Early Symptoms of Stroke လေဖြတ်တော့မယ်ဆိုတာ ဘယ်လိုသိနိင်သလဲ

ပို့စ်တင်ချိန် - 10/31/2013 11:05:00 AM


ဆရာခင်ဗျာ လေဖြတ်တော့မယ်ဆိုတာဘယ်လိုသိနိင်ပါသလည်းဆရာ။ ဘယ်လိုကာကွယ်လို့ရပါသလည်း။

ဖြစ်တော့မယ်ဆိုတာ တချို့က ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။

ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။
• သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊
• နားအကြား အားနည်းသွားခြင်း၊
• အရသာ ပျက်လာခြင်း၊
• ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊
• ချွေးစီးပြန်ခြင်း၊
• စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊
• မှတ်ဥာဏ်နည်းလာခြင်း၊
• အမျိုရခက်လာခြင်း၊
• အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊
• ခေါင်းမူးခြင်း၊
• ဆီး-ဝမ်း မထိန်နိုင်ခြင်း၊
• ကိုယ်ကို မထိန်းနိုင်ခြင်း၊
• ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊
• ကြွက်သားတွေအားနည်းလာခြင်း၊
• ထုံကျင်လာခြင်း၊
• စိတ်မူပြောင်းခငြ်း၊ ခံစားချက်ပြောင်းခြင်း၊
• လမ်းကောင်းကောင်းမလျှောက်နိုခြင်း။

Dr. Tint Swe