နိုင်​ငံ​အ​လိုက် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု ​က​မ္ဘော​ဇ ​ရ

ပို့စ်တင်ချိန် - 12/10/2013 08:30:00 PM


က​မ္ဘော​ဇ​ဘဏ်​ဟာ ​လန်​ဒန်​အ​ခြေ​စိုက် ​ဖိုင်​နင်​ရှယ်​တိုင်း​မ်​သ​တင်း​စာ​ရဲ့ ​နိုင်​ငံ​အ​လိုက် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု​ကို ​ရ​ရှိ​ခဲ့​ကြောင်း ​ဖိုင်​နယ်​ရှယ်​တိုင်း​မ် ​သ​တင်း​ထုတ်​ပြန်​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

နိုင်​ငံ​အ​လိုက် ​အ​ကောင်​ဆုံး​ဘဏ်​လုပ်​ငန်း​ဆိုင်​ရာ ​ကျွမ်း​ကျင်​ဆု ​ပေး​အပ်​ခဲ့​ပေ​မယ့် ​မြန်​မာ​နိုင်​ငံ ​ကိုယ်​စား​ပြု ​ပေး​တာ​က​တော့ ​အ​ခု​နှစ်​မှ ​စ​တင်​တာ ​ဖြစ်​ကြောင်း​၊ ​ဖိုင်​နယ်​ရှင်​တိုင်း​မ် ​ရဲ့ Banker ​မ​ဂ္ဂ​ဇင်း​က ​ချီး​မြှင့်​ခဲ့​တာ​ဖြစ်​ကြောင်း ​ဖော်​ပြ​ထား​ပါ​တယ်။

က​မ္ဘော​ဇ​ဘဏ်​ရဲ့ ​ဒု​ဥ​က္က​ဋ္ဌ ​ဦး​သန်း​လွင်​က​တော့ ​မ​ဂ္ဂ​ဇင်း​အယ်​ဒီ​တာ ​ကိုယ်​တိုင် ​မေး​ခွန်း​တွေ ​အ​သေ​အ​ချာ ​မေး​၊ ​အ​ချက်​အ​လက်​တွေ ​အ​သေ​အ​ချာ ​ယူ​သွား​ပြီး​မှ ​ဆု​ပေး​တာ ​ဖြစ်​ကြောင်း​၊ ​နှစ်​ပေါင်း ၂၀ ​အ​တွင်း ​ပ​ထ​မ​ဦး​ဆုံး​ရ​တဲ့​ဆု ​ဖြစ်​ကြောင်း​၊ ​က​မ္ဘော​ဇ​ဘဏ်​ဆို​တာ​ထက် ​မြန်​မာ​နိုင်​ငံ​က ​ဆု​ရ​တယ်​လို့​ပဲ ​သ​ဘော​ထား​ကြောင်း ​ပြော​ပြ​ပါ​တယ်။

၂၀၁၃ ​ခု​နှစ် ​က​မ္ဘာ​လုံး​ဆိုင်​ရာ ​စွမ်း​ဆောင်​ရည် ​အ​ကောင်း​ဆုံး​ဘဏ်​ဆု​ကို​တော့ ​အ​မေ​ရိ​ကန်​နိုင်​ငံ​က ​စီး​တီး​ဘဏ်​က ​ရ​ခဲ့​တယ်​လို့ ​ထုတ်​ပြန်​ချက်​မှာ ​ပါ​ရှိ​ပါ​တယ်။

Myanmar Latest News