Mac PRO

ပို့စ်တင်ချိန် - 10/23/2013 02:23:00 PM



၂၀၁၃ ခုနှစ် ဇွန်လက WWDC conference တွင် မိတ်ဆက်ပြသခဲ့သည့် Mac Pro ၏ ဈေးနှုန်းနှင့် ရောင်းချမည့်အချိန်ကို Apple က ကြေညာခဲ့သည်။

အဆိုပါ စွမ်းဆောင်ရည်မြင့် desktop ကို ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၂,၉၉၉ ဖြင့် စတင် ရောင်းချမည် ဖြစ်သည်။

အနာဂတ်အတွက် အဆင့်မြင့် desktop ဟူ၍ Apple က ခေါ်ဆိုထားသည့် Mac Pro ကို အရည်အသွေးမြင့် ရုပ်ရှင်နှင့် သီချင်းများကို ထုတ်လုပ်သူများ၊ ဂရပ်ဖစ်ဒီဇိုင်နာများ၊ ဝက်ဘ်ဆိုက်ရေးဆွဲသူများ စသည်တို့ အတွက် အလေးထား ထုတ်လုပ်ထားသည်ဟု သိရသည်။

အမေရိကန်ဒေါ်လာ ၂,၉၉၉ ဖြင့်ရောင်းချမည့် Mac Pro ကို 3.7GHz Intel Xeon processor, 12GB RAM, 256GB SSD, AMD FirePro grpahics နှင့် MacBook laptop များတွင် တွေ့မြင်နိုင်သည့် Wi-Fi 802.11ac တို့ ပါဝင်ကြောင်း သိရသည်။

Ref: CNET
Internet Journal