့ပြည်လုံးကျွတ် သန်းခေါင်စာရင်း မကောက်မီ နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ပြန်လည် စိစစ်ပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 9/29/2013 11:53:00 AM

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုမတိုင်မီ နိုင်ငံ တွင်းရှိ လူမျိုး ၁၃၅မျိုးအား ပြန် လည်စိစစ်ပေးရန် တိုင်းရင်းသား လူမျိုးများနှင့်အတူ အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီတို့ နိုင်ငံတော်သမ္မတကြီးထံ ပြန်လည် စိစစ်ပေးရန် စာတင်တောင်းဆို ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ၂၅ရက်တွင် နိုင်ငံတော်သမ္မတကြီးထံ စာတင် တောင်းဆို ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း ရှိ မျိုးနွယ်စုများကိုပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရာ တွင် မျိုးနွယ်စုအမှန် အတိုင်း ကောက်ယူ နိုင်ရန်အတွက် စိစစ် ကောက်ခံရန်လိုအပ်သဖြင့် တောင်း ဆိုခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဝေကပြောသည်။

ဦးမြင့်ဝေက''မျိုးနွယ်စုတွေ စာရင်းကောက်ထားတာ နှစ်ပေါင်း သုံးဆယ်ကျော်သွားပြီဖြစ်တဲ့အ တွက် ခုဆိုလူဦးရေတွေကထပ်နေ ပါပြီ။ ပထမကောက်ခံထားတဲ့ ဦးရေအတိုင်းရှိဖို့ကလဲမသေချာ သေးဘူး။ ဥပမာနာဂလူမျိုးဆိုရင် ချင်းလူမျိုးထဲကိုရောပြီးသတ်မှတ် ထားတာမျိုးတွေ။ နာဂမှာကလဲ သူ့မျိုးနွယ်နဲ့သူရှိပြီးသားဖြစ်တဲ့ အတွက် သူ့မျိုးနွယ်အတိုင်းပဲ သတ်မှတ်ပေးဖို့တွေကို သမ္မတ ကြီးကိုအကြံပေးတဲ့ အနေနဲ့ရော တောင်း ဆိုတဲ့အနေနဲ့ လူမျိုးပြန် လည်စိစစ်ကောက်ခံပေးဖို့ စာ တင်ခဲ့တာပါ''ဟု ပြောသည်။

လူမျိုး ၁၃၅မျိုးကို ၁၉၈၃ ခုနှစ်မှ စတင်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုတွင် နှစ်ပေါင်း ၃ဝကျော်သွားခြင်းကြောင့် ယင်း ကောက်ယူခဲ့သည့် လူမျိုးထက် ပိုလာနိုင်သလို နည်းသွားဖို့လည်း ဖြစ်နိုင်သည့်အတွက် ထပ်မံ ကောက်ခံစေလိုကြောင်း၊ ယင်း ပါတီနှင့်အတူ ရှမ်းလူမျိုးများနှင့် နာဂလူမျိုးများကပါ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက် ခံခြင်းမပြုလုပ်မီ လူမျိုး များ ပြန်လည်စိစစ်ကောက်ခံပေး သင့်ကြောင်း သမ္မတကြီးထံတောင်း ဆိုထားကြောင်း ယင်းကဆက် လက်ပြောကြားသည်။

အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ ခြင်းကို ၂၀၁၄ခုနှစ် မတ် ၃ဝရက် မှစတင်ကာ ဧပြီ ၁ဝရက်အထိ ၁၂ရက်ကြာ ကောက်ယူမည်ဖြစ် ပြီး အဆိုပါကောက်ယူမှုမတိုင်မီ လူမျိုးစုအမှန်ရရှိနိုင်ရေး အတွက် ပြန်လည်စိစစ်ပေးရန် သမ္မတ ကြီးထံ တိုင်းရင်းသားမျိုးနွယ်စု များက အကြံပေးတောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။
ဇာခြည်လှိုင်
yangonmedia