HTC Butterfly နှင့် One X+ တို့ တွင် HTC ၏ Sense 5 အား Upgrade ပြုလုပ်နိုင်မည်

ပို့စ်တင်ချိန် - 9/29/2013 11:42:00 AM

HTC Sense 5 (4.2.2 or Jelly Bean) စနစ်ကို HTC Butterfly နှင့် HTC One X+ တို့တွင် Upgrade ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။ HTC မှ Sense 5 ကို Online Update အနေဖြင့် စတင်ထုတ်လွှင့် ထားမည်ဖြစ်ပြီး Online Update မပြုလုပ်လိုသူများ အနေဖြင့် HTC Concept Store နှင့် Service Centre များတွင် Upgrade ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။   HTC Sense 5 UI တွင် Blink-feed အပါအဝင် နောက်ဆုံးပေါ် Features သစ်များစွာ ပါဝင်မည်ဖြစ်သည်။ Social Network နှင့် သတင်းမီဒီယာများ၏ နောက်ဆုံးပေါ် သတင်းအချက်အလက်များကို Home Screen ပေါ်တွင်မြင်တွေ့ စေနိုင်မည်ဖြစ်သည်။ Sense 5 တွင် Battery Life  ပိုမိုကြာမြင့်စေအောင် ပြုလုပ်ထားပြီး Battery ကိုလည်း ရာခိုင်နှုန်းအလိုက် အသေးစိတ်ဖော်ပြ ပေးမည်ဖြစ်သည်။ Music Player မှလည်း သီချင်းစာသားများကို Update ပြုလုပ်ပေးမည်ဖြစ်ပြီး အခြား Lock Screen Widget Feature များစွာ ပါဝင်စေမည် ဖြစ်သည်။ အဆိုပါ HTC Sense 5 ကို Update ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ “HTC One ရဲ့ ဆုတံဆိပ်တွေ ရရှိစေခဲ့တဲ့ Key Feature တွေကတော့ Blink feed နဲ့ Video Highlight Feature တွေပဲဖြစ်ပါတယ်။ HTC Butterfly နဲ့ HTC One X+ အသုံးပြုတဲ့ User တွေကိုလည်း တိုးချဲ့အသုံးပြု စေချင်တာကြောင့်ပါ” ဟုပြည်တွင်းရှိ HTC Showroom မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။   HTC Sense 5 Software Update File onfh 500 MB ပမာဏ ခန့်ရှိမည်ဖြစ်ပြီး Online Update ပြုလုပ်သူများအတွက် HTC မှကျွမ်းကျင်သူများက မိမိဖုန်းအတွင်းရှိ Data များကို Update မပြုလုပ်မီ Backup ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။ အဆိုပါ Update လုပ်ဆောင်ချက်များတွင် HTC Butterfly နှင့် HTC One X+ ဖုန်းအမျိုးအစားများတွင် Myanmar IMEI Model များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
 -မိုးသူ
myanmarinternetjournal