စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့

ပို့စ်တင်ချိန် - 10/15/2013 11:09:00 AM


ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းအောင် က RFA ကို အတည်ပြုပြောဆိုပါတယ်။

ဗုံးကွဲမူကြောင့် အခန်းတွင်းက ပစ္စည်းအနည်းအကျဉ်းသာ ပျက်စီးသွားပြီး၊ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ညကလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

RFA Burmese