အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေ

ပို့စ်တင်ချိန် - 9/29/2013 08:27:00 PM


လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုမှ ဆားလင်းကြီးဒေသခံ ၅၅ ဦးဟာ မန္တလေး၊ အမရပူရမြို့နယ်မှ လက်ပန်းတောင်းတောင်စီမံကိန်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ စေတီတော်နဲ့ သိမ်တောင်ဆီကို ယနေ့ညနေပိုင်း ၃နာရီခန့်မှ စတင်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပါတယ်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ခွင့်ပြုချက်တင်မထားတာကြောင့် အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေကြပါတယ်။
ဆန္ဒထုတ်ဖော်နေကြသူတွေကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ခန့်က လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြပါတယ်။
The Modern News Journal