တွံတေးမြို့နယ်တွင် လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 12/10/2013 04:26:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၉

၈.၁၂.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စု၊ ဂွရွာကျေးရွာနေ မငြိမ်းငြိမ်းမြင့်
(ဘ)ဦးအေးသန်းသည် နေအိမ်တွင်ရှိနေစဉ် တွံတေးမြို့နယ် ရေကျော်စုကျေးရွာနေ ဖခင်ဖြစ်သူ ဦးအေးသန်းမှာ ရေကျော်စုကျေးရွာတွင် အရိုက်ခံရကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ဖခင်ဖြစ်သူအား ဦးခေါင်းတွင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရပြီးဖခင်ဖြစ်သူသည် တစ်ရွာတည်းနေ ဦးလေးဖြစ်သူ ဦးလှတိုး(ဘ)ဦးထွန်းတင် နှင့်အရက်အတူ သောက်စဉ်စကားများရန်ဖြစ်ရာ ဦးလှတိုးမှလေးဂွဖြင့်ပစ်ပြီး ၎င်း၏သားများဖြစ်သော ချစ်ကိုနှင့် ကုလား(ခ)ရဲဇော်ထွန်းတို့မှ ၀ါးတုတ်ဖြင့်ရိုက်နှက်သောကြောင့် ဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း သိရှိရ၍ ဦးလှတိုးပါ(၃)ဦးအား အရေးယူပေးရန် မငြိမ်းငြိမ်းမြင့်မှ တိုင်တန်းသဖြင့် တွံတေးမြို့မရဲစခန်း (ပ)၄၃၅/၂၀၁၃၊ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police