ပြေးလို့မရတော့ဘူး -- ဟာသ

ပို့စ်တင်ချိန် - 10/31/2013 11:30:00 AM



အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။

နောက်ဆုံးတွင် ကြက်များကဲသို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။

ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာစိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။ ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ

‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’။

Credit: ပေါ့ပေါ့ပါးပါး ဟာသများ