အရပ်သားလုံခြုံရေး များကို နေအိမ်များက ပိုမိုခေါ်ယူလာ

ပို့စ်တင်ချိန် - 10/23/2013 06:06:00 PM


ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ဗုံး ပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု များ ဖြစ်ပေါ်ပြီးနောက် အရပ်သားလုံ ခြုံရေး များ ကို နေအိမ်များက ပိုမို ခေါ်ယူလာကြကြောင်း လုံခြုံရေး ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီများ ၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် တွင် အဆိုပါအရပ် သားလုံခြုံရေး ဝန်ဆောင်မှုကဏ္ဍ လိုအပ်ချက်သည် ယခင်နှစ်များ ထက် ပိုမိုမြင့်မားလျက် ရှိနေပြီး ယခင်က ခေါ်ယူမှုနည်းခဲ့သည့် ကိုယ်ပိုင်အိမ်များကပင် ယင်းကဲ့ သို့ ခေါ်ယူမှုများပြားလာကြောင်း သိရသည်။

''ယခင်ကတော့ သံရုံးတွေ၊ ရှော့ပင်မောလ်တွေ၊ ကုမ္ပဏီတွေမှာ လုံခြုံရေးဝန်ဆောင်မှုဝန်ထမ်း တွေကို အဓိကခေါ်ယူခန့်ထားခဲ့ တာတွေ့ရပါတယ်။ တချို့အိမ်တွေ ကလဲ ခေါ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက် အရမ်း နည်းပါတယ်။ အခုတစ်လော ဖြစ် ပေါ်ခဲ့တဲ့ ဗုံးသတင်းတွေကြောင့် လားတော့ မသိပါဘူး။ အိမ်တွေ ကတော့ အရင်ထက်ခေါ်ယူမှုတွေ များလာတာတော့ သေချာပါတယ်'' ဟု အိတ်ဇယ်လ်လုံခြုံရေးဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောကြားသည်။

ယခုအခါ ယင်းကဲ့သို့ဖြစ် ပေါ်လာခြင်းကြောင့် လက်ရှိဝန် ထမ်းအင် အားနှင့် ခေါ်ယူမှုမလုံ လောက်မှုများဖြစ်နေသဖြင့် လုံ ခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများ အနေဖြင့် ဝန်ထမ်းအသစ်များကို ထပ်မံခေါ်ယူမှုများ တိုးမြှင့်ပြုလုပ် လာရကြောင်း သိရသည်။ အိတ်ဇယ်လ်လုံခြုံရေး ဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ''ခေါ်တာတွေများလွန်းလို့ ဝန် ထမ်းမလုံလောက် တာမျိုး ကြုံရ ပါတယ်။ အသစ်ထပ်ခန့်ဖို့ ခေါ် ထားရတာတွေရှိတယ်။ ဝန်ထမ်း ခေါ်တာ လိုအပ်ချက်တွေများနေ လို့ လက်ရှိလုံခြုံရေးဝန်ထမ်းတွေ ကိုလဲ လုံခြုံရေးလုပ်မယ့်သူတစ် ယောက်ခေါ်လာနိုင်ရင် ကုမ္ပဏီ က ကျပ်၅ဝဝဝပေးပြီး ခေါ်နေရ ပါတယ်''ဟုပြောသည်။

ယခုအခါ လုံခြုံရေးဝန် ဆောင်မှုကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် လိုအပ် ချက်မြင့်မားလျက် ရှိနေပြီး တချို့ကုမ္ပဏီများမှာ ခေါ် ယူမှုမြင့်မားလာမှုအရ ဝန်ထမ်း ဦးရေခြောက်ရာကျော်ထိ ခန့်ထား ကာ ယင်းလုပ်ငန်းများကို လုပ် ကိုင်လျက်ရှိနေကြောင်း သိရသည်။

စိုင်းဟန် -  Yangon Media Group