iPad mini ရွှေရောင်ထွက်မည်ဟုဆို

ပို့စ်တင်ချိန် - 9/29/2013 03:59:00 PM




တရုတ်ပြည် အခြေဆိုက် သတင်းဌာနများရဲ့  ရေးသား ပြောဆိုမှုများ ပဲ ဖြစ်ပါတယ်။ Apple ရဲ့  မီနီ ဗားရှင်း iPad mini ဒုတိယ မျိုးဆက် ကို ရွှေရောင် ဗားရှင်း ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

iPad 5 ကိုတော့ လာမယ့်လ အတွင်း တွေ့မြင်ရမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ သူ့ကိုတော့ ရွှေရောင် အမျိုးအစား မြင်တွေ့ရဖို့ မဖော်ပြထားကြ ပါဘူး။ iPad mini ဟာ ကမ္ဘာမှာတင်မက မြန်မာပြည်မှာပါ လူကြိုက် များနဲ့ အသေးစား Tablet တစ်လုံး ဖြစ်ပါတယ်။ iPad mini 2 ကိုလည်း Retina Display နဲ့ပဲ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

ရွှေရောင် iPad mini ဓာတ်ပုံများကို Do News ဆိုဒ်က ယခုလို ဖော်ပြ ထားပါတယ်။
.
Ref:pocketlint
Aung Kham (TSJ Team)
TechSpace Journal