တောင်တွင်းကြီးတွင် ရေနံချက်ဖို မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 10/31/2013 01:51:00 PM


မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၂) ရပ်ကွက်၊ စစ်အခြေခံလေ့ကျင့် ရေးတပ်အနီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၃၀ ရက် မွန်း တည့် ၁၂ နာရီ ၄၅ မိနစ်အချိန် ခန့်တွင် စစ်အခြေခံလေ့ကျင့်ရေး တပ်၏အရှေ့ဘက် တောင်တွင်း ကြီး-ငမင်ရွာသွားကျောက်ချော လမ်း၏တောင်ဘက်၊ ကိုက် ၂၀၀ ခန့်အကွာ ရှားတောအတွင်း ကို အာကာ ၃၄ နှစ်ပိုင် ရေနံချက်ဖို ရေနံချက်သည့်နေရာတွင် ရေနံ ချက်ဖို ၂ ခုရှိပြီး အမှတ် (၂) ရေနံချက်ဖိုအနီးရှိ အမှတ် (၁)၊ အမှတ် (၂) ရေကန်မှ ဆီစစ်ကန် သို့ ဆက်သွယ်ထားသည့် ပိုက် လိုင်း ၂ လိုင်းတွင် ရေနံချေးများ ပိတ်နေသောကြောင့် ဆေးကြော ရန်အတွက် ပိုက်လိုင်းအတွင်းသို့ ကော့စတစ်ဓာတုဆေးမှုန့်အရေဖြင့် ရော၍ အမှတ် (၁) ရေကန် အတွင်းသို့ မောင်းတင်ခဲ့ရာ ရေနံ ချက်ဖို အမှတ် (၂) အတွင်းသို့ ဆက်သွယ်ထားသည့် ဘားမလုံ ၍ ကော့စတစ်နှင့် ရေနံစိမ်းများ ရောနှောသွားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ နေ့လယ် ၂ နာရီအချိန် တွင် မီးညွန့်ကြိုးကာ ညနေ ၃ နာရီအချိန်ခန့်တွင် မီးလုံးဝငြိမ်း သွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ရေနံစိမ်း ချက်ဖိုတစ်ဖိုပျက်စီး ဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၁၁ သိန်း ၆ သောင်း ၈ ထောင် မီးလောင် ဆုံးရှုံးခဲ့ သည်။ ယင်းမီးလောင်ရာနေရာ သို့ တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာဌာန၀န်ထမ်း များ၊ ဒေသခံပြည်သူအင်အား ၁၅၀ ခန့်တို့မှ မီးသတ်ကား ၆ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှု ကြောင့် လူနှင့်တိရစ္ဆာန်သေဆုံး ထိခိုက်မှုမရှိကြောင်း သိရသည်။ ၎င်းမီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရေနံချက်ဖိုပိုင်ရှင် ကိုအာကာ ၃၄ နှစ်ကို တောင် တွင်းကြီးမြို့မရဲစခန်းက (ပ)၂၀၂ /၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ထားပြီး အမှုကို ဆက် လက်စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
HOT NEWS