ဟောလီးဝုဒ်မှာ သူ့ရဲ့ အကျီင်္ဖက်ရှင်တွေကို ရောင်းချဖို့ အကြံပေး ခံခဲ့ရတဲ့ ဖြူဖြူကျော်သိန်း

ပို့စ်တင်ချိန် - 7/08/2014 06:24:00 PM



အမေရိက တစ်ခွင်ကို နှစ်လနီးပါး ဖျော်ဖြေရေး ခရီးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂ ရက် နေ့ မှာတော့ မြန်မာပြည်ကို ပြန်လည်ရောက် ရှိခဲ့ပါတယ် ။ဂျေမောင်မောင်၊ ထွန်းအိန္ဒြာဗို တို့ နဲ့အတူ ဖျော်ဖြေရေးသွားခဲ့တဲ့ ဖြူဖြူကျော်သိန်းက မေလ ၁၃ ရက်နေ့ က သွား ရောက်ခဲ့ပြီး ဇွန်လအကုန် မှာမြန်မာပြည် ကိုခေတ္တ ပြန် လာကာ ဇွန်လ ၁၁ ရက်နေ့မှာ တစ်ခါပြန် လည် သွားရောက်ခဲ့ ပြီး သုံးပတ်နှစ်ခါစီ သွား ရောက်ခဲ့ပါတယ်။ နှစ်လ နီးပါးဖျော်ဖြေရေး ခရီး  စဉ်မှာ မြို့ခြောက်မြို့၊ ဖျော် ဖြေ ပွဲ ၆ ပွဲ သီဆိုခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက ဒီတစ် ခေါက်မှာတော့ တစ်ပတ် ကို တစ်ပွဲပဲ သီဆိုရ တာကြောင့် လည် ပတ်ဖို့ အချိန်တွေ ပိုမိုရရှိခဲ့ပြီး အော်ပရာ ပြဇာတ် တွေနဲ့ သူ ကြိုက်နှစ်သက် တဲ့ တေးသံရှင် စလင်းဒီယွန် ရဲ့ တစ်ကိုယ်တော်ဖျော် ဖြေပွဲကိုလည်း သွားရောက် ကြည့် ရှုဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

“ဒုတိယ တစ်ခေါက်သွားတဲ့ သုံး ပတ်မှာ Teaxa ပွဲအပြီး LA ပွဲနေ့ မတိုင်ခင်ကြားမှာ အားနေတော့ လာစ်ဗီးဂတ်က အဒေါ်ဆီမှာ ခဏ နေလိုက်တယ်။ ဇွန်လ ၁၈ ရက်နေ့ ညမှာ စလင်းဒီယွန်ရှိုး ရှိတော့ကြည့် ဖြစ်တယ်။ ကိုယ်အကြိုက်ဆုံး ကမ္ဘာ ကျော် အဆိုတော်ကိုအရှင် လတ် လတ် ပထမဆုံး ကြည့်ဖူးတာပဲ။ ဘရစ်တနီတို့၊ တခြား သူတွေလည်း ကြည့်ဖူးပေမယ့် စလင်းဒီယွန်က တော့၊ ကိုယ်လည်း တအား နှစ်သက် တဲ့ သူဆိုတော့ ကြည့်နေရင်း နဲ့တောင် မျက်ရည် ဝဲတယ်။ တအားကြိုက်လွန်း လို့” လို့ဆိုတဲ့ ဖြူဖြူကျော် သိန်းက သူ့ရဲ့ Favourite ဖြစ်တဲ့ စီလင်း ဒီယွန်ရဲ့ ဖျော်ဖြေပွဲ အပေါ် အမြင်နဲ့ ခံစားချက်က ဘယ်လို ရှိလဲ ဆိုတော့

“ရေမြင့်တော့ ကြာတင့် တာပေါ့ နော်။ ဘေးက အပံ့အပိုးတွေ က လည်း ကောင်းသလို သူကိုယ်တိုင် လည်း အဆို ပိုင်နိုင်မှုမှာ တအား ကောင်းတဲ့ အခါကျ တော့ ပြောစရာ မလိုတော့ဘူးပေါ့။ အဓိကက Lighting နဲ့ Sound System တွေ တအားကောင်းတယ်။ စတိတ် အပြင် အဆင်တွေ တအားလှတယ်။ အဓိက နည်းပညာတွေ လည်း ပါ တာပေါ့။ စင်ကလည်း အကျယ်ကြီးပေါ် မှာဆိုတော့ Lighting တွေ၊ စတိတ် ဒီဇိုင်း တွေနဲ့ သူ့ရဲ့ ဂီတကို ပံ့ပိုး ထားတော့ ကြည့်ရတာ ဟာခနဲ၊ ဟင်ခနဲ ဖြစ်တာ ပေါ့။ သူ ကတော့ ပါဖောမန့်စ်တွေ ဘာတွေ မလုပ်ပါဘူး။ သီချင်းပဲ ဆိုတာ ပေါ့။ ဗီးဂတ်စ်မှာ သူက တစ်ပတ်ကို နှစ်ရက်နဲ့ သုံးနှစ် စာချုပ်နဲ့ လုပ်ထား တယ်။ အခု ၂ဝ၁၄ မှာ သုံးနှစ်ပြည့် ပြီပေါ့။ ဇာတ်ရုံက လည်း သူ့အတွက် သီးသန့် ဆောက်ပေးထားတယ်” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

ဖြူဖြူ ကျော်သိန်း က သူဖျော်ဖြေခဲ့တဲ့ ပွဲ ခြောက်ပွဲ မှာ ပရိသတ်တွေရဲ့ အားပေးမှု အများအပြား ရရှိခဲ့ပြီး သူ့ရဲ့ ဖက်ရှင်တွေ အပေါ်မှာ လည်း ချီးမွမ်းမှု အပြင် ဟောလီးဝုဒ် မှာ ရောင်းချဖို့ အထိ အကြံပေးခံ ခဲ့ရတယ် လို့လည်း သိရပါတယ်။

“ဟိုမှာရှိတဲ့ မြန်မာလူမျိုး ပရိသတ်တွေ အပြင် သူတို့နဲ့ ပါလာတဲ့ နိုင်ငံခြားသားတွေရော၊ အဲဒီက အသံဖမ်း အဖွဲ့ ပြည်ပ နိုင်ငံသားတွေ ကလည်း ပြောကြတယ်။ ဖြူဖြူတဲ့ နင့် အင်္ကျီတွေကို ဟောလီးဝုဒ်မှာ တင်ရောင်းလို့ ရတယ်လို့ပြောကြ တယ်။ အဲဒီမှာနေတဲ့ သူတွေက နိုင်ငံခြားသား တွေဖြစ်ဖြစ်၊ မြန်မာပဲဖြစ် ဖြစ် ကမ္ဘာကျော်တွေ အများကြီး ကို မြင်ဖူး၊ တွေ့ဖူးကြတော့ ဘယ်အရာ မှ သိပ်ထူးဆန်းတာ မရှိဘူး။ သူတို့က  ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပါဖောမန့်စ်တွေ ကို တွေ့တဲ့အခါ ချီးကျူးတယ် ဆိုတော့ ဝမ်းသာ ပြီးတော့ ကျေနပ်မိတယ်” လို့ ပြောတဲ့ ဖြူဖြူကျော်သိန်း က သူ့ရဲ့ သီချင်းတွေ အပေါ်မှာလည်း ပရိ သတ်တွေက သီချင်းအပုဒ် စီတိုင်း အပေါ်မှာ အသေးစိတ် မှတ်ချက်ပြု ပေးကြတဲ့ အတွက် သူ့အနေနဲ့ ခွန်အားတွေ လည်း ရခဲ့တယ်လို့ ပြောပြီး ပြည်ပနိုင်ငံသားတွေ ကအစ အသိအမှတ်ပြုကြတဲ့ အတွက် လည်း ရှေ့ ဆက် လှမ်းမယ့် ခြေလှမ်းတွေ အတွက်ကို ပိုမို အားတက်စေခဲ့ရတယ် လို့လည်း ပြောပြခဲ့ပါတယ်။

အမေရိကက ပြန်လာ ပြီးနောက်မှာ တော့ ဖြူဖြူကျော်သိန်းက “နာမည် တွင် ကျန်ရစ်နေမယ်” ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ် စီးရီးသစ်ကို စက်တင် ဘာမှာ ထွက်ရှိဖို့ အားယူနေပြီလို့ လည်း ဆိုပါတယ်။

ရဲရဲ

Pupular Journal