ရည်းစားဟောင်းကို ၁မီလီယံ ငွေသား နဲ့ပေါက်ပြီး တုံ့ပြန်ခဲ့သူ

ပို့စ်တင်ချိန် - 7/08/2014 12:29:00 PM


တရုတ်နိုင်ငံမှာတော့ ရည်းစားဟောင်းဖြစ်သူ သူနာပြုဆရာမကို တရုတ်ယွမ်ငွေ ၁ မီလီယံ (အမေရိကန် ဒေါ်လာ 161,270.44) နဲ့ ပေါက်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသားတို့ရဲ့ ဇာတ်လမ်းက ရေပန်းစားနေပါတယ်။

ဆေးရုံကြမ်းပြင်မှ ပြန့်ကျဲနေသော ငွေသားများ

အကြောင်းစုံကတော့ အဆိုပါ အမျိုးသားနဲ့ တရုတ်နိုင်ငံ ဟာဘင်ဆေးရုံမှ သူနာပြုဆရာမတို့ဟာ ချစ်ကြိုက်ခဲ့ကြပေမယ့် လမ်းခွဲခဲ့ကြပြီး ယခုလက်ရှိတွဲနေတဲ့ ချစ်သူအသစ်ဖြစ်တဲ့ အမျိုးသားထံကနေ BMW ကားအသစ်တစ်ဦးကို သူနာပြုဆရာမ လက်ခံခဲ့တဲ့အတွက် သူမကို ၁ မီလီယံ တန်ဖိုးရှိ ငွေသားတွေနဲ့ ချစ်သူဟောင်းက ပေါက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


သူနာပြုနဲ့ အဖိုးတန် လက်ဆောင်ပေးသူ ချစ်သူအမျိုးသား


Reports Online သတင်းများအရ အဆိုပါ ချစ်သူဟောင်းနဲ့ သူနာပြုတို့ကို အရေးပေါ်အခန်းရဲ့ အပြင်ဘက်မှာ အော်ဟစ် ရန်ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။ အဲဒီနောက်တော့ ဘာတွေ ဘယ်လို ဆက်ဖြစ်ကြတယ် သေသေချာချာ မသိရဘဲ ပိုက်ဆံတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတာကို တွေ့ခဲ့ရပါတယ်။ အစောင့်တွေကတော့ သူတို့နှစ်ဦးကို ဖျန်ဖြေနိုင်ခဲ့ကြပြီး အများစုကတော့ သူနာပြုကို ငွေနဲ့ပေါက်ခဲ့ကြတာလို့ ပြောဆိုနေကြပါတယ်။


သူမနှင့် BMW ကားအသစ်




World Myanmar News

sgstomp