၂၁ ရာစု အမေရိကန် ရေတပ်

ပို့စ်တင်ချိန် - 9/29/2013 08:22:00 PM









စစ်အေး ကာလ ပြီးဆုံး သွားသော အခါ ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်ငံများ၏ ပဋိပက္ခများ ကုန်ဆုံး သွားပြီ။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု တွင် ရေတပ် အင်အားကို တိုးချဲ့ရန် မလို တော့၊ လျော့ချ ရန်သာ ရှိတော့သည် ဆိုသော သုံးသပ်ချက်များ ပေါ်ပေါက် လာခဲ့သည်။

သို့သော် ကမ္ဘာ့ အင်အားကြီး နိုင်ငံ များကြား ပဋိပက္ခများ နေရာ တွင် အစားထိုး လာသော ဒေသတွင်း ပဋိပက္ခများ၊ နိုင်ငံတကာ အကြမ်းဖက် ဝါဒ၊ ပင်လယ် ရေနက်ပိုင်းတွင် ရှာဖွေရန် ကျန်ရှိ နေသေးသော ရေနံနှင့် အခြား သယံ ဇာတများ များစွာ ရှိနေချိန်တွင် ကုန်းတွင်းပိုင်း သယံဇာတ များက ကုန်ခန်း လာနေမှု၊ စွမ်းအင် လုံခြုံရေးနှင့် ကမ္ဘာ့ ရေကြောင်း ကုန်သွယ်ရေး ပမာဏ မြင့်မားလာမှု စသော အခြေအနေ သစ်များ အောက်ဝယ် အင်အားကြီး နိုင်ငံများရော၊ နိုင်ငံငယ် များပါ မိမိနိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန်၊ ပင်လယ် ရေပိုင်နက်နှင် စီးပွားရေးဇုံကို ကာကွယ်ရန်နှင့် ကုန်သွယ် ရေကြောင်း လမ်းများကို စောင့်ရှောက်ရန် စသည်တို့အတွက် ရေတပ် အင်အားကို တိုးချဲ့လာ သည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၁ ရာစုတွင် ပေါ်ပေါက် လာနေသောနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေ အသစ်များ အောက်တွင် အမေရိကန် ပြည်ထောင်စု၏ ရေကြောင်း စစ်ဆင်ရေး မဟာ ဗျူဟာများ မည်ကဲ့သို့ ဖြစ်လာမည်ကို သုံးသပ် ကြည့်ရန် လိုအပ် ပေမည်။

ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများ

အမေရိကန် ရေတပ်မတော် အနေဖြင့် ၂၁ ရာစု၌ အမေရိကန် နိုင်ငံအတွက် အရေးပါသော ဒေသများတွင် အမေရိကန် တို့၏ အကျိုးစီးပွား များကို စိန်ခေါ်လာမည့် နိုင်ငံများ၏ အန္တရာယ်၊ ကမ္ဘာ့နေရာ အနှံ့တွင် ပြန့်နှံ့ နေသော အကြမ်းဖက် အဖွဲ့များနှင့် ရာဇဝတ် ဂိုဏ်းများ၏ အန္တရာယ်နှင့် အခြေအနေ ယိုးယွင်း နေသော နိုင်ငံများမှ တဆင့် ပြန့်နှံ့ လာနိုင်သော မတည်ငြိမ် မှုများ စသော ခြိမ်းခြောက်မှု များနှင့် စိန်ခေါ်မှု များကို ကိုင်တွယ် ဖြေရှင်း နိုင်ရေး အတွက် ပြင်ဆင်ထား ရမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ သုံးသပ် ထားသည်ကို တွေ့ရသည်။

ထိုပြင် ထိုစိန်ခေါ် မှုများ သည် အတိတ်က ကဲ့သို့ ကြိုတင် ခန့်မှန်း တွက်ချက် ပြင်ဆင်ချိန် ရမည်မဟုတ်ပဲ မမျှော်လင့်သော အချိန်၊ မမျှော်လင့်သော နေရာများမှ ရုတ်ချည်း ပေါ်ပေါက် လာနိုင်သည် ဟုလည်း သုံးသပ် ခဲ့သည်။ ထို့ကြောင့် အနာဂတ် အမေရိကန် ရေတပ်မတော် အနေဖြင့် ထိုးစစ်စွမ်းရည်ကို ပိုမို မြှင့်တင်ရန်၊ သတင်း လက်ဦးမှုနှင့် လွှမ်းမိုးနိုင်မှု စွမ်းရည်ကို ဆက်လက် စွဲကိုင်ထားရန်၊ ကုန်သွယ် ရေကြောင်းလမ်း များကို ထိန်းချုပ်ခြင်း၊ တပ်အင်အား ဖြန့်ကျက်ခြင်း၊ မဟာ ဗျူဟာမြောက် ရွှေ့ပြောင်းခြင်း၊ ဟန့်တား ခြင်းများကို ဆောင်ရွက် နိုင်ရန် အတွက် အောက်ပါ စွမ်းရည် သုံးရပ်ကို မြှင့်တင် သွားရမည်ဟု ကောက်ချက်ချ ခဲ့သည်ကို တွေ့ရပါသည်-

(က) ပင်လယ်ပြင်တိုက်ခိုက်ရေးစွမ်းရည် (Sea Strike)
(ခ) ပင်လယ်ပြင်ကာကွယ်ရေးစွမ်းရည် (Sea Shield)
(ဂ) ပင်လယ်ပြင်အခြေစိုက်စခန်းများထားရှိနိုင်မှုစွမ်းရည် (Sea Basing)

ပင်လယ်ပြင် တိုက်ခိုက်ရေး စွမ်းရည်

အမေရိကန် ရေတပ်မတော် သည် တိကျပြီး အဖျက် စွမ်းအား ကြီးမားသော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင် နိုင်ရန် အတွက် တိကျသော ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်းနှင့် စောင့်ကြည့်ခြင်း စွမ်းရည်ရှိပြီး ပေါ်ပေါက် လာသော အန္တရာယ်ကို ချက်ခြင်း တုံ့ပြန် နိုင်စွမ်း ရှိရမည် ဖြစ်သည်။ ထို့ပြင် သင်္ဘောမှ ကမ်းခြေ ရည်မှန်းချက်သို့ လျှင်မြန်စွာ ချဉ်းကပ် တိုက်နိုင်ပြီး လိုအပ်ပါက လျှို့ဝှက် စစ်ဆင်ရေး များကိုလည်း ဆောင်ရွက် နိုင်ရမည် ဖြစ်သည်။

ထိုကဲ့သို့ တိုက်ပွဲဝင် နိုင်စွမ်း ရှိရန် အတွက် အမေရိကန် ရေတပ်မတော်သည် အနာဂတ်တွင် ပျံသန်း နေခိုက် ပစ်မှတ် ရှာဖွေ လမ်းကြောင်း ပြောင်းလဲ နိုင်စွမ်းရှိသည့် မျိုးဆက်သစ် ဒုံးပျံများ၊ ပိုမို အသံဆိတ် ငြိမ်သော ရေငုပ် သဘောင်္ာများ၊ မောင်းသူမဲ့ အဝေးထိန်း လေယာဉ်များ၊ တာဝေးပစ် အမြောက်များနှင့် အဆင့်မြင့် သတင်း အချက်အလက် နည်းပညာ များကို ပိုင်ဆိုင်အောင် ဆောင်ရွက် သွားမည် ဖြစ်သည်။ ၎င်းကဲ့သို့ ခေတ်မီ လက်နက်များ တပ်ဆင် ထားသော ရေတပ်ဖွဲ့ များနှင့် ကမ်းတက် တပ်ဖွဲ့ များသည် ရေပြင် စစ်ဆင်ရေးနှင့် ကမ်းတက် စစ်ဆင်ရေး များကို နှစ်ဆယ့်လေး နာရီ ပတ်လုံး၊ တစ်နှစ်လျှင် ၃၆၅ ရက်လုံး တိုက်ပွဲ ဝင်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ပင်လယ်ပြင် ကာကွယ်ရေး စွမ်းရည်

ယခင်က ရေတပ်မတော်၏ ပင်လယ်ပြင် ကာကွယ်ရေး တာဝန်မှ ရေတပ် သဘောင်္ အုပ်စု၏ လုံခြုံရေး၊ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း များနှင့် နိုင်ငံေ ရပိုင်နက်ကို စောင့်ရှောက်ခြင်း မျှ သာ ဖြစ်သော်လည်း အနာဂတ် ရေတပ်မတော် သည် ထိုတာဝန် များအပြင် အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် ရေတပ်ကို ကမ္ဘာ့ အနှံ့ အပြားတွင် ရှေ့တန်း ကျကျ တပ်ဖြန့်ထားပြီး အကြမ်းဖက် ဝါဒ နှိမ်နင်းရေး စစ်ပွဲကို ဆင်နွဲနေသော ကြည်း/ လေတပ်ဖွဲ့များ၊ နယ်ဘက် ဆိုင်ရာ အဖွဲ့အစည်း များနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့များကို အထောက်အကူ ပေးသွား ရမည် ဖြစ်သည်။

ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ အမေရိကန် ပြည်ထောင်စုကို ရန်လိုသော နိုင်ငံ/ အဖွဲ့အစည်း များမှ အဖျက် စွမ်းအား ကြီးမားသော လက်နက် နည်းပညာများ ပိုင်ဆိုင်ရန် ကြိုးစားမှု များကို နိုင်ငံတကာ ရေပြင်တွင် ဟန့်တား ဖျက်ဆီး နိုင်အောင် ဆောင်ရွက် သွားရမည် ဖြစ်သည်။ ထိုကဲ့သို့ တိုက်ပွဲဝင် နိုင်စွမ်း ရှိစေရန် အတွက် အမေရိကန် ရေတပ်သည် ပင်လယ်ပြင် စစ်ဆင်ရေး အပြင် ကမ်းရိုးတန်း ဒေသနှင့် မြစ်ကြောင်း စစ်ဆင်ရေးများ ဆင်နွဲ နိုင်စွမ်း ရှိအောင် ဆောင်ရွက်ခြင်း၊ မိုင်းစစ်ဆင် ရေးနှင့် တန်ပြန်မိုင်း စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ခြင်း၊ မောင်းသူမဲ့ အဝေးထိန်း လေယာဉ်နှင့် ရေယာဉ်များကို တိုးချဲ့ သုံးစွဲခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့ပြင် ယခင် ကမ်းတက် စစ်ဆင်ရေး ရည်မှန်းချက် ဖြစ်သော ကမ်းခြေ ပေါင်းကူး ခြေကုတ် (Beach Head) ကို ကာကွယ်ခြင်းအစား ကုန်းတွင်း ပိုင်းတွင် နက်ရှိုင်း စစ်ဆင်ရေး ဆောင်ရွက် နေသော မြေပြင် တပ်ဖွဲ့များကို လေကြောင်း ကာကွယ်ရေး၊ ဒုံးပျံ ကာကွယ်ရေးနှင့် လေကြောင်း ပစ်ကူ ပေးနိုင်သော စွမ်းရည်များ ရရှိအောင် မျိုးဆက်သစ် လက်နက်များကို တိုးချဲ့ တပ်ဆင် သွားမည် ဖြစ်သည်။

ပင်လယ်ပြင် အခြေစိုက် စခန်းများ ထားရှိ နိုင်မှုစွမ်းရည်

စစ်အေးခေတ် ကာလက အမေရိကန် နိုင်ငံသည် နိုင်ငံတကာ၌ တပ်ဖွဲ့များကို ချထားရာတွင် မဟာမိတ် နိုင်ငံများတွင် အခြေစိုက် စခန်းများ ထားရှိပြီး ပဋိပက္ခ (သို့) စစ်ပွဲဖြစ်ပွား ချိန်တွင် ထိုအခြေစိုက် စခန်းများကို အသုံးပြုခဲ့ ကြသည်။ သို့သော် စစ်အေး ခေတ်လွန် ကာလတွင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ ပြောင်းလဲ လာမှုနှင့် အိမ်ရှင် နိုင်ငံ များမှ ပြည်သူများ အနေဖြင့် အမေရိကန် စစ်စခန်းများ ထားရှိမှုကို ဆန့်ကျင် လာခြင်း တို့ကြောင့် အမေရိကန် စစ်စခန်းများ ရုတ်သိမ်း ခဲ့ရခြင်း၊ စစ်ဖြစ်ပွား ချိန်တွင် ထိုစခန်းများကို အသုံးပြုခွင့် ရရန်အတွက် ခွင့်ပြုချက် မရခြင်း၊ စသော ကန့်သတ်ချက် များနှင့် ကြုံတွေ့ လာခဲ့ ရသည်။ ထို့ကြောင့် အနာဂတ်တွင် အမေရိကန် ရေတပ် အနေဖြင့် ရွှေ့ပြောင်း နိုင်သော ရေပြင် အခြေစိုက် စခန်းများကို အသုံးပြု သွားမည် ဖြစ်ကာ စစ်ရေး အခြေအနေ အရ လိုအပ်သော နေရာတိုင်းသို့ လျှင်မြန်စွာ ရွေ့ပြောင်း အခြေပြုကာ လိုအပ်သော အုပ်ချုပ် ထောက်ပံ့မှု ကိစ္စ အားလုံးကို ဆောင်ရွက် ပေးမည် ဖြစ်သည်။

ဤ စီမံချက်တွင် အရေးပါဆုံးမှာ S class Prower Projection Platform (PPP) ရေယာဉ် စီမံကိန်း ဖြစ်သည်။ တန်ချိန် လေးသောင်း ကျော်ရှိမည့် အဆိုပါ ရေယာဉ်သည် လူအင်အား တစ်သောင်း ကျော်၊ ရဟတ်ယာဉ် ၂၈ စင်း၊ တာတို/ ဒေါင်လိုက် ပျံတက်နိုင်သော လေယာဉ်များနှင့် လေယာဉ်ဆီ ဂါလန်တစ်သန်း ကျော်ကို တင်ဆောင် ထားမည် ဖြစ်ပြီး ပြန်လည် ဖြည့်တင်းရန် မလိုပဲ ၄၅ ရက်ကြာ စစ်ဆင် နိုင်စွမ်း ရှိမည် ဖြစ်သည်။ အဆိုပါ ရေယာဉ်များ၊ လေယာဉ်တင် သဘောင်္များ၊ ကွန်တိန်နာ ရေယာဉ်များ၊ ဆီသယ် ရေယာဉ် များနှင့် အစောင့်လိုက် သဘောင်္များ ပါဝင်သော ရေယာဉ်စုများ (Afloat Forward Staging Bases, AFBS) သည် ပင်လယ် ရပ်ခြား စစ်ဆင် ရေးများ ဆင်နွဲ နေသည့် အမေရိကန် ပူးတွဲ စစ်ဆင်ရေး တပ်များ အတွက် ရေပြင် အခြေစိုက် စခန်းများ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်သည်။

အနာဂတ် စီမံချက်များ

ယခင်က အမေရိကန် ရေတပ်မတော်သည် ကမ်းဝေး ပင်လယ်ပြင် စစ်ဆင်မှု (Blue Water Operation) အတွက်ကို ဦးတည် ပြင်ဆင် ခဲ့သော်လည်း စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်း ပြောင်းလဲ လာသော အမျိုးသား လုံခြုံရေး အခြေအနေ များအရ ကမ်းနီးနှင့် ကမ်းလွန် ရေပြင် စစ်ဆင်ရေး (Brown and Green Water Operations) များ အတွက်ပါ အလေးထား ပြင်ဆင် လာခဲ့သည်။ ထို့ကြောင့် ကမ်းနီး ရေပြင် စစ်ဆင်ရေး ရေယာဉ် (Littoral Combat Ship) များကို တည်ဆောက်ရန် စီမံခဲ့ပြီး သက်တမ်း လွန်နေသော တိုက်ချင်းပစ် ဒုံးပျံတင် အနုမြူ ရေငုပ် သဘောင်္ လေးစီးကို ပဲ့ထိန်း ဒုံးယာဉ်တင်နှင့် အထူး စစ်ဆင်ရေးသုံး ရေငုပ် သဘောင်္များ အဖြစ် စက်တင်ဘာ ၂ဝဝ၇ ရက်နေ့ အပြီး ပြောင်းလဲ တည်ဆောက်ရန် ဆောင်ရွက်လျှက် ရှိသည်။ အမေရိကန် ရေတပ် အနေဖြင့် ထိုရေယာဉ် များဖြင့် ကမ်းခြေများ အနီးသို့ ချဉ်းကပ်ပြီး ပဲ့ထိန်းဒုံး များဖြင့် တိုက်ခိုက်ခြင်း၊ အထူး တပ်ဖွဲ့များကို ပို့ဆောင် ခြင်းများ ဆောင်ရွက်ရန် လျာထားခြင်း ဖြစ်သည်။

၎င်းအပြင် သီးခြား စစ်ဆင်ရေး ဆင်နွဲနိုင်သည် ရေယာဉ်အုပ်စု (Independent Strike Gorup) ၁၉ ခုရှိရာမှ ၃၆ ခုရှိအောင် တိုးချဲ့မည် ဖြစ်ကာ ထိုအထဲတွင် လေယာဉ်တင် သဘောင်္ တိုက်ခိုက်ရေး အုပ်စု (Carrier Strike Group) ၁၁ ခု ပါဝင်မည် ဖြစ်သည်။ ထိုတိုက်ခိုက်ရေး အုပ်စုများနှင့် ပူးတွဲ စစ်ဆင်ရေးများ အတွက် လိုအပ်မည့် အုပ်ချုပ် ထောက်ပံ့မှု များကို ကြိုတင် ပြင်ဆင် တင်ဆောင် ထားမည့် ကုန်တင် သဘောင်္ ရှစ်စီး ကိုလည်း အသစ် တည်ဆောက် သွားမည် ဖြစ်သည်။ အလားတူပင် ဗီယက်နမ် စစ်ပွဲ ပြီးထဲက လျစ်လျူရှု ထားခဲ့သော မြစ်ကြောင်း စစ်ဆင်ရေးကို ဆင်နွဲနိုင်ရန် လိုအပ်သည့် ရေယာဉ်များ၊ နည်းပညာ များကို တီထွင် ထုတ်လုပ် သွားမည် ဖြစ်သည်။

အမေရိကန် နိုင်ငံ အတွက် နောက်ထပ် ရင်ဆိုင် ဖွယ်ရာ ရှိသော ခြိမ်းခြောက်မှု တစ်ရပ်မှာ နိုင်ငံတကာ ရေလက်ကြား များအနီးတွင် ရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဒီဇယ်စွမ်းအင် သုံးရေငုတ် သဘောင်္များ ပိုင်ဆိုင် လာခြင်း၊ လေယာဉ်တင် သဘောင်္ ငယ်များ ပိုင်ဆိုင် လာခြင်း တို့ကြောင့် ကမ်းလွန် ရေပြင် စစ်ဆင်မှုများ ပြုလုပ် လာနိုင်ခြင်း၊ နိုင်ငံတကာ ရေကြောင်း သွားလာမှုကို ထိုရေလက်ကြား များတွင် ဟန့်တား နှောင့်ယှက် နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အတွက် အမေရိကန် ရေတပ်သည် အနုမြူ စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သဘောင်္ များကို တစ်နှစ်လျှင် နှစ်စီး တည်ဆောက် နိုင်စွမ်း ရှိရန်နှင့် တန်ပြန်မိုင်း စစ်ဆင်ရေး စွမ်းရည်များကို မြှင့်တင် သွားရန် ဆောင်ရွက်လျှက် ရှိသည်။

အထက်ပါ အမေရိကန် ရေတပ်မတော်၏ မဟာ ဗျူဟာကို လေ့လာပါက ရေတပ်အင်အား သည် အမေရိကန် နိုင်ငံ၏ အမျိုးသား လုံခြုံရေး မဟာ ဗျူဟာနှင့် ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေမည်ကို တွေ့ရမည် ဖြစ်ပါသည်။

ထို့အပြင် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ ရေပြင်တွင် သမားရိုးကျ ရေကြောင်း စစ်ဆင်ရေး များကို ဆင်နွဲရန်ထက် ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ အင်အား ကြီးထွား လာမှုကို ဟန့်တား ထိန်းချုပ်ရန်၊ တတိယ ကမ္ဘာနိုင်ငံ များတွင် စစ်ရေး စွတ်ဖက်မှုနှင့် လျို့ဝှက် စစ်ဆင်ရေးများ ဆင်နွဲ နိုင်ရန်တို့ကို ဦးတည် ဆောင်ရွက် လာသည်ကို တွေ့ရသည်။ ထို့ကြောင့် အနာဂတ်တွင် ရေတပ် အင်အားသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက် ရာတွင် လည်းကောင်း၊ အကောင်အထည်ေ ဖ်ာရာတွင် လည်းကောင်း အရေးကြီးသော ကဏ္ဍမှာ ဆက်လက် ပါဝင် နေမည်သာ ဖြစ်ပေသည်။

ရဲထွဋ်