သယ်ယူပို့ဆောင်ရေးနှင့် အင်တာနက်မြန်နှုန်းအား မလေးရှား အားကစား မီဒီယာများ စိုးရိမ်

ပို့စ်တင်ချိန် - 9/29/2013 11:47:00 AM


ရန်ကုန် ၊ စက်တင်ဘာ ၂၇ ။ ။ မြန် မာနိုင်ငံရှိ ဆီးဂိမ်းပြိုင် ပွဲ ကျင်းပ မည့်နေရာများသို့ သွားရောက် လေ့လာ ခဲ့သော မလေးရှားအား ကစားကလောင်ရှင် မီဒီယာသမား များသည် ဆီးဂိမ်းကာလတွင် မြန် မာနိုင်ငံ၏အင်တာနက်မြန်နှုန်း နှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း များအပေါ် စိုးရိမ်ပူပန်မှု ရှိနေ ကြောင်းသိရသည်။

မလေးရှားအားကစားက လောင်ရှင်အဖွဲ့ချုပ်မှ မီဒီယာသမား များ သည် စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေပြည်တော်နှင့် ရန်ကုန်မြို့ များ ရှိ အားကစားကွင်းများသို့ သွားရောက် လေ့လာ ခဲ့ကာ ဆီးဂိမ်းပြိုင်ပွဲတွင် လည်း မလေးရှားအခြေစိုက်မီဒီ ယာသမား ၂၅၀ ဝန်းကျင် လာ ရောက် သတင်းရယူမည်ဖြစ် ကြောင်း လည်းသိရသည်။

မလေးရှားအားကစားက လောင်ရှင်အသင်း၏ အလုပ် အမှု ဆောင်အစ်ဇာအာသန်က ''ကျွန် တော်တို့မြန်မာနိုင်ငံကို ၂၅ရက် က စတင်ရောက်ရှိခဲ့ပါတယ်။ ပြီး တော့ ဆီးဂိမ်းပြိုင်ပွဲကို အဓိက လက်ခံကျင်းပ မယ့်မြို့ဖြစ် တဲ့ နေ ပြည်တော် ကိုရောက်ခဲ့တယ်။ ဒီမြို့ က အသစ် တည်ဆောက် ထားတဲ့ မြို့ဖြစ်သလို ဆီးဂိမ်းအတွက် အား ကစားကွင်းတွေ တည်ဆောက် ထားတာက လဲ ကောင်းမွန် ပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာသွားလာ ရတာခက်ခဲ ပါတယ်။ ရန်ကုန်က တော့အရင်ကတည်းက ရှိခဲ့တဲ့မြို့ ဖြစ် တာကြောင့် သွားလာရတာ အဆင်ပြေပါ တယ်။ ဒါပေမဲ့ ရန် ကုန်မှာ အင်တာနက်သုံးရတာ အ ဆင်မပြေပါဘူး။ အင်တာ နက် မြန်နှုန်းဒီ ထက်ပိုကောင်းဖို့လိုအပ် မယ်လို့ထင်ပါ တယ်။ မြန်မာနိုင်ငံ က တာဝန်ရှိသူတွေအနေနဲ့ဆီး ဂိမ်း မှာ အထူးလေကြောင်း လိုင်း တွေ၊ အထူးဘတ်စ်ကားတွေနဲ့ အင် တာနက်မြန်နှုန်းကို ဒီထက်ပိုမို ကောင်းမွန်အောင်ဆောင် ရွက်ပေး နိုင်ဖို့မျှော်လင့်ပါတယ်။ ဆီးဂိမ်း ရောက်ရင် ကျွန်တော်တို့ နိုင်ငံက မီဒီယာ ၂၅၀ ဝန်းကျင်လောက် လာပြီးသတင်းယူပါလိမ့်မယ်။ ဒီ အထဲမှာကင်မရာသမား အ ယောက် ၁၀ဝလောက် ပါဝင်လာ မှာပါ။ ကျွန်တော်တို့ရဲ့ သတင်းတွေ အချိန်မီရောက်ရှိနိုင်ဖို့ အင်တာ နက်မြန်နှုန်းက ဒီထက်ပိုမိုကောင်း မွန်နေဖို့လို အပ်ပါတယ်''ဟု ပြော သည်။

ထို့အပြင် အဆိုပါမီဒီယာ အဖွဲ့နှင့်လိုက်ပါလာသော မလေး ရှားအခြေစိုက်မလေးရှား၊ တရုတ် နှင့် အင်ဒိုနီးရှားသုံး ဘာသာဖြင့် ထုတ်ဝေသော Sin Chew Daily မှ အမှုဆောင် အယ်ဒီတာ Yu Nee Kong က ဆီးဂိမ်းပြိုင်ပွဲ အတွက် ပြင် ဆင်ထား သည့် ဘောလုံးကွင်း များ၊ ရေကူးကန်များမှာ အလွန် ကောင်းမွန်ကြောင်း၊ ပြိုင်ပွဲအ ဆောက်အအုံများမှာ အလွန်သစ် လွင်ကြောင်း ချီးကျူးခဲ့သည်။

ယင်းအဖွဲ့သည် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ ဇေယျာသီရိအားကစားကွင်း၊ ရန် ကုန်ရှိ သုဝဏ္ဏ အားကစား ကွင်းနှင့် ဘောလုံးကွင်းတို့အား သွားရောက် လေ့လာ ခဲ့သော်လည်း အခြားဆီး ဂိမ်းပွဲများ ကျင်းပမည့်နေရာများ ဖြစ်သော မန္တလေးနှင့် ငွေဆောင် သို့ သွားရောက်နိုင်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။
ညီမိုဃ်း
Yangon Media Group