ခရီးသည်တင်နေစဉ် နောက်ကားဝင်တိုက်မှု ၁ ဦးသေ ၅ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 10/23/2013 06:05:00 PM


ပဲခူးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၄၃/၁)၊ မြန်စတား အတည်ချုပ်စက်ရုံအ၀င်လမ်း အနီးတွင်(၂၂.၁၀.၂၀၁၃)နေ့ နံနက်(၃း၀၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ (၁)ဦး သေဆုံးခဲ့ပြီး ၊ (၅)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပဲခူးမှ ရန်ကုန်ဘက်သို့ဘက်သို့ ယာဉ်မောင်း မျိုးမြင့်(စုံစမ်းဆဲ) မောင်းနှင်လာသည့် န/xxxx
အမှတ်(၆)လိုင်း ကျိုက်ထို-ရန်ကုန်ဟိုင်းလတ်(အဖြူရောင်) ခရီးသည် ယာဉ်မှ ခရီးသည် တင်နေစဉ်နောက်မှ ယာဉ်မောင်းအောင်မျိုးဦး(၃၇)နှစ်(ဘ) ဦးသန်းမြင့် ၂က/xxxx ၊အမှတ်(၅)လိုင်း၊ညောင်လေးပင်-ရန်ကုန်မောင်းနှင် လာသည့် ဟိုင်းလတ်(အပြာရောင်ယာဉ်)မှ ၀င်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးသည် တင်နေသည့် န/xxxxယာဉ်တွင် စီးနှင်းလိုက်ပါလာသည့် ခရီးသည် ခင်မောင်လတ်(၄၄)နှစ်၊(ဘ)ဦးတင်ငွေ၊ ပိတောက်(၇)လမ်း၊ မြောက် ဥက္ကလာပမြို့နယ်နေသူမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားပြီး ယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည်ကျား(၃)ဦး၊ မ(၂)ဦးမှာ ဒဏ်ရာရရှိသွားသဖြင် ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်းရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရပါသည်း။

အဆိုပါ ယာဉ်တိုက်မှုအား ပဲခူးမြို့အမှတ်(၃)ရဲစခန်းမှ ယာဉ်(ပ)၄၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)/၃၃ရ/၃၃၈/၂၀၂ အရအမှုဖွင့် အရေးယူထားပြီး ၂က/xxxxယာဉ်မောင်းမှာ ထွက်ပြေးထိမ်းရှောင်နေသဖြင့် အပူတပြင်း လိုက်လံဖမ်းဆီး လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကိုသန့် ဇင်

by သစ်ထူးလွင် News