ဖယောင်းတိုင်မီးကြောင့် ဝေဘာဂီမြို့သစ်တွင် မီးလောင်

ပို့စ်တင်ချိန် - 10/31/2013 01:26:00 PM



ရန်ကုန်၊ အောက်တိုဘာ ၃၁
မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီမြို့သစ်၊ သုနန္ဒာပတ်လမ်းရှိ
နေအိမ်တွင်ယနေ့နံနက် ၀၈း၄၅အချိန်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းYangon Policeမှသိရသည်။
မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ အထောက်အကူပြုယာဉ်(၆)စီး၊ မီးသတ်ယာဉ်
(၂၅)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက်၀၈၅၅အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ
နေအိမ်အတွင်းရှိ တိုင်းရင်းဆေး ဖေါ်စပ်ရာတွင်အသုံးပြုသော
တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ်တွင်တင်၍ ဖယောင်းတိုင်မီး
ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီးမီးစွဲလောင်ခဲ့သဖြင့် နေအိမ် (၂)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၃၉)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်-----အား ဝေဘာဂီနယ်မြေရဲစခန်း
(ပ)၃၀၉/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ဓါတ်ပုံ -Yangon Police