ရန်ကုန်လေဆိပ်တွင် ကာလတန်ဘိုးကျပ်(၃၉၉၀၀၀၀)ရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ပို့စ်တင်ချိန် - 9/29/2013 08:28:00 PM


ရန်ကုန်၊ စက်တင်ဘာ ၂၉
့ ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌
စက်တင်ဘာ၂၈ရက်နံနက်၁၀၄၅အချိန်က
ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း
UB – Special ဖြင့် တင်ဆောင်ရန်အတွက်
ကို---အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့်
ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်းစဉ်
၎င်း Game စက်အတွင်း၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့်
ဖွင့်ဖေါက်စစ်ဆေးခဲ့ရာ ၄င်း စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက်
အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်ထားသော
WY စာတမ်းပါ စိတ်ကြွဆေးပြား
(၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း
ရမိခဲ့ကြောင်းYangon Policeမှသိရသည်။
ကို---အားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့်Gameစက်ကို
ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က
အမည်မသိအမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး
မြိတ်မြို့ရှိ ဦး-----ထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း
စစ်ဆေးသိရှိရသဖြင့် ကော့သောင်းမူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦး--အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
စိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အဆိုပါ ၂ဦးအားမင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၉/၂၀၁၃၊
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
Popular Myanmar News Journal