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဆဲဖြစ်၍ ပုဒ်မ ၁၄၄မလိုက်နာသူ ၃၄၆ ဦးအား ပုဒ်မ ၁၈၈ ဖြင့်အရေးယူထား ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

7day daily

မန္တလေးဆူပူမှု လူ ၄၀၀ နီးပါး ဖမ်းဆီး


ဒုရဲမှူးကြီး ဇော်မင်းဦး (မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့)


မန္တလေးမြို့မှာ လူသေဆုံး၊ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အထိဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆူပူမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက လူ ပေါင်း ၄၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ဖမ်းဆီးအရေးယူမှုတွေ ရှိလာတာကြောင့် မန္တလေးမှာ တည်ငြိမ်စ ပြုလာပေမယ့် ပုံမှန်အခြအနေအထိတော့ မဖြစ်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင်၁ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ လူနှစ်ဦးသေဆုံးပြီး လူ ၁ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မန္တလေးမြို့က ဆူပူအကြမ်းဖက်မှုတွေမှာ သံသယရှိသူ ၁၆ ဦး အပါအ၀င် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သူ စုစုပေါင်း ၃၆၂ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လူသတ်မှု (၂) မှု၊ နာကျင်စေမှု (၃) မှု၊ မီးရှို့မှု (၁) မှုတွေအတွက် သံသယရှိသူတွေကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ ၃၄၆ ယောက်အနက် ၁၄၅ ယောက်ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့သလို ကျန်လူတွေကိုလည်း စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်လို့ မန္တလေးတိုင်း ဒေသကြီးက ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးအတွက် မန္တလေးမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုအခါ နေ့ဖက်တွေမှာပါ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေရတယ်လို့လည်း သူကပြောပါတယ်။

“လက်ရှိကတော့ နေ့ခင်းလည်း လိုအပ်တဲ့နေရာတွေမှာ ကျနော်တို့ နေရာလုံခြုံရေးတွေ ချထားတယ်။ ညဘက်ဆိုလည်း ကျနော်တို့က နယ်မြေ စိုးမိုးရေးအတွက် ကားတွေရော၊ ဆိုင်ကယ်တွေရော၊ လှည့်ကင်းတွေနဲ့ဆက်ပြီးတော့ နယ်မြေစိုးမိုးရေးကို ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်ဗျ။ အခုလက်ရှိကတော့ အခြေအနေ အေးအေးဆေးဆေးပါပဲခင်ဗျ။ ပုဒ်မ ၁၄၄ က ထုတ်ထားတုန်းပါ။ အခြေအနေပေါ်မှာပဲ မူတည်ပြီး ရုပ်သိမ်းသင့်၊ မရုပ်သိမ်းသင့်ကတော့ ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်ခင်ဗျ။ ၁၆ ဦးကတော့ ခဲတွေနဲ့ ပေါက်တဲ့သူတို့၊ တုတ်တွေ ဘာတွေကိုင်လိုက် လူတို့၊ အဲလို အခင်းဖြစ်စဉ်မှာ အဲလိုတွေ့တဲ့ဟာတွေကို လိုက်လံ ဖမ်းဆီးထားတဲ့ဟာတွေပါ။ အထူးအမှုစစ်တွေနဲ့ သေချာ ကျနော်တို့ စုံစမ်းဖော်ထုတ်နေပါတယ်ခင်ဗျ။ မျက်မြင်သက်သေတို့၊ ပတ်ဝန်းကျင်သက်သေတို့ ကျန်တဲ့ တခြား အထောက်အထားတွေနဲ့ တရားခံ ဖော်ထုတ်ရရှိရေးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။”

ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်တွေက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသလို၊ မန္တလေးမြို့မိမြို့ဖတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း အခြေအနေကို ၀ိုင်းဝန်းထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့အတွက် အခုအခါ ဆူပူ အကြမ်းဖက်မှုတွေ မရှိတော့ဘဲ ပြန်လည်တည်ငြိမ်စပြုလာနေပြီလို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း အထက်မြန်မာနိုင်ငံရဲ့ မြို့တော် မန္တလေးမြို့ရဲ့ အခြေအနေဟာ  ပုံမှန်အနေအထား မရောက်သေးဘူးလို့ ဒေသခံ သတင်းသမားတစ်ဦးဖြစ်တဲ့  ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

ညမထွက်ရအမိန့်ကြောင့် ပုဒ်မ ၁၄၄ မရုပ်သိမ်းသေးတဲ့ အတွက်လည်း ကုန်စည်စီးဆင်းရာ အချက်အခြာလည်းဖြစ်တဲ့ မန္တလည်းမြို့က သွားရေးလာရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ စီးပွားရေး  လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးနဲ့ သတင်းမှန် ထုတ်ပြန်ရေး ကော်မတီရဲ့ သတင်း ပြန်ကြားတာဝန်ခံလည်းဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“သွားရေးလာရေးတွေကတော့ အခိုက်အတန့်အားဖြင့် တန့်သွားတဲ့အတွက် မန္တလေးလို မြို့ကြီးတွေမှာကျ လုပ်ငန်းပေါင်းစုံ ကိုယ်မသိတဲ့လုပ်ငန်းရော၊ သိတဲ့လုပ်ငန်းရော၊ လက်လုပ်လက်စား အသေးစား အလတ်စားတွေရော နောက် ဒါနဲ့ ဆက်နွယ်နေတဲ့ သယ်ယူပို့ဆောင်ရေးတွေရော ဆိုတော့ ပုံမှန်တော့ မဖြစ်သေးဘူး၊ အခုနကပြောတဲ့ အရပ်စကားနဲ့ ပြောရရင် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တယ်ဆိုတာတွေတော့ သိပ်မကြားရဘူး၊ မနေ့ကအထိတော့ ဟိုနည်းနည်း၊ ဒီနည်းနည်း ကောဠဟာလတွေတော့ ရှိသေးတယ်။ ဒီရက်ကဆိုရင် အထူးသဖြင့် လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေမှာက ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ အားခဲပြီးတော့ ရောင်းမှာတွေလေ။ ပြီးရင် ပရီမီယာတို့ ၊ ဘာတို့ အဲဒါတွေလည်း အများကြီး ရပ်သွားတယ်။ ဆိုင်ကယ်လ် တက္ကဆီတွေ၊ ညပိုင်း ကုန်စိမ်းတွေ၊ နောက် လက်လုပ်လက်စား ဈေးလေးတွေမှာ ပြန်ပြီးတော့ ဒိုင်တွေကနေ ပြန်ဝယ်မယ်ပေါ့။ ဒါတွေက အများကြီး အနှောင့်အယှက် ဖြစ်သွားတာပေါ့။ တည်ငြိမ်သလားဆိုရင်တော့ ရုတ်ရုတ်သည်းသည်း ပဋိပက္ခဆန်ဆန်တွေတော့ ဒီနေ့ ဘာမှ မကြားဘူး။ ဒါပေမယ့် လုပ်ငန်းကိုင်ငန်းတွေက ပုံမှန်ပြန်ဖြစ်သွားပြီလားဆိုတော့ ဆိုင်တွေ ဘာတွေတော့ ပြန်ဖွင့်ပါလိမ့်မယ်။ သို့သော်လည်းပဲ အရင် မူလ ပုံစံတော့ ပြန်မရောက်သေးဘူးလို့ ပြောလို့ရပါတယ်။”

ဒီလ ဇူလိုင်လ (၁) ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင် အကြမ်းဖက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့ မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ် ၆ မြို့နယ်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ဖို့ ဇူလိုင်လ ၃ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာပါ။ အမိန့်ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ ဆူပူမှုတွေ ထပ်ဖြစ်ခဲ့တဲ့အတွက်လည်း မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှာပါ ပုဒ်မ ၁၄၄ ထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။

VOA